Great Controversy 1858

32/43

အခန်း (၃၀) နတ်မိစ္ဆာအယူဝါဒ

စားပွဲ၏ခေါက်သံပြုသော အဓမ္မအယူဝါဒ အန္တရယ်ကြီးကို ကျမအား ဖေါ်ပြတော်မူပါသည်။ သခင်ယေရှု၌ အိပ်ပျော်နေသော ကျွန်ုပ်တို့၏ဆွေမျိုး (သို့) မိတ်ဆွေများနှင့် သဏ္ဌာန်တူသော ခန္တာကိုယ်ရုပ်ထုများ ကျွန်ုပ်တို့ရှေ့တွင် ပေါ်လာအောင် စာတန်၌တန်ခိုးရှိပါသည်။ ထိုမိတ်ဆွေများ အမှန်တကယ်ပင် ရှိနေပုံပေါက်၍ သူတို့အသက်ရှင်ခဲ့စဉ် ကပြောခဲ့သည့် ကျွန်ုပ်တို့မှတ်မိသတိရသောစကားများကို ကျွန်ုပ်တို့မှတ်မိသောအသံဖြင့်ပင် ကြားရကြလိမ့်မည်။ ဤအရာအလုံးစုံတို့မှာ ဤလောကကြီးအား အဓမ္မအယူဝါဒထောင်ချောက်အတွင်း လှောင်ထားရန်အတွက် လိမ် လည်လှည့်ဖြားမှုများသာ ဖြစ်ပါသည်။ GCB58 75.3

သန့်ရှင်းသူများသည် ယနေ့သမ္မာတရားနှင့်ပတ်သက်၍ အကြွင်းမဲ့နားလည်သဘောပေါက်ထားရန်လို အပ်ကြောင်း ယင်းသို့နားလည်သဘောပေါက်ထားရန်အတွက် သမ္မာကျမ်းစာတော်မှ အထောက်အကူ ရလိမ့်မည် ဖြစ်ကြောင်း ကျမမြင်တွေ့ရပါသည်။ သူတို့အနေဖြင့် သေသောသူ၏ အခြေအနေမှန်ကို နားလည်သဘောပေါက် ထားရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မာရ်နတ်၏ နာမ်ဝိညာဉ်များသည် သူတို့၏ ရင်းနှီးသောမိတ်ဆွေ များ (သို့) ဆွေမျိုးများ၏အသွင်ကိုဆောင်လျှက် သူတို့ရှေ့တွင်ပေါ်လာကာ ကျမ်းစာနှင့်မညီသော အယူဝါဒများကို ကြေငြာကြပေလိမ့်မည်။ သူတို့ဖက်သို့ ယိမ်းယိုင်လာစေရန် စွမ်းအားရှိသမျှ အားထုတ်နိုးဆော်ကြလိမ့်မည်။ သူတို့၏ ကြေငြာချက်များမှန်ကန်ကြောင်း အတည်ပြုရန် နိမိတ်လက္ခဏာများကိုလည်း ပြသကြလိမ့်မည်။ သမ္မာကျမ်းစာ၏ အလိုအရ သေသောသူသည် မည်သည့်အရာကိုမျှ မသိတော့ကြောင်း လူတို့ရှေ့တွင်ပေါ်လာသောသူများမှာ မာရ်နတ် ၏ဝိညာဉ်များသာဖြစ်ကြောင်း သိထားပါမှ ဘုရားသခင်၏လူတို့အနေဖြင့် ထိုနာမ်ဝိညာဉ်များကို ခုခံတွန်းလှန်နိုင်ကြ ပေလိမ့်မည်။ GCB58 75.4

ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် ကျမ်းစာကို အထောက်အထားပြု၍ အဖြေပေးရလိမ့်မည် ဖြစ်သောကြောင့် ထိုယုံကြည်ခြင်းကို မည်သည့်အပေါ်၌ အခြေပြုထားကြောင်း စစ်ဆေးထားရကြပါမည်။ ဤမိစ္ဆာအယူဝါဒပြန့်ပွား လိမ့်မည်ဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့် မျက်နှာချင်းဆိုင်လျှက် ဆိုင်ပြိုင်တိုက်လှန်ရကြပေလိမ့်မည်။ အကယ်၍ ပြင်ဆင်မှု မရှိက ရန်သူ၏ကျော့ကွင်းတွင် မိနေကြပေလိမ့်မည်။ ရန်ဆိုင်လုနီးနေသော ဆိုင်ပြိုင်တိုက်လှန်မှုအတွက် တတ်အား သမျှ ပြင်ဆင်ထားကြမည်ဆိုပါက ဘုရားသခင်သည် မိမိတာဝန်ကို ဆောင်ရွက်တော်မူလိမ့်မည်။ ကိုယ်တော်အလုံးစုံ တို့ကို တတ်နိုင်တော်မူသော လက်ရုံးတော်ဖြင့် ကျွန်ုပ်တို့အား စောင့်မတော်မူလိမ့်မည်။ သစ္စာရှိသောသူများအား စာတန်၏အံ့ဖွယ်လိမ်ညာမှုများမှ အကာအကွယ်ပေးရန် ကောင်းကင်တမန်များကို ပို၍စေလွှတ်တော်မူလျှက် ကျွန်ုပ် တို့၏ပတ်ဝင်းကျင်၍ စောင်းရန်းကာရန်၍ စောင့်ရှောက်ရန် ခန့်ထားတော်မူပေလိမ့်မည်။ GCB58 76.1

ထိုမိစ္ဆာအယူဝါဒ မည်မျှလျင်မြန်စွာ ပြန့်ပွားတိုးတက်နေပုံကိုလည်း ကျမမြင်တွေ့ရပါသည်။ လျှပ်ပြက်သည် နှင့်အမျှ လျင်စွာသောအရှိန်အဟုန်ဖြင့် ပြေးနေသောကားတန်းအရှည်ကြီးကို ကျမအားညွှန်ပြတော်မူ၏။ သေချာစွာ ကြည့်ထားရန်ကိုလည်းကောင်းကင်တမန်က ကျမအား ပြောပြပါသည်။ ကျမမျက်ခြည်မပြတ် စိုက်ကြည့်နေပါသည်။ ကမ္ဘာပေါ်ရှိ လူတစ်ယောက်မျှ မကျန်အောင် ထိုကားတန်းရှည်ကြီးတွင် လိုက်ပါသွားသည်ဟု ထင်ရပါသည်။ ထို့နောက် ထိုကားတန်းရှည်ကြီးကို ဦးစီးဦးဆောင်ပြုနေသောသူကို ကျမအားညွှန်ပြပါသည်။ သူ၏ဟန်ပန်အမူအရာမှာ ဂုဏ်အသရေရှိ၍ လူချောလူလှတစ်ယောက်ဖြစ်လျှက် လိုက်ပါသူအားလုံးက ရိုသေခန့်ညားအားကိုးအားထားပြု နေကြသည်ကို ကျမမြင်တွေ့ရပါသည်။ ကျမစိတ်ရှုပ်သွားသည့်အတွက် ထိုသူသည် မည်သူမည်ဝါဖြစ်ကြောင်း ကျမ ၏အဖေါ်ကောင်းကင်တမန်အား မေးသောအခါ ‘‘ထိုသူကားစာတန်ပင်တည်း။ အလင်းတရားနှင့်ဆိုင်သောကောင်း ကင်တမန်ယောင်ဆောင်ဦးစီးခေါင်းဆောင်နေသူဖြစ်၏။ ကမ္ဘာကြီးတစ်ခုလုံးကိုလည်း သုံးပမ်းအဖြစ် ဖမ်းဆီးထား လေပြီး။ မတရားသဖြင့်လိမ်လည်လှည်ဖြားခြင်းကိုလည်းခံရကြလေပြီး။ ထိုလှည့်ဖြားခြင်းကိုလည်းခံရကြလေပြီး။ သူ ၏အကြီးဆု့းသော ကိုယ်စားလှယ်မှာ အင်ဂျင်နီယာဖြစ်၍ အခြားကိုယ်စားလှယ်များအား သူအလိုရှိသည့်အတိုင်း ရာ ထူးအသီးသီးတွင် မိမိလိုအပ်သလို ခန့်အပ်ထားပါသည်။ သူတို့အားလုံးလျှပ်ပြက်သကဲ့သို့ ပြင်းစွာသောအရှိန်အဟုန် ဖြင့်လုံးဝပျက်စီးရာငရဲသို့ ဆင်းသက်နေကြလေပြီးဟု ကျမအားပြောပြပါသည်။ မည်သူမျှ မကျန်တော့ပါတကားဟု ကောင်းကင်တမန်အား ကျမမေးသောအခါ အခြားတစ်ဖက်သို့လှည့်၍ ကြည့်ရန်ပြောသည့်အတိုင်း ကြည့်လိုက်ရာ အနည်းငယ်မျှသော လူတစ်စုသည် ကျဉ်းမြောင်းသောလမ်းသွယ်ကလေးတွင် ခရီးသွားနေကြပုံကို ကျမမြင်တွေ့ရ ပါသည်။ သမ္မာတရားတော်၌ လူတိုင်းကြံ့ကြံ့ခိုင် တစ်ပေါင်းတစ်စည်း ရှိနေကြပုံ ပေါ်လွင်ပါသည်။ GCB58 76.2

ထိုလူနည်းစုကလေးသည် အခက်အခဲအမျိုးမျိုး ပြင်းထန်သောစုံစမ်းနှောက်ယှက်ခြင်းအဖုံဖုံ၊ ဒုက္ခဆင်းရဲ ခြင်းအမျိုးစုံတို့ကို ဖြတ်ကျော်ခဲ့ရသည့်အတွက် စိုးရိမ်ကြောင့်ကြမှုများပြားနေပုံ ပေါ်ပါသည်။ ထို့အပြင် မိုးတိမ်အ ကွယ်မှနေရောင်ခြည်သည် ယခုမှပင် ထွက်ပေါ်လာသည်ကို သူတို့ခံစားရကြသကဲ့သို့ သူတို့အောင်ပွဲခံရမည့်အချိန် သည်လည်း ရောက်လုနီးပြီးဖြစ်ကြောင်း သူတို့သိနေကြပုံရသဖြင့် သူတို့၏မျက်နှာပေါ်တွင် အောင်မြင်သည့်လမ်းစ ပေါ်လွင်နေပါသည်။ GCB58 76.3

ကမ္ဘာလောကကြီးအနေဖြင့် စာတန်ကျော့ကွင်းကိုတွေ့သိစေရန် ဘုရားသခင် အခါအခွင့်ပေးထားတော်မူ သည်ဟုကျမမြင်တွေ့ရပါသည်။ အခြားသာဓကမရှိသည့်တိုင်အောင် မြတ်နိုးဖွယ်သောအရာနှင့် စက်ဆုပ်ဖွယ်သော အရာကိုမခွဲမခြားဘဲ ရောနှောထားပုံကို ထောက်ရှုပါက ခရစ်ယာန်တစ်ယောက်အနေဖြင့် ထိုကျော့ကွင်းကို တွေ့မြင် သင့်ပါသည်။ GCB58 76.4

ယခုအချိန်တွင်မြေ၌ဆွေးမြေ့ပျက်ဆီးသွားပြီးဖြစ်၍ အနှစ်တစ်ထောင်ကုန်ဆုံးချိန်မှ ဒုတိယအကြိမ်ထ မြောက်ခြင်းနှင့်အတူ ဒုတိယသေခြင်းတည်းဟူသော ဆုလာဘ်ကိုခံယူရန် ခေါ်ထုတ်ခြင်းခံရမည့်သောမတ်ပိန်းသည် ကောင်းကင်ဘုံ၌ မြှောက်စားခြင်းခံနေမည့်အသွင်နှင့် စာတန်ပုံဆောင်ထားပါသည်။ လောကတွင်အသက်ရှင်ခဲ့စဉ် ကစာတန်အလိုကျသည့်အတိုင်း သူ့အားအသုံးချခဲ့ပါသည်။ ယခုအခါသော့မတ်ပန်းသည် ကောင်းကင်ဘုံမှများစွာ ဂုဏ်ပြုခြင်း၊ မြှောက်စားခြင်းခံနေရသည်ဟု အကြောင်းပြ၍ ဆက်လက်အသုံးချနေပါသည်။ ထိုမျှမကဤလောကတွင် အသက်ရှင်ခဲ့စဉ်က သွန်သင်ခဲ့သည့်နည်းတူ ယခုအခါ ကောင်းကင်ဘုံ၌ ဆက်လက်သွန်သင်လျှက်ရှိနေပုံပေါ်အောင် စာတန်လုပ်ဆောင်ထားပါသည်။ သူသည်ဤလောကတွင် အသက်ရှင်ခဲ့စဉ်ကလည်းကောင်း၊ သေသောအချိန်တွင် လည်းကောင်း၊ အသက်ရှင်ခဲ့စဉ်က ဖေါက်ပြန်ယိုယွင်းစေသည့် သူ၏သွန်သင်ချက်များကိုလည်းကောင်း ကြောက်လန့် ရွံရှာဖွယ်ဖြစ်သည်ဟု သဘောထားခဲ့သူများသည် ယခုအခါတွင် သူ၏သွန်သင်ချက်များကို လက်ခံနေကြပါသည်။ သူသည် လောကတွင် အယုတ်မာဆုံး၊ အဖေါက်ပြန်ဆုံးသောသူတို့တွင် တစ်ယောက်အပါအဝင်ဖြစ်သည်သာမက ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ပညတ်တော်ကိုလည်းကောင်း မထီမဲ့မြင်ပြုသောသူဖြစ်ခဲ့ပါသည်။ GCB58 76.5

မုသားတို့၏ဖခင်ဖြစ်သူသည် ဤကမ္ဘာလောကကြီး၏ မျက်စိအာရုံများကို ကွယ်ပျောက်စေလျှက် လိမ်လည် လှည့်ဖြားသောနည်းဖြင့် သူ၏မတရားသော တမန်များကိုစေလွှတ်၍ ရှေးခေတ်တမန်များ အယောင်ကိုဆောင်လျှက် ဟောပြောစေပါသည်။ ထိုသို့ဟောပြောရာတွင် သူတို့ကိုယ်တိုင် ဤလောကတွင် အသက်ရှင်ခဲ့စဉ်က သန့်ရှင်းသော ဝိညာဉ်တော်တိုက်တွန်းနိုးဆော်ချက်အရ ရေးထားခဲ့သော အကြောင်းအရာများကို ဆန့်ကျင်သည့်ပုံပေါ်အောင် ဆောင်ရွက်နေပါသည်။ ထိုကောင်းကင်တမန်အတုအယောင်များသည် ရှေးတမန်တော်များ၏ အယောင်ကိုဆောင် ၍သူတို့ကိုယ်တိုင် သွန်သင်ခဲ့သည်များကို ပျက်ပြားအောင် မတရားကြေငြာစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအား ဖြင့်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခရစ်ယာန်အခေါ်ခံသူများနှင့် ကမ္ဘာလောကကြီးက သံသယဖြစ်ကြသောအ ခါစာတန်အလွန်အားရဝမ်းသာလေ၏။ ထိုသန့်ရှင်းသောကျမ်းစာသည် လူ၏လမ်းစဉ်ကို တည့်တည့်ဖြတ်၍သူ၏အ ကြံအစည်များကို ဆန့်ကျင်တားဆီးထားသောကြောင့် ထိုကျမ်းစာသည် ဘုရားသခင်ထံတော်မှ အစပြုလာသည်ကို သူတို့သံသယဖြစ်စေရန် စာတန်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ထို့နောက်ဘုရားတရားမကြည်ညိုသော သောမတ် ပိန်းသေလွန်သောအခါ ကောင်းကင်သို့ ခေါ်ဆောင်ခြင်းကိုခံရပြီးလျှင် ဤလောကတွင်ရှိခဲ့စဉ်က သူမုန်းတီးခဲ့သည့် သန့်ရှင်းသောတမန်တော်များနှင့် ပူးပေါင်းလျှက် ယခုအခါတွင် ဤလောကကြီးအား တရားဟောပြောနေပုံပေါ် အောင်စာတန် ဖန်တီးနေပါသည်။ GCB58 77.1

စာတန်သည် သူ၏တမန်များ ဆောင်ရွက်ရန်တာဝန်ကို တစ်ဦးစီအား သီးခြားပေးအပ်ထားပါသည်။ သူတို့ အားလုံးကို ကောက်ကျစ်စဉ်းလဲကြစေရန် ပရိယယ်ကြွယ်ဝရန် လိမ္မာပါးနပ်ကြရန် အမိန့်ပေးထားပါသည်။ အချို့ သောတမန်များအား တမန်တော်များအယောင်ကိုဆောင်လျှက် သူတို့ကိုယ်စားစကားပြောဆိုရန်နှင့် အချို့သောတ မန်များအား ဘုရားတရားမကြည်ညိုသောသူများ၊ မတရားသောသူများအနေဖြင့် ဘုရားသခင်အားကျိန်ဆဲပြီး သေ ဆုံးသွားကြသော်လည်း ယခုအခါဘုရားတရား အလွန်ကြည်ညိုသည့်ပုံပေါ်အောင် ဟန်ဆောင်ကြရန် ညွှန်ကြားထား ပါသည်။ အသန့်ရှင်းဆုံးသောတမန်တော်နှင့် အယုတ်မာဆုံးသောသူတို့တွင် ခြားနားမှုမရှိပုံပေါ်အောင် ဟန်ဆောင် ထားကြပြီးလျှင် သူတို့နှစ်ဦးက တစ်ခုတည်းကိုသာ သင်ကြားပို့ချရန် ညွှန်ကြားထားပါသည်။ မည်သို့ပင်ဖြစ်စေ စာတန်ကမည်သို့စကားပြောခိုင်းစေကာမူ သူ၏ရည်ရွယ်ချက်ပြီးမြောက်အောင်မြင်ရန်သာ အဓိကဖြစ်၏။ သောမတ် ပိန်းသည်ဤလောကတွင် အသက်ရှင်စဉ်ကာစာတန်နှင့် များစွာ ရင်းနှီးခဲ့၏။ သူ၏လုပ်ငန်းတွင် ကူညီရိုင်းပင်းခဲ့၏။ ထို့ကြောင့် မိမိလုပ်ငန်းပြီးမြောက်အောင်မြင်အောင် သစ္စာရှိစွာဖြင့် ဆောင်ရွက်ခဲ့သည့်တပည့်ရင်း သောမတ်ပိန်း၏ စကားလုံးအသုံးအနှုန်းများ၊ လက်ရေးလက်သားများကို စာတန်ကောင်းစွာသိမြင်ထားပါသည်။ သူ၏စာပေအများ စုမှာလည်းစာတန်နှုတ်တိုက်ပြောခဲ့သည့်အတိုင်းပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သောမတ်ပိန်းပြောသော စကားများအ ဖြစ်သို့ရောက်အောင် စာတန်အလွယ်တကူဖြင့်ပင် စိတ်ကူးယဉ်စကားလုံးများဖြင့် သူ၏တမန်များအား သွန်သင်ပေး ခဲ့ပါသည်။ ၎င်းမှာစာတန်၏အထူးလက်ရာကောင်းသောလုပ်ရပ်တစ်ခု ဖြစ်ပါသည်။ ကွယ်လွန်သွားကြပြီးသောတ မန်တော်များ၊ သန့်ရှင်းသူများနှင့် ဆိုးသွမ်းသူများထံမှဖြစ်သည်ဟု ဆိုလိုသောသွန်သင်ချက်အားလုံးသည် စာတန် ထံမှတိုက်ရိုက်ရောက်လာသော သွန်သင်ချက်များသာ ဖြစ်ပါသည်။ GCB58 77.2

ထိုမျှလောက်စာတန်ချစ်သောသူ၊ ထိုမျှလောက် ဘုရားသခင်ကို လုံးလုံးလျားလျား မုန်းတီးသောသူသည်ယခု အခါ သန့်ရှင်းသောတမန်တော်များနှင့် လည်းကောင်း၊ ဘုန်းစည်းစိမ်တွင်ရှိသော ကောင်းကင်တမန်များနှင့်လည်း ကောင်း၊ အတူရှိနေသည်ဟု စာတန်၏အဆိုပြုချက်ကပင် လူတို့၏စိတ်အာရုံများကို ဖုံးကွယ်ထားသည့် မျက်နှာဖုံး ကိုဖယ်ရှားလျှက် စာတန်၏လျှို့ဝှက်သောလုပ်ရပ်များကို သိမြင်နိုင်ရန် လုံလောက်နေပါသည်။ ဤကမ္ဘာမြေကြီးနှင့် ဘုရားတရားမကြည်ညိုသူများအား သင်သည်မည်မျှပင် ဆိုးမိုက်နေစေကာမူ ဘုရားသခင်ကိုလည်းကောင်း၊ သမ္မာ ကျမ်းစာကိုလည်းကောင်း၊ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏အလိုအတိုင်း အသက်ရှင်မနေထိုင် သည့်တိုင်အောင် ကောင်းကင်ဘုံသည် သင်၏နေအိမ်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သောမတ်ပိန်းသည်ကောင်း ကင်ဘုံ၌ ထိုမျှလောက် ချီးမြှောက်ခြင်းခံ၍ နေရပါက သူတို့သည်လည်း ကောင်းကင်ဘုံသို့ ရောက်ကြလိမ့်မည်ကို လူအများကသိကြ၏ဟု သင်ပေးရာရောက်နေပါသည်။ ထိုအမှားသည် ထင်ရှားပေါ်လွင်သောကြောင့် သိမြင်လိုသူ တိုင်းသိမြင်နိုင်ပါသည်။ စာတန်သည် ကိုယ်တိုင်ကျဆုံးချိန်မှအစပြု၍ မိမိ၏လုပ်ငန်းကို ကြိုးစားအားထုတ်ဆောင် ရွက်ခဲ့သည့်အတိုင်း ယခုလည်း သောမတ်ပိန်းကဲ့သို့သောလူတို့ကို အသုံးပြုလျှက် ဆောင်ရွက်နေဆဲပင်ဖြစ်ပါသည်။ စာတန်သည် မိမိ၏တန်ခိုးအာဏာနှင့် အံ့ဩဖွယ်ရာမတရားဉာဏ်ဆင်မှုများကိုလည်း အသုံးချလျှက်ခရစ်ယာန်မြော် လင့်ခြင်းဆိုင်ရာ အုတ်မြစ်ကြီးကို ဖြိုဖျက်လျှက်ရှိပါသည်။ ထိုမျှမက ကောင်းကင်နိုင်ငံတော်သို့ သွားရာကျဉ်းမြောင်း သောလမ်းကို အလင်းရောင်ပေးသည့်နေ့ကိုလည်း ငြိမ်းသတ်စေပါသည်။ သမ္မာကျမ်းစာသည် ဝိညာဉ်တော်မှုတ် သွင်းခြင်းအားဖြင့် ရေးသားခြင်းမဟုတ်ကြောင်း၊ ပုံပြင်ဝတ္ထုတစ်အုပ်ထက်ပို၍ မမြင့်မြတ်ကြောင်း ကမ္ဘာလောကကြီး အားအယုံသွင်းနေပါသည်။တစ်ချိန်တည်းမှာပင်ရင်းနေရာတွင်အစားထိုးနိုင်ရန်အတွက် ‘‘နတ်မိစ္ဆာအယူဝါဒ’’ နှင့်ဆိုင် သော သာဓကများကို ဖေါ်ထုတ်နေပါသည်။ GCB58 77.3

ဤလမ်းစဉ်ကို သူကိုယ်တိုင်သေချာစွာ အုပ်ချုပ်ကွပ်ကဲနေသောကြောင့် သူအလိုရှိသည့်အတိုင်း ကမ္ဘာကြီး ကိုအယုံသွင်းနိုင်ပါသည်။ သူကိုယ်တိုင်နှင့်တကွ သူ၏နောက်လိုက်တပည့်များအား တရားစီရင်မည့်ကျမ်းစာအုပ်ကို သူအလိုရှိသည့်နေရာ မှောင်ရိပ်အောက်သို့ ပို့ထားလိုက်ပါသည်။ ဤကမ္ဘာလောကကြီး၏ ကယ်တင်ရှင်ကို သာမန် လူတစ်ယောက်ပမာ သူပြုမူလိုက်ပါသည်။ သခင်ယေရှု၏ သင်္ချိုင်းတော်ကို စောင့်ကြပ်ခဲ့ရသည့် ရောမအသင်းတော် တပ်သားများသည် ယဇ်ပုရောဟိတ်များနှင့် လူထုခေါင်းဆောင်တို့ သင်ပေးခဲ့ကြသည့်အတိုင်း မမှန်သတင်းများကို ပြန့် လွှင့်ခဲ့သည့်နည်းတူ ဤနတ်မိစ္ဆာအယူဝါဒသမားများ၏ လက်အောက်ခံမတရားသက်သေခံများကလည်း ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖွားမြင်တော်မူခြင်းသည်လည်းကောင်း အသေသတ်တော်မူခြင်းသည်လည်းကောင်း၊ ထမြောက်တော် မူခြင်းသည်လည်းကောင်း၊ အံ့ဩဖွယ်ရာနိမိတ်လက္ခဏာများ မဟုတ်ပါဟု အများကထင်မှတ်ယူဆကြရလေအောင် ဝါဒဖြန့်နေကြပါသည်။ သခင်ခရစ်တော်ကို သမ္မာကျမ်းစာနှင့်အတူ မိမိတို့အလိုရှိရာမှောင်ရိပ်အောက်သို့ ပို့ထားလိုက် ကြပါသည်။ ထိုသို့သခင်ယေရှုအား နောက်ကွယ်ဖုံးထားကြပြီးလျှင် သခင်ခရစ်တော်ထက် ပိုမိုကြီးမြတ်သည်ဟု ကြွေး ကြော်ထားသည့် မိမိတို့၏ နိမိတ်လက္ခဏာများသည် ကမ္ဘာလောကကြီးအား သူတို့ဖက်သို့ပါအောင် လှည့်ဖြားနေကြ ပါသည်။ ကမ္ဘာလောကကြီးသည် သူတို့၏ထောင်ချောက်အတွင်း ဖမ်းမိနေသည့်အတွက် လုံခြုံမှုရှိနေသကဲ့သို့ခံစားရ ပြီးလျှင် တဖြည်းဖြည်းအိပ်ပျော်သွားလိမ့်မည်ဖြစ်ရာ နောက်ဆုံးဘေးဒဏ်ခုနစ်ပါးကို ဆိုက်ရောက်လာသောအချိန်မှ ကြောက်ဖွယ်ရာလိမ်ညာမှုအတွင်း နစ်မြုပ်နေကြပုံကို သိရှိရပေလိမ့်မည်။ စာတန်သည်လည်း တစ်ကမ္ဘာလုံးကို မိမိ ထောင်ချောက်အတွင်း မိအောင် ဖယ်ရှားထားနိုင်သည့်အတွက် သူ၏ကောင်းစွာသောအောင်မြင်ပုံကို ရှုစား၍ ရယ် မောနေပေလိမ့်မည်။ GCB58 78.1

ဆက်လက်လေ့လာရန်။ ဒေသနာ ၉:၅။ ယောဘ ၁-၄၅။ ၂သက် ၂:၉-၁၂။ ဗျာ ၁၃:၃-၁၄။ GCB58 78.2