ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ပုရောဖက်ဧလိယ၏အတွေ့အကြုံမှသင်ခန်းစာများရယူခြင်း
စိတ်ပျက်စရာများနှင့် သိသိသာသာရှုံးနိမ့်ခြင်းများရင်ဆိုင်ခဲ့ရသော ဧလိယအချိန်တုန်းက အတွေ့ အကြုံများမှ ကျွန်ုပ်တို့သည် သင်ခန်းစာများစွာ ရယူနိုင်ပါသည်။ ယနေ့ခေတ်ထာဝရဘုရားသခင်၏အစေခံကျွန်တို့အဖို့ တန်ဖိုး မဖြတ်နိုင်သောသင်ခန်းစာများသည် အမှန်တရားမှလမ်းခွဲထွက်ခြင်းကို အမှတ် ပြပေးနေခြင်းဖြစ်သည်။ ယနေ့ကာလသင်းခွဲဖေါက်ပြန်ခြင်းများကြီးစိုးမှုဖြစ် ပြန့်ပြန့် ဖြစ်နေသကဲ့သို့ပေတည်း။ ဘုရားသခင်အစား လူကိုချီးမွမ်းနေကြခြင်း၊ နေသည်မှာ ပုရောဖက်ဧလိယ၏အချိန်က ဣသရေလလူတို့အထဲ၌ ကျယ်ကျယ် လူကြိုက်များရေပန်းစားသောခေါင်းဆောင်များကို ချီးမြှောက်ကြခြင်း၊ လောက စည်းစိမ်ငွေကြေးကို တပ်မက်ကိုးကွယ်ခြင်း၊ သမ္မာတရားက ဖွင့်ပြပေးသည့် အထက်၌ သိပ္ပံပညာသွန်သင်ခြင်းကို အတည်ယူခြင်းများအားဖြင့် လူတို့သည် ဗာလရုပ်တုဘုရားနောက်သို့လိုက်ကြပြီ။ တွေးတောမှုနှင့်မယုံကြည်မှုများသည် သူတို့စိတ်နှလုံးအထဲ၌ မကောင်းသောပယောဂအဖြစ် စွဲကပ်နေ၏။ လူအများ သည် ဘုရားသခင်၏ပညတ်တော်အမိန့်နေရာတွင် လူတို့၏သဘောတရား သီအိုရီများကို အစားထိုးနေကြကုန်၏။ လူသားတို့၏ကျိုးကြောင်းဆင်ခြင်မှု သည် ဘုရားနှုတ်ကပတ်တော်သွန်သင်ခြင်း၏အထက်တွင် ဂုဏ်ပြုခြင်းခံရသော အချိန်အခါတစ်ခုဆီသို့ ကျွန်ုပ်တို့ရောက်ကြရမည်ဟု လူသိရှင်ကြားသွန်သင် ပေးနေကြလေပြီ။ ဘုရားပညတ်တော်၊ ဖြောင့်မတ်ခြင်းတရား၏ဘုရားစံနှုန်းတော် များသည် အကျိုးသက်ရောက်မှုမရှိဟုလည်း ကြေညာနေကြပြီ။ ဤသို့ဖြင့် ဥဿုံသမ္မာတရား၏ ရန်သူဖြစ်သောစာတန်သည် ဘုရားသခင်ရှိနေရမည့်လူသား အဆောက်အအုံထဲ၌ လူယောက်ျားမိန်းမတို့အားလုံးကို ထိခိုက်စေရန် လှည့်စား လုပ်ဆောင်နေပါသည်။ ထို့အပြင် လူ့အနွယ်တစ်ရပ်လုံးအတွက် ဝမ်းမြောက် ခြင်း၊ ကယ်တင်ခြင်းများအပ်နှင်းပေးထားသည်ကိုလည်း မေ့ပစ်စေရန်လည်း လုပ်ဆောင်နေပါ၏။ သို့တိုင် ဤသို့သင်းခွဲဖေါက်ပြန်မှုကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာနေသည်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာမဟုတ်ပါ။ တစ်လောက လုံးသည် ပညတ်တရားမဲ့လျက်၊ ဒုစရိုက်လုပ်နေကြသည်မဟုတ်။ တစ်လောက လုံးသည် ရန်သူစာတန်ဘက်သို့ လိုက်သွားကြသည်မဟုတ်။ ဗာလဘုရား အရှေ့ဒူးမထောက်ဦးမချသူ၊ လူထောင်ပေါင်းများစွာ ဘုရားသခင်ဆီမှာရှိပါ သည်။ ခရစ်တော်နှင့်ပညတ်တော်များကို လေးစားခြင်း၌ ပို၍ပြည့်စုံစွာသိကျွမ်း လိုကြသူလူများစွာလည်းရှိပါ၏။ အပြစ်တရားနှင့်သေခြင်းတရားစိုးမိုးနေသည် ကို အဆုံးသတ်စေမည့်ယေရှုသခင် မကြာမီကြွလာတော့မည်ကို မျှော်လင့်ရင်း မျှော်လင့်ခြင်းဖြင့် စောင့်နေကြသူလူများစွာလည်း ရှိပါ၏။ ထိုသို့နှင့်ဗာလ ဘုရားကိုမဆင်မခြင်ကိုးကွယ်နေတတ်ကြသူလူများစွာရှိနေမည်ဖြစ်သော်လည်း သူတို့အဖို့ ဘုရားဝိညာဉ်တော်သည် ကြိုးပမ်းသွေးဆောင်နေဆဲရှိပါ၏။ (ChS 57.2) ChSBur 89.3
-o-