ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ခရစ်တော်အားဆက်ခံသူ
သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်ကိုကိုယ်စားပြုသူဖြစ်၏။ သို့သော်လူသားပုဂ္ဂိုလ်ဖြစ်ခြင်းကို ခွာချွတ်ခြင်းနှင့်လွတ်လပ်စွာရှိခဲ့သည်။ လူသားကိုယ်နှင့်နှေးကွေးလေးကန်မှုကြောင့် ခရစ်တော်သည် ပုဂ္ဂိုလ်ရေးအရ နေရာတိုင်းသို့ မရောက်နိုင်ခဲ့ပါ။ ထို့ကြောင့် ထိုသူတို့၏အကျိုးအတွက် ကိုယ်တော်သည် ခမည်းတော်ထံသို့ သွားရမည်။ ဝိညာဉ်တော်ကို မြေကြီးပေါ်သို့ ကိုယ်တော်ကိုဆက်ခံသူအဖြစ် စေလွှတ်မည် ဟုဆိုခဲ့သည်။ မည်သူတစ်ဦး တစ်ယောက်မျှနေရာအရပ် (သို့မဟုတ်) ကိုယ်ပိုင်ဆက်သွယ်ခြင်းဖြင့် ခရစ်တော်နှင့်အဆက်ရရန် မတတ်နိုင်ကြပါ။ သို့သော် ဝိညာဉ်တော် ကယ်တင်ရှင်သည် လူတိုင်းဆီသို့ရောက်နိုင်သည်။ ဤအာရုံအားဖြင့် ကိုယ်တော် သည် အထက်သို့တက်ကြွတော်မမူမီအချိန်ကထက် လူတို့နှင့်နီးစွာရှိတော် မူလိမ့်မည်။ (ChS 255.3) ChSBur 426.2