ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

125/163

ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်းသင်တန်းပေးခြင်း

ဧဝံဂေလိသတင်းစကားတိုးတက်ရန်တည်ထောင်ခြင်း - ဧဝံဂေလိသတင်းစကား ဟောပြောခြင်း၏အဓိပ္ပါယ်သည် လူအများနားလည်သည်ထက်ပိုသည်။ ကျယ်ပြန့်ပြီး နေရာအနှံ့သို့ရောက်ရှိရမည့်လုပ်ငန်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ၏ဆေးရုံများသည် ဧဝံဂေလိသတင်းစကားတိုးတက်ရန်အတွက် အထိရောက် ဆုံးသောဆက်သွယ်မှုပေးသည့်အရာဖြစ်ကြောင်း ကျွန်ုပ်အားဖော်ပြပါသည်။ Manuscript 5, 1908. [Ev 536.2] EvBur 703.1

နှလုံးသားသို့ ကျန်းမာခြင်းယူဆောင်ရန် - တချို့သောသူတို့သည် ဧဝံဂေလိ သတင်းစကား၏အဆင့်တစ်ခုအားဖြင့် ဆွဲဆောင်ခြင်းခံရပြီး အခြားသူတို့သည် အခြားတစ်ခုအားဖြင့် ဆွဲဆောင်ခြင်းခံရပါသည်။ ဤနည်းအားဖြင့် လူ့အဆင့် အတန်းအားလုံးထံသို့ သတင်းစကားရောက်ရှိရန် ဘုရားသခင်သည် ကျွန်ုပ် ရလိမ့်မည်။ ကျွန်ုပ်တို့၏ဆေးရုံသည် ဘုရားသခင်၏လူအရေအတွက်များ တို့ကိုညွှန်ကြားထားပါသည်။ သတင်းစကားသည် ကမ္ဘာတစ်ခုလုံးသို့ရောက်ရှိ လာရန် ကူညီမစပေးပါသည်။ ကျွန်ုပ်တို့သည် ကြီးမားသောအဖွဲ့အစည်း အနည်းငယ်ကို ထူထောင်ရမည်မဟုတ်ပါ။ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် လူနာများအတွက် ဝိညာဉ်ကျန်းမာရေးသတင်းစကားကိုပေးနိုင်စွမ်းရှိမည်မဟုတ် ပါ။ သေးငယ်သောဆေးရုံများတို့ကို နေရာအနှံ့အပြားတို့၌ တည်ထောင်ရ ပါမည်။ Medical Ministry, p. 327, (1905) [Ev 536.3] EvBur 703.2

ဆွဲဆောင်မှုရှိသောဧဝံဂေလိသတင်းပြုလုပ်ရန် - ကျွန်ုပ်တို့၏ဆေးရုံများ တို့နှင့် ဆက်သွယ်လျက်ရှိသောသူများတို့သည် ပညာရှိသောသူများဖြစ်ကြ ရမည်။ ချိုသာသောစကားများနှင့် ကြင်နာသောအပြုအမူများအားဖြင့် သူတို့ သည် ဧဝံဂေလိသတင်းစကားကိုဆွဲဆောင်မှုရှိစေရန် ပြုလုပ်ပေးရမည်။ ခရစ်တော်နောက်လိုက်သူများကဲ့သို့ သူတို့သည် မိမိတို့၏ယုံကြည်သော ဘာသာ၏အကောင်းဆုံးသောထင်မြင်ချက်ကို သူတစ်ပါး၌ရှိစေပြီး မြင့်မြတ် သောအတွေးများကို သူတစ်ပါးအတွက်လှုံ့ဆော်ပေးသင့်သည်။ တချို့သော သူတို့သည် မိမိတို့၏သြဇာအားဖြင့် အခိုက်အတန့်နှင့်ထာဝရကာလအတွက် အကျိုးခံစားကြရပါလိမ့်မည်။ [Ev 537.1] EvBur 704.1

အခြားသူများတို့အားကူညီမစခြင်း၏အလုပ်၌ ကျွန်ုပ်တို့သည် တန်ဖိုး အရှိဆုံးသောအောင်မြင်ခြင်းများကို ရရှိပေလိမ့်မည်။ ကျွနု်ပ်တို့ကိုယ်ကို မမောမပန်းနိုင်သော စိတ်အားထက်သန်ခြင်း၊ အမှန်သစ္စာရှိခြင်း၊ မိမိကိုယ်ကို ငြင်းပယ်ခြင်းနှင့်သည်းခံခြင်းများအထဲ၌ မြှုပ်နှံထားသင့်ပြီး ဖွံ့ဖြိုးရန်လိုအပ် သူများတို့အား ကူညီမစခြင်းပြုလုပ်ကြရမည်။ ကြင်နာသောအားပေးစကားများ တို့သည် အံ့သြဖွယ်ရာများကိုပြုလုပ်ပေးလိမ့်မည်။ အကယ်၍ အပြစ်ရှာခြင်း မရှိဘဲ အမြဲရွှင်မြူးသောကြိုးစားခြင်းကို သူတို့၏ကိုယ်စားဆောင်ရွက်ပါက အများသောသူတို့သည် မိမိတို့၏ကိုယ်ကို အလွယ်တကူတိုးတက်ခြင်းရှိကြောင်း ပြသကြပါလိမ့်မည်။ သူတစ်ပါးအားဝေဖန်မှုနည်းပါက သူတို့၏ကောင်းဖို့ အတွက် ကျွန်ုပ်တို့၏သြဇာသည် ပို၍ကြီးမားလာပါလိမ့်မည်။ အများသောသူ တို့အတွက် မကြာခဏအကောင်းဘက်ဆုံးမပြောဆိုခြင်းသည် ကောင်းဖို့ထက် EvBur 704.2

ဆိုးကျိုးကိုပို၍ဖြစ်စေပါသည်။ ခရစ်တော်နှင့်တူသောကြင်နာခြင်းသည် ကျွန်ုပ် တို့အားလုံးအပေါ် သက်ရောက်နိုင်ကြပါစေ။ Medical Ministry, pp. 208, 209. (1905) [Ev 537.2] EvBur 704.3

ကြီးမားသောရည်မှန်းချက် - ဝိညာဉ်များပြောင်းလဲခြင်းသည် ကျွန်ုပ်တို့ ၏ဆေးကုသမှုအဖွဲ့အစည်းများ၏ကြီးမားသောရည်မှန်းချက်တစ်ခုဖြစ်ပါသည်။ ဤကိစ္စအတွက် ဤအဖွဲ့အစည်းများကိုတည်ထောင်ရခြင်းဖြစ်ပါသည်။ ဖျားနာ သောသူများနှင့်ဒုက္ခရောက်သောသူများ ကျွန်ုပ်တို့ဆေးရုံသို့ရောက်ရှိလာကြ သောအခါ ဧဝံဂေလိအမှုဆောင်များရောက်ရှိနိုင်သောနေရာသို့ သူတို့အား ပို့ဆောင်လိုက်ခြင်းဖြစ်ပါသည်။ အမှန်တရား၏မျိုးစေ့များကိုကြဲရန် ပေးဆောင် နိုင်သည့်မည်မျှတန်ဖိုးရှိသောအခွင့်အရေးများဖြစ်ပါသနည်း။ Letter 213, 1902. Ev537.3] EvBur 705.1

အမြော်အမြင်ပြည့်စုံစွာဖြင့် သတင်းစကားကိုဟောပြောခြင်း - ဤဆေးကုသမှ အဖွဲ့အစည်း၏ဝိညာဉ်ရေးလေထုကြီးသည် ဆေးရုံသို့ယူဆောင်လာခြင်းကို ခံရသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် မိမိတို့၏ကိုယ်ခန္ဓာဖျားနာ ခြင်းများအတွက်ကုသမှုခံယူစဉ် မိမိတို့၏ဝိညာဉ်ရေးရောဂါကုသမှုခံယူရန် လိုအပ်ကြောင်းကိုလည်း သင်ခန်းစာတစ်ခုအဖြစ် သင်ယူနိုင်ကြပါစေ။ [Ev 537.4] EvBur 705.2

ရိုးရိုးသားသား၊ စိတ်အားထက်သန်စွာဖြင့် ဧည့်ခန်းထဲ၌ပြောဆိုသော စကားများသည် ဝေဒနာခံစားရသူတို့အား မိမိတို့၏ဝိညာဉ်ကယ်တင်ခြင်း အတွက် တစ်ခုတည်းသောမျှော်လင့်ခြင်းကို ညွှန်ပြနိုင်ပေလိမ့်မည်။ ဤဘာသာ ရေးစည်းဝေးများသည် တို၍အချက်အလက်ပြည့်စုံပြီး ကြားနာရသောသူတို့ အတွက် ကောင်းချီးမင်္ဂလာခံစားရကြောင်း သက်သေပြနိုင်လိမ့်မည်။ ကမ္ဘာ ကြီးကို (၆) ရက်အတွင်းဖန်ဆင်းခဲ့ပြီး သတ္တမနေ့ရက်၌ “နားနေပြီးပြန်လည် လန်းဆန်းသော” သူ၏စကားသည် ထိရောက်စွာလူတို့၏စိတ်ထဲသို့ပို့ဆောင် ပေးသင့်ပါသည်။ [Ev 538.1] EvBur 705.3

ပုံနှိပ်ထုတ်ဝေသော တန်ဖိုးရှိသည့်ဧဝံဂေလိအမှန်တရားများပါရှိသော စာစောင်များတို့ကို လူနာအခန်းထဲ၊ သို့မဟုတ် လွယ်ကူစွာရရှိနိုင်သည့်နေရာ ၌ ထားရှိရပါမည်။ ဆေးရုံတိုင်းတို့၌ စာဖတ်ခန်းထားရှိသင့်ပြီး ၎င်းစာဖတ် ခန်းထဲ၌ ဧဝံဂေလိသတင်းစကား၏အလင်းပါရှိသည့်စာအုပ်များ ထားပေးရ ပါမည်။ အမြော်အမြင်ရှိသောစီမံကိန်းများတို့ကိုချထားသင့်ပြီး လက်ရှိအမှန် တရား၏အလင်းပါရှိသည့်စာစောင်များကို လူနာများအမြဲဖတ်ရှုနိုင်ရန်အတွက် စီစဉ်ကြရမည်။ [Ev 538.2] အာခူး EvBur 706.1

ဖြစ်သင့်သည့်အတိုင်း ကျွန်ုပ်တို့၏ဆေးရုံများတို့ကို ဖျားနာသော ဝိညာဉ်များအားကုသမှုပေးနိုင်သည့်အိမ်များဖြစ်စေပါ။ ဤကဲ့သို့ဖြစ်စေရန် အတွက် ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် ကြီးမားသောကုသမှုပေးနိုင်သူ ခရစ်တော်နှင့် အမြဲအသက်ရှင်သောဆက်သွယ်မှုရှိရပါမည်။ Manuscript 5, 1908. [Ev 538.3] EvBur 706.2

ဝိညာဉ်ရေးအမအစပေးနိုင်သောအမှုဆောင်များ - ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ် တို့၏ဆေးရုံများ၌ ကျွန်ုပ်တို့သည် ကျွမ်းကျင်၍ပြောင်းလဲသောဆရာဝန်များ နှင့် ပါးနပ်လိမ္မာသောအမှုဆောင်များတို့ကိုလိုအပ်ပြီး မိမိတို့၏အမြင်များကို လူနာများအပေါ်စေခိုင်းသောအမျိုးသား၊ အမျိုးသမီးများမဟုတ်ဘဲ လူနာများ တို့အတွက် ခွန်အား၊ အားပေးခြင်းနှင့်ကောင်းချီးမင်္ဂလာများကိုဖြစ်စေမည့် ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရားကို ဟောပြောနိုင်သောပုဂ္ဂိုလ်များ တို့ကို လိုအပ်လျက်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရာ များကို မှန်ကန်စွာကိုယ်စားပြုနိုင်ရန်နှင့် လူတို့၏စိတ်ကို ခရစ်တော်ထံသို့ ပို့ဆောင်နိုင်ရန် ဤအလုပ်အတွက် ကျွန်ုပ်တို့၏ဆေးရုံများတို့ကို တည်ထောင် ရခြင်းဖြစ်ပါသည်။ [Ev 538.4] EvBur 706.3

နေ့စဉ်ကျင်းပသောဘာသာရေးအစီအစဉ်ကိုတိုစေပြီး ပညာသားနှင့် ပြည့်ဝစေပါ။ သမ္မာကျမ်းစာနှင့်ရေးသားသူ ကောင်းကင်မြေကြီး၏ဘုရား အကြောင်းနှင့် ဘုရားသခင်၏အကြီးမားဆုံးသောပေးကမ်းခြင်းဆုကျေးဇူး ဖြစ်သည့် ခရစ်တော်အကြောင်းကို ကမ္ဘာလောကကြီးသို့ဟောပြောပါ။ ဤကမ္ဘာ ကြီးပေါ်သို့သူကြွဆင်းလာပြီး အသက်ရှင်ခဲ့ခြင်းနှင့်အသေခံခဲ့ခြင်းအားဖြင့် အပြစ်သားများတို့အတွက် ကြီးမားသောမိမိ၏ကိုယ်ကိုပူဇော်ခဲ့ခြင်းအကြောင်း ကိုပြောပါ။ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ်သားများတို့သည် ဘုရားရှင်၏ဇာတိတော်ကိုခံယူရရှိနိုင်သောအခွင့်နှင့် ကယ်တင်ခြင်းလုပ်ငန်း၌ ဘုရားရှင်နှင့်အတူပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရန် သင်ယူနိုင်ရသောအခွင့်ရှိ ကြောင်း သူတို့အားသိစေပါ။ Medical Ministry, p. 208. (1909) [Ev 538.5] EvBur 706.4

မမှန်သောစွဲလမ်းမှုကိုဖယ်ရှားခြင်း - ကျွန်ုပ်တို့၏ဆေးရုံများ၌ရှိသော လူနာများကို သွန်သင်သောအရာများတို့သည် လိုက်လျှောက်ရမည့်တရား တော်များပုံစံဖြင့် ဟောပြောခြင်းမပြုရပါ။ ဝိညာဉ်တော်ပြောဆိုခဲ့သည်မှာ၊ `လူနာနှင့်ဒုက္ခရောက်သူများတို့အတွက် ဆောင်ရွက်လေသမျှတို့၌ သူတို့အား အမှန်တရားနှင့်ဖြောင့်မတ်ခြင်းသို့သာလျှင် ပို့ဆောင်ရန်ဖြစ်သည်။ ဆေးသာသနာ ပြုလုပ်ငန်းသည် ဤအလုပ်ကိုလုပ်ဆောင်ရမည့်လမ်းကြောင်းတစ်ခုဖြစ်သည်။ မှန်သောဆေးသာသနာ့လုပ်ငန်းအမှုဆောင်များတို့နှင့် ထိတွေ့မှုရှိကြသောလူနာ များတို့၌ရှိသည့် မမှန်သောအစွဲကို မည်မျှဖယ်ရှားနိုင်မည်ကို ကျွန်ုပ်တို့မသိ ပါ။ ဆရာဝန်များနှင့်သူနာပြုဆရာမများတို့သည် ခရစ်တော်ဤလောက၌ရှိစဉ် ဒုက္ခရောက်သူများအတွက်ဆောင်ရွက်ခဲ့သကဲ့သို့ သူတို့ကြိုးစားဆောင်ရွက်ခြင်း ဖြင့် ယခုအချိန်၌ အမှန်တရားသည် စိတ်နှလုံးထဲသို့ရောက်ရှိနိုင်ရသောအခွင့် ကို တွေ့မြင်နိုင်ပါလိမ့်မည်။” [Ev 539.1] EvBur 707.1

ကျွန်ုပ်တို့၏ဆေးရုံများ၌ကျင်းပသော ညဦးယံဝတ်ပြုခြင်းစည်းဝေး များကို မေးခွန်းများမေးမြန်းနိုင်သောအခွင့်အရေးပေးနိုင်သည့်ပုံစံဖြင့် ကျင်းပ သင့်ပါသည်။ Letter 213, 1902. [Ev 539.2] EvBur 707.2

အယူဝါဒနှင့်ဆိုင်သောမေးခွန်းများ - ရှုပ်ထွေးသောလူနာများစုရုံးနေသည့် ဆေးရုံဧည့်ခန်းသည် ဘာသာရေးအယူဝါဒပြောဆိုရမည့်နေရာမဟုတ်ပါ။ ကျွန်ုပ်တို့၏ပုံမှန်အသက်တာသည် ဘာကြောင့်ကျွန်ုပ်တို့ဤကဲ့သို့ယုံကြည်နေ ရကြောင်းကို သူတစ်ပါးသိစေလိုသောဆန္ဒရှိစေရန် ယုံကြည်စိတ်ချခြင်းနှင့် နှိုးဆွပေးခြင်းရှိစေပါ။ ထိုနောက် စုံစမ်းလာသူတို့အား ဥပုသ်နေ့အစည်းအဝေး များသို့တက်ရောက်ရန်ခေါ်ဖိတ်ပါ။ Manuscript 53, 1899. [Ev 539.3] EvBur 707.3

မြားမှန်သောချုပ်တည်းခြင်းတစ်ခု - ဆေးရုံများ၌ သင်လုပ်ဆောင်ရန်အလုပ် တစ်ခုရှိသည်။ လူနာများအတွက် သင်လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့၏ယုံကြည် ခြင်းကို သူတို့မှလက်ခံစေလိုသည့် သင်၌ပြင်းပြသောဆန္ဒရှိကြောင်း သူတို့ ၏စိတ်ထဲ၌ခံစားစေရန် ခွင့်မပြုပါနှင့်။ ဤစိတ်ဓာတ်မျိုးကျွနု်ပ်တို့၌အလို အလျောက်ရှိတတ်ကြပါသည်။ သို့သော် မကြာခဏမှန်သောချုပ်တည်းမှုတစ်ခု ကျွန်ုပ်တို့၌ရှိရန်လိုအပ်ပါသည်။ တချို့သောကိစ္စများ၌ ဆီလျော်သည်ဟုထင် ရသောစကားများသည် လွန်စွာနာကျင်မှုကိုဖြစ်စေပြီး ပို၍အခွင့်အရေးရရှိစေ မည့်တံခါးကို ပိတ်သွားစေပါသည်။ [Ev 539.4] EvBur 708.1

သိမ်မွေ့သောမေတ္တာကိုဖော်ပြပြီး မြော်မြင်မှုရှိသည့် သည်းခံခြင်း သဘောကိုကျင့်သုံးပါ။ ပြင်းထန်သည့်အငြင်းပွားမှုပြုရန် ကောင်းသောအခွင့် အရေးကိုသင်တွေ့ရှိပါက အများအားဖြင့် သည်းခံပြီးဆိတ်ဆိတ်နေခြင်းသည် သာ၍ကောင်းပါသည်။ သင်သိသောအရာအတွက် ပြင်းထန်သည့်သက်သေခံ ခြင်းကို အခြေအနေအားလုံး၌မပြောဆိုပါနှင့်။ ကြားနာရသောသူများတို့ကို သင်၏အသင်းတော်ယုံကြည်ခြင်းသို့ပြောင်းလဲရန် သင်ကြိုးစားလုပ်ဆောင်နေ သည်ဟု သင့်ကိုသူတစ်ပါးအထင်အမြင်မှားလိမ့်မည်။ [Ev 540.1] EvBur 708.2

အမှန်တရားကိုယုံကြည်ရန် ဘုရားသခင်၏လွယ်ကူသောနှုတ်ကပတ် တော်၌ ကြီးမားသောတန်ခိုးရှိသည်။ နှုတ်ကပတ်တော်ကိုစကားပြောစေပြီး မိမိ၏အလုပ်ကိုလုပ်သွားစေပါ။ ဧဝံဂေလိလုပ်ငန်းကြိုးစားလုပ်ဆောင်ခြင်း၌ လိမ္မာသောချုပ်တည်းခြင်းရှိစေပါ။ အရေးကြီးသောအချက်တစ်ခုကို အတင်း အဓမ္မပြောဆိုခြင်းမပြုပါနှင့်။ မေးမြန်းလာသည့်အထိစောင့်ဆိုင်း၍နေပါ။ သင်၏ ပုံသက်သေကိုသင်ကြားစေပါ။ သင်၏စကားများနှင့်အလုပ်များတို့သည် အသက်ရှင်သောဆရာကြီး၏စကားများတို့ကို သင်ယုံကြည်ကြောင်းပြသစေပါ။ Letter 308, 1906. [Ev 540.2] EvBur 708.3

ပါးနပ်သောချဉ်းကပ်ခြင်းတစ်ခု - ဘုရားသခင်၏အသက်ရှင်သောအမှန် တရားကို ကျွန်ုပ်တို့၏ဆေးကုသသောအဖွဲ့အစည်းများ၌ လူတို့ကိုအသိပေး စေရမည်။ ဤကိစ္စသည် ဆရာဝန်၊ သို့မဟုတ် မည်သည့်ဝန်ထမ်းတစ်ဦး တစ်ယောက်မျှ လူတိုင်းဆီသို့အမှန်တရားကိုပြောပြရမည်ဟုမဆိုလိုပါ။ ထိုကဲ့သို့ ပြုလုပ်ရန် နည်းလမ်းမဟုတ်ပါ။ ဤကဲ့သို့မပြုလုပ်ဘဲ အမှန်တရားကိုဟော ပြောနိုင်ပါသည်။ သူနာပြုဆရာမများနှင့်အမှုဆောင်များတို့သည် ကျွန်ုပ်တို့ တတိယကောင်းကင်တမန်သတင်းစကားကိုယုံကြည်ပါသည်ဟု လူနာများထံ သို့သွားပြီး ပြောပြစရာမလိုပါ။ လူနာများကြားနာလိုသောဆန္ဒမရှိမချင်း၊ သူတို့ ၏ကန့်ကွက်မှုများမပျောက်ကွယ်မချင်းနှင့် သူတို့၏စိတ်နှလုံးသားမပျော့ပျောင်း မချင်း ဤကဲ့သို့ပြောဆိုရန် သူတို့၏အလုပ်မဟုတ်ပါ။ [Ev 540.3] EvBur 709.1

လှုပ်ရှားပါ။ သို့မှသာ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်း တော်မှ အသင်းသားများတို့သည် အသိတရားရှိသူများဟု သူတို့သိမြင်ကြ လိမ့်မည်။ လှုပ်ရှားပါ။ သို့မှသာ ဤအဖွဲ့အစည်းသည် အေးချမ်းသောနေရာ တစ်ခုဟု သူတို့ခံစားရကြလိမ့်မည်။ သမ္မာကျမ်းစာအမှန်တရားကို ဟောပြော ရလိမ့်မည်။ သို့သော် အမှန်တရား၏အထူးအချက်များကို လူနာအားလုံး ဆီသို့ဟောပြောခြင်းမပြုရပါ။ အကယ်၍ သူတို့သင့်အားမေးခွန်းမေးလာပါက သင်၏ယုံကြည်ခြင်းအကြောင်းအရင်းများကို သူတို့အားပြောပြပါ။ ဤနည်း အားဖြင့် အလင်းတရားသည် ထွန်းလင်းပါလိမ့်မည်။ [Ev 540.4] EvBur 709.2

ကျွန်ုပ်တို့၏အစည်းအဝေးသို့ လူနာများတက်ရောက်ရန် ခေါ်ဖိတ် ခြင်းခံရပြီး အမှန်တရားကိုသူတို့ကြားရပေလိမ့်မည်။ တစ်ကြိမ်တည်း၌ သူတို့ အပေါ်အတင်းအဓမ္မမပြုကြောင်းကို သူတို့သိရပါလိမ့်မည်။ ထိုနောက် သူတို့ ဆေးရုံမှဆင်းသွားပြီး လူတို့ပြောဆိုသောစကားများကို သူတို့ကြားရပါလိမ့် မည်။ “ကျွန်ုပ်တို့ထိုနေရာသို့သွားပြီး ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့ အသင်းသားများမဖြစ်လိုကြပါ” ဟုပြောပေမည်။ ထိုအခါသူတို့သည် “ဆေးရုံ ရှိအမှုဆောင်များတို့သည် မည်သူတစ်ဦးတစ်ယောက်အပေါ်၌မျှ အမှန်တရား ကိုယုံကြည်ရန် တိုက်တွန်းခြင်းမပြုပါ” ဟု သူတို့အားပြန်၍ပြောလိမ့်မည်။ [Ev 541.1] EvBur 709.3

လူနာများတို့အား ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ အမြဲ မေးမြန်းစုံစမ်းလိုစိတ်ရှိရန် ကျွန်ုပ်တို့လိုလား၍မရပါ။ အမှန်တရားကိုဆာငတ် သူများသာလျှင် မေးမြန်းစုံစမ်းကြမည်ဖြစ်သည်။ ဤအတွက်ကျွန်ုပ်တို့၏ ဆေးကုသမှုအဖွဲ့အစည်းကို တည်ထောင်ရခြင်းဖြစ်ပါသည်။ Manuscript 111, 1899. [Ev 541.2] EvBur 710.1

တည်ငြိမ်သောခရစ်ယာန်အသက်တာတစ်ခု၏သက်သေခံခြင်း - ဤသန့်ရှင်း သောအမှန်တရားများကိုယုံကြည်ကျင့်သုံးရန် တင်းကျပ်သောအမူအရာဖြင့် သယ်ဆောင်ခြင်းမပြုရဘဲ ခရစ်တော်သခင်၏စိတ်ဓာတ်ဖြင့် သယ်ဆောင်ကြ ရပါမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မြင့်မြတ်သောစိတ်ဓာတ်များနှင့် သာ၍ကောင်းသောစိတ်သဘောရှိသူများတို့ထံသို့- ရောက်ရှိပေလိမ့်မည်။ ကျွန်ုပ်တို့၏ဆေးရုံများအားလုံးတို့၌ အမှန်တရား၏အယူဝါဒကိုနားလည်ပြီး ကလောင်ဖြင့်ရေးသား၍ စကားအားဖြင့်ပြောဆိုနိုင်သောသူများရှိသင့်သည်။ သူတို့သည် အသိဉာဏ်ကင်းမဲ့သောသူတို့နှင့်တွေ့ဆုံပြီး သူတို့နှင့်တစ်ဦးချင်း သားကိုရှင်းပြသကဲ့သို့ သူတို့အားရှင်းပြသင့်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်သင့်ကြောင်း ဘုရားရှင်ပြောခဲ့ပါသည်။ ဗဟုသုတအားဖြင့် မသင့်လျော်သောသူနှင့် သမ္မာကျမ်းစာအမှန်တရား၏အမြင်ကို နက်ရှိုင်းစွာ မသိသောသူတို့အား စိတ်ချရသောသူများအဖြစ် တာဝန်ရှိသောအဆင့်များ၌ ဦးဆောင်သူများအဖြစ်မခန့်အပ်သင့်ပါ။ [Ev 541.3] EvBur 710.2

အဆင့်သာ၍မြင့်သောသူတို့ထံသို့ ကြီးမားသောအလုပ်ကိုလုပ်ရန် ရမည်ဟု လူအများထင်ကြပါသည်။ သို့သော် မှားယွင်းသောအရာတစ်ခု ပြင်ပပေါ်လွင်မှု၊ ဟန်ပန်အမူအရာနှင့်ဟန်ဆောင်ခြင်းရှိသူများတို့ကို အသုံးပြု ဖြစ်သည်။ အဆင့်မြင့်သူများတို့သည် ဤအရာများကိုနားလည်ပါသည်။ ပြင်ပထင်ရှားသည့်အရာသည် လူတို့၏စိတ်ထဲ၌ခံစားချက်များတို့ကို များစွာ ပေးစွမ်းနိုင်ပါလိမ့်မည်။ သို့သော် ပြင်ပပေါ်လွင်မှုသည် ဘုရားတရားကြည်ညို ခြင်းနောက်၌ ထားရှိရပါမည်။ အမှုဆောင်များတို့သည် ဘုရားရှင်နှင့်ကောင်းကင် ဖြင့်ပေါင်းစည်းထားသူများအဖြစ် လူတို့တွေ့ မြင်ရပေမည်။ လုပ်ငန်းအတွက် အကျင့်စာရိတ္တနှင့်သြဇာကို ဤနောက်ဆုံးသောနေ့ရက်များ၌ပေးနိုင်သော လောကဆန်သည့်လူတို့အားဖြင့် အသိအမှတ်ပြုထောက်ခံရန်အတွက် မကြိုးစား သင့်ပါ။ တည်ငြိမ်မှန်ကန်မှုသည် ပတ္တမြားတစ်လုံးဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုနှင့်ကျွန်ုပ်တို့၏အပြုအမူသည် ကျွန်ုပ်တို့၏အကျင့်စာရိတ္တနှင့်ညီညွတ်ခြင်းရှိရမည်ဖြစ်ပြီး ၎င်းသည် ကမ္ဘာသို့ အမြဲပေးနိုင်သော အရေးအကြီးဆုံးသတင်းစကားကိုဟောပြောခြင်းဖြစ်သည်။ [Ev 541.4] EvBur 710.3

ကျွန်ုပ်တို့၏အလုပ်သည် အမှန်တရားကိုယုံကြည်ရန်အတွက် လူတို့ ကိုဟောပြောခြင်းနှင့် ပုံသက်သေပြခြင်းအားဖြင့်သော်လည်းကောင်း၊ ဘုရား တရားကြည်ညိုခြင်းအားဖြင့်သော်လည်းကောင်း အောင်မြင်ခြင်းဖြစ်ပါသည်။ အမှန်တရားအထဲ၌ရှိသောအရာအားလုံးတို့သည် လှုပ်ရှားနေရပါမည်။ ယုံကြည် ခြင်းနှင့်အတူကျင့်သုံးခြင်းသည် တည်ငြိမ်မှန်ကန်ခြင်းကိုပြသရမည်။ ကျွန်ုပ် တို့၏ယုံကြည်ခြင်းတန်ဖိုးကို ၎င်း၏အသီးအားဖြင့်ပြရပါမည်။ ကျွန်ုပ်တို့၏ ပြင်းထန်သောစိတ်အားထက်သန်မှုအားဖြင့် ဘုရားသခင်သည် လူတို့၏စိတ် ကိုသြဇာသက်ရောက်စေနိုင်ပါသည်။ ကျွန်ုပ်တို့၏အဝတ်အစား၊ ကျွန်ုပ်တို့ ၏အပြုအမူ၊ ကျွန်ုပ်တို့၏ အပြောအဆိုနှင့် ဝိညာဉ်ရေးလမ်းကြောင်းများ၌ ကြီးပြင်းသောဗဟုသုတအတိမ်အနက်အားလုံးတို့သည် ကျွန်ုပ်တို့စွဲကိုင်ထား သောအမှန်တရားစည်းမျဉ်းများတို့အား ကျွန်ုပ်တို့အတွက် စစ်မှန်သည့်အရာ တစ်ခုအဖြစ် ပြသရပါမည်။ ဤသို့ဖြင့်အမှန်တရားသည် ကြီးမားသောအရာ တစ်ခုလုံးနှင့်အသိဉာဏ်ကိုစေခိုင်းသကဲ့သို့ သြဇာသက်ရောက်မှုကိုပြုလုပ်ပေး ရမည်။ အမှန်တရား၊ သမ္မာကျမ်းစာ၏အမှန်တရားသည် အသိတရားအတွက် နှင့်ဝိညာဉ်၏မေတ္တာနှင့် အသက်အတွက်တန်ခိုးအာဏာဖြစ်လာရပါမည်။ Letter 121, 1900. [Ev 542.1] EvBur 711.1

စကားများအားဖြင့်မဟုတ်၊ အလုပ်များအားဖြင့်သာ - ကျွန်ုပ်တို့၏ယုံကြည် ခြင်းကို သူတစ်ပါးအားအသိပေးခြင်းနှင့်ပတ်သက်၍ ၎င်းကိုဝှက်ထားရန် တိကျသောကြိုးစားမှုဖြင့်မပြုလုပ်သင့်ပါ။ ၎င်းကိုရှင်းလင်းစွာထင်ရှားစေရန် မသင့်လျော်သောကြိုးစားမှုကိုလည်း မပြုလုပ်သင့်ပါ။ ကျွန်ုပ်တို့၏အမှန်တရား ကိုစိတ်ဝင်စားရန် ကောင်းသောအခြေအနေ၌ရှိသောသူများတို့သည် ကျွန်ုပ် တို့၏ဆေးရုံသို့လာကြပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး သူတို့မေးခွန်းများမေးလာပါက ကျွန်ုပ်တို့ဘာယုံကြည်သည်ကို ရှင်းလင်းလွယ်ကူသောအနေအထားဖြင့်ပြောပြရန် သင့်လျော်ပါလိမ့်မည်။ ဘုရားတရားကြည်ညိုစိတ်သည် အမှန်တရားအတွက်တန်ခိုးသြဇာတစ်ခုကို စစ်မှန်သောယုံကြည်သူ၏အပြုအမူသို့ တန်ခိုးတစ်ခုကိုပေးစွမ်းနိုင်ပါလိမ့်မည်။ [Ev _542.2] EvBur 712.1

သို့သော် ဤကိစ္စ၌ ကျွန်ုပ်တို့သတိရှိရှိလုပ်ဆောင်သင့်ကြသည်။ ယုံကြည်ခြင်းအချက်အလက်များအပေါ် မတူညီသည့်အမြင်တစ်ခုအတွက် အချေအတင်ပြန်လည်၍ပြောဆိုရန် သူတစ်ပါး၏စိတ်ကိုနှိုးဆွစေသည့် ပြောလို ရာမပြောဆိုသင့်ဟု သတိရှိသူများရှိကြပါသည်။ အသိဉာဏ်မပြည့်စုံ၍ ဆင်ခြင်ဉာဏ်နည်းသောကြိုးစားမှုသည် အေးအေးဆေးဆေးသည်းခံစွာဖြင့် နားထောင်လိုသောသူတို့နားကိုပိတ်ထားစေနိုင်ပါသည်။ သို့သော် ယခုမကောင်း သောသြဇာညောင်းခြင်းကို သူတစ်ပါးအတွက်ဖြစ်စေပါသည်။ ထိုသို့ဖြင့် လူအများတို့အား ညစ်ညူးစေသောခါးသီးခြင်း၏အမြစ်များကို ပေါက်ပွား လာစေပါသည်။ ဆင်ခြင်တရားကင်းမဲ့သူတစ်ယောက်အားဖြင့် လူအများတို့ ၏နားနှင့်နှလုံးသည် အမှန်တရားအတွက်တံခါးပိတ်သွားပါလိမ့်မည်။ [Ev 542.3] EvBur 712.2

မတူညီသည့်ဘာသာရေးစိတ်အားထက်သန်သောသူများတို့၌ရှိသည့် မိမိတို့နှင့်အယူဝါဒမတူညီသောဘာသာများအပေါ် မိမိတို့စိတ်ရင်းအတိုင်း ဖော်ပြလေ့ရှိခြင်းမှာ လူတိုင်းသိရှိနိုင်သောအချက်တစ်ခုဖြစ်ပါသည်။ ဤပုဂ္ဂိုလ် ကဲ့သို့သောသူများတို့သည် ကျိုးကြောင်းမညီသည့်တစ်မျိုးတည်းသောစိတ်ဓာတ် သည် ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်၌လည်း ရှိလိမ့်မည် ဟုမျှော်လင့်ပြီး သူတို့၏လက်နက်များကိုယူဆောင်ကာ သူတို့၏ထူးခြားသော အမြင်များနှင့်မတူညီပါက တိုက်ခိုက်ရန်ပြင်ဆင်မှုပြုကြပေလိမ့်မည်။ [Ev 543.1] EvBur 713.1

လွန်ခဲ့သောအချိန်အခါတွင် တချို့သောဆေးရုံများ၌ ဥပုသ်နေ့ အကြောင်းကို နေရာတိုင်းတွင်ပြောဆိုရန် မိမိတို့၏တာဝန်ဖြစ်သည်ဟု ထင်မြင် ကြသည်။ ၎င်းကိုလူနာများတို့အား စိတ်အားထက်သန်စွာမနားမနေတောင်းဆို ကြသည်။ ထိုကဲ့သို့ပြုလုပ်သောသူများကို ဘုရားသခင်၏ကောင်းကင်တမန် များမှ စကားအားဖြင့်မပြောပါနှင့်၊ အလုပ်အားဖြင့်ပြပါဟုပြောဆိုလိမ့်မည်။ နေ့စဉ်အသက်တာသည် စကားများစွာပြောဆိုခြင်းထက် တန်ဖိုးရှိသည်။ တူညီသောဝမ်းမြောက်ခြင်း၊ သိမ်မွေ့သောကြင်နာခြင်း၊ ခရစ်ယာန်စွန့်ကြဲခြင်း၊ သည်းခံခြင်းနှင့်မေတ္တာတရားပြသခြင်းတို့သည် မှားယွင်းသောစွဲလမ်းမှုများတို့ ကို အရည်ပျော်စေပြီး၊ အမှန်တရားကိုလက်ခံရန် စိတ်နှလုံးသားကိုဖွင့်ပေးပါ လိမ့်မည်။ ဤတန်ဖိုးရှိသောသြဇာ၏တန်ခိုးကို လူအနည်းငယ်သာနားလည် ကြပါသည်။ Manuscript 53, 1899. [Ev 543.2] EvBur 713.2