ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

266/271

တန်ဖိုးထားမှုအခြေခံ

ဘုရားသခင်အား အစေခံပေးအပ်ခြင်း၏တန်ဖိုးသည် အမှုဆောင် ခြင်း၌သုံးသောကာလရှည်ကြာခြင်းထက် ပေးဆပ်လိုက်ရသောစိတ်ဝိညာဉ်ဖြင့် တိုင်းတာယူပါသည်။ (ChS 266.4) ChSBur 443.4

ဘုရားသခင်အလိုတော်ဘဝ၌ သူတို့ရှေ့ဆက်အောင်မြင်မှုရခြင်း သည် သူတို့ကိုအားဖြည့်ပေးသောကိုယ်ပိုင်စွမ်းရည်တိုးတက်ခြင်းအပေါ်၌ မူတည်ပါ၏။ သူတို့အတွက် အနာဂတ်အကျိုးသည် သူတို့သခင်အား အစေခံ ဆောင်ရွက်ပေးနေသောဂုဏ်ရည်သမာဓိနှင့် ကြိုးပမ်းအားထုတ်ခြင်းအပေါ်၌ အချိုးကျရှိစေပါလိမ့်မည်။ (ChS 266.5) ChSBur 443.5

ဘုရားသခင်သည် အမှုတော်မြတ်ကြီးတစ်ခုကို ပြီးစီးအောင်လုပ်ဆောင် ရန်ရှိပါ၏။ လက်ရှိဘဝ၌ သစ္စာအရှိဆုံးနှင့်အမှုတော်ကို ဆောင်ရွက်လိုသော ဆန္ဒရှိသူများအား နောင်ဘဝ၌ သူတို့အတွက် အကောင်းဆုံးအမွေခံသေတမ်း စာကို ဘုရားသခင်ရေးပေးခဲ့လိမ့်မည်။ (ChS 266.6) ChSBur 444.1

စပျစ်ဥယျာဉ်ခြံအတွင်းသို့ ဆယ့်တစ်နာရီအချိန်၌ အလုပ်လုပ်ရန် ဝင်လာသူသည် အလုပ်လုပ်ခွင့်ရလိုက်သည့်အတွက် ကျေးဇူးတင်စိတ်ရှိလိမ့် မည်။ သူတို့စိတ်နှလုံးသည် သူတို့ကိုလက်ခံသောသူတစ်ယောက်ကို ကျေးဇူး တင်စိတ်အပြည့်ရှိနေသည်။ အလုပ်လုပ်သောထိုနေ့ရက်အဆုံး၌ အိမ်ရှင်သည် သူတို့အား တစ်ရက်စာလုပ်ခအပြည့်ထုတ်ပေးလာသည်ကို သူတို့သည် ကြီးစွာ အံ့သြရလေ၏။ သူတို့၌ ယင်းလုပ်ခငွေမရထိုက်သည်ကို သူတို့သိရှိကြပါ သည်။ အလုပ်ရှင်၏မျက်နှာထားပေါ်မှာ ကြင်နာမှုဖော်ပြနေသည်ကို သူတို့ တွေ့ရ၍လည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ သူတို့သည် အိမ်ရှင်၏ ကောင်းမြတ်ခြင်းကို ဘယ်တော့မှမမေ့တော့ပါ။ သူတို့ရရှိခဲ့သည့်ရက်ရက် ရောရောပေးကမ်းလာသောလုပ်ခဆုကျေးကိုလည်း သူတို့မမေ့နိုင်ပါချေ။ (ChS 266.7) ChSBur 444.2

ဆိုရလျှင် သခင်၏စပျစ်ဥယျာဉ်ထဲသို့ ဆယ့်တစ်နာရီအချိန်ဝင်လာ သောသူတစ်ဦးသည် အပြစ်သားဖြစ်၍ သူ၌မထိုက်မတန်သည်ကို သိနေသူဖြစ် သည်။ သူလုပ်ရသောအချိန်သည် အလွန်တိုတောင်းသောကြောင့် လုပ်ခအကျိုး ရဖို့မထိုက်သည်ကို ခံစားမိသော်လည်း သူသည် ဘုရားသခင်က သူ့ကို လုံးလုံးလက်ခံထားသည့်အတွက် ဝမ်းမြောက်စိတ်နှင့်ပြည့်နေသူဖြစ်၏။ ထို့ကြောင့် သူသည် နှိမ့်ချခြင်း၊ စိတ်ချယုံကြည်ခြင်းဖြင့် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ရခြင်းအခွင့်ထူးအတွက် ကျေးဇူးတင်စိတ်ဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့၏။ ဤစိတ်ဝိညာဉ်သည် ချီးမွမ်းခံယူရန် ဘုရား သခင်နှစ်သက်ကျေနပ်တော်မူခြင်းဖြစ်သည်။ (ChS 267.1) ChSBur 444.3