Great Controversy 1858

27/43

အခန်း (၂၅) မြော်လင့်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို သရုပ်ဖေါ်ထားခြင်း။

လူအုပ်စုအမြောက်အမြားအား အုပ်စုလိုက်ကြိုးများနှင့်ချည်နှောင်ထားပုံကို ကျမရှုမြင်ရပါသည်။ ထိုအုပ်စု များတွင် များစွာသောလူတို့သည် မှောင်မိုက်အတွင်းလုံးဝ ရောက်ရှိနေကြပါသည်။ သူတို့သည် မြေကြီးကိုသာငုံကြည့် နေကြသဖြင့် ယေရှုရှင်နှင့်သူတို့စပ်ကြားတွင် အဆက်အသွယ်မရှိပါ။ သို့သော်ထိုလူအုပ်စုအတွင်း သူတို့၏ မျက်နှာ ပေါ်တွင် အလင်းရောင်ထွန်းတောက်နေပုံရသော သူအချို့တို့သည် ပြန့်ကြဲလျှက် ရှိနေကြပြီးလျှင် ကောင်းကင်သို့ မျှော်ကြည့်နေကြပါသည်။ ယေရှုထံမှလာသော အလင်းရောင်များသည် နေရောင်ခြည်ပမာ သူတို့အား အလင်းရောင် ပေးနေပါသည်။ သေချာစွာကြည့်ရန် ကောင်းကင်တမန်က ကျမအားပြောပြသဖြင့် ကြည့်လိုက်ရာ သူတို့၏မျက်နှာ ပေါ်တွင် အလင်းရောင်ထွန်းတောက်နေကာ သူတို့အားကောင်းကင်တမန်တစ်ပါးစီက စောင့်ကြပ်နေပုံနှင့် မှောင်မိုက် အတွင်း၌ ရှိနေသောသူများအား စာတန်၏တမန်များက ဝန်းရံထားကြပုံကို ကျမရှုမြင်ရပါသည်။ ထိုအခါကောင်းကင် တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီးဟု ကြွေး ကြော်လလိုက်သည်ကို ကျမကြားရပါသည်။ GCB58 60.3

လက်ခံလိုသောသူတိုင်း အလင်းတရားရရှိစေရန် ထိုလူအုပ်စုတိုင်းအပေါ်သို့ ဘုန်းရောင်ခြည်ဆင်းသက်လာ ပါသည်။ မှောင်မိုက်အတွင်းရှိနေကြသောလူအချို့ အလင်းတရားကိုလက်ခံ၍ ဝမ်းမြောက်ကြ၏။ အခြားသောသူတို့ ကသူတို့အားလမ်းလွှဲသွားစေမည့် အလင်းရောင်ဖြစ်ကြောင်းပြော၍ ကောင်းကင်မှလာသောထိုအလင်းရောင်သည် လည်းသူတို့ကို ကျော်လွန်သွားသဖြင့် မှောင်ကိုက်အတွင်းမှာပငါ ကျန်ရစ်ခဲ့ကြလေ၏။ ယေရှုရှင်ထံမှလာသောထိုအ လင်းရောင်းကို လက်ခံသောသူများသည် ထိုသို့တိုးတက်ရရှိမည့် မွန်မြတ်သောအခင်းရောင်ကို နှစ်ခြိုက်မြတ်နိုးသ ဖြင့်ဝမ်းမြောက်ကြ၏။ သူတို့၏မျက်နှာများသည် သန့်ရှင်းသောဝမ်းမြောက်ခြင်းဖြင့် ပြုံးရွှင်လျှက်ယေရှုရှင်အား စိတ် ပါစွာဖြင့်အာရုံပြုပြီးလျှင် ကောင်းကင်သို့မျှော်ကြည့်လျှက် ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင် တော်မူသောအချိန်ရောက်လာပြီးဟု ကောင်းကင်တမန်တို့နှင့်အတူ လိုက်လျောညီထွေစွာ ကြွေးကြော်ကြသောအခါ မှောင်မိုက်အတွင်းရှိနေသောသူများက သူတို့၏ပုခုံးနှင့်နံဘေးကို တိုက်ခိုက်ကြသည်ကို ကျမမြင်တွေ့ရပါသည်။ ထို့ နောက်လက်ခံရရှိသည့် မြတ်တော်တူသော အလင်းတရားကို နှစ်ခြိုက်မြတ်နိုးသောလူအများစုသည် သူတို့အား နှောင်ဖွဲ့ထားသောကြိုးကိုဖြေ၍ ထိုလူအုပ်စုများနှင့် ခွဲခွာသွားကြပြီးလျှင် သီးခြားရပ်တည်နေကြသည်။ ထိုသို့သူတို့ပြု နေစဉ်ထိုအုပ်စု အသီးသီးက အရိုအသေပြုခြင်းကိုခံရသောသူများသည် မိမိတို့လူအုပ်များကို လိုက်လံစစ်ဆေး၍ အချို့ကအသံချိုသာစွာဖြင့်လည်းကောင်း၊ အချို့တို့ကအမျက်ဒေါသထွက်နေသည့် မျက်နှာထားဖြင့်လည်းကောင်း၊ အချို့ကခြိမ်းခြောက်သည့် ပုံစံဖြင့်လည်းကောင်း၊ လျော့နေသောကြိုးများကို ပြန်၍ တင်းထား လိုက်ကြပါသည်။ ထို့အပြင် ထိုသူများက ဘုရားသခင်သည် ငါတို့နှင့်ရှိတော်မူ၏။ ငါတို့အလင်းတရား၌ ရပ်တည်ကြ၏။ ငါတို့၌ သမ္မာတရားရှိ၏ဟု ဆက်ကာဆက်ကာ ပြောဆိုနေကြပါသည်။ သူတို့မည်သူမည်ဝါဖြစ်ကြောင်းကို ကျမကမေးသော အခါသူတို့သည် အလင်းတရားကို ကိုယ်တိုင်ငြင်းပယ်သည့် ဓမ္မအမှုတော်ဆောင်များနှင့် လူထုခေါင်းဆောင်များဖြစ် ကြောင်းထိုအလင်းတရားကို အခြားသူများက လက်ခံကြမည်ဟုဆိုပါသော်လည်း သဘောမတူသောသူများဖြစ် ကြောင်းပြောပြပါသည်။ အလင်းတရားကို ကြည်နူးစွာဖြင့် လက်ခံသောသူများသည် ကောင်းကင်သို့ စိတ်အားထက် သန်စွာမျှော်ကြည့်လျှက် ယေရှုရှင်ကြွလာတော်မူပြီးလျှင် သူတို့အား သိမ်းဆည်းတော်မူရန် စောင့်နေကြပါသည်။ မကြာမီ သူတို့အပေါ်သို့မိုးတိမ်တစ်ခုဖြတ်ကျော်သွားသဖြင့် သူတို့သည်လည်း ဝမ်းနည်းကြေကွဲကြလေ၏။ ထိုမိုးတိမ် ဖြစ်ပေါ်ရသည့်အကြောင်းကို ကျမကမေးမြန်းသောအခါ သူတို့အတွက် စိတ်ပျက်စရာဖြစ်ကြောင်း ကျမအားဖေါ်ပြ ရင်း ကယ်တင်ရှင်ကြွလာတော်မူမည်ဟု သူတို့မျှော်လင့်ထားသောအချိန် ကျော်လွန်သွားပြီးဖြစ်သော်လည်း ယေရှုရှင် ကြွလာတော်မမူသေးပါ စောင့်မျှော်နေသောသူများ စိတ်ပျက်ကြရသောအခါ ယခင်ကကျမသတိပြုမိသော ဓမ္မအမှု တော်ဆောင်များနှင့် လူထုခေါင်းဆောင်များ ရွှင်မြူးကြလေ၏။ အလင်းတရားကို ငြင်းပယ်ခဲ့ကြသောသူများက လည်းကြီးစွာ အောင်ပွဲခံကြလေ၏။ စာတန်နှင့်သူ၏တမန်တို့ကလည်း ဝမ်းမြောက်ရွှင်မြူးစွာ ဝိုင်းရံထားလေ၏။ GCB58 60.4

ထို့နောက်အခြားသော ကောင်းကင်တမန်တစ်ပါးက ဗာဗုလုန်မြို့ကြီးပြိုလဲပြီး၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီးဟု လိုက်၍ကြွေးကြော်သည့်အသံကို ကျမကြားရပါသည်။ စိတ်ပျက်နေသောသူများအပေါ်သို့ အလင်းတစ်ရပ်ထွန်းလင်း ပြန်သောအခါ ကိုယ်တော်ကြွလာတော်မူရန်အတွက် စိတ်အားထက်သန်နေသောသူများက ယေရှုထံသို့ အာရုံစူးစိုက် ထားကြပြန်၏။ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီးဟု ကြွေးကြော်သောကောင်းကင်တမန်နှင့် အခြားသော ကောင်းကင်တမန် များသည်လည်း မင်္ဂလာဆောင်လုလင်သည် လာပြီးခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်သော ကောင်းကင်တမန်နှင့်သွား၍ ပူးပေါင်းကြပုံကိုလည်းကောင်း ကျမမြင်တွေ့ရပါသည်။ ထိုကောင်းကင်တမန်အပေါင်း ၏သာယာသောသီချင်းသံများ၊ နေရာအနှံ့အပြားသို့တိုင်အောင် ရောက်ရှိပုံပေါ်လွင်ပါသည်။ သူတို့လက်ခံရရှိသော အလင်းတရားကို နှစ်ခြိုက်မြတ်နိုးသူများ၏ ဝန်းကျင်တွင် ဘုန်းကြီးတော်မူသော အလင်းရောင်သည် ထူးခြားစွာ ထွန်းတောက်နေပါသည်။ သူတို့၏မျက်နှာများသည်လည်း ထူးမြတ်သော ဘုန်းတော်ရောင်ခြည်ထွန်းတောက်လျှက် ကြည့်ပါမင်္ဂလာဆောင်လုလင်သည်လာပြီးဟု ကြွေးကြော်သော ကောင်းကင်တမန်များနှင့် ပူးပေါင်းလျှက် သူတို့နှင့်အ တူတကွ ကြွေးကြော်ကြပါသည်။ သူတို့သည်လူအုပ်အသီးသီးတွင် တညီတညွတ်တည်း ကြွေးကြော်သောအခါ အလင်း တရားကိုလက်မခံသောသူများက သူတို့အားစိတ်ဆိုးသော မျက်နှာထားများဖြင့် တွန်းထိုးပစ်ကြ၏။ ပြက်ရယ်ပြုကြ ၏။ ပြစ်တင်ဝေဖန်ကြ၏။ ထိုသို့နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသူများအနေဖြင့် ကောင်းကင်မှလာသောအလင်းတရား ကိုငြင်းပယ်ကြလေအောင် စာတန်နှင့် ကောင်းကင်တမန်များက သူတို့၏အမှောင်ထုဖြင့် ဖိနှိပ်လျှက်သွေးဆောင်နေ ကြသော်လည်း ဘုရားသခင်၏ ကောင်းကင်တမန်များက ထိုအမှောင်ထုကို သူတို့၏ အတောင်များခတ်လျှက်ကာ ကွယ်ခဲ့ကြပါသည်။ GCB58 61.1

ထို့နောက်တွန်းထိုးခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း ခံနေရသူများအား သင်တို့သည် သူတို့အထဲမှထွက်၍ မစင်ကြယ် သောအရာကို လက်နှင့်မျှမတို့ကြနှင့်ဟုပြောသောအသံကို ကျမကြားရပါသည်။ ထိုအသံကို နားထောင်သောအားဖြင့် လူအများနှောင်ဖွဲ့ထားသော ကြိုးများကိုဖြတ်တောက်၍ မှောင်မိုက်အတွင်း၌ ရှိသော ထိုလူအုပ်စုများမှ ထွက်ခွာ၍ သူတို့ရှေ့မှလွတ်မြောက်သွားကြသောသူတို့နှင့် ပူးပေါင်းကြပြီးလျှင် သူတို့နှင့်အတူ ဝမ်းမြောက်စွာ ဆက်လက်ကြွေး ကြော်ကြပါသည်။ မှောင်မိုက်အတွင်းရှိ လူအုပ်စုများတွင် ပြင်းစွာသောစိတ်ဒုက္ခခံရကြသဖြင့် စိတ်ပါလျှက် ဆုတောင်း ပဌနာပြုနေကြသောလူအချို့၏အသံကို ကျမကြားရပါသည်။ ဓမ္မဆရာများနှင့် ခေါင်းဆောင်များသည် လူအုပ်အသီး သီးများကို လိုက်လံစစ်ဆေးကြပြီးလျှင် ချည်နှောင်ထားသောကြိုးများကိုပို၍ တင်းကြပ်ခိုင်မြဲစေသော်လည်း ထိုစိတ် ပါ၍ ရွတ်ဆိုနေသည့်ပဌနာသံကို ကျမကြားရနေဆဲပင်ဖြစ်ပါသည်။ ထို့နောက်ထိုကဲ့သို့ ဆုတောင်းနေကြသောသူများ သည်သူတို့၏ လက်များကိုမြှောက်လျှက် သူတို့ရှေ့က လွှတ်မြောက်သွားပြီးလျှင် ဘုရားသခင်၌ ဝမ်းမြောက်ခြင်းခံစား နေရသူများထံမှ အကူအညီတောင်းခံနေကြသည်ကို ကျမမြင်တွေ့ရပါသည်။ ထိုလွှတ်မြောက်သွားသောသူများက လည်းကောင်းကင်သို့စိတ်ပါစွာ ကြည့်မျှော်ညွှန်ပြလျှက် သင်တို့အထဲကထွက်၍ အသီးအခြားနေကြလော့ဟု ပြန်၍ ဖြေကြပါသည်။ လူအသီးသီးတို့သည်လည်း မိမိတို့၏လွှတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားတွန်းလှန်နေကြ ရာနောက်ဆုံးတွင် သူတို့အားချည်နှောင်ထားသည့်ကြိုးများကို ဖြတ်တောက်နိုင်ကြသည်ဟု ကျမဆက်၍မြင်ရပါ သည်။ သိတို့အားချည်နှောင်ထားသည့် ကြိုးများကို ပို၍ တင်းကြပ်အောင်ပြုကြသောအခါ သူတို့ခုခံတွန်းလှန်ကြ ပြီးလျှင် အမှောင်ထု၌ရှိသောသူတို့၏ ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ငါတို့၌ သမ္မာတရားရှိ၏ဟု တဖန် တလဲလဲအခိုင်အမာ ပြောနေကြသည့်စကားသံများကိုလည်း သူတို့ နားမထောင်ကြတော့ပါ။ လူတို့သည် မှောင်မိုက် အတွင်းရှိနေသော အုပ်စုများမှစဉ်ဆက်မပြတ် ထွက်ခွာနေကြပြီးလျှင် မြေကြီးထက်မြင့်ပုံရသော လွတ်လပ်သည့်လွင် ပြင်ပေါ်ရှိ လွတ်လပ်သည့်အုပ်စုနှင့်သွား၍ ပူးပေါင်းကြပါသည်။ သူတို့သည် အထက်သို့ ငေးမောလျှက် နေကြစဉ် ဘုရားသခင်၏ ဘုန်းတော်သည် သူတို့အပေါ်သို့သက်ရောက်သဖြင့် ကိုယ်တော်အား ဝမ်းမြောက်စွာဖြင့် အသံလွှင့်၍ ချီးမွမ်းထောမနာ ပြုကြလေ၏။ သူတို့အားလုံးရင်းနှီးစွာပူးပေါင်းလျှက် ကောင်းကင်မှအလင်းရောင်ဖြင့် ပတ်ရစ်ထား ပုံရပါသည်။ ထိုအုပ်စုဝန်းကျင်တွင် အလင်းတရား၏ ဩဇာသက်ရောက်မှုကြောင့် ရောက်ရှိနေသူအချို့ရှိပါသည်။ သို့သော် ထိုသူတို့သည် ထိုအုပ်စုနှင့်တိကျစွာပူးပေါင်းခြင်းမရှိချေ။ သူတို့လက်ခံရရှိသော အလင်းတရားကိုမြတ်နိုး သောသူတိုင်းအထက်အရပ်သို့ စိတ်ပါဝင်စားစွာငေးမောနေကြသည်ကို ယေရှုရှင်သည် နှစ်သက်ကျေနပ်စွာ ကြည့်ရှု နေတော်မူ၏။ ကိုယ်တော်ကြွလာဖို့ သူတို့မျှော်လင့်တောင့်တသဖြင့် ကိုယ်တော်ပေါ်ထွန်းလာဖို့ကိုသာ လိုလားနေကြ ပါသည်။ ကမ္ဘာမြေကြီးဖက်သို့ တစ်ချက်မျှပင်လှည့်၍မကြည့်ပါ။ သို့သော်စောင့်မျှော်နေသူများအပေါ်သို့ မိုးတိမ်တစ် ရပ်ပေါ်ထွန်းလာပြန်၏။ ထိုအခါသူတို့သည် ပင်ပန်းနေသောမျက်စိများဖြင့် အောက်ဖက်သို့လှည့်၍ ကြည့်လိုက်ကြ သည်ကိုကျမမြင်တွေ့ရပါသည်။ ထိုသို့ပြောင်းလဲသွားကြပုံအကြောင်းရင်းကို ကျမမေးမြန်းသောအခါ သူတို့မျှော်လင့် ခြင်းများအတွက် နောက်တစ်ဖန်စိတ်ပျက်ရကြ၏။ ယေရှုသည် မြေကြီးပေါ်သို့မကြွလာနိုင်သေးပါ။ ကိုယ်တော် အ တွက်ပို၍ ကြီးသောဒုက္ခများကို သူတို့ခံရကြပါလိမ့်ဦးမည်။ သူတို့၏မှားယွင်းချက်များနှင့် လူတို့ထံမှ ဆည်းပူးထား သော ထုံးစံဓလေ့များကိုစွန့်ပယ်၍ ဘုရားသခင်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ဖက်သို့ သူတို့လုံးလုံးလျား လျားပြောင်းလဲရကြဦးမည်။ သူတို့သည် သန့်စင်ပြီးဖြစ်ရမည်။ ဖြူစင်ပြီးဖြစ်ရမည်။ စမ်းသပ်စစ်ဆေးပြီး ဖြစ်ရမည်။ ပြင်းထန်သောစမ်းသပ်စစ်ဆေးခြင်းများကိုလည်း သည်းခံကျော်လွှားနိုင်သူများသာ ထာဝရအောင်ပွဲကို ခံရကြပေ လိမ့်မည်ဟု ကျမ၏အဖေါ်ကောင်းကင်တမန်က ပြောပြပါသည်။ GCB58 62.1

ဝမ်းမြောက်စွာဖြင့် မျှော်လင့်နေသောလူစုက မျှော်မှန်းထားသည့်အတိုင်း ဤကမ္ဘာမြေကြီးကို မီးဖြင့်သန့်စင် စေခြင်းငှါ သန့်ရှင်းရာဌာနတော်ကို ဆေးကြောရန် ယေရှုသည် ဤကမ္ဘာမြေကြီးပေါ်သို့ ကြွလာတော်မမူခဲ့ပါ။ ပရော ဖက်အနာဂတ္တိစကားများဆိုင်ရာ အချိန်ကာလအပိုင်းအခြားများနှင့်ပတ်သက်၍ သူတို့တွက်ချက်ကြပုံ မှန်ကန် ကြောင်းကိုလည်းကောင်း၊ ပရောဖက်အနာဂါတ်အချိန်သည် (၁၈၄၄) ခုနှစ်တွင် အချိန်ကာလ ကုန်ဆုံးသည်ကိုလည်း ကောင်း၊ ထိုအချိန်ကာလ ကုန်ဆုံးသောအခါ ယေရှုသည် သန့်ရှင်းရာဌာနတော်ကို ဆေးကြောရန် အသန့်ရှင်းဆုံးသော အခန်းသို့ဝင်ရောက်သည်ကိုလည်းကောင်း၊ ကျမရှုမြင်ရပါသည်။ သန့်ရှင်းရာဌာနတော်၏ အဓိပ္ပါယ်ကိုလည်း ကောင်းမည်သို့မည်ပုံ ဆေးကြောတော်မူမည်ကိုလည်းကောင်း၊ သူတို့မသိနားမလည်ခြင်းမှာ သူတို့အမှားပင် ဖြစ်နေ ပါသည်။ ကိုယ်တော်အားစောင့်မျှော်နေကြလျှက် စိတ်ပျက်နေသောလူစုကို ကျမပြန်၍ ကြည့်လိုက်သောအခါ သူတို့ ဝမ်းနည်းနေပုံရပါသည်။ သူတို့၏ ယုံကြည်ခြင်းအတွက် သက်သေခံအထောက်အထားများကို သူတို့ပြန်၍ အသေအ ချာ ဆန်းစစ်ကြပါသည်။ ပရောဖက်အနာဂတ္တိစကားဆိုင်ရာ အချိန်ကာလ အပိုင်းအခြားများကိုလည်း တောက် လျှောက်ပြန်လည်တွက်ချက်စစ်ဆေးကြပါလိမ့်မည်။ သို့သော်အမှားမတွေ့ကြပါ။ အချိန်စေ့သွားပြီးဖြစ်သော်လည်း ကယ်တင်ရှင် အဘယ်မှာ ရှိနေပါသနည်း။ သူတို့၏ ကယ်တင်ရှင် သူတို့မတွေ့ရတော့ပါ။ GCB58 62.2

တပည့်တော်များသည် ယေရှုဋ္ဌ သင်္ချိုင်းတော်သို့ သွားကြသောအခါ ကိုယ်တော်၏အလောင်းတော်ကို မတွေ့ ရကြသဖြင့် စိတ်ပျက်ရကြပုံကို ကျမအားပြတော်မူ၏။ မာရိက ‘‘ကျမ၏သခင်ကို ယူသွားကြပြီး အဘယ်မှာထားသည် ကိုမသိပါ’’ ဟုပြောပါသည်။ ထိုအခါ ကောင်းကင်တမန်များက သူတို့၏အရှင် ထမြောက်တော်မူပြီး ဖြစ်ကြောင်း သူတို့ ၏ရှေ့မှဂါလိလပြည်သို့ သွားနှင့်ပြီးဖြစ်ကြောင်း ဝမ်းနည်းနေသော တပည့်တော်များအား ပြောပြလိုက်ပါသည်။ GCB58 63.1

ထိုနည်းတူကိုယ်တော်ကြွလာတော်မူမည်ကို စောင့်မျှော်နေကြသည့်အတွက် စိတ်ပျက်ရကြသောသူများ အားယေရှုသည် အထူးပင် သနားကြင်နာစိတ်ရှိတော်မူကြောင်း ကျမမြင်ရပါသည်။ ထို့ကြောင့် ကိုယ်တော်ရှိတော်မူ သောအရပ်သို့ လိုက်လာကြရန် သူတို့၏စိတ်အာရုံများကို လမ်းညွှန်ရန် ကောင်းကင်တမန်များကို စေလွှတ်တော်မူ၏။ ဤကမ္ဘာမြေကြီးသည် သန့်ရှင်းရာဌာနတော်မဟုတ်ကြောင်း ကိုယ်တော်သည် သန့်ရှင်းဆုံးသောဌာနတော် ဖြစ်သည့် ကောင်းကင်သန့်ရှင်းရေးဌာနတော်တွင်းသို့ ဝင်ရမည်ဖြစ်ကြောင်း ထိုဌာနတော်တွင် မိမိလူတို့အတွက် အပြစ်ဖြေလွှတ် ခြင်းအမှုကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ပြီးသောအခါ ခမည်းတော်ထံမှနိုင်ငံတော်ကို လက်ခ့ရ မည်ဖြစ်ကြောင်း ထို့နောက်မှ ဤကမ္ဘာမြေကြီးပေါ်သို့ ပြန်လာပြီးလျှင် သူတို့သည် ကိုယ်တော်နှင့်အတူ ထာဝရကာ လပတ်လုံးရှိနေကြစေရန် ခေါ်တော်မူမည်ဖြစ်ကြောင်းများကို သူတို့အား ဖေါ်ပြတော်မူ၏။ ယခင်ကပထမအကြိမ် စိတ်ပျက်ခဲ့ရသော တပည့်တော်များသည် (၁၈၄၄) ခုနှစ်တွင် ကိုယ်တော်ကြွလာတော်မူမည်ကို စောင့်မျှော်နေကြသည့် အတွက် စိတ်ပျက်ရကြသောသူများအား ပုံဆောင်ထားခဲ့သည်မှာ လျော်ကန်သင့်မြတ်လှပါသည်။ GCB58 63.2

ယေရှုသည်မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့တွင်းသို့ အောင်မြင်စွာ ဝင်သည့်အချိန်ကို ကျမအားခေါ် ဆောင်သွားပါသည်။ ထိုအချိန်က ကိုယ်တော်သည် ဣသရေလနိုင်ငံကိုသိမ်းပိုက်၍ လောကီဘုရင်အဖြစ် အုပ်စိုး တော်မူမည်ဟု ဝမ်းမြောက်နေသော တပည့်တော်များက ယုံကြည်ခဲ့ကြပါသည်။ ထို့ကြောင့် သူတို့ဘုရင်မင်းမြတ်၏ နောက်တော်သို့ မျှော်လင့်ကြီးစွာဖြင့် လိုက်ပါသွားခဲ့ကြပါသည်။ လှပသောစွံပလွန်ခက်များကို ခုတ်ချပြီးလျှင် မိမိတို့ ၏အပေါ်ဝတ်လုံများကိုလည်းချွတ်၍ ကိုယ်တော်ကြွလာတော်မူရာလမ်းတွင် စိတ်အားထက်သန်စွာဖြင့် အားပါးတရ ခင်းထားကြပါသည်။ အချို့က ကိုယ်တော်၏နောက်တော်မှ လိုက်ခဲ့ကြသလို အချို့က ရှေ့တော်မှသွား၍ ဟောရှဏ္ဏဖြစ် စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ယခုတည်လုသော ငါတို့၏အဘဒါဝိတ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေသ တည်း။ ကောင်းကင်ဘဝဂ်ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။ ထိုသို့လူအများ လှုပ်ရှားကြသည့်အတွက် ဖါရိရှဲတို့ စိတ်အနှောင့်အယှက်ရကြ၍ တပည့်တော်များအားဆုံးမရန်ယေရှုကိုလျှောက်ကြသောအခါကိုယ်တော်ကငါ ဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော် မူ၏။ ဇာခရိ(၉:၉) တွင် ပြည့်စုံရမည်ဖြစ်သော်လည်း တပည့်တော်များအနေဖြင့် ကြီးစွာသောစိတ်ပျက်ခြင်းနှင့် ရင်ဆိုင် ရကြမည်ဖြစ်ကြောင်း ရှေးမဆွမီကပင်စီရင်ချက်ချမှတ်ထားခဲ့ခြင်း ဖြစ်ပါသည်။ နောက်ရက်များမကြာမီအတွင်း ယေရှု ၏နောက်မှကရာနီကုန်းသို့ လိုက်သွားကြပြီးလျှင် ကြမ်းကြုတ်သောလက်ဝါးကပ်တိုင်ပေါ်တွင် ရက်စက်စွာရိုက်နှက် ထိုးသတ်ထားသဖြင့် သွေးများယိုစီးလေသည်ကို ကြည့်ရှုခဲ့ရကြပါသည်။ ပြင်းစွာသော နာကျင်ခြင်းဝေဒနာဖြင့် ကွပ်မျက်ခြင်းခံရသည်ကို သူတို့ကိုယ်တိုင် တွေ့မြင်ရကြပြီးမှ သင်္ချိုင်းတော်အတွင်း ဂူသွင်းထားလိုက်ကြပါသည်။ သူတို့၏မျှော်လင့်ချက်များ စိုးစဉ်းမျှ အကောင်အထည်မပေါ်သဖြင့် စိတ်ပျက်ဝမ်းနည်းကြ၏။ သူတို့၏မျှော်မှန်းချက် များလည်း တစ်ခုမကျန် ယေရှုနှင့်အတူ သေဆုံးကြလေပြီးတကား။ သို့သော်ကိုယ်တော်ထမြောက်တော်မူပြီးနောက် ဝမ်းနည်းကြေကွဲနေကြသော တပည့်တော်များထံသို့ သွားရောက်ဆုံတွေ့သောအခါ သူတို့၏မျှော်မှန်းချက်များလည်း ပြန်လည်ရှင်သန်လာကြပါသည်။ ကိုယ်တော်အားပျောက်ဆုံးသွားသော်လည်း သူတို့ပြန်၍ တွေ့ဆုံကြလေပြီ။ GCB58 63.3

(၁၈၄၄) ခုနှစ်ကသခင်ဘုရားကြွလာတော်မူမည်ဟု ယုံကြည်ခဲ့သူများ စိတ်ပျက်ခဲ့ရပုံများမှာ ပထမအကြိမ် တပည့်တော်များ စိတ်ပျက်ခဲ့ရကြပုံကို မမီသေးဟုကျမရှုမြင်ပါသည်။ ပထမကောင်းကင်တမန်နှင့် ဒုတိယကောင်း ကင်တမန်တို့၏ သတင်းစကားများနှင့် သက်ဆိုင်သော ပရောဖက်၏အနာဂတ္တိစကားများ ပြည့်စုံခြင်းသို့ရောက်လေ ပြီး။ ထိုသတင်းစကားများကို အချိန်ကိုက်အတိုင်းပေးပို၍ ၎င်းတို့အား အပ်နှင်းထားသည့်လုပ်ငန်းတာဝန်များသည် ဘုရားသခင် ကြံစည်ထားတော်မူသည့်အတိုင်း အောင်မြင်စွာ ပြီးဆုံးသွားလေပြီ။ GCB58 63.4

ဆက်လက်လေ့လာရန်။ ဒံယေလ ၈:၁၄။ မဿဲ ၂၁:၄-၁၆။ ၂၅:၆။ မာကု ၁၆:၆-၇။ လု ၁၉:၃၅-၄၀။ ယော ၁၄:၁-၃။ ၂၀:၁၃။ ၂ကော ၆:၁၇။ GCB58 64.1