Great Controversy 1858

25/43

အခန်း (၂၃) ပထမကောင်းကင်တမန်၏သတင်းစကား

အချိန်ကာလနှင့်ပတ်သက်၍ (၁၈၄၃) ခုနှစ်၏ကြွေးကြော်ခြင်းကို ဘုရားသခင်အလိုတူကြောင်း ကျမတွေ့ရှိ ခဲ့ပါသည်။ ထိုစဉ်ကလူအများကိုနိုးကြားစေလျှက် သမ္မာတရားတော်နှင့်အညီ ဆုံးဖြတ်ကြရန် အလိုတော်ရှိခဲ့ပါသည်။ ပရောဖက်အနာဂတ္တိစကားများတွင် ဖေါ်ပြထားသည့်အချိန်ကာလ အပိုင်းအခြားနှင့်စပ်လျဉ်း၍ သူတို့တွက်ချက်ယူ ဆပုံများအမှန်ဖြစ်ကြောင်း ဓမ္မအမှုဆောင်များ ယုံကြည်ကြသည်။ ထို့ကြောင့် အချို့တို့သည် မိမိတို့၏ ဂုဏ်သိက္ခာ လစာနှင့် အသင်းတော်ကိုစွန့်လွှတ်၍ တစ်မြို့မှတစ်မြို့၊ တစ်နေရာမှတစ်နေရာသို့ လှည့်လည်ပြီးလျှင် ထိုသတင်းစ ကားကို ဟောပြောခဲ့ကြပါသည်။ သို့သော်လည်း ကောင်းကင်မှပေးပို့သည့် သတင်းစကားကို ခရစ်တော်၏အမှုတော် ဆောင်အမည်ခံသူ အနည်းငယ်ကသာ လက်ခံကြသဖြင့် ဓမ္မအမှုတော်ဆောင်မဟုတ်သူလူအများအပေါ် တာဝန်ကျ ရောက်ခဲ့ပါသည်။ ထိုသတင်းစကားကိုကြွေးကြော်ရန် အချို့ကမိမိတို့၏ လယ်ယာများကိုစွန့်လွှတ်ကြ၏။ အချို့တို့က မိမိတို့ရောင်းဝယ်ဖေါက်ကားသည့်ကုန်ပစ္စည်းများနှင့် ဆိုင်များကိုစွန့်လွှတ်ခဲ့ကြပါသည်။ အချို့အတတ်ပညာရှင်များ ပင်လျှင် မိမိတို့၏ရာထူးဂုဏ်ကိုစွန့်လွှတ်၍ လူအများမကြိုက်နှစ်သက်သည့် ပထမကောင်းကင်တမန်သတင်းစကား ကိုကြွေးကြော်ရန် တာဝန်ယူ၍ မလုပ်၍မရ ပြုလုပ်ကြပါသည်။ GCB58 55.3

ဓမ္မအမှုတော်ဆောင်များသည် မိမိတို့၏ ဂိုဏ်းဂဏအယူအဆ သဘောတရားများကို ဘေးဖယ်ထားကြပြီး လျှင် ယေရှုရှင်ကြွလာတော်မူမည့်အကြောင်းကို ကြွေးကြော်ရာတွင် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပါသည်။ ထိုသတင်းစကားကြွေးကြော်သည့်နေရာဒေသတိုင်းတွင် လူအများစိတ်လှုပ်ရှားကြ ၏။ဒုစရိုက်သားများနောင်တရကြ၏။ ငိုကြွေးကြ၏။ အပြစ်ဖြေလွှတ်ခွင့်ရရန် ဆုတောင်းပဌာနာပြုကြ၏။ မရိုးဖြောင့် သော အသက်မွေးဝမ်းကြောင်းပြုသူများသည် ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြကြ၏။ မိဘများသည် သားသမီးတို့အ တွက်စိုးရိမ်ကြောင့်ကြမှု ပြင်းပြကြ၏။ ထိုသတင်းစကားကို လက်ခံသောသူများသည် မိမိတို့လေးနက်စွာ ခံယူထား ကြပြီးသည့်အလျောက် ကိုယ်တော်ကိုလက်ခံထားသည့် ဆွေမျိုးများအား လူသားကြွလာတော်မူမည့်အကြောင်းကို စိတ်ရောကိုယ်ပါဆွေးနွေး၍ အသင့်ပြင်ထားကြရန် သတိပေးတိုက်တွန်းကြပါသည်။ ထိုသို့စိတ်ရောကိုယ်ပါထိ ရောက်စွာဟောပြောပါသော်လည်း လက်မခံသူများမှာ စိတ်နှလုံးခိုင်မာဆုံးသောသူများသာ ဖြစ်ကြပါသည်။ ထိုစိတ်နှ လုံးကို သန့်ရှင်းစင်ကြယ်စေသည့်လုပ်ရပ်များကြောင့် လောကီရေးရာများကို မြတ်နိုးခင်တွယ်ခြင်း မရှိကြတော့ဘဲ ကိုယ်ကိုကိုယ်ဘုရားသခင်အား ဆက်ကပ်အပ်နှံခြင်းကို မည်သည့်အခါကမျှပင် မကြုံဖူးမတွေ့ဖူးခဲ့ကြပါ။ GCB58 55.4

ဝီလျံမေးလားဟောပြောသည့် သမ္မာတရားကို ထောင်ပေါင်းများစွာသောသူတို့ ခံယူကြပါသည်။ ဧလိယ၏ စိတ်ဓါတ်နှင့် တန်ခိုးကို လက်ခံရရှိသည့် ဘုရားသခင်၏ အစေခံများပေါ်ပေါက်လာပါသည်။ ယေရှုရှင်၏ ရှေ့တော်ပြေး ယောဟန်ကဲ့သို့ ထိုလေးနက်သောသတင်းစကားကို ဟောပြောသူတို့သည် ပြတ်သားသည့်စိတ်သဘော ဖြင့်နိုးဆော်တိုက်တွန်းလျှက် နောင်တတရားတည်းဟူသော အသီးများကို သီးပွင့်ကြရန် လူတို့အားဆင့်ဆိုကြပါသည်။ သူတို့၏သက်သေခံချက်များမှာ အသင်းတော်များနိုးကြား၍ ထိရောက်မည့် ပြုပြင်မှုရှိကြစေရန်နှင့် ၎င်းတို့၏အခြေ အနေမှန်ကိုရုပ်လုံးဖေါ်ရန် ပြင်ဆင်ခြင်းဖြစ်ပါသည်။ ကျရောက်လာမည့် အမျက်ဒေါသမုန်တိုင်းမှ လွှတ်ပြေးကြရန် လေးနက်စွာ နိုးဆော်တိုက်တွန်းရာတွင် အသင်းတော်များတွင် လူအများတို့သည် လွှတ်ငြိမ်းမှုကိုပေးသောသတင်း စကားများကို လက်ခံကြပါသည်။ သူတို့အကျင့်ဖေါက်ပြန်နေပုံများကို ကိုယ်တိုင်သိမြင်ကြသောအခါ ဝမ်းနည်းကြေ ကွဲ၍မျက်ရည်ကျလျှက် နောင်တသံဝေဂရကြပြီးလျှင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီးဘုရားသခင်၏ ထံတော်သို့ တိုးဝင်ချဉ်း ကပ်ကြလေ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သောအခါ သူတို့ကလည်း ဘုရားသ ခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီးဟု ကြွေးကြော်ရာတွင် ပါဝင်လက် တွဲကြပါသည်။ GCB58 56.1

နေ့ရက်အချိန်ကိုအတိအကျဖေါ်ပြ၍ ဟောပြောကြသည့်အခါ တရားပလ္လင်ပေါ်ရှိ ဓမ္မဆရာနှင့်ဘုရားသ ခင်ကိုပင် မကြောက်ရွံ့၊ ပွင့်လင်းစွာ ဒုစရိုက်ကျူးလွန်သူမှအစ လူတန်းစားမျိုးစုံတို့က များစွာအတိုက်အခံပြုကြပါ သည်။ ကြွလာအံ့သောနေ့ရက်အချိန်နာရီကို အဘယ်သူမျှမသိဟု အယောင်ဆောင်ဓမ္မဆရာများက ဟောပြောကြပါ သည်။ ရဲတင်းသောလူပြောင်များကပျက်ရယ်ပြုကြ၏။ အနာဂတ္တိစကားများအရ ဖေါ်ပြထားသောအချိန်ကာလအပိုင်း အခြားများ ကုန်ဆုံးလုနေပြီးဖြစ်၍ တံခါးဝတိုင်အောင်ရောက်ရှိလေပြီး ဖြစ်ကြောင်းကိုလည်း ဖြစ်ပေါ်နေသည့် နိမိတ်လက္ခဏာများအရ ယုံကြည်ကြသည့်အတွက် ထိုတရားများကို ဟောပြောနေသူများကလည်း ထိုသူတို့ကို သွန် သင်ပဲ့ပြင်ခြင်းမပြုလုပ်ပါ။ ယေရှုကိုချစ်မြတ်နိုးပါသည်ဟုအဆိုပြု၍ ကိုယ်တော်သိုးစုကို ထိန်းကျောင်းသောသိုးထိန်း အများစုက ခရစ်တော်ကြွလာတော်မူမည့်အကြောင်း ဟောပြောခြင်းကိုမူကာ မဆန့်ကျင်ကြပါ။ သို့ရာတွင် အချိန် အတိအကျဟောပြောခြင်းကိုမူကား ကန့်ကွက်ခဲ့ကြသည်။ ထိုသူအားလုံးတို့၏ စိတ်နှလုံးကို ဘုရားသခင်သိတော် မူ၏။ ယေရှုအားအနီးကပ် ချစ်မြတ်နိုးကြသည်မဟုတ်၊ သူတို့သည် ခရစ်တော်ချမှတ်ထားသည့် နှိမ့်ချရေးလမ်းစဉ်အ တိုင်းမချီတက်ကြသဖြင့် ခရစ်ယာန်မပီသသည့် အသက်တာများဖြင့် ကိုယ်တော်ရှေ့တော်၌ ရပ်တည်နိုင်မည်မဟုတ် သည်ကိုသူတို့သိကြ၏။ ဤသိုးထိန်းအတုများသည်ဘုရားသခင်၏အမှုတော်လမ်းဝတွင် ဆူညောင့်ခလုတ်များ ဖြစ်ကြ ၏။ လမ်းမှားကိုဖေါ်ထုတ်နိုင်စွမ်းရှိသည့် သမ္မာတရားဟောပြောချက်များကြောင့် ပရိသတ်များ နိုးကြားလာသဖြင့် ထောင်မှူးကဲ့သို့ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု စုံစမ်းမေးမြန်း စပြုကြ၏။ သို့သော် ဤသိုးထိန်းများသည် သမ္မာတရားတော်နှင့်လူတို့စပ်ကြားတွင်ဝင်၍ လူကြိုက်များသော တရား တော်ကိုချောမွေ့ပြေပြစ်စွာ ဟောပြောလျှက် သူတို့ကို တရားတော်မှလွဲချော်သွားရန် ဟောပြောခဲ့ပါသည်။ စာတန် နှင့်သူ၏တမန်များကို အပေါင်းအဖေါ်ပြုလျှက် ငြိမ်သက်ချင်းချမ်းသာမရှိသောအခါ၌ပင် ချမ်းသာချမ်းသာဟု ဟောပြောကြ၏။ သူတို့၏သက်သာချောင်ချိမှုကိုစုံမက်၍ ဘုရားသခင်နှင့်ဝေးကွာနေသည်ကိုပင် ကျေနပ်ရောင့်ရဲ နေသောသူတို့အား လောကီလုံခြုံမှုအတွင်းမှ နိုးကြားထကြွစေရန် နိုးဆော်၍မရနိုင်ပေ။ ထိုအချက်များကို ကောင်း ကင်တမန်များက စေ့စပ်စုံလင်စွာဖြင့် မှတ်သားထားကြသည်ကိုလည်းကောင်း၊ ကိုယ့်ကိုယ်ကို ဘုရားသခင်အားဆက် ကပ်အပ်နှင်းခြင်းမပြုကြသည့် သိုးထိန်းများ၏ ဝတ်ရုံများတွင်အသက်ဝိညာဉ်များ၏အသွေးများ စွန်းထင်းနေပုံကို လည်းကောင်း ကျမရှုမြင်ရပါသည်။ GCB58 56.2

အသက်ကယ်ဆယ်ရေးသတင်းစကားကို လက်မခံလိုကြသော ဓမ္မအမှုတော်ဆောင်များသည် ထိုသတင်း စကားများကို လက်ခံလိုသည့်အခြားသောသူများကိုပါ အတားအဆီးပြုလုပ်ကြပါသည်။ ထိုအသက်ဝိညာဉ်တို့၏အ သွေးများသည် ထိုသူအပေါင်းတို့အပေါ်သို့ ကျရောက်လေ၏။ ထိုကောင်းကင်သတင်းစကားများကို အတိုက်အခံပြု ကြရန်အတွက်လည်းကောင်း၊ ဝီလျံမေးလားနှင့် သူ၏လုပ်ဖေါ်ဆောင်ဖက်ျများအား နှိပ်စက်ညှဉ်းပမ်းကြရန် အတွက် လည်းကောင်း၊ တရားဟောဆရာများနှင့် လူထုပရိသတ်တို့ ပူးပေါင်းကြ၏။ သူ၏ဩဇာ သက်ရောက်မှု ချုပ်ငြိမ်းသွား စေရန်မဟုတ်မမှန်သောသတင်းစကားများကိုလည်း ဖြန့်ဝေကြ၏။ ဘုရားသခင်၏အကြံအစည်များကို ရှင်းလင်းပြတ် သားစွာကြေငြာပြီးသည့်အချိန်တွင်လည်းကောင်း၊ ကြားနာရသောပရိသတ်များ စိတ်နှလု့းထိခိုက်လောက်သည့် သမ္မာ တရားများကို ဝေငှပြီးသောအခါတွင်လည်းကောင်း အမျက်ဒေါသ ထွက်ကြသဖြင့် အသက်ကို အန္တရယ်ပြုရန်အစည်း အဝေးပြီးဆုံးချိန်တွင် သူပြန်ရာလမ်းမှစောင့်နေတတ်ကြပါသည်။ သို့သော် ဘုရားသခင်၏ ကောင်းကင်တမန်များက သူ့ကိုအကာအကွယ်ပေး၍ အမျက်ဒေါသအရှိန်ပြင်းနေသော လူအုပ်ကြီးများနှင့် လွှတ်ကင်းရာသို့ ောဆင်သွားကြပါ သည်။ သူ၏ လုပ်ငန်းတာဝန်ကြီး ပြီးဆုံးခြင်းသို့ မရောက်သေး။ GCB58 56.3

ဘုရားသခင်၏ အမှုတော်အတွက် ကိုယ့်ကိုယ်ကို ဆက်ကပ်ထားသူများသတင်းစကားတော်ကို ဝမ်းမြောက် စွာလက်ခံကြပါသည်။ ထိုသတင်းစကားများမှာ ဘုရားသခင်၏ အထံတော်မှဖြစ်ကြောင်း သင့်တော်သောအချိန်အခါ တွင်ရောက်လာကြောင်း သူတို့သိကြ၏။ ကောင်းကင်သတင်းစကားတော်၏ အကျိုးသက်ရောက်မှုကို ကောင်းကင် တမန်များ စိတ်ဝင်စားစွာဖြင့် စောင့်ကြပ်နေကြ၏။ အသင်းတော်များက ငြင်းပယ်၍ မျက်နှာလွှဲကြသောအခါ ဝမ်းနည်းစွာဖြင့် ယေရှုထံ အတိုင်ပင်ခံဝင်ကြ၏။ ကိုယ်တော်သည် ထိုအသင်းတော်များမှ မျက်နှာတော်ကို လွှဲထား တော်မူလျှက် သက်သေခံချက်ကို မငြင်းပယ်သည့်မွန်မြတ်သောသူများအား သစ္စာရှိစွာဖြင့် စောင့်ရှောက်ကာကွယ် ထားကြရန် ကောင်းကင်တမန်များအား မိန့်မှာထားတော်မူ၏။ ထိုအသင်းတော်များထံသို့ နောက်ထပ်အလင်းတရား ကို ထပ်လောင်းပို့ဆောင်တော်မူမည်ဖြစ်သည်။ GCB58 57.1

အကယ်၍ ခရစ်ယာန်အမည်ခံသူများအနေဖြင့် သူတို့၏ကယ်တင်ရှင် ကြွလာတော်မူခြင်းကို နှစ်သက်ကြပြီး သူတို့သည် ကိုယ်တော်အား ဧကန်အမှန်ချစ်မြတ်နိုးကြသည်သာမက ဤကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်နှင့် နှိုင်း ယှဉ်မည့်သူမရှိကြောင်း တွေ့သိခံစားကြပါလျှင် ကိုယ်တော်ဒုတိယအကြိမ် ကြွလာမည့်အကြောင်း၊ ပထမဆုံးကြားသိ ရသည်နှင့်တပြိုင်နက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆက်လက်ကြွေးကြော်ပေလိမ့်မည်။ သို့သော် သူတို့၏အရှင်သခင် ကြွလာတော်မူမည့် သတင်းစကားကိုကြားရလျှင်ပင် သူတို့မနှစ်သက်ကြသည်မှာ သူတို့၏အရှင်ကို သူတို့မြတ်နိုးခြင်း မရှိကြောင်း ထင်ရှားသောသက်သေဖြစ်ပါသည်။ ခရစ်တော်၏နာမတော်ကို ခံယူထားကြသူအများက ကိုယ်တော်ကြွ လာတော်မူခြင်းကို မလိုလားကြသည်မှာ ကိုယ်တော်ကို မည်မျှလောက်မချစ်ကြောင်း ကိုယ်တော်နှင့် ကိုယ်တော်၏ ကောင်းကင်တမန်တို့၏ ရှေ့မှောက်သို့ စာတန်နှင့်သူ၏တမန်တို့က ဖွင့်ဟ၍ အောင်ပွဲခံကြပါသည်။ ဘုရားသခင်၏လူ တို့သည် သူတို့၏အရှင်ကြွလာတော်မူမည်ကို ဝမ်းမြောက်ရွှင်လန်းစွာဖြင့် မျှော်လင့်စောင့်ဆိုင်းနေကြပုံကို ကျမရှုမြင် ရပါသည်။ သို့သော်ပရောဖက်အနာဂတ္တိစကားများတွင် ဖေါ်ပြထားသည့် အချိန်ကာလအပိုင်းအခြားနှင့် စပ်လျဉ်း၍ ချင့်ချိန်တွက်ချက်ရာ အမှားတစ်ချက်ရှိနေခြင်းမှာ ဘုရားသခင်၏ လက်တော်ဖြင့် အုပ်ထား၍ဖြစ်ကြောင်း၊ သာဓက ပြရန် ဘုရားသခင်ကြံရွယ်ထားတော်မူ၏။ ကိုယ်တော်ကြွလာတော်မူမည်ကို စောင့်မျှော်နေသောသူများ ထိုအမှားကို မတွေ့မသိကြပါ။ ပညာရှိသုခမိန်အတိုက်အခံသမားများလည်း မသိကြပါ။ ကိုယ်တော်၏လူတို့ စိတ်ပျက်စရာနှင့် ရင်ဆိုင်ရကြရန် ဘုရားသခင်ကြံရွယ်ထားတော်မူ၏။ အချိန်ကာလကုန်လွယ်သွားလေပြီး သူတို့ကယ်တင်ရှင်ကြွလာ တော်မူမည်ကို ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ငံ့လင့်စောင့်မျှော်နေကြသူအများက ဝမ်းနည်းစိတ်ပျက်ရကြလေပြီး။ သို့သော် ကိုယ်တော်ကြွလာတော်မူမည်ကို မနှစ်သက်သော်လည်း ကြောက်ရွံ့ကြသည့်အတွက်ကြောင့်သာ သတင်းစ ကားတော်ကို လက်ခံထားကြသောသူတို့ကမူ မျှော်မှန်းထားကြသည့်အချိန်တွင် ကြွလာတော်မမူသည့်အတွက် ကျေ နပ်နေကြပါသည်။ သူတို့၏ခံယူချက်များသည် သူတို့၏ စိတ်နှလုံးများကို ပြောင်းလဲမပေးသည့်အတွက် သူတို့၏အ သက်တာများသည်လည်း သန့်စင်ခြင်းမရှိကြပါ။ ထိုသို့တိကျစွာ တွက်ချက်ထားပါလျှက်နှင့် အချိန်ကာလလွဲမှားသွား ခြင်းမှာထိုသူတို့၏စိတ်သဘောထားများကို ဖေါ်ထုတ်ရန်အတွက်ပင် ဖြစ်ပါသည်။ ကယ်တင်ရှင်ကြွလာတော်မူမည် ကိုအမှန်တကယ် မြတ်နိုးလိုလားသဖြင့် ဝမ်းနည်းစိတ်ပျက်ရသူများအား သူတို့က ပထမဦးစွာ ပြက်ရယ်ပြုကြပါသည်။ စုံစမ်းစစ်ဆေးခြင်းများကို ရင်ဆိုင်ရကြသောအခါ တွန့်ဆုတ်သွားမည့်သူများကို ဖေါ်ထုတ်ရန် ဘုရားသခင်သည် မိမိ လူတို့၏ စိတ်နှလုံးများကို စစ်ဆေးစမ်းသပ်ရာ၌ အမြော်အမြင်ကြီးမြတ်တော်မူပုံကို ကျမရှုမြင်ရပါသည်။ GCB58 57.2

သူတို့မြတ်နိုးသောအရှင်ကြွလာတော်မူမည်ကို အေးချမ်းစွာမျှော်လင့်စောင့်စားနေသူများအား ယေရှုရှင် နှင့်ကောင်းကင်ဗိုလ်ခြေအပေါင်းက စုံမက်ကြင်နာစွာဖြင့် ကြည့်နေကြပါသည်။ ထိုသို့စိတ်ပျက်ခြင်းများနှင့် ရင်ဆိုင် နေကြရသောအချိန်တွင် အထောက်အကူပြုရန် ကောင်းကင်တမန်တို့သည် တဝဲလည်လည် စောင့်ရှောက်နေကြပါ သည်။ ကောင်းကင်မှ ကိုယ်တော်ပေးပို့တော်မူသည့် အလင်းတရားကို လက်မခံကြသောသူများအနေဖြင့် မှောင်မိုက် အတွင်း၌ပင် ကျန်ရစ်ခဲ့ကြသဖြင့် သူတို့အပေါ်သို့ ဘုရားသခင် အမျက်တော်ကျရောက်လေ၏။ ကြွလာတော်မူခြင်း မရှိကြောင်း အဘယ့်ကြောင့် ကိုယ်တော်မသိနားမလည်သဖြင့် ဝမ်းနည်းစိတ်ပျက်နေကြသည့် သစ္စာတည်မြဲသူများ မူကား မှောင်မိုက်အတွင်း မကျန်ရစ်ခဲ့ပါ။ အနာဂတ္တိစကားဆိုင်ရာ အချိန်ကာလ အပိုင်းအခြားများအကြောင်း ကျမ်း စာများတွင် ထပ်လောင်းလေ့လာဆည်းပူးကြရန် သူတို့အား နောက်တစ်ဖန်လမ်းညွှန်တော်မူ၏။ ပရော ဖက်အနာဂါတ်စကားနှင့်ဆိုင်သော အချိန်ကာလအပိုင်းအခြားသည် (၁၈၄၃) ခုနှစ်အထိ ရောက်သည်ကိုလည်း ကောင်း၊ အမှန်မှာ အနာဂါတ်စကားသည် (၁၈၄၄) ခုနှစ်ရောက်မှ ပြီးဆုံးမည်ဖြစ်ကြောင်း၊ အထောက်အထားပြနေ သည်ကို သူတို့သိရှိကြလေ၏။ အမှန်အားဖြင့် စောင့်မျှော်နေသူများကို ဖေါ်ထုတ်ရန်တွက်ချက်ထားသည့် ရူပါရုံ၏ ဆိုင်းငံ့ချိန်ကို သတိမထားမိခဲ့ကြသည့်အကြောင်းမှာ သူတို့အနေဖြင့် ခရစ်တော်ကြွလာတော်မူရန် စိတ်စောနေသော ကြောင့်ဖြစ်ပါသည်။ သူတို့အတွက် မျှော်လင့်စရာအချိန်များစွာ ရှိနေပါသေးသည်။ သို့ပါလျှက် (၁၈၄၃) ခုနှစ် မတိုင်မီ က သူတို့၏ယုံကြည်ခြင်းကို ထင်ပေါ်စေခဲ့သည့်စွမ်းအားနှင့် စိတ်ဝင်စားမှုကို ပြန်လည်မရရှိနိုင်လောက်အောင် စိတ် ပျက်နေကြသည့် လူအများရှိနေကြကြောင်း ကျမရှုမြင်ရပါသည်။ GCB58 57.3

စာတန်နှင့်သူ၏တမန်များသည် ထိုသူတို့အပေါ်သို့ အောင်မြင်မှုရရှိနေပါသည်။ သတင်းစကားတော်ကို လက်မခ့ကြသူများကလည်း သူတို့သည် ပညာဉာဏ်အမြော်အမြင်ကြွယ်ဝသူများဖြစ်၍ မှောက်မှားသော အမှုကိစ္စ (လူတို့၏အဆိုအရ) ကို လက်မခံကြဟု ကိုယ့်ကိုယ်ကို အမွှမ်းတင်ကြ၏။ သူတို့သည် ဘုရားသခင်၏ အကြံအစည်ကို ငြင်းပယ်သူများဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့သည်စာတန်နှင့် သူ၏တမန်များနှင့်ပူးပေါင်းပြီးလျှင် ကောင်းကင် မှပေးပို့သော သတင်းစကားတော်နှင့်အညီ ဆောင်ရွက်အသက်ရှင်သော ဘုရားသခင်၏ သားသမီးများ ရှုပ်ထွေးသွား အောင်ပြုလုပ်ကြသူများဖြစ်ကြောင်း သူတို့ကိုယ်ကိုမသိကြချေ။ ထိုသတင်းစကားကို ယုံကြည်သောသူများသည်အ သင်းတော်များတွင် အနှိမ်ခံရကြ၏။ သတင်းစကားတော်ကို လက်မခံသောသူများသည် ကြောက်ရွံ့ကြသည့်အတွက် ပထမတွင် သူတို့၏ခံယူချက်အတိုင်း မပြုလုပ်ဘဲ ချုပ်တည်းထားကြသော်လည်း အချိန်ကျော်လွန်သွားသောအခါသူ တို့၏မှန်သောစိတ်သဘောထားများသည် ရုပ်လုံးပေါ်လာကြပါသည်။ ယုံကြည်သူများ ကြွေးကြော်သည့် သတင်းစ ကားများကို ထိုသူတို့သည် ဖျက်ဆီးသွားရန် လိုလားခဲ့ပါသည်။ ပရောဖက်စကားဆိုင်ရာ အချိန်ကာလ အပိုင်းအခြား များသည် (၁၈၄၄) ခုနှစ်အထိ သက်ရောက်ပါသည်ဟု ကိုယ်တော်ကို စောင့်မျှော်နေသူများအနေဖြင့် မကြေငြာလျှင် မဖြစ်ဘဲ ဧကန်အမှန်ကြေငြာရမည်ဟု သဘောထားကာ ယုံကြည်သောသူများက သူတို့၏အမှားကို ပီပြင်စွာ ဖြေရှင်း ၍သူတို့၏အရှင်သည် (၁၈၄၄) ခုနှစ်ရောက်မှ ကြွလာတော်မူမည်ဟု သူတို့မျှော်လင့်နေကြသည်မှာ အဘယ့်ကြောင့် ဖြစ်ကြောင်း ရှင်းလင်းချက်များ ပေးကြပါသည်။ စွမ်းအားထက်သောကြောင်းပြချက်များကို အတိုက်အခံသမား များက ကန့်ကွက်ဝေဖန်ခြင်း မပြုလုပ်နိုင်ကြပါ။ သို့သော် အသင်းတော်များ၊ အမျက်ဒေါသမီးတောက်နေကြသဖြင့် သူတို့၏ အကြောင်းပြချက်များကို နားမထောင်ကြဖို့နှင့် သူတို့၏ သက်သေခံချက်များကို အခြားသူများ မကြားနာ ရလေအောင်အသင်းတော်များအနေဖြင့် လက်မခံရန်ကိုပါ ဆုံးဖြတ်လိုက်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်ပေး ပို့တော်မူသည့် အလင်းတရားတော်ကို မဝေငှဘဲ မနေနိုင်အောင် လူများအား အသင်းတော်မှ ထုတ်ပယ်ခဲ့ကြ လေ၏။သို့သော် သူတို့နှင့်အတူ ယေရှုရှင် ရှိတော်မူပါ၏။ သူတို့သည်လည်း ကိုယ်တော်ထံမှရရှိသော အလင်းတရား အတွက် ဝမ်းမြောက်ရွှင်မြူးကြပါ၏။ ဒုတိယကောင်းကင်တမန်၏ သတင်းစကားကိုလက်ခံရန် သူတို့အဆင်သင့် ရှိနေကြလေပြီး။ GCB58 58.1

ဆက်လက်လေ့လာရန်။ ဒံယေလ ၈:၁၄၊ ဟဗက္ကုတ် ၂:၁-၄။ မိက္ခာ ၃:၄။ မဿဲ ၂၄:၃၆။ ဗျာ ၁၄:၆-၇။ GCB58 58.2