ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အထူးသင်တန်း
ကျန်းမာရေးပြုပြင်ပြောင်းလဲမှုများဆိုင်ရာအခြေခံစည်းကမ်းများနှင့် ပတ်သက်၍ လူတွေကိုအားသွန်ခွန်စိုက်ပညာပေးကြရမည်။ အချက်အပြုတ် သင်တန်းများဖွင့်ပေးရမည်။ အာဟာရပြည့်မီသောအစားအစာကို ချက်တတ် ရန် တစ်အိမ်တက်ဆင်းချက်နည်းပြုတ်နည်းပညာပေးရမည်။ လူကြီးလူငယ် မရွေးလူတိုင်းက ပိုမိုရိုးစင်းသောအစားအစာကို ချက်တတ်ရန် သင်ယူကြရမည်။ သမ္မာတရားကိုသွန်သင်သောနေရာတိုင်းမှာ ရိုးရိုးနှင့်အရသာရှိသောအစားအစာ ကိုပြင်ဆင်ချက်ပြုတ်တတ်ဖို့ လူတွေကိုသွန်သင်ပေးကြပါ။ အာဟာရပြည့်ဝ သောအစားအစာဆိုသည်မှာ အသားစိမ်းများချက်ပြုတ်စားသည့်အပေါ် မူမတည် ကြောင်းကိုလည်း သူတို့အား မြင်သာအောင်သင်ကြားပေးကြရမည်။ (ChS 59.4) ChSBur 94.1
အသင်းတော်ရှိသောနေရာတိုင်းမှာ ကျန်းမာရေးစည်းမျဉ်းများအတိုင်း နေထိုင်သွားလိုသူတို့အတွက် ရိုးရိုးနှင့်အာဟာရပြည့်ဝသောအစားအစာကို ချက်ပြုတ်ပြင်ဆင်ခြင်းပညာရပ်ကို သင်ကြားပေးရမည်။ အသင်းသူ/ အသင်း သားများကလည်း ဤဘာသာရပ်နှင့်ပတ်သက်၍ သူတို့ရခဲ့သောအလင်းကို မိမိတို့၏ အိမ်နီးနားချင်းမိတ်ဆွေအပေါင်းတို့အား ဝေမျှသင်ကြားပေးရပါမည်။ (ChS 60.1) ChSBur 94.2