ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

54/271

အခန်း (၅)—သင်တန်းစခန်းတစ်ခုဖြစ်သောအသင်းတော်

လိုအပ်နေသောအချိန်

ကျွန်ုပ်တို့၏အသင်းတော်များကို တည်ထောင်ရန် လိုအပ်သည့်အရာ မှာ အသင်းတော်ထဲ၌ အစွမ်းအစများကို ခွဲခြားသိမြင်ပြီး ကြီးထွားလာစေရန် ပညာပါပါအမှုဆောင်ကြသူများ၏ကောင်းသောအလုပ်များဖြစ်သည်။ အစွမ်း အစများကို သခင်ဘုရားအသုံးရစေဖို့ သွန်သင်ပေးကြရမည်။ ကြီးကြီးငယ်ငယ် အရွယ်အစားအမျိုးမျိုးရှိသည့်ကျွန်ုပ်တို့၏အသင်းတော်များသို့ အရောက်သွား ရန်နှင့် အသင်းတော်မည်သို့တည်ထောင်ရမည်အကြောင်း အသင်းသားများ အားသွန်သင်ပေးသွားကြရန်၊ အမှုတော်ဆောင်များခန့်ထားရေးအတွက် စီမံ ချက်များကို ကောင်းစွာရေးဆွဲဖွဲ့စည်းထားရမည်။ ထို့အတူ မယုံကြည်သူများ အတွက်လည်း စီမံချက်ရှိရမည်။ ထိုအရာမှာ သင်တန်းပေးခြင်း၊ ပညာပေး ခြင်းလိုအပ်ချက်ဖြစ်သည်။ အသင်းတော်များသို့ အလည်အပတ်သွားရောက် ကြသူအမှုတော်ဆောင်များသည် မစ်ရှင်အမှုလက်တွေ့ လုပ်နည်းစနစ်များကို အသင်းတော်ရှိညီအစ်ကို၊ ညီအစ်မများအား လမ်းညွှန်သင်တန်းပေးကြရ မည်။ (ChS 58.1) ChSBur 91.1

ဘုရားသခင်သည် လောကကိုအလင်းဆောင်ပေးစေရန်၊ ကိုယ်တော် အသင်းတော်၏အသင်းသားများ၌ စည်းကမ်းကောင်းခြင်း၊ သင့်လျော်ခြင်းရှိ စေဖို့ မြော်မြင်တော်မူပါ၏။ တန်ဖိုးရှိစွမ်းရည်များကို ဖလှယ်အသုံးချပေးနိုင် သောအမှုတော်ဆောင်များကိုလည်း ရာနှင့်ချီကာ ပညာပေးပျိုးထောင်ကြရမည်။ ဤစွမ်းရည်များကို သုံးခြင်းဖြင့် ယုံကြည်စိတ်ချရပြီး သြဇာကောင်းသောအဆင့် အတန်းနေရာများ၌ ဖြည့်တင်းရှိစေရန်နှင့် စင်ကြယ်သော၊ မညစ်မညမ်းသော အခြေခံစည်းမျဉ်းများကို ထိန်းသိမ်းစေရန်၊ ပြင်ဆင်ခံယူကြသူများသည် တိုးတက် နေကြရလိမ့်မည်။ ဤသို့လျှင် သခင်ဘုရားအတွက် ကောင်းမြတ်သောအမှု တော်ကြီးကို ပြီးမြောက်စေရပါ၏။ (ChS 58.2) ChSBur 91.2

အမှုတော်ဆောင်တိုင်း ထိထိမိမိ၊ နှိုက်နှိုက်ချွတ်ချွတ်သဘောပေါက် နားလည်ထားရပါမည်။ သို့မှသာလျှင် သူသည် ယေရှု၏အလိုတော်အတိုင်း သမ္မာတရားကိုအဆင့်မြင့်မြင့် အကျယ်တဝင့်တင်ဆက်နိုင်လိမ့်မည်။ (ChS 58.3) ChSBur 92.1

အသင်းတော်၏ အသင်းသားများအား ပညာပေးရန် ကောင်းသော စီမံချက်ချမှတ်ခြင်း အားထုတ်မှုကို မနှောင့်နှေးစေသင့်ပါ။ (ChS 58.4) ChSBur 92.2

ကျွန်ုပ်တို့၏အသင်းသူ/အသင်းသားများအား အကြီးမားဆုံးအကူ အညီပေးနိုင်သည်မှာ သူတို့ကိုဘုရားသခင်အတွက် အမှုဆောင်ကြရန်နှင့် သင်းအုပ်ဆရာများကို မမှီခိုဘဲ ဘုရားသခင်ကိုသာလျှင် မှီခိုကိုးကွယ်ကြရန် သွန်သင်ပေးခြင်းဖြစ်သည်။ (ChS 58.5) ChSBur 92.3

ဟောကြားသောဒေသနာများအားလုံးသည် မိမိကိုယ်ကိုငြင်းပယ်သော အမှုတော်ဆောင်အများအပြားကို မတိုးပွားစေနိုင်သည်မှာ သက်သေဖြစ်နေပါ ၏။ ဤအချက်သည် ကျွန်ုပ်တို့အတွက် အလေးနက်ဆုံးသောရလဒ်ဖြစ်နေ သည်ကို စဉ်းစားရပါမည်။ ကျွန်ုပ်တို့၏ အနာဂတ်ကာလထာဝရအသက် အတွက်လည်း ရင်လေးဖွယ်ဖြစ်နေသည်။ အသင်းတော်များသည် အလင်း တရားပျံ့နှံ့စေရန် မိမိတို့၌ရှိသောစွမ်းရည်များကို အသုံးတော်ခံမှုပျက်ကွက် သောကြောင့် ညှိုးနွမ်းနေကြရပါသည်။ သခင်ဘုရားထံမှ သင်ခန်းစာများ ပမာ အသင်းသူ/အသင်းသားများအားလုံးသည် မိမိတို့အလင်းကို လက်တွေ့ အသုံးချသွားကြစေရန် အသေအချာလမ်းပြသွန်သင်ခြင်းခံယူကြရမည်။ (ChS 58.6) ChSBur 92.4

လူတွေအလွန်အမင်းတရားဒေသနာ နာယူပြီးကြပြီ။ သို့သော်လည်း သူတို့အတွက် အသေခံသွားခဲ့သောခရစ်တော်၏အမှုတော်ကို ထမ်းရွက်တတ် ဖို့သွန်သင်ခြင်းခံယူခဲ့ကြရပါသလား။ သူတို့တစ်ဦးစီတိုင်းသည် အမှုတော် ထဲ၌ ကဏ္ဍအလိုက် ပါဝင်ထမ်းရွက်ရမည့်လိုအပ်ချက်များမြင်ရသောလမ်းကို သူတို့ရှေ့မှာ ဝန်ဆောင်လမ်းကြောင်းတစ်ခုအဖြစ် တီထွင်ချခင်းပေးထားပါသလား။ (ChS 59.1) ChSBur 92.5

ကျွန်ုပ်တို့၏လူတို့သည် နိုးထလာမည့်အရေးပေါ်တစ်စုံတစ်ရာ အကြောင်းနှင့်အညီ အရည်အချင်းရှိလာသည်မှာ သွန်သင်လေ့ကျင့်ပေးခြင်း ကြောင့်ဖြစ်သည်။ ပညာပါသောစီမံချက်ကိုလည်း သူတို့တစ်ဦးချင်းစီတိုင်း၏ ပုံမှန်ဝန်းကျင်၌ ချခင်းပေးထားဖို့လိုအပ်သည်။ ထိုသို့အားဖြင့် သူသည် တာဝန်ယူတတ်အောင် သူနှင့်လျော်ညီသောအတွေ့အကြုံများကို ရနိုင်လိမ့်မည် ဖြစ်သည်။ (ChS 59.2) ChSBur 93.1