Great Controversy 1858

34/43

အခန်း (၃၂) ဆန်ခါချခြင်း။

စိတ်အားထက်သန်စွာဖြင့်လည်းကောင်း၊ ပြင်းစွာပူဆွေးဒုက္ခရောက်နေသည့်အသံဖြင့်လည်းကောင်း၊ ဘုရား သခင်ထံ အသနားခံနေသူများကို ကျမမြင်တွေ့ရပါသည်။ သူတို့၏မျက်နှာများသည် ဖြူဖပ်ဖြူရော်ဖြစ်လျှက် စိုးရိမ် ကြောင့်ကြနေပုံပေါ်ပေါက်သဖြင့် သူတို့၏စိတ်နှလုံးအတွင်း ရုန်းကန်နေရခြင်းများသည် ပြင်ပတွင် ပေါ်လွင်နေခြင်း ဖြစ်ပါသည်။ ကြံ့ခိုင်ခြင်းနှင့် စိတ်အားထက်သန်ခြင်းများလည်း သူတို့၏မျက်နှာပေါ်တွင် ထင်ရှားနေပါသည်။ သူတို့၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များလည်း စီးဆင်းနေပါသည်။ ဘုရားသခင်နှစ်သက်တော်မူကြောင်းပြသည့် လက္ခဏာ ဖြင့်ရံဖန်ရံခါသူတို့၏ မျက်နှာများသည် အရောင်တောက်လာသော်လည်း နောက်တစ်ဖန်မူလအတိုင်း စိုးရိမ်ကြောင့် ကြခြင်းများ ထပ်မံပေါ်ပေါက်လာပါသည်။ GCB58 81.1

မာရ်နတ်၏တမန်များဝိုင်းအုံလျှက် သခင်ယေရှုကို မတွေ့မြင်နိုင်စေရန် သူတို့အပေါ်သို့ မှောင်မိုက်ဖုံး အုပ်ထားကြပါသည်။ သို့မှသာလျှင် သူတို့အားဝန်းရံလျှက်ရှိသော အမှောင်ထုကိုသာကြည့်နေရကြသဖြင့် ဘုရားသ ခင်ကိုမယုံကြည်မကိုးစားတော့ဘဲ မြည်တွန်တော်ကတီးနေကြလိမ့်မည်။ ကောင်းကင်သို့စိုက်၍ ကြည့်နေကြသည့်အ ချိန်၌သာ သူတို့လုံခြုံမှုရှိနေကြပါသည်။ ဘုရားသခင်၏ လူများအား စောင့်ကြပ်ထားရန် ကိုယ်တော်၏ ကောင်းကင်တ မန်များအားတာဝန်ပေးအပ်ထားသည်ဖြစ်ရာ ထိုစိုးရိမ်ကြောင့်ကြနေကြသူများ၏ ဝန်းကျင်တွင် မာရ်နတ်၏တမန်များ ကဖေါက်ပြန်စေတတ်သည့် အဆိပ်ငွေ့များနှင့် ဖိနှိပ်ကြသော်လည်း တာဝန်ကျ ကောင်းကင်တမန်များက အမှောင် ထုကြီးအခြားသို့ ပျံ့နှံ့လွင့်သွားစေရန် မိမိတို့၏ အတောင်များကို အစဉ်မပြတ်ခတ်လျှက် သူတို့အပေါ်မှ ဝဲပျံနေကြ ပါသည်။ GCB58 81.2

ပဌနာပြုသူများသည် ဆက်လက်၍ စိတ်ရောကိုယ်ပါ အော်ဟစ်တောင်းလျှောက်နေကြစဉ် သခင်ယေရှုထံ တော်မှ သူတို့အပေါ်သို့ ရံဖန်ရံခါအလင်းရောင် ရောက်ရှိလာပြီးလျှင် သူတို့မျက်နှာများကို အလင်းရောင်ပေးလျှက် သူတို့ကိုအားပေးတော်မူ၏။ ဒုက္ခရောက်နေသောအသံဖြင့် အသနားခံနေသူများတွင် အခို့သောသူများမပါဝင်ကြ သည်ကိုကျမမြင်တွေ့ရပါသည်။ ဂရုမစိုက်သည့်အမှုအကျင့်များပေါ်လွင်နေပါသည်။ သူတို့၏ဝန်းကျင်ရှိ အမှောင်ထု ကိုသူတို့မတွန်းလှန်ကြသဖြင့် သူတို့အားမိုးတိမ်ထုကြီးကဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပါသည်။ ထိုသူများထံမှ ဘုရားသ ခင်၏ကောင်းကင်တမန်များ ထွက်ခွာသွားကြပြီးလျှင် စိတ်အားထက်သန်စွာ ဆုတောင်းပဌနာပြုနေသူများအားအကူ အညီပေးနေပါသည် ကိုယ်တိုင်လွှတ်မြောက်ရေးအတွက် ဘုရားသခင်ထံသို့ လုံ့လဝိရိယစိုက်၍ ဆုတောင်းပဌနာပြု လျှက်မာရ်နတ်၏တမန်များအား ခုခံတွန်းလှန်ရာတွင် မိမိတို့၏စွမ်းအားရှိသမျှကို အသုံးပြုနေသောသူများအား အ ထောက်အပံ့ပေးရန် ဘုရားသခင်၏ ကောင်းကင်တမန်များ အလျင်အမြန်ထွက်ခွါသွားကြပုံကို ကျမမြင်တွေ့ရပါ သည်။ သို့ရာတွင် တွန်းလှန်နိုင်သည့် ခွန်အားကို ရရှိရန်ကြိုးစားအားထုတ်မှုမရှိသောသူတို့အား ဘုရားသခင်၏ ကောင်းကင်တမန်များက ချန်ထားခဲ့ပါသည်။ သူတို့သည်လည်း ကျမမျက်ရှေ့တွင် ပျောက်ကွယ်သွားကြပါသည်။ GCB58 81.3

ကျမရှုမြင်ရသည့်ဆန်ခါချခြင်း၏ အဓိပ္ပါယ်ကို (ကောင်းကင်တမန်များအား) မေးသောအခါသစ္စာရှိ၍ မှန် သောသက်သေခံကြီး၏ အကြံပေးချက်နှင့်အညီ လောဒိကိအသင်းတော်အားထင်ပေါ်သည့် ဖြောင့်မှန်သောသက် သေခံချက်အရ (ဆန်ခါချခြင်း) ဖြစ်သည်။ ထိုသက်သေခံချက်ကို ခံယူသောသူအပေါ်တွက် ထိရောက်မှုရှိသဖြင့် ခံယူ သူမှအဆင့်အတန်းမြင့်၍ ဖြောင့်မတ်သောသမ္မာတရားကို ထုတ်ဖေါ်လိမ့်မည်။ အချို့သောသူများသည် ထိုဖြောင့်မှန် သောသက်သေခံချက်ကို လက်ခံကြမည်မဟုတ်၊ အတိုက်အခံပြုကြလိမ့်မည်။ ထို့အတွက် ဘုရားသခင်၏ လူတို့အထဲ ၌ဆန်ခါချခြင်းကို ဖြစ်ပေါ်စေလိမ့်မည် စသည်ဖြင့် ကျမအား ဖေါ်ပြကြပါသည်။ GCB58 81.4

သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံကြီး၏ သက်သေခံချက်တွင် အနည်းငယ်မျှပင် စိတ်ပါဝင်စား၍ လိုက်နာ မှုမရှိကြပုံကို ကျမမြင်တွေ့ရပါသည်။ အသင်းတော်များ၏ ရပ်တည်မှုသည် ထိုလေးနက်သောသက်သေခံချက်အပေါ် လုံးဝမူတည်လျှက်ရှိသော်လည်း ၎င်းကို လုံးလုံးပစ်ပယ်ခြင်းမရှိသော်လည်း ပေါ့တန်စွာ သဘောထားကြပါသည်။ ဤသက်သေခံချက်အားဖြင့် လေးနက်စွာနောင်တရကြလိမ့်မည်။ သစ္စာနှင့်ခံယူသူတိုင်း လိုက်နာစောင့်ထိန်း၍ သန့်စင်ခြင်းသို့ရောက် ကြပေလိမ့်မည်။ GCB58 81.5

‘‘နားစိုက်လော့’’ ဟုကောင်းကင်တမန်က ကျမအားပြောပြပါသည်။ မကြာမီတူရိယာမျိုးစုံပါဝင်သည့် ချိုသာ ငြိမ့်ညောင်းသောအသံစုံတီးလုံးတစ်ရပ်ကို ကျမကြားရပါသည်။ ကျမကြားဖူးသမျှသော တူရိယာသံတို့ထက်သာလွန် ငြိမ့်ညောင်းပါသည်။ ကရုဏာပါသောအသံ၊ ကြင်နာသောအသံ၊ ဝမ်းမြောက်ဖွယ်သောအသံ၊ သန့်ရှင်းသောအသံ များဖြစ်ပါသည်။ ကျမရင်အေးသွားပါသည်။ ကောင်းကင်တမန်က ‘‘ကြည့်ရှုလော့’’ ဟုနောက်တစ်ဖန်ပြောပြီးလျှင် ယခင်က ကျမမြင်ခဲ့သော လူစုကို ပြန်၍ပြရာ သူတို့အားလုံး အထူးပင်တုန်လှုပ်နေကြပါသည်။ ယခင်က ကျမမြင်ခဲ့ရ စဉ်ကစိတ်ဒုက္ခရောက်၍ မျက်ရည်ကျလျှက် ဆုတောင်းပဌနာပြုနေသောသူများကို ပြန်၍ပြပါသည်။ သူတို့အားလုံး ဝန်းရံစောင့်ကြည့်လျှက်ရှိသော ကောင်းကင်တမန်များ နှစ်ဆတိုးနေပါသည်။ သူတို့အားလုံး ဦးခေါင်းမှ ခြေနားအထိ သံချပ်အင်္ကျီတစ်စုံစီကို သေသပ်စွာဝတ်ဆင်ထားကြပါသည်။ စစ်သည်တော်များပမာ စည်းကမ်းသေဝပ်စွာ ချီတက် နေကြပါသည်။ သူတို့အနေဖြင့် အပြင်းအထန်တိုက်ခိုက်ခံရပုံများ၊ ရုန်းကန်တွန်းလှန်ခဲ့ရပုံများ၊ စိတ်ဒုက္ခရောက်ခဲ့ ပုံများ၊ သူတို့၏မျက်နှာများပေါ်တွင် ပေါ်လွင်နေပါသည်။ ထိုသို့အတွင်းစိတ်ဒုက္ခပြင်းစွာခံစားခဲ့ရသည့် လက္ခဏာ များရှိကြသော်လည်း ယခုအခါတွင် ကောင်းကင်အလင်းရောင်သည် သူတို့၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေ ပါသည်။ သူတို့သည်အောင်မြင်ခြင်းကို ရရှိကြပြီးဖြစ်၍ လေးစားစွာ ကျေးဇူးတရားသိပုံ၊ သန့်ရှင်းပုံ၊ မွန်မြတ်သည့်ဝမ်း မြောက်ခြင်းနှင့် ပြည့်ဝနေပုံများ ပေါ်လွင်နေပါသည်။ GCB58 82.1

ထိုလူစုမှာ အရေအတွက်အားဖြင့် လျော့နည်းသွားပါသည်။ အချို့သောသူများ ဆန်ခါချစဉ်က လမ်းဘေး တွင်ကျန်ရစ်ခဲ့ကြပါသည်။ ကယ်တင်ခြင်းနှင့် အောင်မြင်ခြင်းရရှိရန်အတွက် ဂရုမစိုက်အမှုများသောသူများ၊ လုံ့လ ဝိရိယနှင့်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြစွာဖြင့်လည်းကောင်း၊ တန်ဖိုးထား၍လည်းကောင်း၊ ဆုတောင်းပဌနာပြု သောသူများနှင့်အတူ လက်မတွဲသောသူများသည် ယင်းကယ်တင်ခြင်းနှင့် အောင်မြင်ခြင်းကိုမရကြဘဲ မှောင်မိုကအ တွင်းကျန်ရစ်ခဲ့ကြပါသည်။ သမ္မာတရားကိုလက်ခံ၍ တပ်တွင်းသို့ ဝင်လာကြသော အခြားသူများက သူတို့နေရာများ ကိုချက်ခြင်းယူကြပါသည်။ မာရ်နတ်၏တမန်များက သူတို့အားဝန်းရံထားလျှက်ပင်ရှိသော်လည်း သူတို့အပေါ်ဩဇာ သက်ရောက်မှု မရှိတော့ပါ။ GCB58 82.2

လက်နက်စုံကိုဝတ်ဆင်ထားသူများသည် သမ္မာတရားတော်ကို တန်ခိုးကြီးစွာဖြင့် ဟောပြောနေကြသည်ကို ကျမကြားရပါသည်။ ထိရောက်မှုရှိလှပါသည်။ ပိတ်ပင်တားဆီးခြင်းခံရသောသူတို့ကိုလည်း ကျမမြင်တွေ့ရပါသည်။ အချို့ဇနီးများသည် သူတို့၏ခင်ပွန်းများအားဖြင့်လည်းကောင်း၊အချို့သောသားသမီးတို့သည် သူတို့မိဘများအားဖြင့် လည်းကောင်း၊ ပိတ်ပင်တားဆီးခြင်းခံရကြပါသည်။ သမ္မာတရားတော်ကို မကြားနာခဲ့ရသည့် ရိုးသားသောသူအများ ယခုအခါတွင် အပြည်အဝနာယူနေကြပါသည်။ သူတို့၏ဆွေမျိုးများကို မကြောက်မရွံ့ကြတော့ဘဲ သမ္မာတရားတော် သာလျှင် သူတို့အတွက်အထွဋ်အမြတ် ဖြစ်နေပါသည်။ သမ္မာတရားတော်ကို သူတို့ဆာငတ်ခင်မွတ်ခဲ့ကြပါသည်။ အ သက်ထက်ပို၍ တန်ဖိုးထားမြတ်နိုးကြပါသည်။ ဤပြောင်းလဲမှုကြီးကို မည်သို့မည်ပုံဖြစ်လာသည်ကို ကျမမေးသောအ ခါကောင်းကင်တမန်တစ်ပါးက ‘‘ဝိညာဉ်တော်နောက်မိုးကြောင့်ဖြစ်၏။ ထာဝရဘုရား၏ထံတော်မှရောက်လာသော အေးချမ်းသည့်အချိန်ကာလဖြစ်၏။ တတိယကောင်းကင်တမန်၏ ကျယ်သောကြွေးကြော်သံဖြစ်၏’’ ဟုပြောပါသည်။ ကြီးစွာသော ဘုန်းတန်ခိုးတော်သည် ရွေးချယ်ခြင်းခံရသော သူတို့နှင့်အတူ ရှိနေတော်မူ၏။ ‘‘ကြည့်ရှုလော့’’ ဟု ကောင်းကင်တမန်ကပြောသောအခါ ဆိုးသွမ်းသူ (သို့) မယုံကြည်သောသူများကို ကျမအာရုံစိုက်မိပါသည်။ သူတို့ အားလုံး လှုပ်ရှားလှုပ်ရှား ဖြစ်နေကြပါသည်။ ဘုရားသခင်၏လူတို့တန်ခိုးကြီး၍ ဇွဲလုံးလရှိနေကြသဖြင့် ထိုသူတို့နိုး ကြား၍အမျက်ထွက်ကြ၏။ရှုပ်ထွေးမှုပါတကား။နေရာတကာတွင်ရှုပ်ထွေးမှုဖြစ်နေပါသည်တကားဘုရားသခင်၏တန် ခိုးတော်နှင့်အလင်းတရားကို ရရှိထားသည့်လူစုအပေါ်တွင် အရေးယူရန်မူနေကြပုံကို ကျမမြင်တွေ့ရပါသည်။ သူတို့ ၏ဝန်းကျင်တွင် အမှောင်ထုထူထပ်လာသော်လည်း ကြံ့ကြံ့ခိုင်ရပ်တည်နေကြ၏။ ကိုယ်တော်အားယုံကြည်ကိုးစား ကြ၏။ ဘုရားသခင်နှစ်သက်တော်မူ၏။ ထို့နောက်သူတို့စိတ်ရှုပ်ထွေးသွားကြပုံကို ကျမမြင်တွေ့ရပါသည်။ ထိုမျှတစ် ဖန်သူတို့သည် ဘုရားသခင်ထံစိတ်အားထက်သန်စွာဖြင့် အော်ဟစ်တောင်းလျှောက်နေကြသည်ကို ကျမကြားရပြန် ၏။ ‘‘အိုအဖဘုရား၊ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေသော်။ ကိုယ်တော်၏ နာမတော်ဘုန်းထင်ရှားမည်ဆို ပါကကိုယ်တော်၏လူ၊ အကျွန်ုပ်တို့အား အကျွန်ုပ်တို့၏ ဝန်းကျင်တွင်ရှိနေသော သာသနာပလူတို့၏လက်မှကယ် လွှတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား သေပြစ်စီရင်ထားကြပါ၏။ သို့သော်ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းကို ပေးနိုင်တော်မူ၏’’ ဟုသူတို့နေ့ညမပြတ် အော်ဟစ်၍ အသနားခံနေကြပါသည်။ ဤစကားလုံးများ ကိုသာကျမမှတ်မိပါသည်။ သူတို့အားလုံးသည် ကိုယ်တော်အားဖြင့် ထိုက်တန်သောသူများမဟုတ်ကြောင်း လေးလေး နက်နက်သိပုံပေါ်ပါသည်။ ထိုမျှမကချွင်းချက်မရှိ ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်ထားကြသည်မှာ လည်းထင်ရှားနေပါသည်။ သို့သော်ယာကုပ်ကဲ့သို့ လူတိုင်းတစ်ယောက်မကျန် စိတ်ရောကိုယ်ပါ အသနားခံလျှက် လွှတ်မြောက်ရေးအတွက် လုံးထွေးနေကြပါသည်။ GCB58 82.3

သူတို့စိတ်ရောကိုယ်ပါ အော်ဟစ်တောင်းလျှောက်ကြသည်ဆိုလျှက်ပင် ကောင်းကင်တမန်များသည် သနား စိတ်ပွားများ၍ သူတို့အားကယ်လွှတ်ရန် ထွက်သွားလိုကြပါသည်။ သို့သော်အရပ်မြင့်သည့် ကောင်းကင်တမန်ခေါင်း ဆောင်တစ်ပါးက သူတို့အားခွင့်မပြုပါ။ ‘‘ဘုရားသခင်၏အလိုတော်မပြည့်စုံသေး။ ကိုယ်တော်သောက်သောခွက်ကို သူတို့သောက်ရကြဦးမည်။ (ကိုယ်တော်) ခံယူသော ဗတ္တိဇံကိုသူတို့ခံရကြဦးမည်’’ ဟု ထိုကောင်းကင်တမန်ခေါင်း ဆောင်ကပြောပါသည်။ GCB58 83.1

ထို့နောက်မကြာမီအတွင်း ကောင်းကင်နှင့် မြေကြီးကိုတုန်လှုပ်သွားစေသည့် ဘုရားသခင်၏ အသံတော်ကို ကျမကြားရပါသည်။ ကြီးစွာသောမြေငလျင်လှုပ်ခြင်းလည်းဖြစ်၏။ နေရာတိုင်းတွင်လည်း အဆောက်အဦးများတုန် လှုပ်သွားလေ၏။ ထို့နောက်ကျယ်လောင်သောအောင်ပွဲခံသံလည်း တုန်လှုပ်၍ အဖက်ဖက်သို့ပျံ့လွင့်သွားလေ၏။ ထို့ နောက် ကျယ်လောင်လှစွာသော အောင်ပွဲခံသံ၊ ကြည်လင်သာယာသည့်တူရိယာသံကို ကျမကြားလိုက်ရပါသည်။ မကြာသေးမီက ချုပ်နှောင်ခြင်းကိုခံရ၍ စိတ်ဒုက္ခကိုယ်ဆင်းရဲနေရသောလူစုကို ကျမကြည့်လိုက်ရာသုံ့ပမ်းများအ ဖြစ်မှလွှတ်မြောက်သွားကြလေပြီး။ သူတို့အပေါ်တွင် ဘုန်းရောင်ခြည်ထွန်းတောက်လျှက် ရှိလေပြီး။ တင့်တယ်ခန့် ညားသောသူများ ဖြစ်ကြပါသည်တကား။ စိုးရိမ်ကြောင့်ကြသည့်လက္ခဏာများ၊ ပင်ပန်းနွယ်းနွယ်သည့်ပုံများ ပျောက် ချက်ကောင်းလှပါသည်။ မျက်နှာတိုင်းတင့်တင်စိုပြည်၍ ကျန်းမာရွှင်လန်းပုံပေါ်နေပါသည်။ သူတို့၏ဝန်းကျင်ရှိ ရန် သူများ၊ သာသနာပလူများမှာ စုတေ့သူများပမာ လဲနေကြပါသည်။ သန့်ရှင်းလွှတ်မြောက်သွားသူများအပေါ်တွင် ထွန်းတောက်လျှက်ရှိသော အလင်းရောင်ကို သူတို့မခံမရပ်နိုင်ကြပါ။ သခင်ယေရှုသည် ကြီးစွာသောဘုန်းတန်ခိုးအာ နုဘော်ကို ဆောင်လျှက် မိုးတိမ်ကိုစီးကာ ကြွလာတော်မူသည်ကိုမြင်ရသောအခါ စမ်းသပ်စစ်ဆေးခြင်းမျိုးကိုခံရပြီး ၍သစ္စာတည်မြဲသည့်လူစုသည် တခဏခြင်းမျက်စိတစ်မှိတ်၌ ပြောင်းလဲခြင်းသို့ရောက်၍ ဘုန်းစည်းစိမ်တစ်ဆင့် မှတစ်ဆင့်သို့ ဝင်စားရသည့်တိုင်အောင် ထိုဘုန်းတော်ရောင်ခြည်သည် သူတို့အပေါ်တွင် တည်လျှက်နေပေလိမ့်မည်။ သင်္ချိုင်းဂူများပွင့်၍ သန့်ရှင်းသူများ ထွက်ပေါ်လာကြပြီးလျှင် မသေမပျောက်နိုင်သော အဖြစ်သို့ပြောင်းလဲ၍ ‘‘သေ ခြင်းတရားနှင့် သင်္ချိုင်းကိုအောင်ပြီး’’ ဟုကြွေးကြော်ကြပြီးနောက် ခမ်းနားသိုက်မြိုက်စွာ သီဆိုတီးမှုတ်ကြသည်။ တူရိ ယာသံများ၊ ဘုန်းကြီးတော်မူသည့် အောင်ပွဲသံများကို အိုခြင်းနာခြင်းသေခြင်းကင်းသော လူအပေါင်းကကြွေးကော် လျှက်သီဆိုတီးမှုတ်လျှက်နေ့စဉ်သန့်ရှင်းသော အသက်ရှင်သူများနှင့်အတူ ထိုသူတို့သည်လည်း ကောင်းကင်၌သခင် ဘုရားထံသို့ရောက်စေခြင်းငှါ ချီဆောင်ခြင်းကို ခံခဲ့ရပါသည်။ GCB58 83.2

ဆက်လက်လေ့လာရန်။ ဆာလံ ၈၆။ ဟောရှေ ၆:၃။ ဟဂ္ဂဲ ၂:၂၁-၂၁။ မဿဲ ၁၀:၃၅-၃၉။ ၂၀:၂၃။ ဧဖက် ၆:၁၀-၁၈။ ၁သက် ၄:၁၄-၁၈။ ဗျာ ၃:၁၄-၂၂။ GCB58 83.3