Great Controversy 1858

30/43

အခန်း (၂၈) တတိယကောင်းကင်တမန်၏ သတင်းစကား။

သခင်ယေရှုသည် သန့်ရှင်းသောအခန်းတွင် အမှုတော်ဆောင်ရွက်၍ ပြီးဆုံးသောအခါ အသန့်ရှင်းဆုံးသော အခန်းသို့ဝင်တော်မူပြီးလျှင် ဘုရားသခင်၏ ပညတ်တော်ရှိရာ သေတ္တာတော်ရှေ့တွင် ရပ်တော်မူလျှက် တန်ခိုးကြီး သောအခြားကောင်းကင်တမန်တစ်ပါးအား တတိယကောင်းကင်တမန်သတင်းစကားတစ်ရပ်ဖြင့် ဤကမ္ဘာလောကြ သို့စေလွှတ်တော်မူ၏။ ကောင်းကင်တမန်သည် သခင်ခရစ်တော်မှရရှိသည့် စာလိပ်ကိုကိုင်လျှက် မြေကြီးပေါ်သို့ဘုန်း တန်ခိုးကြီးစွာဖြင့်ဆင်းသက်လာစဉ် လူတို့ကြားဖူးသော ခြိမ်းခြောက်မှုများအနက် ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သည့် သတိပေးနိုးဆော်ချက်ကို ကြေငြာလိုက်ပါသည်။ ဘုရားသခင်၏သားသမီးများသည် မိမိထံသို့ရောက်လာ လတ္တံ့သောစုံစမ်းနှောင့်ယှက်ခြင်းနှင့် စိတ်ဒုက္ခများကို သတိဝိရိယနှင့် ကာကွယ်တားဆီးရင်ဆိုင်နိုင်ကြစေရန် ကြံရွယ် တော်မူလျှက် ထိုသတင်းစကားကို ပေးပို့တော်မူ၏။ သူတို့သည် သားရဲနှင့်သူ၏ရုပ်ထုကို အနီးကပ်တိုက်ပွဲဆင်နွဲရလိမ့် မည်။ ထာဝရအသက်အတွက် သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်မှသစ္စာတည်မြဲရန်ဖြစ်သည်။ သူတို့၏အသက် ဘေးအန္တရယ်ကြီးသော်လည်း သမ္မာတရားတော်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြမည်ဟု ကောင်းကင်တမန်က ပြောပါ သည်။ တတိယကောင်းကင်တမန်က ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကို လည်းကောင်းစောင့်ရှောက်သောသန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏ဟု ကြွေးကြော်၍ သူ၏သတင်းစကားကို အဆုံးသတ်လိုက်ပါသည်။ ကောင်းကင်တမန်သည် ကောင်းကင်သန့်ရှင်းရာဌာနတော်ကို လက်ညှိုးညွှန်လျှက် ထိုစာသားများကို ရွတ်ဆိုနေပါသည်။ ဤသတင်းစကားကြား၍ စိတ်နှလုံးစွဲမြဲသောသူတို့၏စိတ် အာရုံများသည် သေတ္တာတော်ရှေ့တွင် ရပ်နေတော်မူသောသခင်ယေရှုရှိရာ အသန့်ရှင်းဆုံးသောအခန်းသို့ရောက် သွားကြပါသည်။ ထိုနေရာ၌ သခင်ယေရှုသည် ဂရုဏာရုပ်သိမ်းမခံရသေးသောသူများနှင့် ဘုရားသခင်၏ ပညတ် တော်ကိုမသိနားမလည်၍ ချိုးဖေါက်မိသူများအတွက် အပြီးသတ်ဖျန်ဖြေသည့်အမှုတော်ကို ဆောင်ရွက်နေပါ သည်။ဤအပြစ်ဖြေရှင်းခြင်းအမှုတော်သည် စုတေ့ပြီးသော ဖြောင့်မတ်သူများနှင့် အသက်ရှင်လျှက်ရှိသေးသည့် ဖြောင့်မတ်သူများအတွက် ဖြစ်ပါသည်။ ၎င်းအပြင်ဘုရားသခင်၏ ပညတ်တော်များနှင့် သက်ဆိုင်သောအလင်းတရား ကိုမရရှိသည့်အတွက် ထိုပညတ်တော်နှင့် သက်ဆိုင်သည့်ကျင့်ဝတ်များကို မသိနားမလည်သောကြောင့် ကျူးလွန်မိ သည့်စုတေသွားသောသူများသည်လည်း ပါဝင်ပါသည်။ GCB58 70.1

သခင်ယေရှုသည် အသန့်ရှင်းဆုံးသောအခန်းတံခါးကို ဖွင့်ပြီးသောအခါ ဥပုသ်နေ့ဆိုင်ရာ အလင်းတရားကို တွေ့မြင်ရပါသည်။ ထိုအခါ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းရှိမရှိ ရှေးဣသရေလလူတို့ စမ်းသပ် စစ်ဆေးခြင်းခံခဲ့ရသည်နည်းတူ ဘုရားသခင်၏လူများသည်လည်း စစ်ဆေးစမ်းသပ်ခြင်းကို ခံခဲ့ရကြပါသည်။ တတိ ယကောင်းကင်တမန်သည် ကောင်းကင်သို့လက်ညှိုးညွှန်လျှက် စိတ်ပျက်နေသောသူများအား ကောင်းကင်သန့်ရှင်း ရာဌာနတော်၏ အသန့်ရှင်းဆုံးသောအခန်းသို့သွားရာလမ်းကို ညွှန်ပြနေပုံကို ကျမမြင်တွေ့ရပါသည်။ သူတို့သည် လည်းယုံကြည်ခြင်းဖြင့် အသန့်ရှင်းဆုံးသောအခန်းသို့ ဝင်ကြသောအခါ ယုံကြည်ခြင်းအားဖြင့် သခင်ခရစ်တော် နောက်သို့လိုက်ပါခဲ့ကြပါသည်။ သခင်ယေရှုအားတွေ့မြင်ရကြသဖြင့် ဝမ်းမြောက်ခြင်းအသစ်နှင့် မျှော်လင့်ခြင်းအ သစ်များကိုတစ်ဖန်ရရှိပြန်လေ၏။ သူတို့သည် နောက်သို့လှည့်၍ သခင်ယေရှု ဒုတိယအကြိမ် ကြွလာတော်မူသည့် အကြောင်းကို ကြွေးကြော်ခဲ့သည့်အချိန်မှအစပြု၍ (၁၈၄၄)ခုနှစ်ကုန်ဆုံးချိန်အထိ သူတို့၏ အတိတ်က အတွေ့အကြုံ များကိုပြန်လည်ဆန်းစစ်နေကြပုံကို ကျမြင်တွေ့ရပါသည်။ သူတို့စိတ်ပျက်ခဲ့ရသည့် အကောင်းရင်းများ ရှင်းလင်း သွားပြီးဖြစ်သောကြောင့် ဝမ်းမြောက်ပျော်ရွှင်လျှက် အမန်တရားကို တစ်ဖန်ကြားသိယုံကြည်ခြင်းအပြည့်နှင့် ပြန်လည် သက်ရှင်နိုးကြားလာလေ၏။ တတိယကောင်းကင်တမန်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂါတ်ကို အလင်းရောင်ပေး သဖြင့် ဘုရားသခင်သည် သူတို့အား လျှို့ဝှက်အံဖွယ်သသောလမ်းစဉ်ဖြင့် ပို့ဆောင်လျှက်ရှိတော်မူကြောင်း သူတို့နား လည်သဘောပေါက်ကြလေ၏။ GCB58 70.2

ကျန်ကြွင်းသောသူများသည် သခင်ယေရှု ရှိတော်မူရာ အသန့်ရှင်းဆုံးသောအခန်းသို့ လိုက်သွားကြပြီး လျှင်သေတ္တာတော်နှင့် ကရုဏာပလ္လင်တော်ကို တွေ့မြင်ရကြသဖြင့် ၎င်းတို့၏ ဘုန်းကြီးတော်မူပုံများကို စိတ်စွဲလန်း နေကြသည်ဟု ကျမအား ကိုယ်စားပြုဖေါ်ပြတော်မူ၏။ ထိုအခါ သခင်ယေရှုသည် သေတ္တာတော်အဖုံးကို ဖွင့်ပြသဖြင့် ပညတ်တော်ဆယ်ပါးကို အက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကို တွေ့မြင်ရကြလေ၏။ သူတို့သည်လည်းသက် ရှင်သောဗျာဒိတ်တော်ဆင့်ဆိုချက်များကို အစဉ်အတိုင်းလိုက်၍ ကြည့်ကြရာ သန့်ရှင်းသောကျင့်ဝတ်ဆိုင်ရာ ပညတ်တော်ဆယ်ပါးတွင် စတုတ္ထပညတ်သို့ ရောက်သောအခါ ပညတ်ပေါ်တွင် ထွန်းတောက်နေသောအလင်းရောင် သည်အခြားကိုးပါးပေါ်တွင် ထွန်းလင်းနေသောအလင်းရောင်ထက်ပို၍ တောက်ပနေသည်ကိုလည်းကောင်း၊ ထိုမျှ မကဘုန်းကြီးသောအလင်းစက်ဝန်းဖြင့် ထိုပညတ်တော်ကို ဝန်းရံထားသည်ကိုလည်းကောင်း သူတို့တွေ့မြင်ရကြသော အခါတုန်လှုပ်လျှက် နောက်သို့တွန့်သွားကြပါသည်။ ဥပုသ်နေ့ကိုပယ်ဖျက်၍ ပထမနေ့ရက်သို့ပြောင်းလဲခဲ့ကြောင်း မည်သည့်လက္ခဏာမျှမတွေ့ရှိခဲ့ကြပါ။ ပညတ်တော်များကိုဖတ်ကြည့်ရာတွင်လည်း သိနာတောင်ပေါ်တွင် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းတို့ဖြင့် ကြောက်မက်ဖွယ်ရာ မြင့်မြတ်ခမ်းနားစွာကြွေးကြော် ဆင့်ဆိုခဲ့တော်မူခဲ့သည့်အတိုင်းပင်တွေ့ မြင်ရပါသည်။ ထိုမျှမက ခြောက်ရက်ပတ်လုံးအလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည်သင်၏ ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏ဟု ဘုရားသခင်ကိုယ်တော်တိုင်လက်ညှိုးတော်ဖြင့် ကျောက်ပြားနှစ်ပြား ပေါ်တွင်အက္ခရာတင်ထားတော်မူသည့်အတိုင်းပင် ဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးကို ထိုမျှလောက်ကောင်းမွန် စွာသိမ်းဆည်းထားပုံကို သူတို့မြင်တွေ့ရသောအခါ အံ့ဩနေကြပါသည်။ ထိုမျှမက ယေဟောဝါအရှင်နှင့်ကပ်လျှက်ရှိ နေသောနေရာတွင် ကိုယ်တော်၏သန့်ရှင်းတော်မူခြင်းဖြင့် ကာကွယ်ဖုံးအုပ်ထားပုံကိုလည်း တွေ့မြင်ရကြပါသည်။ ပညတ်တော်ဆယ်ပါးတွင် စတုတ္ထပညတ်ကိုသူတို့နင်းချေ၍ ယေဟောဝါအရှင်သန့်ရှင်းတော်မူသည့်နေ့အစား အဓမ္မ ဝါဒသမားများနှင့် တစ်ပါးအမျိုးသားများက လက်ဆင့်ကမ်းခဲ့သည့်နေ့ကို စောင့်ထိန်းနေကြကြောင်း သူတို့သိကြ သောအခါ ဘုရားသခင်ရှေ့တော်တွင် ကိုယ့်ကိုယ်ကို နှိမ့်ချလျှက် အတိတ်ကကျူးလွန်မိခဲ့သည့် အပြစ်များအတွက် ဝမ်း နည်းပူဆွေးခြင်း ဖြစ်ကြလေ၏။ GCB58 71.1

သူတို့၏ဝန်ခံတောင်းပန်ခြင်းများနှင့် ပဌနာသံများကို သခင်ယေရှုသည် ခမည်းတော်ထံသို့ တင်ဆက်တော် မူသောအခါ လင်ပန်းရှိနံ့သာပေါင်းမွှေးမှ မီးခိုးထွက်ပုံများကို ကျမမြင်တွေ့ရပါသည်။ ထိုမီးခိုးအထက်သို့တက်နေ စဉ်ထွန်းတောက်သောအလင်းရောင်သည် သခင်ယေရှု၏အပေါ်သို့လည်းကောင်း၊ ကရုဏာပလ္လင်ပေါ်သို့လည်း ကောင်း၊ သက်ရောက်လေ၏။ ဘုရားသခင်၏ ပညတ်တော်ကို ကျူးလွန်ခဲ့မိသည့်အတွက် စိတ်ဒုက္ခရောက်သဖြင့်ရို သေကိုင်းညွှတ်စွာ ဆုတောင်းပဌနာပြုနေသောသူများအပေါ်သို့ ကောင်းချီးမင်္ဂလာသွန်းလောင်းစေတော်မူသဖြင့် မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရ၍ သူတို့၏မျက်နှာများ ထွန်းတောက်လာကြပါသည်။ ထိုအခါ သူတို့သည် တတိယကောင်းကင်တမန်၏ သတင်းစကားလုပ်ငန်းခွင်သို့ ဝင်ရောက်ကြပြီးလျှင် အရေးကြီးသောနိုးဆော်ချက်ကို အသံမြှင့်လျှက် ကြွေးကြော်ကြပါသည်။ ပထမပိုင်းတွင် လူအနည်းငယ်မျှသာ လက်ခံကြသော်လည်း သစ္စာတည်မြဲ သောသူများသည် ထက်သန်သောစွမ်းအင်ဖြင့် ဆက်လက်၍ကြွေးကြော်နေကြပါသည်။ ထို့နောက် လူအများ တတိယ ကောင်းကင်တမန်၏ သတင်းစကားကိုလက်ခံကြပြီးလျှင် ပထမကြွေးကြော်သူများနှင့် ပူးပေါင်းလျှက် ကိုယ်တော်သန့် ရှင်းတော်မူသည့် နားရက်ကို စောင့်ထိန်းခြင်းဖြင့် ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြလေ၏။ GCB58 71.2

တတိယကောင်းကင်တမန်သတင်းစကားကို ခံယူသောသူအများစုတို့သည် ယခင်သတင်းစကားနှစ်ရပ် တွင်အတွေ့အကြုံမရှိပါ။ ထိုအကြောင်းကို စာတန်ကောင်းစွာနားလည်ထားသဖြင့် ထိုသူများကို အနိုင်ပြုဖျက်ဆီး ရန်မတရားသောမျက်စိဖြင့် စိုက်ကြည့်နေကြပါသည်။ သို့သော်တတိယကောင်းကင်တမန်က သူတို့အား အသန့်ရှင်း ဆုံးသောအခန်းသို့ ညွှန်ပြနေပါသည်။ ယခင်သတင်းစကားများတွင် အတွေ့အကြုံများခဲ့သော သူများကလည်း ထိုသူ တို့အား ကောင်းကင်သန့်ရှင်းရာဌာနတော်သို့ သွားရာလမ်းကို ညွှန်ပြနေကြပါသည်။ အများသောသူတို့သည်ကောင်း ကင်တမန်သတင်းစကားသုံးရပ်တွင် စုံလင်သည့် သစ္စာတရားဆက်စပ်မှုရှိကြောင်း တွေ့သိရသဖြင် အစဉ်လိုက်ဝမ်း မြောက်စွာလက်ခံကြပြီးလျှင် ကောင်းကင်သန့်ရှင်းရာဌာနတော်တွင်ရှိနေသော သခင်ယေရှုနောက်သို့ ယုံကြည်ခြင်း လမ်းစဉ်ဖြင့် လိုက်လျှောက်ကြလေ၏။ ထိုသတင်းစကားများသည် ဘုရားသခင်၏ လူတို့အတွက် ကျောက်ဆူးပမာ ကိုယ်ခန္ဓာကိုစုစည်းကြောင်း ကျမအား ဖေါ်ပြတော်မူ၏။ ထိုသတင်းစကားများကို နားလည်သဘောပေါက်၍ လက်ခံ ထားသူများသည် စာတန်၏မြောက်မြားစွာသော မတရားလိမ်လည်မှုများမှ ကာကွယ်ခြင်းကို ခံခဲ့ရပါသည်။ GCB58 71.3

(၁၈၄၄) ခုနှစ်တွင် ကြီးစွာသောစိတ်ပျက်ခြင်းနှင့်ရင်ဆိုင်ရကြပြီးသည့်နောက် ကျန်ကြွင်းသောလူစု၏ယုံ ကြည်ခြင်း၊ မငြိမ်သက်ဖြစ်စေရန် စာတန်နှင့်သူ၏ တမန်များ ကျော့ကွင်းမျိုးစုံဖြင့် အလုပ်ရှုပ်နေကြပါသည်။ ထိုသ တင်းစကားများတွင် အတွေ့အကြုံရှိစိတ်နှလုံးနှိမ့်ချပုံပေါ်သူများကို သူဖက်သို့ပါအောင် တိုက်ခိုက်ခဲ့ပါသည်။ ထိုသူ တို့တွင် အချို့သောသူများက ပထမနှင့် ဒုတိယသတင်းစကားများသည် အနာဂါတ်ကာလတွင် ပြည့်စုံကြမည်ဟုဖေါ် ညွှန်းကြပါသည်။ အခြားသောသူများကမူ ထိုသတင်းစကားများမှာ ရှေးယခင်ကပင် ပြည့်စုံခဲ့ကြပြီးဖြစ်သည်ဟုအဓိ ပ္ပါယ်ဖေါ်ဆောင်နေကြပါသည်။ ယင်းသုံးသပ်ချက်များသည် အတွေ့အကြုံနည်းပါးသောသူများအပေါ်သို့ ဩဇာ သက်ရောက်မှုရှိနေသဖြင့် သူတို့၏ယုံကြည်ခြင်းကို ဒယိမ်းဒယိုင်ဖြစ်စေ၏။ အချို့သောသူများသည် ကျန်ကြွင်းသူလူစု နှင့်မပူးပေါင်းဘဲ ကိုယ်ပိုင်ယုံကြည်ခြင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျမ်းစာကိုလေ့လာကြပါသည်။ ဤအမူအရာအား လုံးအတွက် စာတန်ကြည်နူးနေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျောက်ဆူးနှင့်ကင်းကွာသွားကြပါက အဖက်ဖက်မှ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေပြီး အယူဝါဒမျိုးစုံဖြင့် အယောင်ဆောင်အမှားများ ဖြစ်ကြလေအောင် သူစွမ်းဆောင်နိုင်မည်ကို သိထားပါသည်။ ပထမနှင့်ဒုတိယ သတင်းစကားတွင် ခေါင်းဆောင်ခဲ့သူအများသည် ယခု အခါတွင် ထိုသတင်းစကားများကို ငြင်းပယ်နေကြပါသည်။ ခန္ဓာအတွင်းလူစုသည် အယူအဆ အမျိုးမျိုးအဖုံဖုံကွဲပြား ၍ရှုပ်ထွေးနေကြပါတော့သည်။ ထို့နောက် ဝီလျံမေးလားအကြောင်းကို ကျမအား အာရုံပြုရပါသည်။ သူ၏လူမျိုးအ တွက်စိတ်ပူပန်သောကရောက်၍ ဦးညွှတ်လျှက်ကြံရာမရ ဖြစ်နေပုံပေါ်ပါသည်။ (၁၈၄၄) ခုနှစ်က တစ်ဦးကိုတစ်ဦး လေးစားမြတ်နိုး၍ စည်းလုံးညီညွတ်လျှက် ကြံရာမရ ဖြစ်နေပုံပေါ်ပါသည်။ (၁၈၄၄) ခုနှစ်က တစ်ဦးကိုတစ်ဦးလေး စားမြတ်နိုး၍ စည်းလုံးညီညွတ်ခဲ့သောလူစုသည် ယခုအခါ မေတ္တာကင်းဝေးပြီးလျှင် တစ်ဦးကိုတစ်ဦး အတိုက်အခံပြု လျှက်အယူဖေါက်ပြန်သည့် အခြေအနေသို့ ဆိုက်ရောက်ကာ သွေးအေးနေကြပါတော့သည်။ ထိုအခြေအနေကိုတွေ့ သိရသောအခါ ပြင်းစွာပူဆွေးဒုက္ခရောက်သည့်အတွက် အင်အားဆုတ်ယုတ်လေ၏။ သူသည်တတိယကောင်းကင် တမန်၏သတင်းစကားနှင့် ဘုရားသခင်၏ ပညတ်တော်များကို ခံယူလိမ့်မည်လောဟု ခေါင်းဆောင်များစိုးရိမ်ကြောင့် ကြဖြစ်၍ စောင့်ကြပ်နေကြပုံကို ကျမမြင်တွေ့ရပါသည်။ သူ့အနေဖြင့်ကောင်းကင်မှပေးပို့သော အလင်းတရားဖက် သို့ယိမ်းယိုင်လာသောအခါ ထိုခေါင်းဆောင်များက သူ၏စိတ်အာရုံကို အခြားဖက်သို့ဆွဲယူရန် အကြံထုတ်ကြလေ၏။ သူကိုယ်တိုင် မှောင်မိုက်အတွင်းပင် ရှိနေစေရန်နှင့် သူ၏ဩဇာသက်ရောက်မှုသည်လည်း သမ္မာတရားကိုဆန့်ကျင်သူ များအထဲ၌ပင် ရှိနေစေရန် လူသားဆွဲဆောင်မှုတစ်ရပ်ကို အသုံးပြုနေကြပါသည်။ နောက်ဆုံးတွင် ဝီလျံမေးလားသည် ကောင်းကင်မှလာသော အလင်းတရားကို ဆန့်ကျင်လေ၏။ သူစိတ်ပျက်ခဲ့ရသည့်အကြောင်းရင်းကို စုံလင်စွာရှင်းပြ မည့်သတင်းစကား၊ ကုန်ခန်းသွားခဲ့သည့် သူ၏စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းပေးပြီးလျှင် အတိတ်ကာလအ တွက်အလင်းရောင်နှင့် ဘုန်းတန်ခိုးပေးမည့် သတင်းစကား၊ သူ၏မျှော်လင့်ခြင်းကို ပြန်လည်ရှင်သန်စေလျှက်ဘုရား သခင်၏ဘုန်းတော်ကို ချီးမွမ်းနိုင်မည့် သတင်းစကားကိုခံယူရန် သူပျက်ကွက်ခဲ့ပါသည်။ သူသည် ဘုရားသခင် ပကတိ နှင့်ဆိုင်သောပညာဉာဏ် အမြော်အမြင်ကိုအမှီပြုရမည့်အစား လူ၏ဉာဏ်ပညာကို အမှီပြုခဲ့ပါသည်။ သို့သော်သူ့အ ရှင်သခင်၏ အမှုတော်ကိုဆောင်ရွက်ခဲ့ရသည့်အတွက် ဆင်းရဲပင်ပန်းခြင်းသို့ရောက်၍ အသက်အရွယ်လည်းကြီးရင့် နေသဖြင့် အမှန်တရားကိုခံယူရန်အတွက် သူ့အားတားဆီးထားကြသူများလောက် ထုချေရမည့်တာဝန်မရှိပါ။ ထိုသူ တို့တွင် တာဝန်ရှိနေပါသည်။ ယင်းအပြစ်သည်လည်း သူတို့အပေါ်၌သာ သက်ရောက်နေပါသည်။ GCB58 72.1

အကယ်၍တတိယကောင်းကင်တမန်၏သတင်းစကားဆိုင်ရာ အလင်းရောင်ကိုသာ ဝီလျံမေးလားတွေ့ပြီး သိရှိနိုင်ခဲ့မည် ဆိုပါက သူ့အတွက် မှောင်မိုက်ပမာ နက်နဲခက်ခဲသာ ပြဿနာအမြောက်အမြားမှာ ဖြေရှင်းပြီးဖြစ်ကြ ပေလိမ့်မည်။ သို့သော်သူ၏ညီအစ်ကိုများက သူ့အပေါ်အထူးချစ်ခင်မြတ်နိုးသယောင် အရေးပေးယောင်ဆောင်ကြ သဖြင့် သူတို့နှင့်မခွဲခွါနိုင်ဖြစ်ခဲ့ပါသည်။ အမှန်တရားဖက်သို့ စိတ်ရောက်လာသောအခါ သူ၏ညီအစ်ကိုများဖက်သို့ လှည့်ကြည့်လိုက်ရာ သူတို့က ငြင်းဆိုခြင်းပြုကြပါသည်။ သခင်ယေရှုကြွလာတော်မူမည်ဟု အတူတကွ လက်တွဲ၍ ကြွေးကြော်ခဲ့ကြသည့် ညီအစ်ကိုများနှင့် ခွဲခွါနိုင်မည်လား။ မည်သည့်နည်းနှင့်မျှ သူ၏ညီအစ်ကိုများက သူ့အား လမ်းမှားသို့ ပို့ဆောင်ဆွဲခေါ်ကြရလိမ့်မည်ဟု သူမထင်မှတ်ခဲ့ပါ။ GCB58 72.2

အမှန်တရားလမ်းမှ လွဲသွားစေရန် သူ့အားအမြဲတစ်စေ သွေးဆောင်နေသော ရန်သူတို့၏လက်မှလွှတ် မြောက်ရလေအောင် စာတန်စိုးမိုးသော မရဏာနိုင်ငံသို့ သွားခွင့်ပြု၍ ဘုရားသခင်သည် သူ့အားသင်္ချိုင်းဂူအတွင်း ဝှက်ထားတော်မူ၏။ ကတိထားတော်မူသော ပြည်တော်သို့ ဝင်ရလုဆဲတွင် မောရှေမှာထားခဲ့ပါသည်။ ထိုနည်းတူ ဝီလျံမေးလားသည်လည်းကောင်းကင်ခါနန်သို့ ဝင်ရလုဆဲတွင် မိမိဩဇာကို အသုံးပြု၍ သမ္မာတရားကိုဆန့်ကျင်သည့် အမှားပြုခဲ့မိကြောင်း ကျမမြင်တွေ့ရပါသည်။ အခြားသူများတို့သည် ယင်းလမ်းစဉ်သို့ သူတို့ကို ခေါ်ဆောင်ခဲ့ကြ၏။ ထို့ကြောင့် သူတို့ဖြေရှင်းရကြပေလိမ့်မည်။ သို့သော်အဖိုးတန်သော မြေမှုန့်ကိုကောင်းကင်တမန်များက ထိန်းသိမ်း စောင့်ရှောက်ထားကြသည်ဖြစ်၍ နောက်ဆုံးသောတံပိုးမှုတ်ချိန်တွင် ဝီလျံမေးလား ထမြောက်ပေလိမ့်မည်။ GCB58 73.1