ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ရှေ့သို့ချီတက်လော့ (Go Forward)
ခရစ်ယာန်များအသက်တာတွင် မကြာခဏအန္တရာယ်များဝန်းရံနေ တတ်၏။ အမှုဆောင်ခြင်း၌လည်း ခက်ခဲနေတတ်သည်။ စိတ်ကူးရုပ်ပုံလွှာ သည် ပျက်စီးယိုယွင်းခြင်းအရင် တွဲလွဲရောက်လာ၍ ကျွန်ဘဝရောက်ရခြင်း နှင့်သေဆုံးရခြင်းနောက်ကလိုက်လာ၏။ သို့တိုင် ဘုရားစကားသံတော်ကို ရှင်းလင်းစွာကြားလိုက်ကြရမည်။ ရှေ့သို့သာချီတက်ပါဆို၏။ ကျွန်ုပ်တို့၏ အမြင်သည် အမှောင်ကိုထိုးဖေါက်မမြင်ရသည့်တိုင် မိန့်တော်မူချက်ကို လိုက်နာကြပါစို့။ ကျွန်ုပ်တို့၏တိုးတက်မှုကို နှောင့်ယှက်သည့်အတားအဆီး များသည် ရပ်တန့်တွေးတောခြင်းရှိသည့်စိတ်ဝိညာဉ်အရှေ့မှ ဘယ်တော့မျှ ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ချေ။ မသေချာမှုအားလုံးပျောက်ကွယ်သွား သည့်တိုင်နှင့်အရှုံးပေးရခြင်း၊ အရေးနိမ့်သွားခြင်းမျိုးမရှိစေဘဲ ကျန်ရစ်နေရ လောက်သည်အထိ နာခံခြင်းကို ရွှေ့ဆိုင်းလိုက်သူများသည်လည်း ဘယ်သော အခါမျှ နာခံခြင်းသို့ရောက်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ယုံကြည်ခြင်းသည် အခက်အခဲများကို ကျော်မြင်၏။ မမြင်ရသောအရာကို မျက်မှောက်ပြု၏။ ထို့ကြောင့် အနန္တတန်ခိုးရှင်သည် စိတ်ရှုပ်ထွေးစေမှုမဖြစ်စေနိုင်ပါ။ ထို့ကြောင့် ယုံကြည်ခြင်းသည် အရေးပေါ်အရာတိုင်းတွင် ခရစ်တော်၏လက်နှင့် ချိတ်ဆက် ထားခြင်းဖြစ်ပါသည်။ (ChS 110.1) ChSBur 179.2
ကျွန်ုပ်တို့၏စိတ်ကူးယူဆချက်များသည် လုံးလုံးလျားလျားအလွန် ကျဉ်းမြောင်းလှပါသည်။ အလင်းတရားပျံ့နှံ့စေရေးအမှုတော်၌ ဆက်လက် ရှေ့တိုးလုပ်ဆောင်ကြရန် ဘုရားသခင်ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့သည် နည်းလမ်းတိုးတက်ကောင်းမွန်လာစေရန် လေ့လာ၍ လူတွေဆီလက်လှမ်း ရောက်စေဖို့ ရည်ရွယ်လုပ်ဆောင်ကြရပါမည်။ “ရှေ့သို့ချီတက်” ဟူ၍ ခွန်အား ကြီးတော်မူသောကောင်းကင်ဗိုလ်ခြေသခင်မိန့်ဆိုသည်ကို ယုံကြည်ခြင်းနားဖြင့် ကျွန်ုပ်တို့ကြားကြဖို့လိုသည်။ ကျွန်ုပ်တို့လှုပ်ရှားကြရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုရှုံးစေလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ကိုယ့်အပိုင်းကိုယ်လုပ်ကြသောအခါ ဘုရားသခင်သည် ကတိတော်အတိုင်း မစတော်မူပါလိမ့်မည်။ သမ္မာတရားကို တောင့်တကြသောညီအစ်ကို၊ ညီအစ်မ များတို့၊ သင်တို့သည် ဘုရားသခင်ပြုစေလိုသောအမှုတော်ကို မလုပ်ဆောင် ခဲ့ကြသေးပါ။ ဝိညာဉ်များကို သင်တို့ချစ်သည်ဆိုသည်မှာ ဘယ်မှာလဲ။ (ChS 110.2) ChSBur 180.1
အသက်ဝိညာဉ်များကို ကယ်တင်ခြင်းဆိုသည်မှာ ခရစ်တော်ဝမ်းမြောက် တော်မူသောအလုပ်ဖြစ်၏။ ဤအမှုကို သင့်အလုပ်၊ သင့်ဝမ်းမြောက်ခြင်းဟူ ၍မှတ်ယူကြပါစို့။ ခရစ်တော်အတွက် တာဝန်အားလုံးကို ထမ်းဆောင်၍ အနစ်နာခံစွန့်လွှတ်ခြင်းကိုလည်း အလုံးစုံအပ်နှံကြပါ။ ကိုယ်တော်သည် သင်တို့၏အမြဲတမ်းဥပဇ္ဈာယ်ဆရာတစ်ပါးအဖြစ် ရှိနေပါလိမ့်မည်။ ခေါ်ယူတော် မူသောအသံကြားရာဆီသို့ ဖြောင့်တန်းစွာချီတက်သွားကြပါ။ သင့်ကိုဟန့်တား နေသောအခက်အခဲများရှိသည်ဟု မထင်မှတ်ဘဲ ဆက်သွားပါ။ သင်တို့သည် ဘုရားသခင်ပေးထားသောတာဝန်များကို ယူတင်၍ သွားစဉ်တွင် တစ်ခါ တစ်ရံလေးလွန်းသောဝန်ကို ထမ်းနေကြရသည်ဆိုလျှင်လည်း “ဘာမျှတင် မထမ်းဘဲ ဘာကြောင့်အားအားယားယားရှိနေရတာလဲ ညီအစ်ကို” ဟု စစ်ကြော မေးခွန်းမမေးကြပါနှင့်။ သင့်အနီးအနားက အလုပ်တာဝန်များကို လုပ်လိုက်ပါ။ သေသေချာချာကောင်းကောင်းမွန်မွန်လုပ်ပြလိုက်ပါ။ ချီးမွမ်းခံယူလိုစိတ်ကို ချိုးနှိမ်ပါ။ သင့်ကိုသခင်ပိုင်ဆိုင်သည်ဖြစ်သောကြောင့် သခင့်အတွက် တာဝန် ထမ်းဆောင်နေကြရသည်ဖြစ်ပါစေ။ (ChS 110.3) ChSBur 180.2
ဘုရားသခင်၏လူများတို့၏အမှုဆောင်လမ်းကြောင်းသည် အဆင့် မြင့်၍ အောင်ခြင်းဆီသို့ရောက်ရမည်။ ဣသရေလတပ်တော်ကို ဦးဆောင် သောယောရှုထက် ကြီးမားစွာယခုဦးဆောင်ပေးနေကြသည်။ ကျွန်ုပ်တို့အထဲရှိ တစ်ပါးတည်းသောအရှင်၊ ကယ်တင်တော်မူသောသခင်သည် “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု” အားပေးစကားမိန့်ဆိုတော်မူခဲ့ပါသည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု” မိန့်တော်မူခဲ့သောသခင်ဘုရားသည် ကျွန်ုပ်တို့ကို အောင်ခြင်းဆီသို့ ဦးဆောင်ခေါ်ယူသွားပါသည်။ ကတိတော်ကို ဆောင်ရွက် ပေးရန် အချိန်မရွေးဘုရားသခင်တတ်စွမ်းနိုင်ပါသည်။ ကိုယ်တော်၏ လူများအတွက် ပေးအပ်တော်မူခဲ့သောအလုပ်များကိုလည်း ထိုသူတို့အားဖြင့် ပြီးမြောက်အောင်မြင်စေပါလိမ့်မည်။ (ChS 110.4) ChSBur 181.1
ခရစ်တော်၏ဝိညာဉ်၌ ကျွန်ုပ်တို့အဘယ်ကြောင့် အပ်နှံထားလိုခြင်း မရှိသနည်း။ လောကသားတို့၏ဒုက္ခခံစားရခြင်း၌ သနားစဖွယ်ငိုကြွေးသံများ ကို ကျွန်ုပ်တို့အဘယ်ကြောင့် အာရုံအရောက်နည်းရလေသနည်း။ စာတန် ချည်နှောင်ထားသည့်လှောင်အိမ်တွင်းမှ လွတ်လာသောလူ့ဝိညာဉ်တစ်ခု၊ ဘုရား သခင်၏နိုင်ငံတော်ထဲသို့ ဝင်ရောက်လာခွင့်ရခြင်းအားဖြင့် ခရစ်တော်၏သရဖူသို့ ကြယ်တစ်လုံးတိုးပေါင်းပေးရသောကြောင့် အခွင့်ထူးဂုဏ်ပြုခံဖြစ်ရခြင်းအတွက် ကျွန်ုပ်တို့မစဉ်းစားမိကြပြီလော။ အသင်းတော်သည် လက်ရှိသမ္မာတရားသတင်း ကောင်းတရားကို လူသတ္တဝါတိုင်းဆီသို့အရောက် သယ်ပို့ပေးရန် အမှန်နားလည် သဘောပေါက်ရမည်။ ကျွန်ုပ်သည် သင့်အား ဇာခရိအနာဂတ္တိကျမ်းအခန်းကြီး (၃၊၄) ကိုဖတ်ရှုရန် တောင်းဆိုလိုပါ၏။ အကယ်၍သာ ထိုကျမ်းစာပါအချက် များကို သဘောပေါက်၍ လူတွေကိုလည်း လက်ခံသည်ဆိုပါလျှင် ဖြောင့်မတ် ခြင်းကိုဆာငတ်လိုလားကြသူတို့အတွက် ဝန်ဆောင်ခြင်းအမှုကို ပြုကြလိမ့်မည် ဖြစ်သောကြောင့် အသင်းတော်၏ ရည်ရွယ်ချက်သည် “ရှေ့သို့ချီတက်၊ အဆင့် မြင့်တက်ကြ” ဖြစ်လာမည်။ (ChS 111.1) ChSBur 181.2
ဤကမ္ဘာ၌မှီတင်းနေထိုင်ကြသူလူအများစုကြီးသည် ရန်သူစာတန်အား သစ္စာခံမှုပေးအပ်နေကြကုန်၏။ သို့သော် ကျွန်ုပ်တို့သည် လှည့်စားခံနေကြ ရသည်မဟုတ်ပါ။ ခရစ်တော်သည် စာတန်၏အပြင်ပန်းအောင်ပွဲကို ဆီးတား တော်မူ၍ ကောင်းကင်ဘုံဗိမာန်နှင့်မြေကြီးပေါ်မှာ ကိုယ်တော်၏အမှုတော်ကို ရှေ့ဆက်သယ်ဆောင်သွားတော်မူသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် နောက်ဆုံးနေ့တိုင်သည်အထိ ရှိနေမည့်ဆိုးယုတ်ခြင်း၊ စာရိတ္တပျက်စီးခြင်း အကြောင်းများကို သရုပ်ဖွင့်ပြလျက်ရှိ၏။ အနာဂတ္တိစကားပြည့်စုံခြင်းကို ကျွန်ုပ် တို့မြင်ကြရလျှင် ခရစ်တော်၏နိုင်ငံတော်နောက်ဆုံးသောအောင်ပွဲခံသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ခွန်အားရှိသင့်ပါသည်။ ကျွန်ုပ်တို့အတွက် ခန့်အပ်ထားသောအမှုတော်ကို သတ္တိအသစ်မွေး၍ ဆောင်ရွက်သွားကြရန် ကျွန်ုပ်တို့သည် ရှေ့သို့ချီတက်ကြရမည်။ (ChS 111.2) ChSBur 182.1