ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

131/271

အဖွဲ့အစည်းနှင့်ဆိုင်သောအလုပ်

ကျန်းမာရေးစားသောက်ခန်းမဆိုင်များနှင့် ဆေးကုခန်းများကို ဖွင့်လှစ် သင့်သည်။ ဤကဏ္ဍများအတွက် ကျွန်ုပ်တို့၏ကြိုးပမ်းခြင်းထဲတွင် ပင်လယ် ကမ်းခြေအပန်းဖြေစခန်းများလည်း ပါရမည်။ ဗတ္တိဇံဆရာယောဟန်၏တောထဲ ၌ဟစ်ကြော်သောအသံအတိုင်း “ထာဝရဘုရားသခင်ကြွတော်မူရာလမ်းကို ပြင်ကြလော့” ဟုဆိုသကဲ့သို့ ဘုရားသခင့်စေတမန်များ၏စကားသံများသည် လည်း ခရီးသွားစခန်းနှင့် ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတွေမှာ လူတွေအားလုံး ကြားကြရပါစေ။ (ChS 138.1) ChSBur 228.1

ကျွန်ုပ်အလင်းတစ်ချက်မြင်လိုက်ရသည်မှာ မြို့ များတွင်ရှိကြသည့် စားသောက်ဆိုင်တွေဆေးကုခန်းနှင့် အဆက်အစပ်ရှိနေဖို့သင့်ကြောင်းပင် တည်း။ ယင်းနှစ်ခုသည် စည်းကမ်းနည်းလမ်းအမှန်ဖြင့် ထိန်းသိမ်း၍ ပူးပေါင်း လုပ်ဆောင်နိုင်ကြရမည်။ ဤကိစ္စနှင့်ပတ်သက်၍ ဖျားနာသူများအား ပြုစုပေး နိုင်သည့်နားနေခန်းမများကိုလည်း တစ်ခါတလေရှိထားသင့်ကြသည်။ ဤသို့ တည်ထောင်ထားရှိခြင်းသည် ကျေးလက်တောရွာများ၌ တည်ရှိသောနာလန် ထရောဂါသည်ဆေးကုခန်းမကြီးကြပ်သူများကဲ့သို့ အသုံးတော်ခံကြပါလိမ့် မည်။ (ChS 138.2) ChSBur 228.2

ကျွန်ုပ်တို့၏မြို့များအတွက် သခင်ဘုရား၏သတင်းစကားရှိသည်။ ထိုသတင်းစကားသည် စခန်းသွင်းအစည်းအဝေးများတွင် ကြေညာပြောဆို ရန်ရှိသည်။ ထို့ပြင်လူထုအတွင်း ကြိုးပမ်းခြင်းအားဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့ထုတ်ဝေသောလက်ကမ်းစာအုပ်၊ စာစောင်များမှတစ်ဆင့်သော်လည်း ကောင်း ကြေညာပေးကြရမည်။ နောက်ထပ်ဖြည့်စွက်ချက်တစ်ခုအနေဖြင့် မြို့များတွင် သန့်ရှင်းသောစားသောက်ဆိုင်များတည်ထောင်ဖွင့်လှစ်ပေးရမည်။ ထိုဆိုင်များ၌ အရက်သေစာသောက်စားရှောင်ကြဉ်ကြဖို့ သတင်းစကားကို ကြေညာပေးကြရမည်။ ကျွန်ုပ်တို့၏စားသောက်ဆိုင်များဆက်သွယ်ရေးအတွက် အစည်းအဝေးကျင်းပကြဖို့ သဘောတူညီချက်ရှိထားကြရမည်။ ဖြစ်နိုင်သည့် နေရာတိုင်းမှာစားသုံးသူဖေါက်သည်များကို ခေါ်ဖိတ်နေရာပေး၍ ကျန်းမာရေး သိပ္ပံပညာရပ်နှင့်ခရစ်ယာန်တို့ အရက်သေစာရှောင်ခြင်းအကြောင်း၊ အာဟာရ ပြည့်ဝသောအစားအစာများပြင်ဆင်ခြင်းအတွက် လမ်းညွှန်ချက်များရစေရန်နှင့် အခြားအရေးကြီးသောဘာသာရပ်များဟောပြောပေးနိုင်ရန် အခန်းတစ်ခန်းကို လည်း စီစဉ်ပေးထားရမည်။ (ChS 138.3) ChSBur 229.1

ကျွန်ုပ်တို့၏ စားသောက်ဆိုင်များသို့ ရောက်လာကြသူများဖတ်ဖို့ စာအုပ် စာစောင်များကို စီစဉ်ထားပါ။ သူတို့စိတ်ဝင်စားလာရန် ဆွဲဆောင်နိုင်သည့် စာပေများအနက် အရက်သေစာသောက်စားမှုရှောင်ကြဉ်ခြင်းအကြောင်းနှင့် များအပြင်၊ ခရစ်တော်၏ သင်ခန်းစာဖေါ်ပြချက်များပါဝင်သည့်လက်ကမ်း အစာအာဟာရပြုပြင်ပြောင်းလဲစားသုံးခြင်းအကြောင်းများ ထုတ်ဝေစာစောင် စာရွက်များကိုလည်း ပေးလိုက်ရမည်။ ကျွန်ုပ်တို့လူတွေအားလုံးကလည်း ဤဖတ်စရာစာစောင်များဖြန့်ဝေခြင်းတာဝန်ကို မျှဝေထမ်းဆောင်ကြရမည်။ စားသုံးရန် ရောက်လာသူများအားလုံးဖတ်စရာတစ်ခုခုရသွားစေရမည်။ ပေးကမ်း လိုက်တဲ့စာစောင်များကို မဖတ်ဘဲ လွှင့်ပစ်လိုက်ကြသူများရှိမည်ဖြစ်သော်လည်း သင်လက်ကမ်းထည့်ပေးလိုက်၍ ရလိုက်သောသူများအနက် အချို့သည် အလင်း ကိုရှာဖွေနေသူဖြစ်နိုင်သည်။ သူတို့သည် သင်ပေးလိုက်သည်ကို ဖတ်ကြည့် လေ့လာပြီးလျှင် အခြားသူများကို လက်ဆင့်ကမ်းပေးသွားကြလိမ့်မည်။ (ChS 138.4) ChSBur 229.2

ကျွန်ုပ်ညွှန်ကြားတော်မူခြင်းခံရပြန်သည်မှာ မြို့ကြီးများ၏ဗဟိုတွင် သန့်ရှင်းသောစားသောက်ဆိုင်များနှင့်ဆေးကုခန်းများအဘယ်ကြောင့် တည်ထောင် ထားသင့်ကြောင်း၏အခြေခံအကြောင်းပြချက်များအနက် တစ်ချက်သည် ဤသို့ ပြုခြင်းကြောင့် ခေါင်းဆောင်ပိုင်းလူကြီးများက တတိယကောင်းကင်တမန်၏ သတင်းစကားဆီသို့ခေါ်ယူခြင်းခံရပြီး အာရုံစိုက်လာကြစေဖို့ဖြစ်သည်။ ဤစားသောက်ဆိုင်များအား စီမံခန့်ခွဲပြင်ဆင်ထားသောနည်းလမ်းသည် အခြား သာမန်စားသောက်ဆိုင်အခင်းအကျင်းနှင့်မတူ ကွဲပြားလျက်ရှိသည့်အတွက် ဉာဏ်ထက်သောသူများက စီးပွားရေးနည်းစနစ်ခြားနားမှုများကို သတိပြုစုံစမ်း လာကြမည်ဖြစ်ပြီး အဆင့်မြင့်အစားအစာများကို ကျွန်ုပ်တို့တည်ခင်းကျွေးမွေး နိုင်ရသည့်အခြေခံစည်းကမ်းများအကြောင်းကိုလည်း စူးစမ်းမေးမြန်းလာကြပါ လိမ့်မည်။ ဤသို့ဖြင့် သူတို့တစ်တွေသည် ယနေ့ကာလသတင်းစကား အကြောင်း သိကျွမ်းခြင်းသို့ရောက်ကြကုန်လတ္တံ့။ (ChS 139.1) ChSBur 230.1