ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

256/271

လန်းဆန်းနေသောအချိန်ကိုအကြောင်းမဲ့သက်သက်စောင့်စားနေကြသူတချို့ရှိ

လူတချို့တို့သည် လက်ရှိအခွင့်အရေးများကို ဉာဏ်သုံး၍ တိုးတက် အောင်လုပ်နေရမည့်အစား ဝိညာဉ်ရေးရာလန်းဆန်းစေမည့်အထူးကာလကို အကြောင်းမဲ့သက်သက်စောင့်နေကြရင်း ထိုသို့သောအားဖြင့် အခြားသူများကို အလင်းပေးနိုင်သောသူတို့၏အရည်အချင်းကြီးစွာတိုးလာမည်ဟု ထင်နေတတ် ကြသည်။ သူတို့ဘက်က တစ်စုံတစ်ရာကြိုးပမ်းမှုပြုစရာမလိုသည့်အချိန်တစ်ခု ရောက်လာမည်ကို ကြည့်မျှော်နေကြရင်း သူတို့သည် အထူးကောင်းချီးကို လက်ခံရရှိသူများဖြစ်လာကြမည်နှင့် ထိုသို့သောအားဖြင့် သူတို့သည် အသွင် ပြောင်းခြင်းသို့ရောက်ကြ၍ အမှုတော်ဆောင်ရန် သင့်လျော်လိမ့်မည်ဟု အထင် ရောက်သောအခါ လက်ရှိတာဝန်နှင့်အခွင့်အရေးများကိုလည်း သူတို့ဖယ်ထုတ် ပစ်လိုက်ကြသည်။ သူတို့၏အလင်းကိုလည်း မှိန်မှိန်လေးသာထွန်းညှိထား ကြသည်။ (ChS 255.2) ChSBur 426.1