ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ကောင်းကင်ဘုံ မျက်စဉ်းဆေးလိုအပ်နေခြင်း
အသင်းတော်များသည် ကောင်းကင်ဘုံမျက်စဉ်းဆေးနှင့် မျက်စဉ်း ခတ်ပေးရန် လိုအပ်နေပါပြီ။ သို့မှသာလျှင် ဘုရားသခင်အတွက် အသုံးတော် ခံရန် သူတို့အနီးတစ်ဝိုက်ရှိ အခွင့်အရေးများစွာကို သူတို့မြင်နိုင်ကြမည်။ ဘုရားသခင်သည် ကိုယ်တော့်လူများအား လမ်းမကြီးများနှင့် လမ်းကြိုလမ်း ကြားများဆီသို့သွားပြီး အိမ်တော်၌ လူအပြည့်ရှိစေဖို့ လူများစွာကို အတင်း အကျပ်ခေါ်လာခဲ့ကြရန် ထပ်တလဲလဲခေါ်ယူမိန့်ဆိုနေတော်မူ၏။ သို့သော် လည်း ကျွန်ုပ်တို့၏အိမ်တံခါးအရိပ်အောက်ရှိ မိသားစုဝင်များကိုပင်လျှင် သူတို့ ဝိညာဉ်များကို ကျွန်ုပ်တို့ဂရုစိုက်ကြောင်း သူတို့အတွေးပေါက်စေရန် ကျွန်ုပ် တို့ထိထိရောက်ရောက်စိတ်ပါလက်ပါမလုပ်ပြနိုင်ဘဲ ရှိနေသေးသည်။ သခင် ဘုရားသည် ဤအလုပ်ကို အသင်းတော်မှယခုအခါ တာဝန်ယူလုပ်ဆောင် စေလိုကြောင်း မိန့်တော်မူသည်ဖြစ်၍ ကျွန်ုပ်တို့၏အနီးအပါး၌ ချခင်းထား လျက်ရှိနေပါ၏။ ကျွန်ုပ်တို့သည် မတ်တတ်ထရပ်ပြီး “အဘယ်သူသည် ကျွန်ုပ်၏နီးစပ်မိတ်ဆွေဖြစ်ပါသလဲ” ဟူ၍ မေးနေရမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စာနာထောက်ထားမှုနှင့် အကူအညီကို လိုအပ်နေသူတစ်ဦးချင်းစီတိုင်းသည် ကျွန်ုပ်တို့၏နီးစပ်မိတ်ဆွေများဖြစ်ကြောင်းကို ကျွန်ုပ်တို့အမှတ်ရနေကြရမည်။ ကျွန်ုပ်တို့၏နီးစပ်ရာမိတ်ဆွေများသည် ရန်သူ၏တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာဝေဒနာများခံစားနေကြရသူတိုင်းဖြစ်ကြသည်။ ကျွန်ုပ်တို့၏နီးစပ်ရာ မိတ်ဆွေများသည် ဘုရားသခင်ပိုင်ဆိုင်သောသူ လူတိုင်းဖြစ်ကြသည်။ ယုဒ လူမျိုးများက သူတို့၏နီးစပ်ရာမိတ်ဆွေမည်သူဖြစ်ရမည်ကို ခွဲခြားသတ်မှတ် ခဲ့ခြင်းပညတ်သည် ခရစ်တော်၌ ပယ်ဖျက်ပစ်လိုက်ပါပြီ။ ယခုတွင် နယ်မြေ မျဉ်းကြောင်းများဖြင့် သတ်မှတ်ချက်မထား၊ လူလုပ်ခွဲခြားဆက်ဆံခြင်းမျိုးလည်း မရှိ၊ လူတန်းစားဇာတ်ခွဲခြားမှုကိုမပြု၊ အထက်တန်းစားမင်းမျိုးမင်းနွယ်ဟူ၍ လည်း သတ်မှတ်ချက်မရှိတော့ပါ။ (ChS 39.2) ChSBur 58.1