ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

261/271

ရှံးနိမ့်သည့်အတွေးမရှိသင့်ပါပြီ

ခရစ်တော်အတွက် လုပ်ဆောင်သူများသည် စကားအနည်းငယ်အား ဖြင့်ဖြစ်စေ၊ သူတို့၏အမှုတော်လုပ်ငန်းရှုံးနိမ့်ခဲ့သည်ဟူ၍ ဘယ်တော့မှမတွေး ရပါ။ သခင်ယေရှုသည် အရာအားလုံး၌ ကျွန်ုပ်တို့၏စွမ်းရည်ဖြစ်သည်။ ကိုယ်တော်၏ဝိညာဉ်သည် ကျွန်ုပ်တို့၏ဉာဏ်ကွန့်မြူးခြင်းဖြစ်၏။ ကျွန်ုပ်တို့ ၏ကိုယ်ကို အလင်းလမ်းကြောင်းဖြစ်စေအံ့သောငှာ လက်တော်ထဲထည့်ထား သောအခါ ကျွန်ုပ်တို့ရည်ရွယ်ပြုလုပ်သောကောင်းသောအမှု၌ ပင်ပန်းနွမ်းနယ် သည်ဟူ၍ ဘယ်တော့မှမဖြစ်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပြည့်စုံမှုကို ဆွဲယူသုံးနိုင်သည်။ အကန့်အသတ်မရှိသောကျေးဇူးတော်ကို လက်ခံရယူနိုင် သည်။ (ChS 261.3) ChSBur 436.1

၎ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဘုရားသခင်အား လုံးလုံးလျားလျား ပေးအပ်လိုက်သောအခါ ကိုယ်တော်ညွှန်ကြားချက်ဖြင့်ပြုရသော ကျွန်ုပ်တို့၏ အမှုတော်ထဲ၌ ပြီးစီးသည်အထိ ဘုရားသခင်ကိုယ်တော်တိုင် တာဝန်ယူပေး ပါသည်။ ကျွန်ုပ်တို့၏ရိုးသားစွာကြိုးစား၍ရလိုက်သောအောင်မြင်ခြင်းကို ထင်ကြေးအဖြစ် ကျွန်ုပ်တို့၌ ကိုယ်တော်ရှိစေလိုတော်မူသည်မဟုတ်။ ရှုံးနိမ့် သည့်အတွေးကိုပင် ကျွန်ုပ်တို့၌ တစ်ကြိမ်တစ်ခါမျှမရှိစေလိုပါ။ ကျွန်ုပ်တို့သည် ရှုံးနိမ့်ခြင်းမရှိကြောင်းကို သိတော်မူသောကိုယ်တော်တစ်ပါးတည်းနှင့်သာ ပူးပေါင်းကြရမည်။ (ChS 261.4) ChSBur 436.2

သခင်ဘုရားသည် သူ့လူများက သူတို့ကိုယ်တိုင်အဆင့်နိမ့်နေရာသို့ ဆင်း၍နေကြသည်ကို စိတ်ပျက်ပါသည်။ ကိုယ်တော်၏အရွေးချယ်ခံ၊ အမွေ ခံများသည် ကိုယ်တော်သူတို့ကိုတန်ဖိုးပေး၍ ဝယ်ယူခဲ့သည့်အတိုင်း သူတို့ ကိုယ်သူတို့ တန်ဖိုးထားတတ်ကြရန် လိုလားတော်မူသည်။ ဘုရားသခင်သည် သူတို့ကိုအလိုရှိသည်။ သို့မဟုတ်လျှင် သူတို့ကိုရွေးနုတ်ကယ်တင်ဖို့ တစ်ပါး တည်းသောသားတော်အဖိုးတန်လက်စွဲတော်ကို စေစားတော်မူခဲ့မည်မဟုတ်ပါ။ သူတို့ကိုကိုယ်တော်အသုံးချလို၏။ သူတို့သည် ဘုရားသခင်တန်ခိုးတော် ထင်ရှားစေလိုသောကြောင့် ဘုရားသခင်ထံမှ အမြင့်ဆုံးသောလိုအပ်ချက်များ တောင်းဆိုသည်ဖြစ်၍ ကိုယ်တော်သည် ကောင်းစွာကျေနပ်နေပါသည်။ ဘုရား သခင်ကတိတော်၌ သူတို့ယုံကြည်ခြင်းရှိလျှင် ကြီးသောအရာများကို သူတို့ မျှော်လင့်နိုင်ကြသည်။ (ChS 262.1) ChSBur 436.3