Great Controversy 1858

31/43

အခန်း (၂၉) ခိုင်မာတောင့်တင်းသော စင်မြင့်။

မယိမ်းမယိုင် စိတ်နှလုံးတည်ငြိမ်ခိုင်မြဲသောလူတစ်စု၊ သတိဝီရီယနှင့်ပြည့်စုံသူထိုလူတစ်စု၊ သူတို့တည် ထောင်ထားပြီးသော ယုံကြည်ခြင်းကို အခြားဘယ်သူမျှမဖျက်ဆီးမရွေ့လျော့စေနိုင်သည့် ထိုလူတစ်စုကို ကျမ ရှုမြင်ရပါသည်။ ထိုလူစုအပေါ်တွင် ဘုရားသခင်ကျေနပ်မှု ရှိတော်မူ၏။ ပထမ ဒုတိယနှင့် တတိယ ကောင်းကင်တ မန်တို့၏ သတင်းစကားများကို အဆင့်သုံးဆင့်ခွဲ၍ ကျမအားဖေါ်ပြတော်မူပါသည်။ ဤသတင်းစကားများမှတွယ် အပ်တစ်ချောင်း၊ သစ်တုံးတစ်ချောင်းကိုမျှ လှုပ်ရှားရွှေ့လျော့စေသောသူသည် အမင်္ဂလာရှိ၏။ ဤသတင်းစကားများ ၏အဓိပ္ပါယ်အမှန်ကို နားလည်သဘောပေါက်ရန်မှာ အထူးပင်အရေးကြီးပါသည်။ အသက်ဝိညာဉ်များ၏ အဆုံးစွန် တွင်ကျရောက်မည့်အပြစ်သည် ထိုသတင်းစကားများကို လက်ခံသည့်ပုံစံပေါ်တွင် မူတည်၏ဟု ကျမ၏အဖေါ် ကောင်းကင်တမန်က ပြောပြပါသည်။ ၎င်းနောက်ယင်းသတင်းစကားများဆိုင်ရာ အချိန်ကာလတစ်လျှောက်ဘုရား သခင်၏လူများအနေဖြင့် ထိုသတင်းစကားများနှင့်စပ်လျဉ်းသည့် ဗဟုသုတကို တန်ဖိုးကြီးစွာပေး၍ ဝယ်ယူရသည်။ ဒုက္ခမျိုးစုံကိုခံလျှက် အတိုက်အခံမျိုးစုံကို ရင်ဆိုင်ကာဆည်းပူးခဲ့ရကြသည်။ တည်ငြိမ်ခိုင်မြဲသည်စင်မြင့်ပေါ်သို့ ရောက်ရှိသည်တိုင် ဘုရားသခင်သည် လူတို့အားတစ်ဆင့်ပြီးတစ်ဆင့် လမ်းပြပို့ဆောင်တော်မူသည် စသည်ဖြင့် ကျမ မြင်ရပါသည်။ ထိုစင်မြင့်၏အုတ်မြစ်ကို တစ်ဦးတစ်ယောက်လာ၍ စစ်ဆေးကြပုံကိုလည်း ကျမမြင်ရပါသည်။ အချို့ သောသူများဝမ်းမြောက်စွာဖြင့် ချက်ခြင်းထိုစင်မြင့်ပေါ်သို့ တက်ကြ၏။ အခြားသောသူများကမူ အုတ်မြစ်ကိုကြည့်၍ အပြစ်ရှာကြ၏။ ထိုသူတို့က ပို၍စုံလင်သောစင်မြင့် ဖြစ်လာပြီးလျှင် စင်မြင့်ပေါ်ရှိလူများပို၍ ဝမ်းမြောက်ရွှင်လန်းခြင်း ရှိကြစေရန်ပို၍တောင့်တင်းခိုင်မာအောင် ပြုပြင်လိုကြ၏။ အချို့သောသူများသည် စင်မြင့်ပေါ်မှ ဆင်း၍ စစ်ဆေးကြ ပြီးလျှင် အုတ်မြစ်ချမှားနေသည်ဟု ကြေငြာပါသည်။ သို့သော်စင်မြင့်ပေါ်ရှိ လူအားလုံးနီးပါး ကြံ့ခိုင်စွာ ရပ်တန့်လျှက် ဆင်းသွားသောသူများအား မညည်းမညူကြစေရန် ဆော်ဩနေကြသည်ကို ကျမမြင်ရပါသည်။ အဘယ့်ကြောင့်ဆို သော် ဘုရားသခင်ကိုယ်တိုင် ဆောက်လုပ်ထားသည့် စင်မြင့်ဖြစ်၍ ထိုသို့သူတို့ညည်းညူနေကြခြင်းဖြင့် ဘုရားသခင် အားဆန့်ကျင်ဖက်ပြုရာရောက်နေသည့်အတွက် ထိုသို့ဆော်ဩနေကြခြင်း ဖြစ်ပါသည်။ သူတို့အနေဖြင့် ထိုတောင့် တင်းခိုင်မာသောစင်ပေါ်သို့ ရောက်သည့်တိုင်အောင် အံ့ဩဖွယ်ရာ ဘုရားသခင်ပို့ဆောင်တော်မူပုံကို ပြန်ပြော၏။ ဘုန်းတော်ကို တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ အသံမြင့်၍ ချီးမွမ်းထောမနာ ပြုကြပါသည်။ ထိုသို့ပြုကြ သောအခါ စင်မြင့်ပေါ်မှ ဆင်းသွားပြီးလျှင် ညည်းညူနေကြသော လူအချို့သည် စိတ်နှလုံး ပြောင်းလဲကြသဖြင့် ပြန်၍ကြည့်ကြပြီးလျှင် စင်မြင့်ပေါ်သို့ တစ်ဖန်တက်ကြ၏။ GCB58 73.2

ခရစ်တော်ဤလောကသို့ ပထမအကြိမ်ကြွလာတော်မူရန်အတွက် ကြွေးကြော်ပုံကို ကျမအား ပြန်၍ညွှန်ပြ တော်မူ၏။ သခင်ယေရှု ကြွလာတော်မူရာ လမ်းခရီးကို ပြင်ဆင်ထားရန် ဧလိယ၏တန်ခိုးစိတ်ဓါတ်ဖြင့် ယောဟန်အား ကြိုတင်စေလွှတ်ထားတော်မူ၏။ နှစ်ခြင်းဆရာယောဟန်၏ သက်သေခံချက်များကို မခံယူခဲ့ကြသော သူတို့သည် သ ခင်ယေရှု၏ ဩဝါဒများနှင့်စပ်လျဉ်း၍ အကျိုးကျေးဇူး မခံစားရကြတော့ပါ။ ကိုယ်တော်ကြွလာတော်မူမည့်အကြောင်း ကြိုတင်ဟောကြားထားသည့် သတင်းစကားကို အတိုက်အခံပြုကြသည့်အတွက် ကိုယ်တော်သည် မေရှိယအရှင်ဖြစ် တော်မူကြောင်း ဖေါ်ပြသည့် ခိုင်လုံသော သာဓကများကို သူတို့အလွယ်တကူ မခံယူနိုင်ကြတော့ပါ။ နှစ်ခြင်းဆရာ ယောဟန်၏ သတင်းစကားများကို ငြင်းပယ်ကြသောသူများအနေဖြင့် သခင်ယေရှုအား ဆက်တိုက်ငြင်းပယ်လျှက် လက်ဝါးကပ်တိုင်ပေါ်တင်၍ ကွပ်မျက်ကြသည့်တိုင်အောင် စာတန်ဆက်၍ ခေါင်းဆောင်နေ၏။ ထိုသို့ သူတို့အမှား ပြုကြသည့်အတွက်ပင် တေကုတ္တေပွဲနေ့သို့ရောက်သောအခါ သူတို့အား ကောင်းကင်သန့်ရှင်းရာဌာနတော်သို့သွား ရာလမ်းကို ညွှန်ပြမည့်ကောင်းကြီးမင်္ဂလာကို သူတို့မခံစားနိုင်ကြတော့ပါ။ ဗိမ္မာန်တော်ကန့်လန့်ကာနှစ်ခြမ်းကွဲသည့် အဓိပ္ပါယ်မှာ ယုဒလူတို့၏ယဇ်ပူဇော်ခြင်းများနှင့် ဝိနည်းအထုံးအဖွဲ့များကို လက်ခံတော့မည်မဟုတ်ကြောင်း ဖေါ်ပြ ထားခြင်းဖြစ်ပါသည်။ ကြီးမြတ်တော်မူသည့် ယဇ်ကိုပူဇော်ပြီး၍ ဘုရားသခင်လက်ခံတော်မူပြီး ဖြစ်ပါသည်။ ထို့အပြင် ပင်တေကုတ္တေပွဲနေ့တွင် ဆင်းသက်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တပည့်တော်တို့၏စိတ် အာရုံများကို မြေကြီးဆိုင်ရာသန့်ရှင်းရာဌာနတော်မှ သခင်ယေရှုရှိတော်မူရာ ကောင်းကင်သန့်ရှင်းရာဌာနတော်သို့ ပြောင်းလဲစေတော်မူခဲ့ပါသည်။ ထိုသန့်ရှင်းရာဌာနတော်သို့ သခင်ယေရှုသည် မိမိ၏အသွေးတော်ဖြင့် ဝယ်တော်မူခဲ့ပြီး သည့်အလျှောက် တပည့်တော်များအပေါ်သို့ အပြစ်ဖြေလွှတ်ခြင်း ဆုကျေးဇူးကို သွန်းလောင်းတော်မူ၏။ သို့သော် ယုဒလူများမှာ လုံးဝလှည်ဖြားခြင်းနှင့် မှောင်မိုက်အတိ ဖုံးလွှမ်းနေသောနေရာ၌ပင် ကျန်ရစ်ခဲ့ကြလေ၏။ ကယ်တင် ခြင်းဆိုင်ရာ အလင်းတရားတော်ကို သူတို့ရရှိနိုင်ခဲ့ပါလျှက် မရရှိခဲ့ပဲ အသုံးမဝင်တော့သည့် ယဇ်ပူဇော်ခြင်းများနှင့် ပူဇော်သက္ကာများကိုသာ ယုံကြည်ကိုးစားနေကြပါသေး၏။ မြေကြီးဆိုင်ရာသန့်ရှင်းရာဌာနတော်နှင့် စပ်လျဉ်းသည် ရေးရာများကို ကောင်းကင်သန့်ရှင်းရာဌာနတော်သို့ လွှဲပြောင်းပြီးဖြစ်သော်လည်း သူတို့မသိလိုက်ကြပါ။ ထို့ကြောင့် သန့်ရှင်းရာဌာနတော်တွင် ခရစ်တော်၏ ကြားဖြန်ဖြေရေးဆိုင်ရာအမှုတော်၏ အကျိုးသက်ရောက်မှုများကို သူတို့မခံ စားနိုင်ကြတော့ပါ။ GCB58 73.3

ယုဒလူများသည် သခင်ယေရှုကိုငြင်းပယ်၍ လက်ဝါးကပ်တိုင်ပေါ်တွင်တင်လျှက် ကွပ်မျက်ကြသည်ကို အများသောလူတို့သည် စက်ဆုပ်ကြောက်လန့်ကြပါသည်။ ထို့အပြင် ကိုယ်တော်သည် ရှက်ဖွယ်ရာ မတရားနှိပ်စက် ခဲ့ရပုံအကြောင်းစုံကို ဖတ်ရှုကြသောသူများကလည်း ကိုယ်တော်အား သူတို့ချစ်မြတ်နိုးသည်ဟု ထင်မှတ်ကြပါသည်။ ထို့ကြောင့်ပေတရုကဲ့သို့ သူတို့ငြင်းပယ်ကြမည်မဟုတ်၊ ယုဒများကဲ့သို့ ရက်စက်စွာ ကပ်တိုင်ပေါ်တင်၍ ကွပ်မျက်ကြ မည်မဟုတ်ဟု ထင်မှတ်ကြပါသည်။ သို့သော်လူအပေါင်းတို့၏ စိတ်နှလုံးအသီးသီးကို သိတော်မူသော ဘုရားသခင် သည် သူတို့ဝန်ခံကြသည့်အတိုင်း သခင်ယေရှုအား အမှန်ပင်ချစ်မြတ်နိုးခြင်းဟုတ်မဟုတ် ထင်ရှားပေါ်လွင်စေရန် လူတိုင်းအား စမ်းသပ်တော်မူ၏။ ပထမကောင်းကင်တမန်၏ သတင်းစကားနှင့်စပ်လျဉ်း၍ မည်သို့မည်ပုံခံယူကြသည် ကိုကောင်းကင်ဗိုလ်ခြေများ စိတ်ဝင်စားလျှက် စောင့်ကြည့်နေကြ၏။ သို့သော်သခင်ယေရှုကို ချစ်ပါသည်ဟုဆိုသူ များလက်ဝါးကပ်တိုင်၏ဝတ္ထုကိုဖတ်၍ မျက်ရည်ကျသူများ၊ ကိုယ်တော်ကြွလာတော်မူမည့် သတင်းစကားတော်ကို ကြားရသောအခါ ပြောင်လှောင်သရော်ကဲ့ရဲ့ကြ၏။ သတင်းစကားကို ဝမ်းမြောက်ဝမ်းသာလက်ခံရမည့်အစား မိစ္ဆာ အယူဝါဒတစ်ရပ်ဖြစ်သည်ဟု ကြေငြာကြပါသည်။ ကိုယ်တော်ကြွလာတော်မူမည်ကို နှစ်သက်မြတ်နိုးသောသူများ အားသူတို့မုန်းတီးကြသဖြင့် အသင်းတော်များမှ နှင်ထုတ်လိုက်ကြလေ၏။ ပထမသတင်းစကားကို ငြင်းပယ်သောသူ များဒုတိယသတင်းစကား၏ အကျိုးသက်ရောက်မှုကို မခံစားရကြပါ။ ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုနှင့်အတူ ကောင်းကင်သန့်ရှင်းရာဌာနတော်၏ အသန့်ရှင်းဆုံးအခန်းသို့ဝင်ရောက်နိုင်ရန် ပြင်ဆင်ထားရေးအတွက် ကြေငြာ သည့်သန်းခေါင်ယံကြွေးကြော်သံ၏ အကျိုးသက်ရောက်မှုကိုလည်း သူတို့မခံစားရကြတော့ပါ။ ၎င်းပြင် ယခင်သတင်း စကားနှစ်ရပ်ကို ငြင်းပယ်ခဲ့သည့်အတွက် သူတို့၏အသိဉာဏ်ကို မှောင်မိုက်ဖုံးလွမ်းသွားသောကြောင့် အသန့်ရှင်းဆုံး သောအခန်းသို့သွားရာခရီးကို ညွှန်ပြသည့် တတိယကောင်းကင်တမန်၏ သတင်းစကားနှင့်စပ်လျဉ်းသောအလင်း တရားကိုလည်း သူတို့မတွေ့မသိနိုင်ကြတော့ပါ။ ယုဒလူတို့သည် သခင်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်တွင်ရိုက် ထားလျှက် ကွပ်မျက်ခဲ့ကြသည့်နည်းတူ အမည်နာမကိုသာခံယူထားကြသော အသင်းတော်များသည်လည်း ထိုသ တင်းစကားကို အသေသတ်ကြသည့်အတွက် အသန့်ရှင်းဆုံးသောအခန်းသို့ သွားရာလမ်းစဉ်ကို မသိမတွေ့ကြလေ သောကြောင့် သခင်ယေရှု၏ ကြားဖြန်ဖြေတော်မူခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုကိုလည်း သူတို့မခံစားရတော့ ကြောင်းကျမမြင်တွေ့ရပါသည်။ မလိုလားတော့သည့် ယဇ်ပူဇော်ခြင်းများကို ယုဒလူတို့ဆက်လက်ပူဇော်နေသကဲ့သို့ ထိုသူတို့သည်လည်း သူတို့၏အချည်းနှီးသော ပဌနာသံများဖြင့် သခင်ယေရှုရှင် မရှိတော့သည့်အခန်းဆီသို့ လွမ်းမိုးနေ ကြပါသည်။ စာတန်သည်လည်းသူ၏ လိမ်လည်မှုထမြောက်အောင်မြင်သည့်အတွက် အားရကျေနပ်လျှက် ဘာသာ ရေးသမားအဖြစ်ဟန်ယောင်ပြီးလျှင် ခရစ်ယာန်အမည်ခံသူများအား သူ့ဖက်သို့အပိုင် သိမ်းသွင်းနေပါသည်။ သူ၏ ထောင်ချောက်အတွင်း တည်မြဲနေကြစေရန် အံ့ဖွယ်သောနိမိတ်လက္ခဏာများကိုပြလျှက် တန်ခိုးရှိသမျှကိုလည်းအ စွမ်းကုန်အသုံးပြုနေပါသည်။ အချို့သောသူများကို ဤနည်းအားဖြင့် အခြားသောသူများကို အခြားသောနည်းဖြင့် လှည့်ဖြားနေပါသည်။ လူမျိုးစုံအတွက် လိမ်လည်မှုနည်းမျိုးစုံကို ထိရောက်မှုရှိလောက်အောင် ပြင်ဆင်ထားပါသည်။ အချို့သောသူတို့သည် လိမ်လည်မှုတစ်ရပ်ကို ကြေက်မက်ဖွယ်ဖြစ်သည်ဟု မြင်သော်လည်း အခြားတစ်ခုကို အလွယ် တကူလက်ခံတတ်ကြပါသည်။ စာတန်သည် အချို့သောသူများအား နတ်မိစ္ဆာအယူဝါဒဖြင့် လှည့်ဖြားနေပါသည်။ အလင်းတရားနှင့်ဆိုင်သော ကောင်းကင်တမန်၏အယောင်ကိုလည်းဆောင်လျှက် ဘာသာရေးပြုပြင်ပြောင်းလဲမှုအ တုများနှင့် တိုင်းပြည်အတွင်း မိမိ၏ဩဇာအာဏာကို ပျံ့နှံ့စေ၏။ ဘာသာရေးနိုးကြားမှု အတုအယောင်ကို နေရာအနှံ့ ၌ကျတွေ့ရှိခဲ့ပါသည်။ အခြားသောဝိညာဉ်တစ်စုံတစ်ခု၏လုပ်ရပ်ကို ဘုရားသခင်သည် သူတို့အတွက် အံ့ဩဖွယ်ရာ ဆောင်ရွက်နေတော်မူသည်ဟု ထင်မှတ်မှားလျှက် အသင်းတော်များသည် ဘဝင်ခိုက်နေကြလေ၏။ ကမ္ဘာကြီးသည် လည်းကောင်း၊ အသင်းတော်သည်လည်းကောင်း၊ ယခင်ကထက် အခြေအနေပိုမိုဆိုးဝါးစွာ ဖြစ်လာသောအခါ တ ဖြည်းဖြည်းနှင့် ပျက်ပြယ်သွားကြပေလိမ့်မည်။ GCB58 74.1

မျှော်လင့်ခြင်းအသင်းသားဟု အမည်ခံသူများတွင်လည်းကောင်း၊ ကျရှုံးလေပြီးသော အသင်းတော်များတွင် လည်းကောင်း၊ ဘုရားသခင်၏ သစ္စာရှိသော သားသမီးတို့ရှိနေကြောင်း နောက်ဆုံးဘေးဒဏ်များမကျရောက်မီထိုအ သင်းတော်များမှ ဓမ္မအမှုတော်ဆောင်များနှင့် သာမန်အသင်းသားများကို ခေါ်ထုတ်တော်မူသောအခါ သမ္မာတရား ကိုအသင့်လက်ခံသူများ ရှိလိမ့်မည်ဖြစ်ကြောင်း ကျမမြင်တွေ့ရပါသည်။ ထိုအကြောင်းကို စာတန်ကောင်းစွာသိထား နှင့်သည့်အတွက် တတိယကောင်းကင်တမန်၏ သတင်းစကားကို အသံကျယ်စွာဖြင့် မကြွေးကြော်မီ အမှန်တရားကို ငြင်းပယ်ထားသူများအနေဖြင့် ဘုရားသခင်သည် သူတို့နှင့်အတူရှိတော်မူသည်ဟု ထင်မှတ်ရလေအောင် ထိုဘာသာ ရေးအသင်းများတွင် စိတ်လှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာအောင် နိုးဆော်လိမ့်မည်။ ဘုရားသခင်သည် အသင်းတော် များအတွက် လုပ်ဆောင်ပေးလျှက်ပင် ရှိနေတော်မူသည်ဟု ရိုးဖြောင့်သောသူများက ထင်မှတ်ရလေအောင်လိမ်လည် လှည့်ဖြားနိုင်ရန် စာတန်မျှော်မှန်းထားပါသည်။ သို့သော် အလင်းရောက်လာသောအခါ ရိုးဖြောင့်သောသူအား လုံးသည်ကျဆုံးသော အသင်းတော်များမှ ထွက်ခွါ၍ ကျန်ကြွင်းသူများနှင့်အတူ ရပ်တည်နေကြပေလိမ့်မည်။ GCB58 75.1

ဆက်လက်လေ့လာရန်။ မဿဲ ၃။ တမန် ၂။ ၂ကော ၁၁:၁၄။ ၂သက် ၂:၉-၁၂။ ဗျာ ၁၄:၆-၁၂။ GCB58 75.2