ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

166/271

အမှုတော်ဆောင်များသို ့သတိပေးနှိုးဆော်ချက်

“ကောက်နှံသိမ်းစု’လှုပ်ရှားမှု” အစီအစဉ်၏အထူးသာသနာပြုလုပ်ငန်း ၌ ပါဝင်လိုသဖြင့် ပုံစံဖြည့်ရေးနေကြသောသူတို့အားလုံးကို ကျွန်ုပ်ပြောလို သည်မှာ “သင့်လုပ်ငန်း၌ ကြိုးစားအားထုတ်၍ လုံ့လဝီရိယရှိကြပါ။ သန့်ရှင်း သောဝိညာဉ်တော်၏ သြဇာလွှမ်းမိုးမှု၊ လမ်းညွှန်မှုအောက်၌ အသက်ရှင် ပါ။” နေ့တိုင်းအစဉ်ခရစ်ယာန်အတွေ့အကြုံများရှိနေပါစေ။ အထူးပါရမီအရည် အသွေးရှိသူတို့သည် လူ့အလွှာအသီးသီး၌ရှိကြသောမယုံကြည်သူများအတွက် အလုပ်လုပ်ပေးပါ။ ပျက်စီးဆုံးပါးနေသောအသက်ဝိညာဉ်များကို လုံ့လဖက်၍ စေ့စေ့ရှာဖွေကယ်တင်ပါ။ လမ်းလွဲနေသူများကို ခရစ်တော်သခင်သည် မိမိ ၏သိုးခြံအတွင်း ပြန်သယ်ဆောင်လာရန် သခင်မည်မျှစိတ်အားကြီးကြောင်း ကိုစဉ်းစားဆင်ခြင်ပါ။ သခင်ဘုရားထံ ပြန်လည်စာရင်းရှင်းတင်ပြရမည်ဟူ သောအတွေးဖြင့် အသက်ဝိညာဉ်များကို စောင့်ရှောက်ပါ။ သင့်အသင်းတော် ၏အတွင်းနှင့်အပြင် သာသနာလုပ်ငန်းရပ်တွေမှာ သင့်အလင်းကို ကြည်လင် စွာထွန်းလင်းရောင်ခြည်ဖြာစေခြင်းဖြင့် တရားစီရင်ရာနေ့၌ သင့်အား အဘယ် သူမျှ “ဒီသမ္မာတရားကို ဘာကြောင့်ငါတို့အား လာမပြောတာလဲ။ သင်သည် ကျွန်ုပ်၏အသက်ဝိညာဉ်ကို ဘာကြောင့်ဂရုမစိုက်ခဲ့တာလဲ” ဟူသည့်မေးခွန်း မျိုးအမေးမခံရပါစေနှင့်။ သို့ဖြစ်၍ “ကျွန်ုပ်တို့နှင့်ယုံကြည်ချက်ခြင်းမတူ သောသူတို ့အတွက် အထူးသဖြင့် ပြင်ဆင်ပုံနှိပ်ထားပေးသော လက်ကမ်းစာစောင်များကို လုံ့လဖက်၍ ဖြန့်ဝေပါ။” ဖြစ်နိုင်သမျှ နည်းလမ်းကောင်းများစွာဖြင့် မယုံကြည်သူတို့ကို သေသပ်စွာဖြင့် သင့်ဆီ သို့ဆွဲဆောင်ယူပါ။ လက်ကမ်းစာစောင်များရရှိလိုသူတိုင်းထံ ဝေစာကိုဝေငှပါ။ ကျွန်ုပ်တို့သည် တတိယကောင်းကင်တမန်သတင်းစကားကြွေးကြော်ရေး၌ မိမိကိုယ်မိမိအပ်နှံကြပါစို့။ “သခင်ဘုရားသွားမည့်လမ်းခရီးကို ပြင်ဆင်ပေးကြ ပါ။” ငါတို့၏ထာဝရဘုရားအတွက် သဲကန္တာရထဲမှာ လျှောက်မည့်လမ်းကို ဖြောင့်တန်းနေအောင်ဖေါက်လုပ်ပေးကြပါ။ (ChS 169.1) ChSBur 281.2