ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

25/271

ဝိညာဉ်ရေးရာအားနည်းမှုအခြေအနေတစ်ရပ်

ဘုရားသခင်၏လူများအပေါ်သို့ အလင်းစုပုံထိုးကျတောက်ပနေသော် လည်း လူများစွာသည် ထိုအလင်းနောက်သို့လိုက်ရန် ပျက်ကွက်ကြ၏။ ထိုသို့ဖြစ်သောကြောင့် သူတို့သည် ဝိညာဉ်ရေးရာအားနည်းမှုကြီးအခြေဆိုက် ရသည်။ ဤတွင် ဘုရားသခင်၏လူများယခုဆုံးပါးနေသည်ကို အသိမရှိကြ သောကြောင့်မဟုတ်ပါ။ သူတို့သည် လမ်းခရီး၊ သမ္မာတရားနှင့်အသက်ကို မသိသောကြောင့် ပြစ်ဒဏ်စီရင်ခံကြရလိမ့်မည်မဟုတ်။ သမ္မာတရားကို သူတို့ နားလည်သည့်အဆင့်ရောက်ခဲ့ပြီ။ အလင်းလည်း သူတို့၏ဝိညာဉ်အပေါ်မှာ ထွန်းလင်းပေးခဲ့ပြီးလေပြီ။ သို့သော်လည်း သူတို့၏ပျက်ကွက်မှု၊ ငြင်းပယ်မှုများ သည် သူတို့အား ပြစ်ဒဏ်ပေးလိမ့်မည်။ ငြင်းပယ်ပစ်ရန် အလင်းကိုတစ်ခါ မျှမရခဲ့ကြသူများသည် ပြစ်ဒဏ်ကျခံရခြင်း၌ ရှိလိမ့်မည်မဟုတ်ပါ။ ထာဝရ ဘုရားသခင်၏စပျစ်ဥယျာဉ်တော်အတွက် လုပ်ဆောင်ခဲ့ပြီးသည်ထက် ဘာကိုပိုလုပ် ပေးဖို့ရှိနိုင်ရမည်နည်း။ ဘုရားသခင်၏လူများအပေါ် ထွန်းလင်းပေးထားသော အလင်းသည် အဖိုးတန်သောအလင်းတော်ဖြစ်၏။ သို့သော် သူတို့သည် ထိုအလင်းတော်အားဖြင့် ကယ်တင်ခံရသည်ကို သဘောတူရယူခြင်း၊ အလင်း အောက်၌ အပြည့်အဝနေထိုင်ခြင်း၊ အမှောင်ထဲရှိအခြားသူများအား အလင်း ထုတ်လွှင့်ပေးခြင်းများမလုပ်ဆောင်ကြလျှင် အလင်းတော်သည် သူတို့ကို ကယ်တင်ခြင်းမပေးပါ။ (ChS 39.1) ChSBur 57.2