ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

132/271

အချက်အပြုတ်နည်းပြကျောင်းများ

ဆေးကုသာသနာပြုအလုပ်တည်မြဲရာနေရာတိုင်း၌ အချက်အပြုတ် နည်းပြကျောင်းများစီမံခန့်ခွဲဖွင့်လှစ်သွားရန် အားပေးရမည်ဖြစ်ကြောင်း ကျွန်ုပ် အား ညွှန်ကြားချက်ပေးတော်မူပြန်သည်။ လူတွေကိုပြုပြင်ပြောင်းလဲခြင်းသို့ ရောက်လာဖို့တိုက်တွန်းဆွဲဆောင်ခြင်းပြုလေတိုင်း သူတို့အရှေ့မှာ လက်ဆုပ် လက်ကိုင်ပြထားနိုင်ရမည်။ သူတို့အပေါ်သို့တတ်နိုင်သမျှအလင်းဖြာဆင်းစေ ကြပါစို့။ အစားအသောက်ပြင်ဆင်ခြင်းပညာတွင် သူတို့အဖို့ ပိုမိုတိုးတက် တတ်ကျွမ်းစေမည့်အရာမှန်သမျှကို သူတို့အား သင်ကြားပေးပါ။ သူတို့သင်ယူ ခဲ့သည်များကိုလည်း သူတစ်ပါးတို့အား သင်ပေးကြရန် တိုက်တွန်းပါ။ (ChS 139.2) ChSBur 230.2

အချက်အပြုတ်နည်းပြကျောင်းများဖွင့်လှစ်ရမည်။ အာဟာရပြည့်အစား အစာများဘယ်လိုပြင်ဆင်ပေးရမည့်ပညာကို လူတွေသင်ယူကြရမည်။ ကျန်းမာ ရေးနှင့်မညီညွတ်သောအစာများကို လွှင့်ပစ်ဖို့လိုအပ်ကြောင်း သူတို့ကိုလုပ်ပြ ရမည်။ သို့ပါသော်လည်း အတိုင်းအချင့်နှင့်စား၍ အငတ်ခံနေခြင်းမျိုးကို ဘယ်သောအခါမျှ ကျွနု်ပ်တို့မထောက်ခံကြောင်း ပြောပြပါ။ လက်ဖက်ရည်၊ ကော်ဖီနှင့်အမဲသားငါးများမပါဘဲနှင့်လည်း အာဟာရပြည့်ဝသောအစားအစာ အာဟာရများလွယ်ကူစွာရရှိနိုင်ကြောင်း ပြောပြပါ။ လူတွေကိုအရသာရှိရှိ စားကောင်းသောအာဟာရပြည့်ဝသည့် အစားအစာများကို ဘယ်လိုပြင်ဆင် ချက်ပြုတ်ရမည့်အကြောင်း သင်ကြားပေးခြင်းသည် အဆုံးစွန်ထိအရေးကြီး ပါသည်။ (ChS 139.3) ChSBur 230.3