Great Controversy 1858

33/43

အခန်း (၃၁) ဝိသမ လောဘ

ဘုရားသခင်၏ ပညတ်တော်အားလုံးကို စောင့်ထိန်း၍ သခင်ယေရှုဒုတိယအကြိမ်ကြွလာတော်မူမည်ကို စောင့်မျှော်နေကြသောသူများအား အထူးဂရုစိုက်အလေးပေး၍ ကျော့ကွင်းထောင်ကြရန် စာတန်ကသူ၏တမန်များ အားအမိန့်ပေး ညွှန်ကြားနေပုံကို ကျမမြင်တွေ့ရပါသည်။ အသင်းတော်များ အိပ်ပျော်နေကြသည်ဟု သူ၏တပည့် သားများအား စာတန်ကပြောနေပါသည်။ သူ၏တန်ခိုးစွမ်းအားနှင့် လိမ်ဉာဏ်ဆင်မှုများကိုပို၍ အသုံးပြုခြင်းအား ဖြင့်ထိုအသင်းတော်များကို ချုပ်ထိန်းထားနိုင်ကြောင်း သို့သော်ဥပုသ်နေ့ကို စောင့်ထိန်းသည့် ငါတို့မုန်းသောအသင်း တော်သည်ငါတို့ကို အမြဲတစ်စေ အတိုက်အခံလုပ်နေကြ၏ ငါတို့လက်အောက်ခံလူများကိုလည်း သူတို့လုယူနေကြပြီး လျှင်ငါတို့မုန်းသည့် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းစေကြသည်။ GCB58 78.3

ထို့ကြောင့်မင်းတို့သွားကြ၊ လယ်ပိုင်ရှင်ကြီးများနှင့် ငွေပိုင်ရှင်ကြီးများကို လောကီစိုးရိမ်မှုများနှင့်ယစ်မူး၍နေ စေကြ၊ ဤအရာများကို သူတို့မြတ်နိုးနေကြအောင် မင်းတို့တာဝန်ယူနိုင်ကြမည်ဆိုလျှင် သူတို့သည် ငါတို့၏လူများ ဖြစ်မြဲဖြစ်နေကြပေလိမ့်မည်။ သူတို့ကြိုက်နှစ်သက်ရာမည်သည့်အမည်ကိုမဆို ခံယူကြပါစေ၊ သို့သော်ခရစ်တော်၏ နိုင်ငံတော်ကျယ်ပြန့်ရေး (သို့) ငါတို့မုန်းတီးသောသမ္မာတရား ပြန့်ပွားရေးအတွက် သူတို့မဆောင်ရွက်နိုင်စေရန် ဥစ္စာ၊ရွှေငွေရရှိရေးတွင် ပို၍အရေးပေးနေကြလေအောင် လှုံ့ဆော်ပေးကြ၊ လောကီရေးရာများကို သူတို့မက်မောလာ ရုံသာမက ကိုးကွယ်သည့်အခြေသို့ရောက်သည့်တိုင်အောင် တင်ဆက်ကြ၊ သူတို့ကို ချုပ်ကိုင်နိုင်မည့်ရွှေငွေဥစ္စာမှအ စပစ္စည်းမျိုးစုံကို ငါတို့တပ်ထဲတွင် အမြဲတစ်စေအလုံအလောက် ရှိနေအောင်ဖန်တီးထားကြ၊ ခရစ်တော်၏နောက် လိုက်များသူတို့အရှင်သခင်၏ အမှုတော်အတွက် ရွှေငွေဥစ္စာဘဏ္ဍာများကိုပို၍ ဆက်ကပ်လေ၊ ငါတို့လူများသူတို့ ဖက်သို့ပို၍ပါသွားလေဖြစ်ပြီးလျှင် ငါတို့နိုင်ငံ၏အကျိုး၊ ပို၍ပျက်စီးလေဖြစ်၏။ နေရာအနှံ့အပြားတွင် သူတို့အ စည်းအဝေးများကိုပို၍ကျင်းပလေ ငါတို့အတွက်ပို၍ အန္တရယ်များလေဖြစ်၏။ ထို့ကြောင့်နိုးကြားစွာ နေကြ၊ တတ်နိုင် သမျှရှုပ်ထွေးမှုများကို ဖန်တီးကြ၊ အနှောင့်အယှက်များပို၍ ပေးကြ၊ တစ်ဦးအပေါ်တစ်ဦး မုန်းတီးအောင်၊ ချစ်ခြင်း မေတ္တာပျက်ပြားအောင်လုပ်ဆောင်ကြ၊သူတို့၏ဓမ္မဆရာများကစိတ်ပျက်အောင်အားလျော့အောင်ဖန်တီးကြ၊ ငါတို့သည် သူတို့ကိုမုန်းတီးကြသည့်မဟုတ်လော။ ရွေ၊ ငွေ၊ ဥစ္စာဘဏ္ဍာရှိသူများ မပေးမလှူကြလေအောင် သူတို့အဖို့ဆင်ခြေ အမျိုးမျိုးကို ရှာပေးကြ၊ တတ်နိုင်လျှင်ငွေရေးကြေးရေးကိစ္စများကို ချုပ်ကိုင်ထားကြ၊ သူတို့၏ဓမ္မဆရာများဆင်းရဲနွမ်း ပါး၍ အတိဒုက္ခနှင့်ရင်ဆိုင်နေရလောက်အောင် နည်းလမ်းရှာဖွေထားကြ၊ သို့မှသာလျှင် သူတို့၏ ဇွဲလုံးလလျော့နည်း သွားကြပေလိမ့်မည်။ စစ်မြေပြင်ကို တစ်လက်မမကျန်စေနှင့်။ ဝိသမလောဘနှင့် လောကီရေးရာများကိုသာမက်မော ခြင်းအပေါ်တွင် သူတို့၏အကျင့်စာရိတ္တများကို တည်ဆောက်ထားကြစေရန် ဖန်တီးကြ၊ ထိုသို့အကျင့်စာရိတ္တတည်မြဲ နေသမျှကာလပတ်လုံး ကယ်တင်ခြင်းနှင့် ကျေးဇူးတော်နောက်ဆုတ်နေကြပေလိမ့်မည်။ တပ်မက်မောစရာအပြည့်အ ဝနှင့်သူတို့အားဝန်ရံထားလျှင် သူတို့ကိုငါတို့ပိုင်ကြမည်မှာ သေချာ၏။ သူတို့ကိုငါတို့ဧကန်အမှန် စိုးမိုးလာနိုင်မည်သာ မကသူတို့အနေဖြင့် အခြားသောသူများအား ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ဖို့သူတို့၏ စက်ဆုပ်ဖွယ်သောအရှိန် ဩဇာများကို အသုံးပြုတော့မည်မဟုတ်၊ အကယ်၍ တစ်ဦးတစ်ယောက်သောသူအနေဖြင့် ပေးလှူဖို့ရန် စဉ်းစား လျှင်တွန့်တိုသောစိတ်နှင့် တွန့်တိုစွာပေးလှူလိုသောစိတ်မျိုးကို သွင်းပေးလော့ဟု သူ၏စေတမန်များအား အမိန့်ပေး ညွှန်ကြားထားပါသည်။ GCB58 79.1

စာတန်အနေဖြင့် သူ၏စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နေပုံကိုလည်း ကျမမြင်တွေ့ရ ပါသည်။ ဘုရားသခင်၏ အမှုတော်ဆောင်များ တရားဟောအစည်းအဝေးကျင်းပရန် စီစဉ်ချိန်ပြီးဆုံးသောအခါ အ နှောင့်အယှက်ပေးရေးအတွက် စာတန်နှင့်သူ၏တမန်များတို့သည် မိမိတို့၏ တာဝန်ကိုသိလျှက် ထိုနေရာတွင် အသင့် ရောက်နေကြပြီးဖြစ်ပါသည်။ သူသည် ဘုရားသခင်၏လူများအား သွေးဆောင်အကြံပေးလျှက်နေ၏။ ဤသို့တစ်နည်း ထိုသို့တစ်ဖုံအမျိုးမျိုးသွေးဆောင် အကြံပြုလျှက်ရှိနေပါသည်။ ညီအစ်ကို မောင်နှမများတွင် ရှိတတ်သည့်မကောင်း သောစရိုက်များကိုသာရှာ၍ ထိုအပေါ်မူတည်၍ အခွင့်ကောင်းယူကာ သူ၏ဇာတိပကတိစိတ်များကို လှုံ့ဆော်ပေး တတ်၏။ အကယ်၍ ထိုသူများသည် ကိုယ်ကျိုးကိုသာလိုလား၍ လောဘကြီးသူများဖြစ်ပါက သူတို့ဖက်မှ ရပ်တည် လျှက်သူတို့အမြဲပြုလေ့ရှိသည့်အတိုင်း ဒုစရိုက်တွင် လုံးလုံးအာရုံစိုက်နေအောင် စာတန်အစွမ်းကုန်ဆွဲဆောင်တတ် ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သမ္မာတရားဆိုင်ရာ အလင်းတရားအားဖြင့် သူတို့၏လောဘစိတ်နှင့်အတ္တ စိတ်များအခိုက်အတန့်အားဖြင့် ပျောက်ကွယ်သွားကြလိမ့်မည် ဖြစ်သော်လည်း လုံးလုံးလျားလျားအောင်မြင်မှုမရရှိ သေးပါက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ စာတန်သည် သူတို့၏မြင့်မြတ်သော သဘောနှင့်ရက်ရောသော စေ တနာစိတ်ကို ပျက်ပြယ်သွားအောင် လှည့်ဖြားလိမ့်မည်။ ထိုအခါသူတို့စွန့်လွတ်ရသော အခွင့်အရေးများမှာ များလွန်း သည်ဟု ထင်မှတ်လာကြလိမ့်မည်။ မိမိတို့ကို စာတန်၏လက်ထဲမှကယ်တင်ရန် သခင်ခရစ်တော်၏ ကြီးမြတ်သည့် စွန့်လွှတ်မှုကို သတိမရတော့ပါ။ ကောင်းသောအမူအကျင့်များကိုလည်း ငြီးငွေ့လာကြလိမ့်မည်။ ထိုအခါ သူတို့သည် စာတန်လက်ဝယ်တွင် မျှော်လင့်ချက်လုံးဝမရှိသည့် ဆင်းရဲမျိုးစုံကို ခံယူလျှက် သူတို့အား ရွေးနှုတ်ထားတော်မူသည် ကိုသူတို့မေ့လျော့ သွားကြပေလိမ့်မည်။ GCB58 79.2

ယုဒရှကာရုတ်၏ တပ်မက်သောသဘော၊ ကိုယ်ကျိုးကိုသာကြည့်တတ်သော သဘောကို စာတန်အခွင့် ကောင်းယူလျှက် မာရိကသခင်ယေရှုအား တန်ဖိုးကြီးသော ဆီမွှေးဖြင့်ရက်ရောစွာ ပူဇော်သောအခါ ညစ်ညူးရန် သွေးဆောင်ခဲ့ပါသည်။ ထိုကိစ္စကိုယုဒက ဖြုန်းတီးမှုကြီးတစ်ရပ် ဖြစ်သည်ဟု သဘောထား၍ ထိုတန်ဖိုးကြီးသောဆီ မွှေးကို ရောင်းပြီးလျှင် ဆင်းရဲသားများအား ဝေငှသင့်သည်ဟု ပြောကြားခဲ့ပါသည်။ ဆင်းရဲသားများကို အလေးထား ၍မဟုတ်၊ သခင်ယေရှုအား ရက်ရောသောစိတ်နှင့်ပူဇော်သည်ကို ဖြုန်းတီးလွန်းသည်ဟု သဘောထား၍ ထိုသို့ပြော လိုက်ခြင်းဖြစ်ပါသည်။ ယုဒသည် သူ၏အရှင်အား အနည်းငယ်မျှသော ငွေဖြင့်ရောင်းစားရန်လောက်သာ တန်ဖိုးထား ခဲ့ပါသည်။ ကိုယ်တော်ကြွလာတော်မူခြင်းကို စောင့်မျှော်နေပါသည်ဟု ဝန်ခံသောသူများတွင် ယုဒနှင့်တူသောလူအ ချို့ကိုကျမမြင်ရပါသည်။ သူတို့အားစာတန်က ချုပ်ကိုင်ထားကြောင်း သူတို့မသိကြ၊ ကိုယ်အကျိုးကိုသာ လိုလားသော သဘောနှင့် တပ်မက်သောသဘောကို ဘုရားသခင်မည်သို့မျှ သဘောမတူညီနိုင်ပါ။ ထိုသဘောတရားများ၏ အလိုသို့ လိုက်သောသူတို့၏ ပဌနာသံများနှင့် နိုးဆော်သံများကိုလည်း ဘုရားသခင်စက်ဆုပ်တော်မူ၏။ သူ၏အချိန်တိုတောင်း လှသည်ကိုစာတန်သိသောကြောင့် သူတို့အားပို၍ တပ်မက်မောလောက်အောင် သွေးဆောင်လမ်းပြလျှက် ရှိရာ လူအ များအတ္တစိတ်နှင့်တွန့်တိုသောစိတ်များ ပြည့်ဝနေကြမည်ဆိုပါက စာတန်ကြည်နူးနေပါ၏။ ထိုသူတို့၏ မျက်စိများ ကိုဖွင့်ပြရန် ဖြစ်နိုင်မည်ဆိုပါက စာတန်သည် သူတို့အားငရဲသို့ အောင်မြင်စွာပို့ဆောင်နေကြောင်းကိုလည်းကောင်း၊ သူ ၏အကြံပေးချက်များကို ခံယူလျှက် မိုက်မဲလှစွာသူ၏ထောင်ချောက်အတွင်းသို့ ဝင်နေကြသည်ကိုလည်းကောင်း ရှု စားလျှက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ရယ်မောနေပုံကိုလည်းကောင်း မျက်စေ့ပွင့်သော သူတို့တွေ့မြင်ကြပေလိမ့် မည်။စာတန်နှင့်သူ၏တမန်များသည် ထိုသူတို့၏ သဘောထားသေးသိမ်မှုများနှင့် လောဘကြီးမှုများကိုမှတ်သား လျှက် သခင်ယေရှုနှင့်ကိုယ်တော်၏ သန့်ရှင်းသော ကောင်းကင်တမန်များထံ တင်ဆက်ကြပြီးလျှင် ပြစ်တင်ဝေဖန် လိုသောသဘောဖြင့် ‘‘ဤလူများသည် ခရစ်တော်နောက်တော်သို့ လိုက်လျှောက်သောသူများဖြစ်ကြ၏။ သေခြင်းနှင့် ကင်းလွှတ်၍ ကောင်းကင်သို့သယ်ဆောင်ခြင်းကိုခံယူအံ့သောငှါ ပြင်ဆင်သောသူများလည်းဖြစ်ကြ၏’’ ဟု ပြောကြ ပါသည်။ စာတန်သည်ကျမ်းစာတွင် ရှင်းလင်းစွာဖေါ်ပြဆုံးမထားသည့် အချက်များနှင့် သူတို့၏လမ်းစဉ်ကိုနှိုင်းယှဉ် လျှက် ‘‘ဤသူများကာခရစ်တော်နှင့်နှုတ်ကပတ်တရားတော်၏ လမ်းစဉ်အတိုင်း လိုက်လျှောက်နေသူများ ဖြစ်ကြ၏။ ဤသူတို့ကား ခရစ်တော်၏အနစ်နာခံမှုနှင့် ရွေးနှုတ်ခြင်းအတွက် အသီးများဖြစ်ကြပါသည်’’ ဟု ကဲ့ရဲ့ပြစ်တင် သောသဘောဖြင့် ကောင်းကင်တမန်များအား ပြောကြပါသည်။ ထိုမြင်ကွင်းကို ကောင်းကင်တမန်များ မနှစ်သက်သ ဖြင့်လွှဲရှောင်သွားကြပါသည်။ ကိုယ်တော်၏လူများ မိမိတို့၏ တာဝန်ကိုစဉ်ဆက်မပြတ်ဆောင်ရွက်နေကြရန် ဘုရား သခင်အလိုတော်ရှိ၏။ သို့သော် ကောင်းသောအမှုကိုပြုကြရာ၌ သူတို့ငြီးငွေ့လာကြပါက ကိုယ်တော်သည်လည်း သူတို့အပေါ်ငြီးငွေ့တော်မူလိမ့်မည်။ သခင်ယေရှုသည် သူတို့အတွက်ကြောင့် မိမိအသက်တော်ကိုပင် မနှမြောဘဲပေး လှူထားပါလျှက် ဘုရားသခင်၏လူများဟု အမည်ခံထားသူများအနေဖြင့် စိုးစိမ့်မျှပင်ဖြစ်စေ အတ္တစိတ်ရှိကြလျှင် ဘု ရားသခင်သည် များစွာမှပင် မနှစ်သက်ကြောင်း ကျမမြင်တွေ့ရပါသည်။ အတ္တစိတ်များသူတိုင်း၊ လောဘကြီးသူတိုင်း လမ်းဘေးတွင် ကျန်ရစ်ခဲ့ကြပေလိမ့်မည်။ မိမိ၏အရှင်သခင်ကို ရောင်းစားသောယုဒရှကာရုတ်ကဲ့သို့ သူတို့သည် လည်းလောကီဆိုင်ရာ အမြတ်အစွန်းအနည်းငယ်မျှအတွက် မိမိတို့၏ ကောင်းသောကျင့်ဝတ်၊ ဂုဏ်ရှိသောအခြေခံသ ဘောတရား၊ ရက်ရောသောစိတ်များကို ရောင်းစားကြပေလိမ့်မည်။ ထိုသို့သောသူများကို ဘုရားသခင်လူများအထဲမှ ဆန်ခါချ၍ ဖယ်ရှားတော်မူလိမ့်မည်။ ကောင်းကင်ဘုံသို့ဝင်စားလိုသောသူတိုင်း မိမိတို့၏စွမ်းအင်ကို အကြွင်းမဲ့အသုံး ချလျှက် ကောင်းကင်ဘုံနှင့်ဝိညာဉ်များကို အတ္တစိတ်ဖြင့် ညိုးနွမ်းယိုယွင်းစေမည့်အစား ကောင်းမှုပြုလိုသော သဘော ဖြင့်သက်ရှင်ဖွံ့ဖြိုးနေစေရမည်။ တစ်ဦးအတွက် တစ်ဦးကောင်းမှုပြုရာ၌ အခွင့်အရေးရှိသမျှကို အသုံးပြုလျှက် တိုး တက်ဖွံ့ဖြိုးစေရမည်။ သို့မှသာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သော သဘောတရားများကို မြတ်နိုးမည်မှာဖြစ်ပါသည် သခင်ယေရှုကိုယ်တော်တိုင်သည်သာလျှင် စုံလင်သောစံနမူနာဖြစ်သည်ဟု ကျမအား ညွှန်ပြတော်မူ၏။ ကိုယ်တော်၏ အသက်တာတွင် ကိုယ်ကျိုးအတွက် စိတ်ဝင်စားခြင်းမရှိ၊ ကိုယ်ကျိုးစွန့်၍ သူတစ်ပါး၏ ကောင်းကျိုးကိုသာ ထာဝစဉ် ဆောင်ရွက်တော်မူ၏။ GCB58 80.1

ဆက်လက်လေ့လာရန်။ မာကု ၁၄:၃-၁၁။ လုကာ ၁၂:၁၂-၄၀။ ကော ၃:၅-၁၆။ ၁ယော ၂:၁၅-၁၇။ GCB58 80.2