ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

125/271

ကောင်းကင်ဘုံ ရှင်၏နမူနာ

ဆေးကုသာသနာပြုသမားတော်ကြီးခရစ်တော်သည် ကျွန်ုပ်တို့၏စံနမူ နာဖြစ်သည်။ ကိုယ်တော်သည် ဖျားနာသူများကို အနာငြိမ်းစေပြီး သတင်း ကောင်းတရားဟောပြောသည်။ ကိုယ်တော်၏အမှုတော်ထဲတွင် အနာ ငြိမ်းစေခြင်းနှင့်ဟောပြောသွန်သင်ခြင်းတို့ကို အတူနီးကပ်စွာ ဆက်စပ် ထားသည်။ ယနေ့ ဤအမှုတော်နှစ်ခုကို ခွဲခြားပစ်လို့မရပါ။ (ChS 133.1) ChSBur 219.3

ခရစ်တော်၏အစေခံများသည်. ကိုယ်တော်၏နမူနာနောက်ကို လိုက်လျှောက်ရမည်။ ကိုယ်တော်သည် တစ်နေရာမှတစ်နေရာသို့ ရောက်သွား ခဲ့လေတိုင်းဝေဒနာသည်များကို နှစ်သိမ့်မှုပေး၍ ဖျားနာသူများကို အနာငြိမ်း စေခဲ့ပါသည်။ ထိုနောက် ကိုယ်တော်၏နိုင်ငံတော်အကြောင်းနှင့်ပတ်သက်၍ မဟာသမ္မာတရားကို သူတို့ရှေ့မှာချခင်းပြခဲ့သည်။ (ChS 133.2) ChSBur 219.4

ခရစ်တော်၏နမူနာသည် ကိုယ်တော့်သားသမီးများဖြစ်လိုသည်ဟု ပြောဆိုကြသူများအားလုံးက လိုက်နာဖို့ဖြစ်သည်။ သင့်အပေါင်းအသင်းလူတွေ ရဲ့ကာယလိုအင်များကို သက်သာစေရန် ဖြည့်ဆည်းပေးပါ။ သူတို့၏ကျေးဇူး သိတတ်မှုသည် အတားအဆီးရှိနေသည်များကို ချိုးဖျက်ပေး၍ သူတို့နှလုံးသား ထဲသို့ သင်ရောက်သွားနိုင်သည်။ ဤကိစ္စကိုအလေးအနက်ထား၍ သင်စဉ်းစား ကြည့်ပါ။ (ChS 133.3) ChSBur 220.1

အထူးသဖြင့် ဆေးကုသာသနာပြုများသည် သူတို့၏စိတ်ဓာတ်၊ အပြောအဆိုနှင့်အကျင့်စရိုက်များ၌ ယေရှုခရစ်တော်၏နောက်သို့လိုက်ပါလျက် ရှိကြောင်းနှင့်ဆေးကုသာသနာပြုကြိုးပမ်းခြင်း၌ ကောင်းကင်ဘုံရှင်၏နမူနာကို ပေါ်လွင်ထင်ရှားစေရပါမည်။ (ChS 133.4) ChSBur 220.2