ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

101/271

အမှုတော်ဆောင်ရသည့်အကြောင်းမှာ (Service Has Been Paid For)

သခင်ဘုရားသည် ကြွလာတော်မူရာ၌ လူတိုင်း၏ပင်ကိုယ်စွမ်းရည် များကို အသေအချာစိစစ်တော်မူမည်။ ကိုယ်တော်အပ်နှင်းပေးခဲ့သောငွေရင်း မှုအတိုးကို ကိုယ်တော်တောင်းဆိုပါလိမ့်မည်။ ခရစ်တော်သည် အရှက်ရခဲ့ခြင်း၊ ပြင်းထန်စွာဝေဒနာခံစားခဲ့ရခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသောအသက် ရှင်နေထိုင်ခဲ့ရခြင်း၊ ရှက်ဖွယ်သိက္ခာမဲ့အသတ်ခံရခြင်းအားဖြင့်လည်းကောင်း ကိုယ်တော်၏ နာမကိုယူတင်လျက် အစေခံနေကြပါသည်ဟု ပြောဆိုနေကြသူ များအားလုံး၏အမှုတော်ဆောင်ခြင်းအတွက် ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ (ChS 109.1) ChSBur 177.2

လူတိုင်းသည် ခရစ်တော်ထံ ဝိညာဉ်အောင်နိုင်ပို့ဆောင်ခြင်းအမှုတော် အတွက် စွမ်းဆောင်နိုင်မှုအရပ်ရပ်တိုးစေရန် လေးနက်သောတာဝန်ရှိနေကြ သည်။ ခရစ်တော်မိန့်တော်မူခဲ့၏။ “မိမိတို့ကိုမိမိတို့ မပိုင်ကြောင်းကိုလည်း ကောင်း မသိကြသလော။” “သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူဖြစ် သောကြောင့်” လူတို့ကိုဒုစရိုက်လောကမှ ဖြောင့်မတ်စွာနေထိုင်ခြင်းသို့ရောက် စေရန် သင်၏အမှုတော်ဆောင်ခြင်းအသက်တာအားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြရမည်။” ကျွန်ုပ်တို့သည် ခရစ်တော်ကိုယ်တိုင် အသက်ပေး၍ အဖိုးငွေဖြင့် ဝယ်ယူတော်မူခြင်းခံရသူဖြစ်ကြသည်။ ကိုယ်တော် ကိုသစ္စာရှိစွာအစေခံခြင်းအတွက် ဘုရားသခင်ထံ ကျွန်ုပ်တို့လှည့်ပြောင်းရောက် စေရအောင် ဝယ်ယူတော်မူခြင်းခံကြရသူများဖြစ်ကြ၏။ (ChS 109.2) ChSBur 178.1

ဘုရားသခင်သည် ကိုယ်တော့်လူတွေအတွက် ကျွန်ုပ်အား သတင်း စကားတစ်ခုပေးလာသည်။ သူတို့နိုးထကြရမည်။ တဲအိမ်ကိုဖြန့်ထုတ်ရမည်။ စည်းရိုးနယ်မြေကိုလည်း တိုးချဲ့ရမည်။ ကျွန်ုပ်ချစ်သောညီအစ်ကိုများ၊ ညီအစ်မ များတို့၊- သင်တို့ကိုအဖိုးနှင့် ဝယ်ယူခဲ့သည်ဖြစ်သောကြောင့် သင်တို့၌ရှိသမျှ သောအရာအားလုံးနှင့်တကွ သင်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေဖို့နှင့် မိတ်ဆွေအပေါင်းအသင်းများ၏ကောင်းကျိုးများရှိစေဖို့ဖြစ် ရပါမည်။ ခရစ်တော်သည် လောကကိုအပြစ်တရားအောက်၌ ဆုံးပါးခြင်း မှကယ်တင်ရန် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတော်မူခဲ့ပါသည်။ ထိုကြောင့် ဤအမှုတော်၌ ပူးတွဲပါဝင်လုပ်ဆောင်ပေးရန် ကိုယ်တော်တောင်းဆိုနေပါသည်။ သင်သည် သခင်ဘုရား၏လက်ထောက်ကူညီဖက်တစ်ယောက်ဖြစ်လာသည်။ သင်သည် အလွန်စိတ်အားထက်သန်စွာဖြင့် မောပန်းညည်းတွားခြင်းမရှိစေရဘဲ ပျောက်သောသူများအား ကယ်တင်ခြင်းပေးရန် ကြိုးစားရှာဖွေရမည်။ လက်ဝါး ကပ်တိုင်တရားဖြစ်ပေါ်လာရသည်မှာ သင့်အပြစ်ကြောင့်ဖြစ်ကြောင်း မှတ်သား မိနေရမည်။ (ChS 109.3) ChSBur 178.2

ခရစ်တော်၏နောက်လိုက်များသည် အမှုတော်ဆောင်ရွက်ရန်အတွက် ရွေးနုတ်ခံထားကြရသောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏စစ်မှန်သောဘဝ ရည်မှန်းချက်မှာ အမှုတော်ဆောင်ရွက်ရန်ဖြစ်သည်ဟု ကျွန်ုပ်တို့အား သခင် ဘုရားသြဝါဒပေးထားတော်မူပါ၏။ ကိုယ်တော်သည် အမှုတော်ကို ကိုယ်တိုင် ဆောင်ရွက်ခဲ့ပါသည်။ ထိုကြောင့်ကိုယ်တော့်နောက်လိုက်တိုင်းအားလည်း ဘုရားသခင်နှင့် သူတို့၏အပေါင်းအသင်းများအတွက် အမှုတော်ဆောင်ရွက် ခြင်းတရားဥပဒေကို ပေးအပ်ထားတော်မူသည်။ ဤအမှုတော်ဆောင်ရွက်ခြင်း ဆိုင်ရာတရားဥပဒေသသည် ဘုရားသခင်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ အပေါင်းအသင်းများနှင့်လည်းကောင်း ကျွန်ုပ်တို့၌ချည်နှောင်ဆက်စပ်ပေးလာ သည့်သံကြိုးကွင်းဆက်များဖြစ်ပါသည်။ (ChS 109,4) ChSBur 179.1