ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ကောင်းကင်ဘုံကိုယ်စားလှယ်တမန်များပူးပေါင်းလုပ်ဆောင်ခြင်း
ကောင်းကင်တမန်များ၏မစ်ရှင်အလုပ်ကို ကျွန်ုပ်တို့နားလည်သည် ထက် ပို၍ကောင်းစွာနားလည်ထားဖို့လိုအပ်သည်။ ဘုရားသခင်၏မှန်သော သားသမီးတိုင်းသည် ကောင်းကင်ကိုယ်ခန္ဓာများနှင့်ပူးပေါင်းလုပ်ဆောင်နေကြ သည်ဟု အမှတ်တရရှိနေဖို့ကောင်းသည်။ အလင်းနှင့်တန်ခိုးရှင်၏မျက်မြင် မရတပ်မကြီးသည် ဘုရားသခင်ကတိတော်များကိုယုံကြည်၍ ကြွေးကြော် နေကြသောအောက်ကျို့သည်းခံ၊ စိတ်နှိမ့်ချသူလူတိုင်းနှင့်အတူရှိနေသည်။ ခေရုဗိမ်နှင့် ကောင်းကင်တမန်သရုပ်များ၊ ကောင်းကင်တမန်များသည် သာလွန်ထူးချွန်သောအင်အားနှင့် ဘုရားသခင်၏လက်ယာဘက်၌ရပ်နေကြ ၏။ “၁၄ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေ ခံလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှါ စေလွှတ်တော်မူသောအစေခံနာမ်ဝိညာဉ် ဖြစ်ကြသည်။” (ChS 258.2) ChSBur 430.1
ဖြစ်သခင်ယေရှုသည် အစေခံလုပ်သားဖြစ်သည်ကို သတိရပါ။ ကိုယ်တော်သည် စိုက်ပျိုးထားသောမျိုးစေ့ကို ရေလောင်းသူဖြစ်သည်။ သင့် စိတ်နှလုံးထဲသို့ရောက်စေမည့်တရားစကားကို သင့်စိတ်ထဲသို့ ကိုယ်တော် ထည့်သွင်းပေးတော်မူသည်။ (ChS 258.3) ChSBur 430.2
ဘုရားသခင်အမှုတော်ထဲသို့ သင့်ကိုယ်ကိုအလုံးစုံဆက်ကပ်မြှုပ်နှံပါ။ ကိုယ်တော်သည် သင်၏ခွန်အားဖြစ်သည်။ ကိုယ်တော်သည် သင်၏ညာဘက် ၌ရှိတော်မူ၍ သူ၏ကရုဏာပုံစံကို သယ်ဆောင်ရန် သင့်ကိုကူညီနေပါ၏။ (ChS 258.4) ChSBur 430.3
ကောင်းကင်ဉာဏ်ကြီးရှင်တမန်များသည် စရိုက်လက္ခဏာပြည့်စုံ ခြင်းကို လှုပ်ရှားမှု၌ ပြည့်စုံခြင်းရောက်သည့်တိုင် အလျှော့မပေးသောယုံကြည် ချက်ဖြင့် ရှာဖွေနေကြသောလူသားကိုယ်စားလှယ်များနှင့်အတူ လုပ်ဆောင် ကြလိမ့်မည်။ ဤအမှုတော်၌ ပါဝင်နေသူတစ်ဦးချင်းစီတိုင်းကို “ငါသည် သင့်ကို ကူညီရန် သင်၏ညာဘက်၌ရှိသည်” ဟု ခရစ်တော်ဆိုလေ၏။ (ChS 258.5) ChSBur 431.1
လူ၏အလိုသည် ဘုရားသခင်၏အလိုတော်နှင့်အတူ ပူးပေါင်း လုပ်ဆောင်လာသောအခါ ဘုရားသခင်၏အနန္တတန်ခိုးဖြစ်လာသည်။ အမိန့် တော်ပညတ်ချက်များကို ဆောင်ရွက်လေတိုင်း ဘုရားသခင့်ခွန်အားဖြင့် ပြီးစီး စေလိမ့်မည်။ (ChS 258.6) ChSBur 431.2
ပျက်စီးသူများကို ကယ်တင်ခြင်းအမှုတော်၌ ကောင်းကင်တမန်များ ၏ပူးပေါင်းလုပ်ဆောင်မှုသည် သင်နှင့်အတူရှိ၏။ ထောင်သောင်းမက များစွာသောကောင်းကင်တမန်များသည် ကျွန်ုပ်တို့အား ဘုရားသခင်မှရက်ရော စွာပေးကမ်းထားသည့်အလင်းကို ဆောင်ယူကြသောကျွန်ုပ်တို့၏အသင်းတော်မှ အသင်းသားများနှင့်ပူးပေါင်းလုပ်ဆောင်ရန် စောင့်နေကြပါသည်။ ထိုသို့အားဖြင့် လူတစ်ယောက်သည် ခရစ်တော်ကြွလာတော်မူမည်ကို ပြင်ဆင်ထားနိုင်၏။ (ChS 259.1) ChSBur 431.3
ကောင်းကင်တမန်များအားလုံးသည် ဤအမှုတော်၌ ပူးပေါင်းပါဝင် ကြရန် အသင့်ရှိနေသည်။ ကောင်းကင်ဘုံရှိ အရင်းအမြစ်အားလုံးသည် ပျောက်သောသူကိုကယ်တင်ရန် ရှာဖွေနေကြသူတို့၏အမိန့်အောက်၌ ရှိနေ သည်။ ကောင်းကင်တမန်များသည် ဂရုမစိုက်ဆုံး၊ အခက်ထန်ဆုံးသော သူတို့ဆီသို့ရောက်ရှိသွားရန် သင့်အားကူညီပါလိမ့်မည်။ ထိုအထဲကတစ်ယောက် ယောက်သည် ဘုရားသခင်ထံသို့ ပြန်လှည့်၍ ရောက်လာသောအခါ ကောင်းကင်ဘုံသားများအားလုံးသည် ဝမ်းမြောက်ခြင်းရှိ၍ ကောင်းကင်တမန် သရပ်နှင့်ခေရုဗိမ်တို့သည် သူတို့၏ရွှေစောင်းကိုတီးခတ်လိမ့်မည်။ လူသား သမီးတို့ကိုကရုဏာထား၍ ချစ်ခင်ကြင်နာတော်မူသောဘုရားသခင်နှင့်သိုးသငယ် တို့ကိုချီးမွမ်းသီချင်းသီဆိုဆက်သွင်းကြမည်။ (ChS 259.2) ChSBur 431.4
ဂါလိလဲရေအိုင်မှ တံငါသည်များကို ခေါ်ယူခဲ့သောကိုယ်တော်သည် အမှုတော်ထဲသို့ဝင်ရန် လူများကိုခေါ်ယူနေဆဲဖြစ်သည်။ တန်ခိုးတော်သည် ကနဦးတပည့်တော်များ၌ တည်သကဲ့သို့ ကျွန်ုပ်တို့အပေါ်၌လည်း တည်ရှိ စေရန် လိုလားတော်မူ၏။ ကျွန်ုပ်တို့သည် မပြည့်မဝနှင့်အပြစ်သားများ ဖြစ်ကြသည့်တိုင် သခင်ဘုရားသည် သူနှင့်လုပ်ဖော်ကိုင်ဖက်အဖြစ် ဝင်လာ ရန်နှင့်ခရစ်တော်၏အလုပ်သင်အဖြစ်လည်း အသိအမှတ်ပြုထားပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏လမ်းညွှန်မှုအောက်သို့ရောက်လာဖို့ ကျွန်ုပ် တို့ကိုခေါ်ဖိတ်နေသည်ဖြစ်၍ ခရစ်တော်နှင့်ပေါင်းစည်းကာ ဘုရားသခင်အမှ တော်ရပ်များကို ကျွန်ုပ်တို့ဆောင်ရွက်နိုင်ကြသည်။ (ChS 259.3) ChSBur 432.1
ခရစ်တော်သည် သူ့အတွက် လုံးလုံးလျားလျားအသက်ရှင်နေသူ များကို တန်ဖိုးထားသည်ဟု သင်မတွေးမိသလော။ ကိုယ်တော်ချစ်သော တပည့်ယောဟန်ကဲ့သို့ သခင်ဘုရားအတွက် ကြီးစွာကြိုးစားနေရာရှာသူများကို ကိုယ်တော်သည် ကိုယ်ထင်ပြ၍ ကြွရောက်တော်မူမည်ဟု သင်မတွေးမိ သလော။ ကိုယ်တော်သည် သစ္စာစောင့်သိသောသူအယောက်တိုင်းကိုမြင်၏။ သူတို့နှင့်ဝင်စား၏။ သူတို့အား တိုက်တွန်းခြင်း၊ အားပေးခြင်းကိုပြု၏။ ဘုရားသခင်၏ကောင်းကင်တမန်များသည် ခွန်အားအပြည့်နှင့်အမှန်တရားကို မသိသေးသောသူများအား ကြားသိစေရန် ဟောပြောနေကြသည့်ကိုယ်တော် ၏လူသားအမှုတော်ဆောင်များကို အစေခံရန် စေလွှတ်တော်မူထားပါသည်။ (ChS 259.4) ChSBur 432.2
ကောင်းကင်ဘုံသားများအားလုံးသည် လှုပ်ရှားတက်ကြွနေကြသည်။ ကောင်းကင်တမန်များသည် ခရစ်တော်အသေခံပေးခဲ့သောဝိညာဉ်များ၌ ဝမ်းမြောက်ဖွယ်ကယ်တင်ခြင်းသတင်းစကားကို နားကြားစေရန် စီမံချက်ရေး ဆွဲကြသူအားလုံးတို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်ပေးရန် စောင့်မျှော်နေကြကုန် ၏။ ကယ်တင်ခြင်းအမွေခံဖြစ်ကြသူတို့ကို အစေခံပြုစုနေကြသောကောင်းကင် တမန်များသည် မှန်သောသန့်ရှင်းသူအားလုံးကို ပြောနေပါသည်။ “၂၀ဗိမာန် တော်၌ရပ်၍ အသက်ရှင်ခြင်းတရားစကားအလုံးစုံကို လူများတို့အား ဟောပြော ကြလော့ဟု မှာထား၏။ (တ ၅း၂၀)” အမှာခံရသောသူများသည် ဤအမိန့် စာကိုနာခံရကြသည်ဆိုလျှင် ဘုရားသခင်သည် မည်သူနှင့်မည်သို့သွားရမည် ကို ပိုင်ပိုင်နိုင်နိုင်သူတို့၌ရှိစေလျက် သူတို့အရှေ့၌ လမ်းကိုပြင်ဆင်ပေးထား ပါလိမ့်မည်။ (ChS 259.5) ChSBur 432.3
ဤသို့သောအချိန်မျိုးတွင် ဘုရားသခင်သားသမီးများအားလုံးသည် အခြားသူများကို ကူညီရာ၌ တက်ကြွစွာပါဝင်နေကြသည်။ ကျမ်းစာသမ္မာ တရားကို နားလည်ကြကုန်သောသူများသည် တရားအလင်းကို မျှော်လင့် နေကြကုန်သောလူယောက်ျား၊ လူမိန်းမများကို ကြိုးစားရှာဖွေသောအခါ ကောင်းကင်တမန်များသည် သူတို့ကိုဂရုတစိုက်ကူညီကြလိမ့်မည်။ ကောင်းကင် တမန်များရောက်သွားသည့်နေရာသို့ ရှေ့တက်၍နေရာယူရန် မည်သူမျှ ကြောက်ရွံ့နေရန်မလိုပါ။ ဆက်ကပ်အပ်နှံပြီးကြသူအမှုဆောင်များ၏ယုံကြည် ခြင်းအပြည့်နှင့် ကြိုးပမ်းမှုရလဒ်သည် လူများစွာတို့ကို၊ ရုပ်တုကိုကိုးကွယ် နေခြင်းမှသည် အသက်ရှင်သောဘုရားသခင်ကိုကိုးကွယ်ခြင်းသို့ ရောက်ရှိ လာစေလိမ့်မည်။ လူများစွာသည် လူလုပ်သောဓလေ့ထုံးတမ်းအဖွဲ့အစည်း များအား ဦးချဝတ်ပြုနေခြင်းကို ရပ်ပစ်ကြလိမ့်မည်။ ဖန်ဆင်းရှင်ဘုရားသခင် နှင့်ပညတ်တော်ဘက်၌ အကြောက်အလန့်မရှိသူတို့ ရပ်တည်လာကြပါလိမ့် မည်။ (ChS 260.1) ChSBur 433.1
ကောင်းကင်ဘုံ၏အထွတ်အမြတ်နှင့်အာဏာတန်ခိုးတို့သည် ဘုရား သခင်အစေခံများငိုငိုယိုယိုနှင့် သိသိသာသာစိတ်ပျက်အားလျော့နေကြသည့် အခြေအနေအောက်ရှိစစ်ပွဲကို စောင့်ကြည့်နေကြ၏။ ခရစ်ယာန်များသည် သူတို့ကိုရွေးနုတ်ကယ်တင်သောအရှင်၏အလံတော်အောက်၌ စုရုံးချီတက်လျက် ယုံကြည်ခြင်းနှင့်ကောင်းစွာတိုက်လှန်ခြင်းဖြင့် ရှေ့ဆက်တိုက်ပွဲဝင်လေတိုင်း အောင်ပွဲအသစ်ရလာသည်။ ဂုဏ်ပြုခြင်းများရှိလာသည်။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များအားလုံးသည် စိတ်နှလုံးနှိမ့်ချသူ၊ ဘုရားသခင်ကိုယုံကြည် သူလူများကို အစေခံပြုစုလျက်ရှိသည်။ အောက်အရပ်မြေပြင်ရှိ ဘုရားသခင် ၏အမှုဆောင်တပ်မကြီးသည် ချီးမွမ်းသီချင်းကို သီဆိုဟစ်ကြွေးကြ၏။ အထက် အရပ်ရှိ ဓမ္မတေးသံစုံကျူးအဖွဲ့သည်လည်း ဘုရားသခင်နှင့်တစ်ပါးတည်း သောသားတော်အကြောင်းကို ပေါ်လွင်စွာချီးမွမ်းခြင်းအားဖြင့် အောက်အရပ် နှင့်ဆက်သွယ်သီကြွေးကြကုန်၏။ (Ch$ 260.2) ChSBur 433.2
အမှုတော်ရပ်များအောင်မြင်စေသည့်အရာမှာ လူမှထုတ်လွှတ်သော တန်ခိုးကြောင့်မဟုတ်ပါ။ အမှုတော်ရပ်များကို ပြည့်စုံစေအောင်လုပ်ပေးသော လူသားကိုယ်စားလှယ်များနှင့်အတူ လုပ်ဆောင်ကြသည့်ကောင်းကင်တမန်များ ၏တန်ခိုးကြောင့်ဖြစ်သည်။ ပေါလုကဲ့သို့လူတစ်ယောက်က စိုက်ပျိုး၏။ အာပေါလုကဲ့သို့ လူတစ်ယောက်က ရေလောင်းပေး၏။ သို့သော် ကြီးထွား တိုးတက်စေရန် လုပ်ပေးသူမှာ ဘုရားသခင်သာဖြစ်ပေသည်။ လူသည် ဘုရား သခင်၏အပိုင်းကိုမလုပ်နိုင်ပါ။ လူသားကိုယ်စားလှယ်တစ်ယောက်အနေနှင့် သူသည် ဘုရားသခင်၏ကောင်းကင်တမန်များနှင့်သာ ပူးပေါင်းလုပ်ဆောင် နိုင်ကြပါသည်။ ရိုးသားမှုနှင့်ကျိုးနွံမှုက သူ့ကိုအကောင်းဆုံးလုပ်ဆောင်နိုင် စေ၍ ဘုရားသခင်သည်သာလျှင် အကြီးဆုံးလုပ်ဆောင်သူသခင်ဖြစ်ကြောင်း ကို အမှတ်ရစေပါသည်။ လုပ်သားများသည် သေဆုံးကုန်လွန်ကြမည်ဖြစ် သော်လည်း အလုပ်သည် ရပ်တန့်သွားလိမ့်မည်မဟုတ်။ ပြီးစီးသည့်တိုင် လုပ်ဆောင်သွားကြလိမ့်မည်ဖြစ်သတည်း။ (ChS 260.3) ChSBur 434.1
ခရစ်ယာန်သည် ဘုရားသခင်၌ အားကြီးစွာကူညီသူတစ်ယောက် ကိုအမြဲတမ်းရရှိ၏။ ဘုရားသခင်ကူညီသောလမ်းကြောင်းကို ကျွန်ုပ်တို့မသိ ရနိုင်ပါ။ သို့သော် ကိုယ်တော်၌ စိတ်ချအပ်နှံသူသည် မည်သည့်အခါမျှ ဆုံးရှုံးလိမ့်မည်မဟုတ်ကြောင်းကို ကျွန်ုပ်တို့သိရပါသည်။ ခရစ်ယာန်များသည် သူတို့လမ်းကြောင်းထဲ၌ သူတို့ကိုလာတိုက်သည့်ရန်သူတို့၏အကြံအစည် မအောင်မြင်နိုင်ကြောင်းကိုလည်းကောင်း၊ သူတို့သည်လည်း မညည်းမညူဘဲ ထိမိ ၍ လဲခြင်းမရှိခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် အကြိမ်မည်မျှလောက် တည့်မတ်ပေးခဲ့သည်ကိုလည်းကောင်း သူတို့သိကြ၏။ သူတို့၏ ယုံကြည်ခြင်း သည် ဘုရားသခင်အပေါ်၌ရှိနေသည်။ သူတို့ကိုရွှေထုတ်ရန် မည်သည့် စမ်းသပ်ခြင်းမျှမစွမ်းနိုင်ပါ။ ဘုရားသခင်ကို သူတို့၏ဉာဏ်ပညာနှင့်အစွမ်း တန်ခိုးတော်ဟူ၍ အမှတ်ထားကြသည်။ သူတို့ကိုသုံး၍ အမှုဆောင်စေရန် ကိုယ်တော်အလိုတော်ရှိသောအခါ ထိုအရာများကို သူတို့၌ယူတင်ပေးလေ၏။ (ChS 260.4) ChSBur 434.2
မစ်ရှင်အမှုတော်၌ ပါဝင်လုပ်ဆောင်သူအားလုံးသည် ဘုရားသခင် ၏လက်သုံးတော်ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်များနှင့်အတူ လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြ၏။ ထိုထက်ကောင်းကင်တမန်များက သူတို့၏မစ်ရှင်အလုပ်ကို ပြီးစီးစေရန် သုံးသောလူသားကိုယ်စားလှယ်များ ဖြစ်ကြ၏။ ကောင်းကင်တမန်များသည် သူတို့၏စကားသံဖြင့် စကားပြော လေ၏။ လူသားသည် လက်ဖြင့်အလုပ်လုပ်ကြရ၏။ လူသားအမှုဆောင် များသည် ကောင်းကင်ကိုယ်စားလှယ်ကောင်းကင်တမန်များနှင့် ပူးပေါင်း လုပ်ဆောင်ကြသည်ဖြစ်၍ အထက်အရပ်၏ပညာရေးနှင့် အတွေ့အကြုံအကျိုး တရားများကို ရကြပါသည်။ (ChS 261.1) ChSBur 435.1
ခရစ်တော်သည် သူ၏ဖြောင့်မတ်ခြင်းလက်နက်ကို ဝတ်ဆင်၍ စတင်အလုပ်လုပ်ရန် လူယောက်ျား၊ လူမိန်းမတိုင်းကို ခေါ်ယူနေပါသည်။ “သင့်ကိုကူညီရန် သင့်ညာဘက်၌ ငါရှိသည်” ဟု ကိုယ်တော်ဆိုနေသည်။ သင်၏စမ်းသပ်ခံရမှုနှင့်စိတ်ရှုပ်စရာအားလုံးကို ဘုရားသခင်အား ပြောပြ လိုက်ပါ။ သင်၏ယုံကြည်စိတ်ချမှုကို ကိုယ်တော်ဘယ်တော့မှ သစ္စာမဖေါက် ပါ။ ကိုယ်တော်ဝယ်ယူ၍ ပိုင်ဆိုင်ခဲ့သောအသင်းတော်နှင့်သမ္မာတရားမျိုးစေ့ များကို ကြဲဖြန့်လုပ်ဆောင်နေကြသည့်အလုပ်သမားများသည် ခရစ်တော် အတွက် ထိုအရာများထက် ပို၍အဖိုးတန်သည့်အရာများဘာမျှမရှိတော့ချေ။ ယေရှုကိုစေ့စေ့တွေးကြည့်ပါ။ ကိုယ်တော်သည် သန့်ရှင်းရာဌာန၌ရှိသည်။ တစ်ကိုယ်တည်းအခြေအနေ၌ရှိသည်မဟုတ်။ ထောင်သောင်းချီသောကောင်း ကင်တမန်များပတ်ဝိုင်းလျက် ကိုယ်တော်စေခိုင်းသည်ကို လုပ်ဆောင်ရန် စောင့်မျှော်နေကြပါ၏။ ဘုရားသခင်သည် သူ့ထံယုံကြည်ခြင်းကို စိတ်ချ အပ်နှံထားသောသူ၊ အားအနည်းဆုံးသန့်ရှင်းသောသူများအတွက် သွားရောက် လုပ်ဆောင်ပေးရန် စေစားပါသည်။ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ လူချမ်းသာ ဖြစ်စေ၊ လူဆင်းရဲဖြစ်စေနည်းတူ အကူအညီများကို ပေးကမ်းတော်မူပါ၏။ (ChS 261.2) ChSBur 435.2