ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ယုံကြည်လောက်သောပေါင်းစပ်မှုတစ်ရပ်
တရားပလ္လင်ထက်က သွန်သင်ခြင်းများကြောင့်မဟုတ်ဘဲ အသင်း တော်အသက်ရှင်ရပ်တည်နေခြင်းကြောင့်သာလျှင် လောကကြီးသည် ယုံကြည် ခြင်းမြင်တွေ့ လာစေရမည်။ ပလ္လင်ခုံထက်က တရားဟောဆရာသည် ဧဝံဂေလိ သဘောတရားများကို ဟောပြောနေ၏။ ထိုစဉ်အခါ အသင်းတော်၏လက်တွေ့ ဘာသာတရားကိုင်းရှိုင်းမှုက ဘုရားဘုန်းတန်ခိုးတော်ကို ဖွင့်လှစ်ပြသနေပါ သည်။ (ChS 67.5) ChSBur 107.2
ကျွန်ုပ်တို့၏အသင်းတော်၌ အဖွဲ့ဝင်များအဖြစ် ရှိနေကြသောအမျိုး အမျိုးသမီးများသည် ဘုရားသခင်အမှုတော်ကို ဝိုင်းလုပ်လာကြပြီး သင်းအုပ်သင်းထောက်များ၊ အမှုဆောင်အရာရှိများနှင့် ပူးပေါင်းကြိုးပမ်း လုပ်ဆောင်လာကြသည့် ကာလမရောက်ရှိမီတိုင်အောင် မြေကြီးပေါ်၌ ဘုရားသခင်အမှုတော်သည် မပြီးသေး။ (ChS 68.1) ChSBur 107.3
ဟောပြောခြင်းဆိုသည်မှာ ဝိညာဉ်ကယ်တင်ရေးအတွက် လုပ်ခဲ့ကြ သည့်အထဲမှ အပိုင်းငယ်တစ်ရပ်သာဖြစ်၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် ChSBur 107.4
အပြစ်သားများကို သမ္မာတရားအလင်းမြင်စေ၍ အသင်းတော်၏လက်ထဲ၌ နေရာတကျရှိစေပါသည်။ သင်းအုပ်များသည် သူတို့အမှုကို သူတို့လုပ်ကြ ရမည်။ သို့သော် အသင်းတော်လုပ်ရမည့်အမှုကိုမူကား သူတို့မတတ်နိုင်ကြ ပါ။ အသင်းသားများအားလုံးက ဝိုင်းလုပ်မှပြီးစီးမည်။ (ChS 68.2) ChSBur 108.1
သမ္မာတရားတော်၏ ဖြန့်ကြက်သက်ရောက်မှုသည် ဘိသိက်ခံသင်းအုပ် အနည်းအကျဉ်းဆီသို့သာလျှင် ဘောင်ခတ်သတ်မှတ်ပေးထားခြင်းမဟုတ်ပါ။ သမ္မာတရားသည် ခရစ်တော်၏တပည့်များအဖြစ် ခံယူကြသူအားလုံးအပေါ် ဝယ် ပျံ့နှံ့ရောက်ရှိနေသည်။ ရေရှိရာအရပ်တိုင်း၌ မျိုးစေ့ချရမည်။ (ChS 68.3) ChSBur 108.2
သင်းအုပ်များသည် ကျေနပ်အားရစွာနှင့် ကောင်းကောင်းအားစိုက် ဟောပြောလာကြရာတွင် တာဝန်ခံဝန်ထမ်းဆောင်မှုများစွာဖြင့် အသင်းတော် ကိုတည်ဆောက်ဖြစ်ထွန်းအောင်မြင်စေခဲ့ပါသည်။ သို့တိုင်အသင်းတော်၌ တစ်ဦးချင်းသောအသင်းသားများက ယေရှုခရစ်တော်၏အစေခံများကဲ့သို့ သူတို့ အပိုင်းကို သူတို့လုပ်မလာနိုင်ကြဘူးဆိုပါလျှင် အသင်းတော်သည် အမြဲတမ်း အမှောင်ထဲရှိနေပြီး အားအင်ချည့်နဲ့နေပါလိမ့်မည်။ လောကကြီးသည် ခဲယဉ်း ၍ မှောင်မိုက်ထဲမှာရှိနေစဉ် အမှန်အားစိုက်လုပ်ဆောင်နေသည့် ပုံစံနမူနာ များစွာထင်ရှားလာမှသာလျှင် ကောင်းကျိုးဆောင်သောတန်ခိုးတော်တစ်ရပ် ရှိလာပါလိမ့်မည်။ (ChS 68.4) ChSBur 108.3