ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အကြီးစားသရဖူတစ်ခုအတွက်ရည်မှန်းချက် (Aim for a Heavy Crown)
ကျွန်ုပ်တို့သည် မောပန်းငြီးငွေ့ခြင်း၊ သူရဲဘောကြောင်ခြင်းမဖြစ်ရ။ ထိုသို့ဖြစ်လျှင် သာယာမှု၊ အနေချောင်မှုနှင့်အပျော်လိုက်စားမှု (သို့မဟုတ်) ကာမအလိုလိုက်စားမှုတို့အတွက် မိမိဂုဏ်အသရေခိုင်မြဲတည်ကြည်ခြင်းကို စွန့်ပစ်လဲလှယ်လိုက်ရသည်ဖြစ်၍ ကြောက်ခမန်းလိလိဆုံးရှုံးရမှုနှင့် ကြုံရလေ ဦးမည်။ ကျော်လွန်လာခဲ့ကြသောသူများအတွက် ဘုရားသခင်လက်တော်မှ ဆုတစ်ခုရရန်ရှိနေပါသည်။ ကျွန်ုပ်တို့တစ်ယောက်တလေမျှ ထိုဆုကိုခံထိုက် ကြသည်မဟုတ်ပါ။ ကိုယ်တော့်ဘက်မှ မေတ္တာရိအခမဲ့သက်သက်ပေးခြင်း ဖြစ်သည်။ ဤဆုကျေးဇူးသည် အံ့သြဖွယ်ဂုဏ်အသရေနှင့် ပြည့်စုံလေ၏။ သို့သော် ကျွန်ုပ်တို့အမှတ်ရနေကြရမည်။ “ကြယ်တို့၏ဂုဏ်အသရေသည် လည်း အသီးသီးအခြားခြားဖြစ်ကြ၏။” ကျွန်ုပ်တို့သည် သခင့်အတွက် ကြိုးပမ်းအမှုဆောင်ရန် တိုက်တွန်းခံရကြသည်ရှိသော် ကြယ်အပေါင်းဝန်းရံ သောအကြီးစားသရဖူကိုဆောင်းရဖို့ ယေရှု၏ခွန်အားဖြင့် ကျွန်ုပ်တို့ရည်မှန်း လုပ်ဆောင်ကြပါစို့။ (Daniel 12:3) “ပညာရှိသောသူတို့သည်လည်း ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ ကိုဖြောင့်မတ်ခြင်းတရားလမ်းထဲသို့သွင်းသောသူတို့သည်လည်း ကြယ်များကဲ့သို့ လည်းကောင်း အစဉ်အမြဲထွန်းလင်းကြလိမ့်မည်။” (ChS 108.4) ChSBur 177.1