Great Controversy 1858

26/43

အခန်း (၂၄) ဒုတိယကောင်းကင်တမန်၏သတင်းစကား။

အသင်းတော်များသည် ပထမကောင်းကင်တမန်သတင်းစကားတော်ကို လက်မခံကြပေ။ ထို့သို့ ကောင်းကင် မှပေးပို့သော အလင်းတရားကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏မျက်နှာသာပေးမှုကို ဆုံးရှုံးခဲ့ရပါသည်။ သူတို့သည် ကိုယ့်ခွန်အားကို ယုံကြည်အားထားပြီး ပထမသတင်းစကားတော်ကို အတိုက်အခံပြုကြသဖြင့် ဒုတိယ ကောင်းကင်တမန်သတင်းစကားဆိုင်ရာ အလင်းတရားကို သူတို့မတွေ့မသိနိုင်သည့် အခြေအနေသို့ရောက်ကြလေ ၏။သို့သော် နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရကြသည့် ဘုရားသခင်၏ ချစ်မြတ်နိုးသောသူများကမူ ‘‘ဗာဗုလုန်မြို့ကြီးပြိုလဲ ပြီး’’ ဟူသော သတင်းစကားကိုလက်ခံလျှက် အသင်းတော်များကို စွန့်ခွာသွားကြလေ၏။ GCB58 59.1

ဒုတိယကောင်းကင်တမန်သတင်းစကားဆိုင်ရာအချိန်ကာလ ကုန်ဆုံးချိန်ရောက်လုနီးသောအခါ ဘုရားသ ခင်၏လူတို့အပေါ်တွင် ကောင်းကင်မှကြီးစွာသော အလင်းရောင်ထွန်းတောက်နေပုံကို ကျမမြင်တွေ့ရပါသည်။ ထိုအ လင်း၏ရောင်ခြည်များမှာ နေ၏အရောင်ကဲ့သို့ ထွန်းတောက်လှပါ၏။ မင်္ဂလာဆောင်လုလင်သည် လာပြီးခရီးဦးကြို ပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကောင်းကင်တမန်တို့၏ ကြွေးကြော်သံများကိုလည်း ကျမကြားရပါသည်။ GCB58 59.2

သန်းကောင်ယံကြွေးကြော်သံဖြစ်၍ ထိုကြွေးကြော်သံအားဖြင့် ဒုတိယကောင်းကင်တမန်၏ သတင်းစကား ကိုအားဖြည့်ပေးရန် ဖြစ်ပါသည်။ စိတ်ဓါတ်ကျဆင်းနေသော သန့်ရှင်းသူများအား နိုးကြားထကြွစေပြီးလျှင် သူတို့ ဆောင်ရွက်ရန် ရှိသေးသည့်အမှုတော်အတွက် ပြင်ဆင်ပေးဖို့ ကောင်းကင်ဘုံမှ ကောင်းကင်တမန်များအား စေလွှတ် တော်မူ၏။ သတင်းစကားကို ပထမဦးစွာ လက်ခံသူများမှာ အရည်အချင်းနှင့် အပြည့်ဝဆုံးသော သူများမဟုတ် ကြပါ။စိတ်နှလုံးနှိမ့်ချ၍ သစ္စာတည်မြဲသောသူများထံသို့ ကောင်းကင်တမန်တို့ကို စေလွှတ်တော်မူပြီးလျှင် မင်္ဂလာ ဆောင်လုလင်သည်လာပြီး၊ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်နိုးဆော်ကြဖို့ သူတို့အား အနိုင်အ ထက်ပြုရန်နီးပါး သွေးဆောင်တော်မူ၏။ ထိုကြွေးကြော်သံအတွက် တာဝန်လွှဲအပ်ခြင်းခံရသောသူများသည် သန့်ရှင်း သောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့် ထိုသတင်းစကားကို အလျင်အမြန် ကြွေးကြော်ကြလေ၏။ စိတ်ဓါတ်ကျဆင်း နေသောညီအစ်ကိုများကိုလည်း နိုးထစေကြ၏။ ဤအမှုတော်သည်လူတို့၏ ပညာဉာဏ်အားဖြင့်မဟုတ်၊ တတ်ကျွမ်း မှုအားဖြင့်လည်းမဟုတ်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်ဖြစ်လိမ့်မည်။ ကိုယ်တော်၏သန့်ရှင်းသူများသည်လည်း ထိုကြွေးကြော်သံကိုကြားရသောအခါ မငြင်းဆန်နိုင်တော့ဘဲ လက်ခံကြပေလိမ့်မည်။ ဝိညာဉ်ရေးစိတ်ဓါတ် အထက် သန်ဆုံးသောသူများသည် ထိုသတင်းစကားကို ပထမဦးဆုံး လက်ခံကြလျှက် ယခင်ကအမှုတော်တွင် ခေါင်းဆောင် သောသူများက နောက်ဆုံးမှလက်ခံကြပြီး မင်္ဂလာဆောင်လုလင်သည် လာပြီးခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန် ဟု သိုက်သိုက်ဝန်းဝန်း ကြွေးကြော်ကြလေ၏။ GCB58 59.3

အနယ်နယ်အရပ်ရပ်တွင် ဒုတိယကောင်းကင်တမန်၏ သတင်းစကားအပေါ် အလင်းတရားကိုပေးတော်မူ သဖြင့် ထိုကြွေးကြော်သံကြောင့် ထောင်သောင်းမကသောသူတို့၏ စတ်နှလုံးပြောင်းလဲကြ၏။ စောင့်မျှော်နေကြသည့် ဘုရားသခင်၏ သားသမီးအပေါင်း နိုးကြားထကြွကြသည့်တိုင်အောင် တစ်မြို့မှတစ်မြို့ တစ်ရွာမှတစ်ရွာသို့ ထိုကြွေး ကြော်သံကို သယ်ဆောင်သွားကြပါသည်။ အသင်းတော်အများက ထိုသတင်းစကားကို ကြွေးကြော်ရန် ခွင့်မပြုကြ သဖြင့် ထိုအသက်ရှင်သော သက်သေခံချက်ကို လက်ခံရရှိထားကြသည့် လူစုလူဝေးကြီးသည် ထိုကျဆုံးသောအ သင်းတော်များမှ ထွက်ခွာသွားကြလေ၏။ သန်းကောင်ယံကြွေးကြော်သံအားဖြင့် ကြီးမြတ်သည့်လုပ်ငန်းကြီးတစ်ရပ် အောင်မြင်ပြီးမြောက်သွားပါသည်။ ထိုသတင်းစကားသည် လူ၏စိတ်နှလုံးကို စစ်ဆေးရှာဖွေလိုသည့်တန်ခိုးရှိသဖြင့် ယုံကြည်သောသူများအား အသက်ရှင်သော ဗဟုသုတကို ကိုယ်တိုင်ရှာဖွေလေ့လာရန် ပို့ဆောင်ပါသည်။ တစ်ဦးကိုတစ်ဦး ဆည်းကပ်အားထားရန် မဖြစ်နိုင်ကြောင်း သူတို့သဘောပေါက်ကြလေ၏။ GCB58 59.4

သန့်ရှင်းသောသူတို့သည် စိုးရိမ်ကြောင့်ကြကြီးစွာဖြင့် ကိုယ်တော်အားစောင့်မျှော်နေကြစဉ် အစာရှောင်ကြ ၏။ သတိဝိရိယထားကြ၏။ အချိန်ပြည့်နီးပါးဆုတောင်းလျှက်နေကြ၏။ ထိုအချိန်ရောက်လာဖို့ ဆိုးသွမ်းသူများပင် ကြောက်လန့်စွာစောင့်နေကြပါသည်။ သို့သော်အများသော လူထုကြီးမှာမူ ထိုသတင်းစကားကို အတိုက်အခံလုပ် လျှက်စာတန်၏ စိတ်ဓါတ်ကို ဖြေရှင်းနေကြပါသည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှ မသိဟုဆိုလျှက် နေရာအနှံ့ အပြားတွင် ပြောင်လှောင်ခြင်း၊ သရောခြင်းပြုကြ၏။ သူတို့၏စိတ်နှလုံးများခိုင်မာသည်ထက်ခိုင်မာအောင်ကောင်း ကင်မှပေးပို့သည့် အလင်းတရားမှန်သမျှကို ငြင်းပယ်ကြလေအောင် စာတန်၏တမန်များက သူတို့အား နိုးဆော်နေကြ လေ၏။ သို့မှသာစာတန်၏ထောင်ချောက်အတွင်းတည်မြဲနေကြပေလိမ့်မည်။ ခရစ်တော်အား စောင့်မျှော်နေကြပါ သည်ဟု အဆိုပြုနေသူအများသည် ထိုအမှုတော်၌ ပါဝင်ခဲ့ခြင်းမရှိပါ။ သူတို့ကိုယ်တိုင် သိတွေ့ရသည့် ဘုရားသခင် ၏ဘုန်းတော်နှင့်စောင့်မျှော်နေကြသော သန့်ရှင်းသူများ၏ သစ္စာရှိမှု၊ စိတ်နှလုံးနှိမ့်ချမှုမှအစ လေးနက်ထင်ရှားနေ သည့်သာဓကများကြောင့်သာ သမ္မာတရားတော်ကို လက်ခံပါသည်ဟု သူတို့အဆိုပြုကြသော်လည်း ပြောင်းလဲခြင်းသို့မ ရောက်ကြ။ ကိုယ်တော်ကြွလာတော်မူသည့်အတွက် သူတို့အသင့်မရှိကြ။ သန့်ရှင်းသူတို့သည် နေရာအနှံ့အပြားတွင် လေးနက်စွာစိတ်ပါစွာ ဆုတောင်းပဌာနာပြု၍နေကြ၏။ သူတို့တွင် သန့်ရှင်းမြင့်မြတ်သောခံစားမှု ရှိနေကြ၏ သတင်း စကား၏အကျိုးသက်ရောက်မှုကို ကောင်းကင်တမန်များက စိတ်အားထက်သန်စွာစောင့်ကြည့်နေကြပြီးလျှင် ထိုသ တင်းစကားကို လက်ခံသူများအနေဖြင့် ကယ်တင်ခြင်းဆိုင်ရာ အသက်စမ်းရေကို မြောက်မြားစွာရရှိနိုင်ကြစေရန် သူ တို့အားလောကီရေးရာများမှ ဆွဲယူ၍ အထက်သို့မြှင့်တင်နေကြပါသည်။ ထိုအခါကိုယ်တော်သည် မိမိ၏လူများကို လက်ခံတော်မူ၏။ သူတို့သည်လည်း ယေရှုရှင်အားရောင်ပြန်ဟပ်နေကြသည်ဖြစ်၍ ကိုယ်တော်သည် သူတို့အားမြတ် နိုးစွာဖြင့် ရှုစားတော်မူ၏။ သူတို့သည် ကိုယ်ကျိုးကိုလုံးလုံးလျားလျားစွန့်၍ ကိုယ့်ကိုယ်ကို အကြွင်းမဲ့ဆက်ကပ်အပ်နှံ ထားကြသဖြင့် မဖေါက်ပြန်မပျက်စီးနိုင်သည့်ဘဝသို့ ပြောင်းလဲမည့်အချိန်ကို စောင့်မျှော်နေကြပါသည်။ သို့သော်အ လိုတော်နှင့်အညီ ဝမ်းနည်းစွာဖြင့် စိတ်ပျက်ရကြပြန်၏။ လွှတ်မြောက်ကြတော့မည်ဟု မျှော်မှန်းလျှက်စောင့်နေ သောအချိန်လွန်သွားလေပြီး။ သူတို့မူကား ဤကမ္ဘာပေါ်၌ပင် ရှိနေကြသေး၏။ မည်သည့်အခါက ဤမျှလောက်ဆိုး ရွားသောခံစားမှုနှင့် မတွေ့မကြုံခဲ့ရကြပါ။ ကောင်းကင်ဘုံကိုသာ သူတို့ချစ်မြတ်နိုးခဲ့ကြ၏။ သေခြင်းကင်းသော ဘဝ ဆိုင်ရာ လွှတ်မြောက်ရေးကိုလည်း စိတ်အာရုံတွင် ကြည်နူးစွာဖြင့် မျှော်မှန်း၍ မြည်းစမ်းခဲ့ရကြ၏။ သို့သော်သူတို့ ၏မျှော်လင့်ချက်များကို အကောင်အထည်မပေါ်ခဲ့ကြပါ။ GCB58 59.5

အများသောသူတို့ကြောက်ရွံ့ခဲ့ကြသော်လည်း သူတို့၏ကြောက်စိတ်များချက်ခြင်းပင် ပျောက်ကွယ်မသွားပါ။ စိတ်ပျက်ခြင်းနှင့် ရင်ဆိုင်ရသူများကိုလည်း သူတို့ချက်ခြင်းအနိုင်မရသေးပါ။ သို့သော်ဘုရားသခင်၏ အမျက်တော် ကျရောက်ပုံမပေါ်သောအခါ သူတို့၏ကြောက်စိတ်များပျောက်၍ ပြောင်လှောင်ခြင်း၊ သရော်ခြင်း၊ ပြက်ရယ်ပြုခြင်း များကို အစပြုကြပြန်၏။ ဤသို့အားဖြင့် ဘုရားသခင်၏ လူတို့သည်မှတ်ကျောက်တင်ခံရပြန်၏။ လောကီသားများက သူတို့အားကြည့်၍ရယ်ကြ၏။ ပြောင်လှောင်ကြ၏။ ပြစ်တင်ဝေဖန်ကြ၏။ ခရစ်တော်သည် ထိုအချိန်က ကြွလာတော်မူ ပြီးလျှင် စုတေ့သောသူများအား ထမြောက်စေတော်မူလိမ့်မည်။ အသက်ရှင်သော သန့်ရှင်းသူများဘဝပြောင်းလဲစေ လိမ့်မည်။ နိုင်ငံတော်ကိုသိမ်းယူပြီးလျှင် ထာဝစဉ်စိုးမိုးတော်မူလိမ့်မည်ဟု သံသယမရှိ၊ အမှန်တကယ်ယုံကြည်ခဲ့သော သူတို့သည်ခရစ်တော်၏သင်္ချိုင်းတော်သို့သွားရန် ‘‘ကျမ၏သခင်ကိုယူသွားကြပြီးအဘယ်မှာထားကြသည်ကို မသိပါ’’ ဟုပြောခဲ့သည့် တပည့်တော်များခံစားခဲ့ရသည့်နည်းတူ ယခုလည်း သူတို့ခံစားရကြလေ၏။ GCB58 60.1

ဆက်လက်လေ့လာရန်။ မဿဲ ၂၄:၃၆။ ၂၅:၆။ ယော ၂၀:၁၃။ ဗျာ ၁၄:၈။ GCB58 60.2