ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
သေချာသောအကျိုး
“လူတိုင်း ကိုယ်အလုပ် ကိုယ်လုပ်စေရမည်” ဟူ၍ လူတို့တတ်နိုင်စွမ်း အလိုက် ခွဲခန့်ထားတော်မူခဲ့သောပုဂ္ဂိုလ်သည် တာဝန်ကိုသစ္စာသိစွာလုပ်ဆောင် ခဲ့ကြသူများအား အကျိုးမပေးဘဲ ဘယ်အခါမျှရှိစေမည်မဟုတ်။ သစ္စာတရား နှင့်ယုံကြည်ခြင်းအားဖြင့် ပြုသောအမှုတိုင်းသည် ဘုရားသခင်ထံမှ မျက်နှာ ရခြင်း၊ သဘောကျခြင်းအထူးလက်မှတ်ဖြင့် သရဖူဆောင်းကြရလိမ့်မည်။ လုပ်ဆောင်သူတိုင်းသည် ကတိတော်ကို ရထားကြသည်။ မျက်ရည်ကျလျက် ကြံရန် မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်။” (ChS 267.2) ChSBur 445.1
အမှုဆောင်ကာလတိုတောင်းသည် (သို့မဟုတ်) စိတ်နှိမ့်ချလုပ်ကိုင် ခဲ့သည်ဟူ၍ မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ခရစ်တော်နောက်သို့ ရိုးရိုး ယုံကြည်ခြင်းနှင့်လိုက်ပါလျှင် အကျိုးရရန် ကျွန်ုပ်တို့စိတ်ပျက်ကြရမည် မဟုတ်။ ကြီးမြတ်သူနှင့်ဉာဏ်ကြီးရှင်တွေက လုပ်၍မရနိုင်ဖြစ်ရသည်ပင်လျှင် အားနည်းသူနှင့် စိတ်အနှိမ့်ချဆုံးလူများသည် လက်ခံရကြလိမ့်မည်။ ကောင်းကင်ဘုံရွှေတံခါးကြီးသည် ကိုယ့်ဘာသာကိုယ်ချီးမြှောက်သူတို့အား ဖွင့်ပေးလိမ့်မည်မဟုတ်ပါ။ စိတ်ဓာတ်မာနကြီးသူများအတွက်လည်း တံခါး ကြီးကမပွင့်။ သို့သော် ထာဝရတံခါးမုခ်ဝသည် ငယ်သောသူတစ်ယောက်၏ တုန်ယင်ထိတွေ့လာသောလက်ကို ကျယ်စွာဖွင့်ပေးလိမ့်မည်။ ဘုရားသခင် ကိုရိုးရိုးယုံကြည်ခြင်းနှင့် ချစ်ခြင်းရှိသောသူများအတွက် ကောင်းချီးမင်္ဂလာ သည် ကျေးဇူးတော်ချီးမြှင့်ငွေရခြင်းဖြစ်လိမ့်မည်။ (ChS 267.3) ChSBur 445.2
ဤအမှုတော်ကို လုပ်ဆောင်နေကြသူများ၏နဖူးစည်းသည် မာတုရ ယဇ်သရဖူကို ဆင်မြန်းရကြလိမ့်မည်။ သို့သော်လည်း သူတို့ရရှိမည့်အကျိုး ကို သူတို့လက်ခံရကြသည်သာတည်း။ (ChS 267.4) ChSBur 445.3
ဘုရားသခင်အတွက် လုပ်ဆောင်သူတိုင်း၌ ဤအတွေးသည် သွေးကြွ စေသည့်အရာတစ်ခု၊ အားတက်စေသည့်အရာတစ်ခုဖြစ်ပါလိမ့်မည်။ ဤဘဝ၌ သခင်ဘုရားအတွက် ကျွန်ုပ်တို့လုပ်နေသောအလုပ်သည် အကျိုးမရှိပြီဟု မကြာမကြာထင်ရကြ၏။ ကောင်းသောအမှုကို ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင် ရာတွင် စိတ်ပါလက်ပါနှင့်ထိန်းထားနိုင်ခဲ့ကြ၏။ သို့တိုင်လည်း အကျိုးထွက် သည်ကို သက်သေပေးရန် အခွင့်မရခဲ့ကြပါ။ ဤတွင် ကျွန်ုပ်တို့၏ကြိုးစား ခြင်းပျောက်ဆုံးသွားပြီဟု ထင်ရနိုင်သည်။ သို့သော်လည်း ကယ်တင်သော အရှင်သခင်သည် ကျွန်ုပ်တို့၏အလုပ်ကို ကောင်းကင်ဘုံ၌ ရေးမှတ်ထားကြောင်း အာမခံပေးသည်။ ကျွန်ုပ်တို့ရမည့်ဆုလာဘ်သည် မဆုံးရှုံးနိုင်ပါ။ (ChS 267.5) ChSBur 445.4
တရားမျှတမှု၊ ကြင်နာမှုနှင့်စေတနာစိတ်ဖြင့်ပြုသောအမှုတိုင်း၊ အကျင့် တိုင်းသည် ကောင်းကင်ဘုံ၌ ဂီတသံများဖြစ်လေ၏။ ပလ္လင်ထက်ရှိ ခမည်း တော်ဘုရားသခင်သည် သူတို့၏တင်ဆက်ခြင်းကို ကိုယ်တော်၏အဖိုးတန် ဆုံးရတနာများအဖြစ် ရှုမြင်ရေတွက်တော်မူလေ၏။ “ငါ၏ကျောက်မျက်ရတနာ များအဖြစ် သူတို့သည် ငါ၏ဥစ္စာဖြစ်ကြ၏ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်မိန့်တော်မူ၏။” ဆင်းရဲသူများနှင့်ဒုက္ခခံနေကြသူများအား စာနာ သနားခြင်းဖြင့် ပြုသောအမှုတိုင်းသည် ယေရှုကိုပြုသည်ဖြစ်၏။ ဆင်းရဲသား များကို စောင့်မကြည့်ရှုသူ၊ ဒုက္ခရောက်သူနှင့် ဖိနှိပ်ခံကြရသူများကို ညှာတာ ထောက်ထားသူနှင့် မိဘမဲ့များနှင့်မိတ်ဆွေဖွဲ့သူများသည် သူတို့ကိုယ်ကိုသူတို့ ယေရှုနှင့်ပို၍နီးကပ်စွာဆက်ဆံနေကြသူများဖြစ်ကြလေ၏။ (ChS 268.1) ChSBur 446.1
အကြောင်းမလှသူ၊ မျက်စိမမြင်၊ ခြေကျိုး၊ ဖျားနာသူများနှင့် မုဆိုး မများ၊ မိဘမဲ့များအပေါ်၌ သနားကြင်နာခြင်း၊ စေတနာထားခြင်းနှင့်အတူ တွေးဆထောက်ထားပြုစုသောအမှုတိုင်းသည် ခရစ်တော်ကိုပြုစုသကဲ့သို့ ကိုယ်တော်မှတ်ယူလေ၏။ ဤအမှုများကို ကောင်းကင်ဘုံမှတ်တမ်း၌ ထိန်းသိမ်းထားသည်ဖြစ်၍ အကျိုးကိုရကြလိမ့်မည်။ (ChS 268.2) ChSBur 446.2