ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

68/271

အခန်း (၇)—ရာခးရာခ ဓမ္မဆရာများနှင့်သာမန်အသင်းသားများ ပူးတွဲလုပ်ဆောင်ကြရန်

သာသနာနယ်သို့ ညီညွတ်စွာဝင်ရောက်အမှုဆောင်ခြင်း

ဝင်းမှည့်နေသောလယ်ကွင်းများဆီသို့ လုပ်ဆောင်သူသင်းအုပ်များ နှင့်သာမန်အသင်းသားများတို့လှမ်းဝင်သွားကြပါစို့။ ကျမ်းစာထဲက သူတို့ မေ့လျော့နေသောသမ္မာတရားကို သူတို့တစ်တွေကြွေးကြော်နိုင်ရလောက်အောင် ရိတ်သိမ်းခြင်းအမှုကို သူတို့ပြုကြရလိမ့်မည်။ ကွင်းထဲ၌ သမ္မာတရားကို လက်ခံကြမည့်သူများနှင့် ခရစ်တော်ထံသို့ ဝိညာဉ်များအောင်နိုင်ပို့ဆောင်ရန် သူတို့ဘဝများကို ဆက်ကပ်အပ်နှံလာကြမည့် လုပ်ဆောင်သူများကို တွေ့ကြ ရပါလိမ့်မည်။ (ChS 67.1) ChSBur 106.1

အသင်းတော်သင်းအုပ်များသာလျှင် သမ္မာတရားမျိုးစေ့ကြဲခြင်းအမှု တော်၏အကြီးဆုံးပိုင်းကို လုပ်ဆောင်ကြရမည်ဟူ၍ သခင်ဘုရားရည်ရွယ်ချက် ပေးမထားပါ။ သင်းအုပ်လုပ်ရန် ခေါ်ယူတော်မူခြင်းမခံကြရသူအမျိုးသား များသည် သူတို့၏အစွမ်းအစအမျိုးမျိုးအလိုက် သခင်ဘုရားအတွက် လုပ်ဆောင်ကြရန် အားပေးတိုက်တွန်းမှုခံယူကြရမည်။ မလှုပ်မရှားအချိန်ဖြုန်း နေတတ်ကြသည့်ရာဂဏန်းရှိသောယောက်ျား၊ မိန်းမအသင်းသားများသည် သူတို့လက်ခံနိုင်သည့်ဝန်ကို ထမ်းရွက်နိုင်ကြပါသည်။ သူတို့ယုံကြည်သော သမ္မာတရားကိုလည်း သူတို့၏မိတ်ဆွေအိမ်နီးချင်းများဆီသို့အရောက် ပို့ဆောင် ပေးခြင်းအားဖြင့် သခင်ဘုရားအတွက် ကြီးမားသောအမှုတော်ဆောင်ရွက်ခြင်း ကို ပြုနိုင်ကြ၏။ (ChS 67.2) ChSBur 106.2

ဘုရားသခင်သည် အသင်းတော်၏သင်းအုပ်များအား သမ္မာတရား သတင်းကောင်းကြေညာစေရန် အခွင့်ပေးထားသည်။ ဤသည်ကို အသင်း တော်များက လက်ခံရယူခြင်းနှင့် ဖြစ်နိုင်သမျှသောနည်းပေါင်းစုံဖြင့် သမ္မာ တရားအလင်း၏ရောင်ခြည်ဦးကို ဆက်သွယ်ဆုပ်ကိုင်မိပြီးလျှင် လူအများစုထံသို့ ပျံ့နှံ့ရောက်ရှိသွားစေရန်ဖြစ်သည်။ (ChS 67.3) ChSBur 106.3

အသင်းတော်သင်းအုပ်များက ချီမရသောအရာများကို အသင်းသူ/ အသင်းသားများကလည်း ဝင်ရောက်ကူညီချီမကြရမည်။ ဆိုလိုသည်မှာ သင်းအုပ် ဆိုင်ရာကြိုးပမ်းခြင်းကို ထောက်ကူပေးခြင်းနှင့် ဝန်ထုပ်ကိုဝိုင်းထမ်းပေးခြင်း တို့အားဖြင့် သင်းအုပ်၌ ဝန်ပိခြင်း၊ စိတ်ပျက်အားလျော့ခြင်းမဖြစ်စေဖို့ဖြစ် သည်။ အခြေခံစည်းကမ်းအရ အသင်းသူ/အသင်းသားများသည် အမှုတော် ကိုရှေ့ဆက်လုပ်ဆောင်ဖို့ သူတို့တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်ရန် ဉာဏ်စွမ်းရည်သုံး၍ လှုပ်ရှားရမည်။ မလှုပ်မရှားနေခဲ့ကြလျှင် အသင်းတော် တစ်ပါးအနေဖြင့် အဓွန့်ရှည်ကြာတည်တံ့နေရလောက်အောင် သြဇာသက် ရောက်ခြင်းမြင်ကြရမည်မဟုတ်ပါ။(ChS 67.4) ChSBur 107.1