ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

126/271

ဧဝံဂေလိသာသနာနှင့်တွဲဖက်အမှုဆောင်ခြင်း

ဧဝံဂေလိဟောပြောခြင်းနှင့် ဆေးကုသမှုသာသနာပြုအလုပ်သည် အတူ တကွတိုးတက်နေရမည်။ ဧဝံဂေလိသာသနာသည် စစ်မှန်သောကျန်းမာရေး ပြုပြင်ပြောင်းလဲမှုအခြေခံစည်းမျဉ်းများနှင့်တစ်ပေါင်းတစ်စည်းတည်းရှိရပါမည်။ သို့မှသာလျှင် ခရစ်ယာန်ဘာသာရေးသည် လက်တွေ့ ဘဝအထဲသို့ ရောက်လာ နိုင်မည်။ အလွန်ကြိုးပမ်းခြင်း၊ စေ့စပ်သေချာခြင်း၊ စာရိတ္တပြုပြင်ခြင်းအမှုတို့ ကိုပြုပြီးဖြစ်နေရမည်။ ကျွန်ုပ်တို့သည် လူအများ၏ရှေ့မှောက်တွင် ကျန်းမာရေး ပြုပြင်ပြောင်းလဲခြင်းအခြေခံစည်းကမ်းများကို တင်ဆက်ရန် ထိုစည်းကမ်းများ၏ လိုအပ်ချက်များကိုမြင်၍ လူယောက်ျားမိန်းမတို့ကို လေ့ကျင့်လာကြစေရေး ဦးဆောင်ပေးရန် ကျွန်ုပ်တို့၏ အစွမ်းအစအကုန်လုံးကိုသုံး၍ ကြိုးစားလုပ်ပေး ကြရမည်။ (ChS 133.5) ChSBur 220.3

ကျွန်ုပ်တို့သည် တပည့်တော်များလုပ်ဆောင်ခဲ့ကြသည့်အတိုင်း အလုပ်လုပ်ကြရန်ဆိုသည်မှာ ကောင်းကင်ဘုံရှင်၏အကြံအစည်တော်ဖြစ်လေ သည်။ ကိုယ်ခန္ဓာအနာငြိမ်းစေခြင်းသည် ဧဝံဂေလိသတင်းကောင်း အမှုတော်မြတ်နှင့်တွဲကပ်နေလျက်ရှိရပါမည်။ ဧဝံဂေလိလုပ်ဆောင် ခြင်းထဲတွင် သွန်သင်ခြင်းနှင့်အနာငြိမ်းစေခြင်းတို့သည် ဘယ်သော အခါမျှ ခွဲခြားရှိနေလို့မရပါ။ (ChS 133.6) ChSBur 220.4

ဆေးကုသာသနာပြုအလုပ်နှင့် ဧဝံဂေလိသာသနာပြုအလုပ်တို့သည် ထာဝရဘုရားသခင်၏ကောင်းမြတ်ခြင်းကို အစဉ်သွန်းလောင်းပေးရန် ဖွေရှာတော် မူသောရေစီးကြောင်းများကဲ့သို့ ဖြစ်လေသည်။ ယင်းအမှုတော်များသည် အသင်း တော်အဖို့ ဆည်ရေသောက် ဆက်ပေးသော အသက်မြစ်ဖြစ်လေသည်။ (ChS 133.7) ChSBur 221.1

တရားဟောပြောအမှု၌ အတွေ့ အကြုံရှိကြသည့် ကျွန်ုပ်တို့၏ အသင်းအုပ်များသည် ရိုးရိုးလေးနှင့်ကုသပြုစုခြင်း မည်သို့လုပ်ပေး ရမည်ကိုလေ့လာထားရမည်။ ထိုနောက် ဆေးကုသာသနာပြုဧဝံဂေလိ ဆရာများအဖြစ် ထက်မြက်စွာဝန်ဆောင်မှုပေးကြရမည်။ (ChS 134.1) ChSBur 221.2

ဧဝံဂေလိစည်းရုံးရေးမှူးသည် နေရာအနှံ့ရောက်ကြသောအခါ ဖျားနာ သူများစွာကိုလည်း သူတို့တွေ့ ရလိမ့်မည်။ သူသည် အနာရောဂါဖြစ်ရသည့် အကြောင်း လက်တွေ့ ဗဟုသုတရှိထားသင့်သည်။ ရောဂါရနေသူတစ်ဦးကို သက်သာစေရန် ဘယ်လိုရိုးရိုးပြုစုကုသပေးရမည်ကိုလည်း လေ့လာထားသင့် သည်။ ထိုထက်ပို၍ သူသည် လူနာကိုရိုးရိုးလေးယုံကြည်ခြင်းဖြင့် ဆုတောင်း ပေးပြီး သမားတော်ကြီးသခင်ဘုရားဆီသို့ ညွှန်ပြပေးသင့်သည်။ သူသည် ယင်းသို့ဘုရားသခင်နှင့်အတူ လိုက်ပါလုပ်ဆောင်သူဖြစ်လျှင် အစေခံ ကောင်းကင်တမန်များသည် သူ့အနီးတွင်ရှိ၍ နှလုံးသားဆီသို့ ရောက်နိုင် သောလမ်းကို သူ့အားပြပေးလိမ့်မည်။ သစ္စာခံအပ်နှံကြသူဧဝံဂေလိစည်းရုံးရေး ရှူးများ၏အရှေ့တွင် သာသနာပြုကြိုးပမ်းမှုလုပ်ဖို့ ကွင်းနယ်ဘယ်လောက် ကျယ်လိုက်လေသလဲ။ သူကြိုးပမ်းပြုစုခဲ့သောအမှုတော်ဆောင်ရွက်ခြင်းအတွက် သူဘယ်လောက်ကောင်းချီးရလိုက်လေမလဲ။ (ChS 134.2) ChSBur 221.3

ဧဝံဂေလိအမှုဆောင်ကြသူတိုင်းသည် သူ့အတွက် ခန့်အပ်ထားသည့် အလုပ်ကဏ္ဍတစ်ရပ်အနေဖြင့် ကျန်းမာစွာနေထိုင်ခြင်း၏အခြေခံစည်းကမ်းများ ကို လမ်းညွှန်ခြင်းရထားသည်ဟူ၍ ခံယူသင့်သည်။ ဤအလုပ်အတွက် လိုအပ်ချက်ကြီးကြီးမားမားရှိနေသော်လည်း လောကသည် တံခါးဖွင့်ပေးထား သည်။ (ChS 134.3) ChSBur 221.4