ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

167/271

အောင်မြင်ရန်မရှိမဖြစ်လိုအပ်ချက်များ

ယနေ့အတွက် သမ္မာတရားအလင်းကို သူတစ်ပါးတို့ထံ ပို့ဆောင် ပေးသည့်စီမံချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ရာတွင်သော်လည်း ကောင်း၊ ထိုလုပ်ဆောင်မှုတိုးတက်စေရန် ဆက်နွှယ်နေသောအံ့ဖွယ်အစီအမံများ ကြောင့်သော်လည်းကောင်း ကျွန်ုပ်တို့သည် မိမိတို့ချီးမြှင့်လိုသောနာမတော်၌ ဥဿုံလုံးဝပထမဦးစွာ အပ်နှံကြပါစို့။ ကျွန်ုပ်တို့အလည်အပတ်ရောက်ပြီး သတင်းကောင်းပေးလိုသောသူတို့အတွက် စိတ်အားကြီးစွာ ဆုတောင်းပေးကြ ပါစို့။ “အသက်ရှင်သောယုံကြည်ချက်ထားရှိခြင်းဖြင့် ကျွန်ုပ်တို့သည် ထိုသူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ထာဝရဘုရား၏မျက်မှောက် တော်သို့ယူဆောင်လာရမည်။” ထာဝရဘုရားသည် လူ၏ကြံစည်ချက် နှင့်ရည်ရွယ်ချက်များကိုသိမြင်သဖြင့် ကျွန်ုပ်တို့ကိုလွယ်လွယ်ကူကူနှင့်အရည်ပျော် သွားစေနိုင်ပါ၏။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် မီးလျှံကဲ့သို့ဖြစ်သော ကြောင့် မိုးကြိုးသွားနှင့်တူသောစိတ်နှလုံးကို နူးညွတ်ပျော့ပျောင်းစေကာ နှိမ်နင်း နိုင်ပါသည်။ ကိုယ်တော်ရှင်သည် လူ့အသက်ဝိညာဉ်ကို ချစ်ခြင်းမေတ္တာနှင့် နူးညံ့သိမ်မွေ့ခြင်းဖြင့် ဖြည့်ဆည်းပေးနိုင်ပါ၏။ ကိုယ်တော်ရှင်ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကျေးဇူးတော်များနှင့် ဖြည့်ဆည်း ပေးသဖြင့် ကျွန်ုပ်တို့သည် အသက်ဝိညာဉ်များစွာအတွက် ထာဝရအသက် လမ်းကိုတွေ့ရှိရန် ဝင်ထွက်သွားလာလုပ်ကိုင်နိုင်ပါလိမ့်မည်။ (ChS 169.2) ChSBur 282.1

ထာဝရဘုရား၏အမှုတော်မြတ်သည် ယခုလက်ရှိအခြေအနေမှာ မျက်နှာပွင့်လန်းသည်ထက် ပိုမို၍ပွင့်လန်းနေသင့်ပါပြီ။ အကယ်၍သာ ကျွန်ုပ် တို့သည် ပတ်ဝန်းကျင်ရှိလူများကို ပညာသတိနှင့်ချဉ်းကပ်၍ လူသားအကျိုး ဆောင်လုပ်ငန်းများနှင့် ရင်းနှီးအကျွမ်းဝင်စေကာ ကျွန်ုပ်တို့လုပ်ဆောင်ကြမည့် တိုးတက်ကြီးပွားရေးအလုပ်များ၌ သူတို့အားလည်း အခွင့်အရေးပေး၍ ပါဝင် လုပ်ဆောင်စေရပါမည်။ အကယ်၍သာ ကျွန်ုပ်တို့သည် ထာဝရဘုရားသခင် ၏အစေခံများအဖြစ် အမှုတော်မြတ်တွင် လုပ်ဆောင်လေသမျှ၌ ပညာသတိ နှင့်လုံ့လအားစိုက်ကာ လုပ်ဆောင်နေကြပါက ကိုယ်တော်ရှင်၏ကောင်းမြတ် သောလက်တော်သည် ကျွန်ုပ်တို့၏အားထုတ်မှုများကို ကောင်းချီးပေး၍ တိုးတက်ဖွံ့ဖြိုးစေပါလိမ့်မည်။ (ChS 170.1) ChSBur 283.1

အကယ်၍ ထာဝရဘုရား၏အမှုတော်မြတ်မှာ ပါဝင်လုပ်ဆောင်နေ ကြသောသူအပေါင်းတို့သည် မိမိတို့၏သစ္စာစောင့်သိခြင်းနှင့် ဉာဏ်အမြော် အမြင်အပေါ် များစွာတည်နေကြောင်း သိမှတ်နားလည်ခဲ့ပါသော် ထိုသူတို့ ၏အားထုတ်မှုများသည် အမှန်တကယ်သာ၍တိုးတက်လာပါလိမ့်မည်။ ကျွန်ုပ် တို့သည် မဝံ့မရဲနှင့်နောက်ဆုတ်ဖို့ကိုသာ စဉ်းစားမိကြသောကြောင့် မိမိရရှိ မည့်အခွင့်အရေးမှာ လုံခြုံမှုမရှိတော့ဘဲ ဆုံးရှုံးခဲ့ရသည်။ သို့ဖြစ်၍ အထက်မှ လာသောတန်ခိုးကို (မကြာခဏ) တောင့်တလျက် ထာဝရဘုရားကူညီမစ မည်ဟု ယုံကြည်မျှော်လင့်လျက် မိမိဆောင်ရွက်ရမည့်အပိုင်းကို လုပ်ဆောင် ရန် အသင့်ရှိနေကြရမည်။ (ChS 170.2) ChSBur 283.2