ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

57/271

သင်ကြားပို့ချချက်ကိုအလိုက်သင့် ပြောင်းလဲပေးခြင်း

ဘုရားသခင်၏အမှုတော်အတွက် အသုံးတော်ခံနေကြသောဂုဏ်သရေ ရှိအမှုတော်ဆောင်ဘယ်လောက်များများက သူတို့ဘဝထဲမှာ အနိမ့်ဆုံးအဆင့် ဖြင့် နှိမ့်ချစွာတာဝန်ထမ်းရွက်တတ်ဖို့ သင်တန်းတစ်ခုခုတက်ခဲ့ဖူးကြလေသလော။ မောရှေသည် အီဂျစ်ပြည်၏အလားအလာရှိသောအိမ်ရှေ့မင်းသားဖြစ်ခဲ့ပါ သည်။ သို့သော် ဘုရားသခင်သည် သူ့အတွက် ခန့်အပ်သောအလုပ်ကို လုပ်စေရန်၊ သူ့ကိုရှင်ဘုရင်၏နန်းတော်ထဲမှာရှိနေစဉ် မရွေးကောက်ခဲ့ပါ။ မောရှေသည် အနှစ်လေးဆယ်ပတ်လုံး သစ္စာရှိသောသိုးထိန်းတစ်ဦးဖြစ်စေခဲ့ ပြီးမှ သူ့လူမျိုးကိုကယ်နုတ်ဖို့ စေလွှတ်ခြင်းခံခဲ့ရပါ၏။ ဂိုဒေါင်သည်လည်း အစ္စရေးတပ်မကြီးကို ဦးဆောင်မိန့်ပေးနိုင်ရန်၊ ဘုရားသခင်၏လက်တော်ထဲ၌ အသုံးကျသောတန်ဆာပလာအဖြစ် ကောက်နယ်တလင်းထဲမှ ရွေးချယ်ခြင်းခံ ခဲ့ရသည်။ ဧလိရှဲသည် ထွန်တုံးကိုပစ်၍ ထာဝရဘုရားသခင်၏အမှုတော်ကို ထမ်းရွက်ဖို့ ခေါ်တော်မူခြင်းခံခဲ့ပါသည်။ အာမုတ်သည် ထာဝရဘုရားသခင်၏ သတင်းစကားကို ကြွေးကြော်ဖို့ တာဝန်ပေးအပ်ခြင်းခံရစဉ်အချိန်မှာ တောင်ယာ သမားအိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့သည်။ ခရစ်တော်နှင့်အတူ တွဲဖက် လုပ်ဆောင်သူများအားလုံးသည် အလွန်ခက်ခဲ၍ သဘာဝချင်းမတူသော အလုပ်များကို လုပ်ဆောင်ကြရလိမ့်မည်။ သူတို့အတွက် လမ်းညွှန်သင်ခန်းစာ များကိုလည်း ကောင်းကောင်းစိစစ်ပေးဖို့လိုပါသည်။ သူတို့၏ထူးခြားသော ကိုယ်ပိုင်စရိုက်လက္ခဏာများနှင့်အညီ အလိုက်သင့်ပြောင်းလဲပေးခြင်းနှင့် သူတို့ လိုက်ပါလုပ်ဆောင်နေသောအလုပ်နှင့်လည်း အဆင်ပြေဖို့လိုပါသည်။ (ChS 60.2) ChSBur 94.3