ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

255/271

ကတိတော်ကိုတန်ဖိုးမထားတတ်ခြင်း

ကောင်းကင်ဘုံ၏ဝိညာဉ်တော်လွှမ်းမိုးခြင်းသည် နောက်ဆုံး၌ ခရစ် တော်၏နောက်လိုက်များနှင့်အတူရှိမည်ဟူ၍ ခရစ်တော်ကြေညာခဲ့ပါသည်။ သို့သော် ကတိတော်ကို တန်ဖိုးထားသင့်သည်အတိုင်း တန်ဖိုးမထားခဲ့လျှင် ကတိတော်ပြည့်စုံခြင်းကို မြင်သင့်သည်တိုင်း မြင်ကြရမည်မဟုတ်ပါ။ ဝိညာဉ် တော်ကတိသည် အနည်းငယ်သာတွေးမိသောအရာဖြစ်လျှင် အကျိုးထွက် သည်လည်း မျှော်လင့်သည့်အတိုင်းသာရှိတတ်၏။ ဥပမာ- ဝိညာဉ်ရေးရာ ခေါင်းပါးခြင်း၊ ဝိညာဉ်ရေးရာအမှောင်လွှမ်းခြင်း၊ ဝိညာဉ်ရေးရာစွန့်ပစ်ခြင်း နှင့်သေဆုံးခြင်းဖြစ်၏။ အသေးစားအရာများ၌သာ စိတ်ဝင်စားမှုလွှမ်းခြုံထား ၍နေမည်ဆိုလျှင် အသင်းတော်ကြီးထွားခြင်း၊ ကောင်းစားခြင်းအတွက် လိုအပ် ချက်ဖြစ်သည့် ကောင်းကင်တန်ခိုးတော်နှင့် တန်ခိုးတော်အားဖြင့် အစဉ်တစိုက် ရောက်လာမည့်ကောင်းချီးမင်္ဂလာအားလုံးသည် အတိုင်းအဆမရှိ အလျှံပယ် ပေးကမ်းလာသည်ဖြစ်နေပါစေ မရနိုင်၊ ဆုံးရှုံးလိမ့်မည်။ (ChS 255.1) ChSBur 425.2