ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ဆေးရွက်ကြီးမသုံးဆောင်ခြင်းနှင့်ချုပ်တည်းခြင်းသတင်းစကား
လူသည်သူ၏မှန်သောအတွေးအခေါ်ကို ရောင်းချသည် - မာရ်နတ်သည် ဤကမ္ဘာကြီးကို အရက်၊ ဆေးရွက်ကြီး၊ လက်ဖက်နှင့်ကော်ဖီသုံးစွဲခြင်းအား ဖြင့် အကျဉ်းချထားကာ ချုပ်နှောင်ထားလျက်ရှိသည်။ ဘုရားသခင်ပေးထား ခဲ့သော သန့်ရှင်းစွာထားရှိရမည့်စိတ်သဘောထားကို မူးယဇ်ဆေးဝါးများသုံးစွဲ ခြင်းအားဖြင့် ပျက်စီးစေခဲ့သည်။ ဦးနှောက်သည် မှန်ကန်စွာဝေခွဲခြင်းမပြုနိုင် တော့ပါ။ ရန်သူမှထိန်းချုပ်ထားလျက်ရှိသည်။ လူသည် မိမိ၏မှန်သောအတွေး အခေါ်ကို သူ့အားရူးသွပ်စေသောသူ၏ထံသို့ ရောင်းချလိုက်ပါသည်။ သူသည် မှန်သောအရာကိုမသိရှိတော့ပါ။ သို့သော် အရက်၏ကျိန်ခြင်းသည် တရား ဥပဒေအတိုင်းခွင့်ပြုထားပြီး ပြော၍မရသောပျက်စီးခြင်းသည် သုံးစွဲသူများတို့ အား ဆင်းရဲသောပျက်စီးခြင်းသားကောင်ဘဝသို့ ပို့ဆောင်ရုံသာမက၊ မိသားစု တစ်ခုလုံးကိုပါ ပျက်စီးစေပါသည်။ [Ev 529.3] EvBur 693.2
အရက်သောက်သုံးခြင်း၏ကျိန်ခြင်းသည် ကြောက်မက်ဖွယ်လူသတ် သမားအဖြစ်သို့နေရာယူလိုက်သည်ကို ကျွန်ုပ်တို့တွေ့ရှိရပါသည်။ ချုပ်တည်း ခြင်းမရှိခြင်းကို နေရာတိုင်း၌ကျွန်ုပ်တို့တွေ့နေရပါသည်။ မူးယစ်ထုံထိုင်းစေ သောဆေးဝါးများအားဖြင့် လူတို့၏အသိတရားမည်ကဲ့သို့ပျက်စီးယိုယွင်းရ သည်ကို ပြော၍မကုန်နိုင်ပါ။ ဖော်ပြနိုင်စွမ်းမရှိပါ။ Manuscript 11, 1899. [Ev 529.4] EvBur 693.3
အရေးကြီးသောတာဝန်တစ်ခု — လွန်ခဲ့သောနှစ်ပေါင်းများစွာတို့၌ ချုပ်တည်း ခြင်းစည်းမျဉ်းဥပဒေများကို ကျွန်ုပ်တို့၏အရေးအကြီးဆုံးသောတာဝန်တစ်ခု အဖြစ် အသိအမှတ်ပြု၍ဟောပြောဖြန့်ချိခဲ့ပါသည်။ ယနေ့အချိန်၌လည်း ကျွန်ုပ် တို့၏တာဝန်တစ်ခုအဖြစ် ခံယူသင့်ကြပါသည်။ Medical Ministry, p. 266. (1907) EvBur 694.1
ချုပ်တည်းခြင်းသတင်းဟောပြောခြင်းအတွက်နည်းစနစ် - ချုပ်တည်းခြင်း အကြောင်းအရာကို ပြင်းထန်စွာနှင့်ရှင်းလင်းစွာဟောပြောသင့်ကြသည်။ ကျန်းမာ ခြင်းစည်းမျဉ်းဥပဒေကိုလိုက်လျှောက်ခြင်း၏ကောင်းချီးမင်္ဂလာသည် သူတို့ အတွက်ဖြစ်ကြောင်း သူတို့အားတွေ့ မြင်စေပါ။ လူယောက်ျား၊ လူမိန်းမများ တို့ကို မည်သည့်ပုဂ္ဂိုလ်များဖြစ်စေရန် ဘုရားသခင်မည်ကဲ့သို့စီစဉ်ချမှတ်ထား သည်ကို လူတို့အားတွေ့ မြင်စေပါ။ လူသားမျိုးနွယ်တို့အား မြှောက်တင်၍ မြင့်မြတ်စေရန်အတွက် ကြီးမားသောပူဇော်ခြင်းသို့ညွှန်ပြပါ။ လက်ထဲ၌ သမ္မာကျမ်းစာကိုကိုင်လျက် ဘုရားသခင်တောင်းဆိုသောအရာများကိုဖော်ပြ ပါ။ ကြားနာသူများတို့အား မိမိတို့၏ကိုယ်၊ စိတ်တန်ခိုးများကိုအသုံးပြုကာ သူ့အားဂုဏ်ပြုရန် သူတို့ထံမှမျှော်လင့်ကြောင်းပြောပြပါ။ ရန်သူသည် သူတို့ ကိုကြိုးစား၍ မိမိတို့၏အကျင့်စရိုက်ယိုယွင်းကျဆင်းစေရန် အစာအာဟာရ စိတ်အလိုသို့လိုက်ခြင်းဖြင့် သူတို့အားပို့ဆောင်နေကြောင်းကိုပြသပေးပါ။ [Ev 530.1] EvBur 694.2
ရှင်းလင်းစွာ၊ ပြတ်သားစွာ၊ စိတ်အားထက်သန်စွာဖြင့် ထောင်ပေါင်း များစွာသောအမျိုးသား၊ အမျိုးသမီးများတို့သည် မိမိတို့၏ကိုယ်ကိုဖျက်ဆီး ၍ ဤကမ္ဘာကြီးကိုငရဲတွင်းဖြစ်စေရန် ဘုရားသခင်၏ငွေကို မည်ကဲ့သို့အသုံးပြု နေကြောင်းကို သူတို့အားပြောပြပါ။ ၎င်းအတွက် ဒေါ်လာသန်းချီပြီးအသုံးပြု ကာ လူတို့ကိုရူးသွပ်စေပါသည်။ ဤကိစ္စ၌ အင်အားမည်မျှရှိသည်ကိုမသိ ရသော်လည်း တွေ့မြင်နေရကြောင်းကို လူတို့အားရှင်းလင်းစွာပြောပြပါ။ ထိုနောက် သင်၏တရားနာပရိသတ်များတို့အား ဤအပြစ်နှင့်ပြည့်ဝသည့် အကျင့်ဓလေ့များမှ လူသားများအားလုံးလွတ်မြောက်ရန် ဤလောကသို့ကြွဆင်း လာသည့် ကယ်တင်ရှင်အကြောင်းကိုပြောပြပါ။ “ဘုရားသခင်၏သားတော် ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက် ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့် တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” [Ev 530.2] EvBur 694.3
သင်ကြိုးစား၍ဆောင်ရွက်နေသောအလုပ်၌ သင့်အားကူညီရန် စည်းဝေးသို့တက်ရောက်သူတို့အားတောင်းဆိုပါ။ ဆိုးသောအကျင့်ဓလေ့များ အားဖြင့် ကိုယ်ခန္ဓာနှင့်စိတ်ရောဂါများ မည်မျှအကျိုးခံစားနေရပြီး ကလောင် မှဖော်ပြ၍မရသည့်ပျက်စီးခြင်းသို့ ရောက်ရှိနေကြောင်းကိုသူတို့အားပြသပါ။ မူးယစ်စေတတ်သောအရက်သေစာသောက်သုံးခြင်းသည် ထောင်ပေါင်းများစွာ သောသူတို့၏မှန်ကန်သည့်အတွေးအခေါ်များတို့ကို လုယူဖျက်ဆီးနေပါသည်။ သို့သော် အရက်သေစာရောင်းချခြင်းသည် တရားဝင်ကိစ္စတစ်ခုဖြစ်နေပါသည်။ သူတို့အားဆွတ်ခူးရန် ကောင်းကင်နိုင်ငံရှိပြီး၊ ရှောင်ရှားရန်ငရဲရှိကြောင်းကို ပြောပြပါ။ ကတိခံဝန်ချက်လက်မှတ်ရေးထိုးရန် သူတို့အားတောင်းဆိုပါ။ ဘုရားသခင်စေခိုင်းချက်သည် သင်၏တန်ခိုးအာဏာဖြစ်သည်။ သဘောတူညီ မှုကတိခံဝန်ချက်စာရွက်ကိုပြင်ဆင်ပြီး စည်းဝေးအပြီး၌သူတို့အားဝေပေးပါ။ EvBur 695.1
ဤအလုပ်ကိုလူတစ်ဦးတည်းဖြင့်ဆောင်ရွက်ရန်မသင့်လျော်ပါ။ ဤ တရားပွဲမျိုး၌ လူများစွာတို့အား ပါဝင်လုပ်ဆောင်စေပါ။ ကောင်းကင်မှသတင်း တစ်ခုနှင့်အတူ ဝိညာဉ်တော်တန်ခိုးခံစားရခြင်းဖြင့် သူတို့ကိုရှေ့သို့တက်လာ စေပါ။ သူတို့အားမိမိတို့ခွန်အားရှိသမျှနှင့် လုံလောက်သောဝိညာဉ်တော်ဖြင့် အာဝဇ္ဇန်းရွှင်သောစကားများတို့ကိုအသုံးပြုကာ ဆွဲဆောင်မှုကိုပြုစေပါ။ မြို့ကြီး များတို့ကိုသတိပေးရန် မိမိတို့၏တရားနာပရိသတ်များတို့အား ကူညီပေးရန် တောင်းဆိုစေပါ။ အမျိုးသား၊ အမျိုးသမီးများတို့အား ကိုယ်၊ စိတ်၊ နှလုံး သုံးပါးတို့၏ကျန်းမာခြင်းကိုပျက်စီးစေသည့် စိတ်အလိုသို့လိုက်ခြင်းအတွက် ငွေဖြုန်းတီးခြင်း၏ဆိုးကျိုးများကိုပြသစေပါ။ [Ev 531.1] EvBur 695.2
ပြင်ပခင်းကျင်းပြသခြင်းနှင့် လောကီ၏ကူညီမှုပေးခြင်းအားဖြင့် ခရစ်တော်၏နိုင်ငံတော်ကို တည်ထောင်ခြင်းမဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ် တော်အလုပ်အားဖြင့် လူသားထဲ၌ ခရစ်တော်၏ပင်ကိုယ်သဘောအယူအဆ ကိန်းအောင်းခြင်းကြောင့်ဖြစ်သည်။ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့် ကိုပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက်ဖွားသော သားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသားဖြစ်သတည်း။” ဤနေရာ၌ တန်ခိုးတစ်ခုတည်းသာလျှင် လူသားများတို့အား အထက်သို့ရောက်ရှိရန်အတွက် ပို့ဆောင်နိုင်သောအလုပ်ဖြစ်သည်။ ထိုနောက် ဤအလုပ်ပြီးမြောက်အောင်မြင် ရန်အတွက် လူသားများတို့၏ကိုယ်စားလှယ်မှ ဘုရားသခင်နှုတ်ကပတ်တော် ၏သွန်သင်ခြင်းနှင့်ဟောပြောခြင်းအားဖြင့်သာလျှင်ဖြစ်သည်။ Manuscript42,1905. [Ev 531.2] EvBur 696.1
ဆေးရွက်ကြီးသုံးစွဲသူများအားကူညီမှုပြုသည့်ဗဟုသုတ - ဩစတြေးလျ၌ အကျင့်တစ်ခုအပြင် မည်သည့်မကောင်းသောအကျင့်မျှစွဲနေခြင်းမရှိသောသူ တစ်ယောက်နှင့် ကျွန်ုပ်တွေ့ဆုံခဲ့သည်။ သူသည် ဆေးရွက်ကြီးသုံးစွဲသူဖြစ်သည်။ ကျွန်ုပ်တို့တရားပွဲသို့သူလာခဲ့သည်။ ညဉ့်တစ်ညဉ့်၌ သူအိမ်သို့ပြန်သွားသောအခါ နောက်ပိုင်း၌သူပြောပြခဲ့သည့်အရ၊ သူဆေးရွက်ကြီးသုံးသည့်အကျင့်ဓလေ့ကို စွန့်လွှတ်ရန်ကြိုးစားပြီး အောင်မြင်ခဲ့ကြောင်းဖြစ်ပါသည်။ အကယ်၍ ဤဆေးရွက်ကြီးသုံးစွဲခြင်းကို သူစွန့်လွှတ်နိုင်ပါက သူ့အား သူ၏ဆွေးမျိုး တချို့မှ ပေါင် (၅၀) ပေးမည်ဟု ကတိပြုခဲ့ဖူးပါသည်။ သို့သော်သူစွန့်လွှတ် ၍မရခဲ့ပါ။ ယခုသူပြောပြသည်မှာ၊ “ခင်ဗျားတို့နေထိုင်သည့်အတိုင်း ချုပ်တည်း ခြင်းစည်းမျဉ်းများကိုဟောပြောသည့်အခါ၊ ကျွန်ုပ်လွန်ဆန်၍မရတော့ပါ။ ကျွန်ုပ် တို့ရှေ့၌ မိမိကိုယ်ကိုငြင်းပယ်ပြီး၊ ကျွန်ုပ်တို့အတွက်အသက်ပေးခဲ့တဲ့ပုဂ္ဂိုလ် အကြောင်းကို ခင်ဗျားတို့ပြောပြခဲ့ပါသည်။ ယခုကျွန်ုပ်သူ့ကိုမသိသေးပါ။ သို့သော် ကျွန်တော်သူ့အကြောင်းသိလိုပါသည်။ ကျွန်တော့်အိမ်မှာတစ်ခါမျှ ကျွန်တော်ဆုမတောင်းခဲ့ပါ။ ကျွန်တော်၏ဆေးရွက်ကြီးကို ကျွန်တော်စွန့်လွှတ် လိုက်ပြီး၊ ဒီအထိပဲကျွန်တော်ပြုလုပ်နိုင်းသေးသည်။ EvBur 696.2
သူနှင့်အတူကျွန်ုပ်တို့ဆုတောင်းပြီး သူနှင့်ခွဲခွာခဲ့ပြီးနောက် သူ့ထံသို့ ကျွန်ုပ်တို့စာရေးခဲ့ကာ နောက်ပိုင်း၌ သူ့ထံသို့အလည်အပတ်တစ်ဖန်ပြုခဲ့ပါ သည်။ နောက်ပိုင်း၌သူသည် မိမိကိုယ်ကိုဘုရားထံသို့အပ်နှံလိုက်ပြီး သူနေထိုင် သောနေရာ၌ရှိသောအသင်းတော်အတွက် တက်တက်ကြွကြွအားပေးသူ တစ်ယောက်ဖြစ်လာပါသည်။ သူသည် မိမိခွန်အားရှိသမျှဖြင့် မိမိ၏ဆွေမျိုး များတို့ကို အမှန်တရား၏အသိပညာသို့ ပို့ဆောင်လျက်ရှိပါသည်။ General Conference Bulletin, April 23, 1901. [Ev 532.1] EvBur 697.1
ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်း - ဤအလုပ်အားဖြင့် လူတန်းစား အားလုံးတို့ထံသို့ အမှန်တရားရောက်ရှိရပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့နှင့်အတူအလုပ်လုပ်သောအခါ၊ ခရစ်တော်ကြွလာခြင်း အတွက် အဆင်သင့်မရှိသောသူများ ယုံကြည်လာကြပါသည်။ နှစ်ပေါင်း များစွာ မည်သည့်အသင်းတော်၏အစည်းအဝေးများကိုမျှ မတက်ရောက်ခဲ့ ကြသောသူတို့သည် ယခုများစွာတက်ရောက်ကြပြီး ယုံကြည်လာကြပါသည်။ အမှန်တရားရိုးရိုးလေးသည် သူတို့၏စိတ်နှလုံးများတို့ကို ထိတွေ့ စေပါသည်။ ဆေးရွက်ကြီးသုံးစွဲသူများ မိမိတို့စွဲလမ်းခဲ့သည့်အရာကိုဆက်ကပ်ခဲ့ပြီး အရက် သမားများလည်း မိမိ၏အရက်ကိုစွန့်လွှတ်လိုက်ပါသည်။ အကယ်၍သူတို့ သည် ယုံကြည်ခြင်းအားဖြင့် မိမိတို့၏အပြစ်များဖြေလွှတ်ရန်အတွက် ဘုရားသခင်၏ကတိတော်များကို မဆုပ်ကိုင်မိကြပါက သူတို့သည် ဤကဲ့သို့ ပြုလုပ်နိုင်ကြမည်မဟုတ်ပါ။ နှုတ်ကပတ်တော်၌ရှိသောအမှန်တရားသည် အဆင့်အမြင့်အနိမ့်ရှိသူများ၊ ချမ်းသာသူနှင့်ဆင်းရဲသူများထံသို့ရောက်ရှိလာပြီး သတင်းစကားရရှိသူများတို့သည် ကျွန်ုပ်တို့နှင့်အတူ၊ ဘုရားသခင်နှင့်အတူ အမှုဆောင်များဖြစ်လာကြပြီး ညီညွတ်စွာအမှုထမ်းနိုင်ရန်အတွက် ခိုင်မာသော အင်အားတစ်ခုဖြစ်ပေါ်လာပါသည်။ ဤလုပ်ငန်းသည် ကျွန်ုပ်တို့၏လုပ်ငန်း ဖြစ်ပါသည်။ Manuscript 3, 1899. [Ev 532.2] EvBur 697.2