ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
မြို့များအတွင်းဆေးဝါးဖြင့်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း
မြို့ကြီးမှမြို့ကြီးများသို့ နှင့် မြို့ကလေးမှမြို့ကလေးသို့ - ချမ်းသာသူ၊ ဆင်းရဲသူ၊ လွတ်လပ်သူ၊ ချုပ်နှောင်ခြင်းခံရသူ၊ လူအားလုံးတို့ထံသို့ ပဋိညာဉ်၏သတင်း ပို့သူခရစ်တော်သည် ကယ်တင်ခြင်း၏သတင်းစကားကို ယူဆောင်ပေးခဲ့ပါ သည်။ သူ့ထံသို့လူတို့မည်ကဲ့သို့စုရုံးလာကြပါသနည်း။ ရောဂါပျောက်ကင်း ရန်အတွက် ရပ်ဝေးရပ်နီးမှလူတို့ရောက်လာကြပြီး အားလုံးကိုခရစ်တော်ကုသ ပျောက်ကင်းစေခဲ့ပါသည်။ ကြီးမားသောကုသသူအဖြစ်၊ ပါလက်စတိုင်း၊ ယေရုရှလင်မှဆီးရီးယားသို့တိုင် သူ၏နာမည်ကျော်ကြားလာခဲ့ပါသည်။ ဖျားနာ သောသူများတို့သည် သူဖြတ်ကျော်လာမည်ဟုထင်ကြသောနေရာများတို့၌ သူတို့ရောက်ရှိလာကြပြီး သူ့အားအကူအညီအတွက်ခေါ်ကြသောအခါ သူသည် သူတို့၏ရောဂါများမှ သူတို့အားပျောက်ကင်းစေခဲ့ပါသည်။ ဤနေရာသို့ ချမ်းသာသူများတို့လည်းလာကြပြီး သူ၏စကားများကို လိုလိုလားလား နားထောင်လိုကြပြီး သူ့လက်ဖြင့်တို့ထိခြင်းကိုလည်း ခံယူလိုကြပါသည်။ ထိုကြောင့်သူသည် မြို့ကြီးမှမြို့ကြီးသို့၊ မြို့ကလေးမှမြို့ကလေးသို့သွား၍ ဧဝံဂေလိသတင်းစကားကိုဟောပြောပြီး လူနာများကိုကုသပေးခဲ့ပါသည်။ လူသား၏နှိမ့်ကျသောဝတ်စားဆင်ယင်ခြင်းအထဲမှာ ဘုန်းတော်၏ဘုရင်။ Review and Herald, July 23, 1914. [Ev 532.3] EvBur 698.1
ယနေ့ ဘုရားသခင်၏ခေါ်တော်မူခြင်း - ဘုရားသခင်သည် ဓမ္မဆရာများ တို့ကိုသာခေါ်ခြင်းမဟုတ်ပါ။ ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓမ္မစာ ဖြန့်ချိရေးသမားများ၊ ကျမ်းစာအမှုထမ်းများနှင့်အခြားနှုတ်ကပတ်တော်အသိ တရားရှိသူများနှင့်သူ့ကျေးဇူးတော်၏တန်ခိုးကိုသိသော ခြားနားသည့်စွမ်းရည် အမျိုးမျိုးရှိ သာမန်အသင်းသားများတို့ကိုလည်းခေါ်ပြီး သတိမပေးရသေးသော မြို့ကြီးများတို့၏လိုအပ်ချက်များတို့ကို ဆင်ခြင်ရန်ဖြစ်ပါသည်။ အချိန်သည် လျင်မြန်စွာကျော်လွန်နေပြီး ဆောင်ရွက်စရာများစွာကျန်ရှိနေသေးသည်။ ကိုယ်စားလှယ်တိုင်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး လက်ရှိအခွင့်အရေးများတို့ကို ပါးနပ်စွာတိုးတက်အောင် အသုံးပြုနိုင်ရန်ဖြစ်သည်။ Acts of the Apostles, pp. 158, 159. (1913) [Ev 533.1] EvBur 698.2
မြို့ကြီးအိမ်များသို့ ဝင်ပေါက်တံခါးမတစ်ခု - ဆေးသာသနာ့လုပ်ငန်းသည် မြို့ကြီးများအထဲရှိအိမ်များသို့ အမှန်တရားဝင်ရောက်နိုင်ရန်အတွက် တံခါးမ ကြီးတစ်ခုဖြစ်သည်။ မြို့ကြီးတိုင်း၌ တတိယကောင်းကင်တမန်သတင်းစကား ၏အမှန်တရားများကို နှစ်သက်သူများရှိကြသည်။ Counsels on Health, p. 556. (1906) [Ev 533.2] EvBur 699.1
မြို့ကြီးတရားပွဲတိုင်း၌ - ကျန်းမာခြင်းပြုပြင်ပြောင်းလဲရေးစည်းမျဉ်းများ ကို မြို့ကြီးများ၏အလုပ်၌ လုပ်ငန်းတစ်ခုအဖြစ်ဟောပြောကြေညာကြရမည်။ တတိယကောင်းကင်တမန်သတင်းစကား၏အသံကို တန်ခိုးဖြင့်ကြားနာကြရ ပါမည်။ လူတို့ထံသို့အမှန်တရားအလင်းရောက်ရှိရန် တရားပွဲတိုင်းသို့ ကျန်းမာ ခြင်းပြုပြင်ပြောင်းလဲရေးသင်ကြားခြင်းအမှုကို ပြုလုပ်စေကြပါ။ အမှန်တရား ကို လိမ္မာပါးနပ်ရှင်းလင်းပြတ်သားစွာ၊ လွယ်ကူသောနည်းဖြင့် သင်ကြားပို့ချ နိုင်သောစွမ်းရည်ရှိသူအမှုဆောင်များတို့ကို ရွေးချယ်အသုံးပြုစေပါ။ Medical Ministry, p. 304. (1910) [Ev 533.3] EvBur 699.2
အလုပ်ထဲ၌ဝေးစွာနောက်ကျကျန်ခဲ့ခြင်း - ကျွန်ုပ်တို့သည် မိမိတို့မှလျစ်လျူရှု ထားသောမြို့ကြီးများ၌ ဆောင်ရွက်သင့်သည့်အလုပ်ကိုဆောင်ရွက်ရန် ဝေးစွာ နောက်ကျကျန်နေခဲ့ကြပါသည်။ လွန်ခဲ့သောနှစ်များတို့ထက် ယခုဆောင်ရွက် ရန်ပို၍ခက်ခဲလာပါသည်။ သို့သော် အကယ်၍ ဘုရားသခင်၏နာမတော်၌ ဤအလုပ်ကိုဆောင်ရွက်ကြပါက အတားအဆီးများတို့ကိုဖြိုခွင်းနိုင်မည်ဖြစ်ပြီး ခိုင်မာသောအောင်မြင်မှုများသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါလိမ့်မည်။ [Ev 533.4] EvBur 699.3
ဤအလုပ်အတွက်ဆရာဝန်များနှင့်ဧဝံဂေလိဓမ္မဆရာများ လိုအပ်လျက် ရှိသည်။ ဘုရားရှင်ထံတော်သို့ ကြိုးစားတောင်းလျှောက်ကြရမည်ဖြစ်ပြီး ကျွန်ုပ် တို့သည် ရှေ့သို့တိုး၍ မိမိတို့ခွန်အားရှိသမျှဖြင့် မြို့ကြီးများအတွင်းအခွင့်အရေး ရရှိရန် အကောင်းဆုံးဆောင်ရွက်ကြရမည်။ လွန်ခဲ့သောအချိန်များ၌ ဘုရားသခင် ၏စီမံကိန်းများအတိုင်းလုပ်ဆောင်ခဲ့ကြပါက ယခုအလင်းမရှိသောနေရာ၌ အလင်းပေါင်းများစွာတို့သည် တောက်ပစွာထွန်းလင်းနေပါလိမ့်မည်။ Medical Ministry, pp. 301, 302. (1909) [Ev 534.1] EvBur 700.1
အစုအဝေးကြီးများသို့ ကျန်းမာခြင်းနှင့်ချုပ်တည်းခြင်းသတင်းစကား - လူတို့သတိ ပြုနိုင်ရန်အတွက် ကျန်းမာခြင်းပြုပြင်ရေးစည်းမျဉ်းဥပဒေများကိုဟောပြောရမည့် ကြီးမားသောအလုပ်တာဝန်ရှိနေပါသည်။ ဤအကြောင်းအရာကိုဟောပြောနိုင် ရန် လူထုတရားပွဲများတို့ကိုကျင်းပသင့်ပြီး ကျောင်းများ၌လည်း စိတ်ပါဝင်စား သူများအတွက် ပို၍တိကျသည့်လက်ဖက်၊ ကော်ဖီများကိုမသုံး၊ အသားငါး မပါသောကျန်းမာခြင်းနှင့် ညီညွတ်သည့်ခွန်အားပေးနိုင်ပြီး အရသာနှင့်ပြည့်ဝ သောအစားအစာများတို့ကို မည်ကဲ့သို့ချက်ပြုတ်ပြင်ဆင်ရမည့်အကြောင်းကို သင်ကြားပေးသင့်ပါသည်။ [Ev 534.2] EvBur 700.2
သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်း၏အရှိန်အဟုန်အားလုံး ဖြင့် ချုပ်တည်းခြင်းမေးခွန်းကို အိမ်၌ဖြေရှင်းပါ။ မူးယစ်စေတတ်သောအရက် သေစာအားလုံးတို့မှ လုံးလုံးလျားလျားကင်းဝေးစေရန်လိုအပ်ကြောင်းကိုပြသ ပါ။ ဆေးရွက်ကြီးနှင့်အရက်သေစာသုံးစွဲခြင်းသည် လူ၏ခန္ဓာကိုယ်အတွက် ကြောက်မက်ဖွယ်သောဒုက္ခအန္တရာယ်ရှိကြောင်းကိုပြသပါ။ ပြောဆိုသောစကား များတို့အားဖြင့် သင်၏ပရိသတ်များအတွက် အလင်းတရားရရှိစေပြီး အသိဉာဏ် တိုးပွားစေပါ။ ဖြောင့်မတ်ခြင်းမရှိသောသူများအပေါ်ဘုရားသခင်၏ကရုဏာ ရှိနေပါသည်။ ဤတာဝန်၌ ကျန်းမာရေးပြုပြင်ခြင်းသည် မည်သည့်စစ်မှန် သောအရာဖြစ်ကြောင်းဟောပြောရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ Letter 343, 1904. [Ev 534.3] EvBur 700.3
အရေးကြီးသောမြို့ကြီးများအနီးရှိ ဆေးရုံများ - အရေးကြီးသောမြို့ကြီးများ အနီးအနား၌ ဆေးရုံများထားရှိသင့်ကြောင်း ဘုရားသခင်ကျွနု်ပ်ကိုဖော်ပြခဲ့ ပါသည်။ သင့်လျော်သောနေရာများကို ရွေးချယ်ရမည်ဖြစ်ပြီး ကျွန်ုပ်တို့နှင့် ပတ်သက်၍သော်လည်းကောင်း၊ သမ္မာကျမ်းစာ၏အမှန်တရားနှင့်ပတ်သက် ၍သော်လည်းကောင်း လုံးဝမသိသေးသောဖျားနာသူများနှင့် ဝေဒနာခံစားရ သူများတို့ကို မြို့ကြီးများနှင့်ကွာဝေးသောနေရာသို့ ယူဆောင်လာနိုင်ရန်ဖြစ် သည်။ ဖျားနာသောသူများတို့အား အန္တရာယ်ဖြစ်စေသောဆေးဝါးများတို့ကို အသုံးမပြုဘဲ ကျိုးကြောင်းညီညွတ်သော သဘာဝနည်းစနစ်ကုထုံးဖြင့် ရောဂါ ဘယများတို့ကိုပျောက်ကင်းစေနိုင်ကြောင်း တတ်နိုင်သည့်ကြိုးစားမှုဟူသရွေ့ ဖြင့် ဆောင်ရွက်ခြင်းဖြင့်ပြသရန်ဖြစ်သည်။ ဖျားနာသောသူများတို့ကို အန္တရာယ် ဖြစ်စေသောပတ်ဝန်းကျင်နှင့်အသိုက်အဝန်းများမှ ခွဲခြားထားရမည်ဖြစ်ပြီး ကျွန်ုပ် တို့၏ဆေးရုံသို့ သူတို့ကိုယူဆောင်လာကာ ကျွန်ုပ်တို့၏ခရစ်ယာန်သူနာပြု ဆရာမများနှင့်ဆရာဝန်များတို့၏ကုသမှုကို ခံယူနိုင်ကြရန်နှင့် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အကျွမ်းတဝင်ဖြစ်လာနိုင်ရန်ဖြစ်သည်။ Letter 63, 1905. [Ev 534.4] EvBur 701.1
သတင်းစကားအတွက်အခြေခံများကိုစိုက်ထူခြင်း - နေရာများစွာတို့၌ အသစ် တစ်ဖန်ကြိုးစားအားထုတ်ခြင်းနှင့် ဌာနငယ်များတည်ထောင်ခြင်းပြုရန် ဘုရားသခင်၏အလိုဆန္ဒဖြစ်ပါသည်။ အမှန်တရားရှေ့သို့တိုးတက်စေရန် အတွက်နှင့် ဝိညာဉ်များတို့၏ယုံကြည်ခြင်းတိုးပွားစေရန်အတွက် လမ်းဖွင့်ပေး စေနိုင်သောအလုပ်တစ်ခုကို ကျွန်ုပ်တို့ဆောင်ရွက်ကြရပါမည်။ [Ev 535.1] EvBur 701.2
အမှုတော်လုပ်ငန်းလုပ်ဆောင်ရန် နေရာများစွာရှိပြီး ကြီးမားသော စိတ်ဝင်စားဖွယ်ဌာနများကို အလားအလာရှိသောနေရာအနည်းငယ်တို့၌ အခြေချရန် အကုန်အကျအတွက်စိုးရိမ်ပူပန်ခြင်းမရှိသင့်ပါ။ ကြီးမားသော ဗဟိုဌာနကြီးများစွာကို အခြေချခြင်းမပြုရန် ဘုရားသခင်သည် ကျွန်ုပ်ကို ညွှန်ကြားထားခဲ့ပါသည်။ အကြောင်းမှာ လုပ်ငန်းခွင်တိုင်း၌ အလုပ်ကိုအောင်မြင် စွာလုပ်ဆောင်နိုင်ရန် အထောက်အကူများရှိသင့်သောကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ကြီးမားသောလုပ်ငန်းဌာနအနည်းငယ်အတွက် ဝင်ငွေအားလုံးကို အကုန်အကျခံပြီးအသုံးပြုသွားရန်ခွင့်မပြုသင့်ပါ။ မြို့ကြီး မြို့ငယ်များအထဲနှင့် မြို့ကြီးများတို့၏အပြင်ဘက်ရှိ အခြေချထားသောနေရာ များအထဲတွင် ဝိညာဉ်များအတွက်လုပ်ဆောင်နိုင်သည့် သစ္စာရှိသောကင်းစောင့် အမှုဆောင်များနေထိုင်နိုင်ရန် ငယ်သောဌာနများကိုသာလျှင် . ထိန်းသိမ်း စောင့်ရှောက်ထားသင့်သည်။ သာသနာပြုအမှုဆောင်သွားလေရာအရပ်၌ အောင်မြင်သောသူ၏ကြိုးစားမှုအတွက် သေးငယ်သောဌာနငယ်ကို ရှေ့ဆက် အမှုတော်တိုးတက်ရန်နှင့် လျင်မြန်စေရန်အတွက်ထူထောင်သင့်ပါသည်။ ဘုရားသခင်၏အမှုဆောင်များ မိမိတို့၏တာဝန်ကိုသစ္စာရှိစွာထမ်းဆောင်ကြ သောအခါ၊ ဘုရားသခင်၏ပြင်ဆင်ပေးမှုကြောင့် နေရာများစွာတို့၌ အထောက် အကူများအတွက် လမ်းဖွင့်ပေးပါလိမ့်မည်။ [Ev 535.2] EvBur 701.3
လမ်းမလမ်းကြားနေရာတိုင်း၌ ကြိုးစားအားထုတ်မှုကိုပြုကြရပါမည်။ အကောင်းဆုံးစီမံကိန်းများနှင့်အညီ ကျွန်ုပ်တို့သည် လုပ်ငန်းကိုဖွံ့ဖြိုးမှုရှိစေ ရန် မဆောင်ရွက်ကြသေးပါ။ နေရာသစ်များ၌ ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့လုပ်ငန်းကို အဆင့်ဆင့်ခွဲဝေ၍ စီမံလုပ်ဆောင်သင့်ကြပါသည်။ Letter 30, 1911. [Ev 535.3] EvBur 702.1
သည့်တိုင်းပြည်များအတွင်းရှိမြို့ကြီးများ — ဆေးသာသနာ့လုပ်ငန်းသည် ဧဝံဂေလိ လုပ်ငန်း၏ညာလက်ရုံးဖြစ်သည်။ ဘုရားသခင်၏လုပ်ငန်းတိုးတက်ရန်အတွက် လိုအပ်သောအရာဖြစ်သည်။ ၎င်းအားဖြင့် အမျိုးသားနှင့်အမျိုးသမီးများတို့ သည် မှန်သောအကျင့်ဓလေ့၌ အသက်ရှင်ခြင်း၏အရေးကြီးခြင်းကို လူတို့ တွေ့မြင်ရန် သူတို့မှပို့ဆောင်ရမည့်တာဝန်ရှိပြီး၊ ထိုမှတစ်ဆင့် အမှန်တရား ၏ကယ်တင်ခြင်းတန်ခိုးကို သိရှိသွားကြရန်ဖြစ်ပါသည်။ မြို့တိုင်းသို့ဆေး သာသနာပြုလုပ်ငန်းကိုလုပ်ရန် သင်တန်းရရှိထားသောအမှုဆောင်များအားဖြင့် ဝင်ရောက်လုပ်ဆောင်ကြရပါမည်။ တတိယကောင်းကင်တမန်သတင်းစကား ၏ညာလက်ရုံးအဖြစ် လူနာကိုဘုရားသခင်၏နည်းစနစ်ဖြင့်ကုသခြင်းသည် လက်ရှိအမှန်တရားဝင်ရောက်နိုင်ရန်အတွက် တံခါးများကိုဖွင့်ပေးပါလိမ့်မည်။ ကျန်းမာရေးလက်ကမ်းစာစောင်များတို့ကို တိုင်းပြည်တိုင်း၌ပုံနှိပ်ထုတ်ဝေရပါ မည်။ ဥရောပတိုက်နှင့်အခြားတိုင်းပြည်များတို့၌ရှိကြသော ကျွန်ုပ်တို့၏ဆရာဝန် များတို့သည် ကျန်းမာခြင်းဆိုင်ရာအလုပ်များ၌ အရေးအကြီးဆုံးလိုအပ်သည့် သင်တန်းများကို လူတို့နှင့်တွေ့ ဆုံကာ သင်ကြားပို့ချပေးနိုင်ရန် နယ်လုပ်ငန်း ခွင်၌ရှိကြသောအမှုထမ်းများတို့၌ လိုအပ်သည့်အရာများတို့ကိုသိရှိပြီး စီမံပေး နိုင်ရန်နိုးထသင့်ကြသည်။ Testimonies, vol. 7, p. 59. (1902) [Ev 536.1] EvBur 702.2