ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
မှားယွင်းသောသွန်သင်မှုကိုတွန်းလှန်ခြင်း
မမှန်မကန်သောလှည့်စားခြင်းများကိုအမှန်တရားနှင့်ရင်ဆိုင်ခြင်း - နှစ်ပေါင်း များစွာ ကျွန်ုပ်တို့အထဲသို့ရောက်ရှိလာသော မှော်ဝိညာဉ်အတတ်၏ စိတ်ခံစားမှု၊ ထူးဆန်းသောအရာ၊ လမ်းလွဲစေသောအယူဝါဒများတို့အပေါ် မှီခိုအားကိုးခြင်းသည် အကောင်းဆုံးသောအရာမဟုတ်ကြောင်း သင့်အားကျွန်ုပ် ပြောရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရပါသည်။ [Ev 623.2] EvBur 825.1
နတ်ဘုရားကိုယုံကြည်သည့်အယူဝါဒ၏အကြောင်းအရာကို ဟောပြော ရန်၊ သို့မဟုတ် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ရေးသားထားသောစာရေး ဆရာများတို့၏ကောက်နုတ်ချက်များနှင့် ၎င်းသို့ပို့ဆောင်စေသည့်၊ မမှန်သော လှည့်ဖြားစေသည့်အမှားများတို့ကိုဖတ်ပြရန် အကောင်းဆုံးမဟုတ်ပါ။ သက်သေခံ ချက်စာအုပ်အတွဲ (၈) ထဲ၌မိန့်မှာချက်များတို့သည် ဤအမှားများတို့ကို ကျွန်ုပ်တို့၏လူတို့မှရှောင်ရှားရန်သတိပေးထားခြင်းမှာ လုံလောက်လျက်ရှိပါ သည်။ ဤမိန့်မှာချက်များတို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းချက် များအားလုံး၊ သို့မဟုတ် ကျွန်ုပ်တို့၏ဓမ္မဆရာများမှပြောပြသည့်ယူဆချက် များအားလုံးတို့ထက် စိတ်နှလုံးသားများကိုအလင်းပေးနိုင်ရန် ပို၍ပြုလုပ်ပေး မည်ဖြစ်သည်။ [Ev 623.3] EvBur 825.2
အကယ်၍ ဤအကြောင်းအရာများကို သင်ကြိုးစားကိုင်တွယ်ပါက စာတန်၏မမှန်ကန်သောလှည့်စားခြင်းများကို ပြန်လည်၍ခံယူရန် သင့်ကို ပို့ဆောင်ပါလိမ့်မည်။ ထိုနောက် လူတို့ထံသို့ မှားသောသူ၏အယူအဆများ ကို မာရ်နတ်ဟောပြောရန်အတွက် သင်ကူညီမစသွားပါလိမ့်မည်။ ဤအမှား ကိုပြန်လည်၍မည်သည့်အခါမျှမပြုလုပ်ရန် ဆုံးဖြတ်ချက်ချပါ။ အမှန်တရား ကိုအမြဲသွန်သင်ပါ။ ဤအချိန်အတွက် စိတ်နှင့်နှလုံးသားများကို လေးနက်၍ သန့်ရှင်းသောအမှန်တရားနှင့်ပြည့်ဝစေပါ။ EvBur 825.3
လက်ရှိအမှန်တရားအပေါ်၊ ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း အပေါ်ရပ်တည်ပါ။ ခရစ်တော်ကြွလာရန် အလွန်မှပင်နီးကပ်နေပြီ။ ဤအချိန် ၌ဝိညာဉ်များတို့အားပြောင်းလဲစေရန် အမှန်တရားကိုဟောပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဤကဲ့သို့ဆောင်ရွက်ရန် အချိန်အနည်းငယ်သာကျန်ပါသည်။ ဤအမှန်တရားကို ခရစ်တော်ဟောပြောသကဲ့သို့ အကောင်းဆုံးသောရိုးစင်းခြင်း ဖြင့် ဟောပြောကြရမည်။ သို့မှသာ အမှန်တရားကိုလူတို့နားလည်ကြလိမ့်မည်။ အမှန်တရားသည် အမှား၏ မိုးတိမ်များကို ဖယ်ရှားပေးပါလိမ့်မည်။ [Ev 624.1] EvBur 826.1
လက်ရှိအမှန်တရားကိုလူတို့အားပေးပါ။ အမှန်တရားကိုပြောပါ။ သူတို့၏စိတ်ထဲ၌ အမှန်တရားကိုသွင်းပေးပါ။ အမှန်တရား၏ခံတပ်ကို တည်ဆောက်ပါ။ ထိုနောက် စိတ်ထဲသို့ထိုအရာများကိုမကြားရစေရန် မာရ်နတ် ၏အယူဝါဒများတို့ကို ယူဆောင်လာခြင်းမပြုပါနှင့်။ လူတို့လိုနေသောအရာ သည် မာရ်နတ်၏လှည့်ဖြားတတ်သောပညာကို ဟောပြောခြင်းတစ်ခုမဟုတ် ဘဲ ခရစ်တော်၌ရှိသောအမှန်တရားကို ဟောပြောခြင်းတစ်ခုဖြစ်သည်။ နတ်ဆိုး သည် သူ့လိမ်လည်ခြင်းများ၏ ထပ်မံလိမ်လည်ခြင်းတစ်ခုအားဖြင့် အသုံးပြု နေသည်ကိုသတိရပါ။ ဤမလိုလားအပ်သောအကြောင်းအရာများကို လျှော့၍ ယူဆောင်ခြင်းကြောင့် ကျွန်ုပ်တို့၏စိတ်များနှင့် ကျွန်ုပ်တို့၏စည်းမျဉ်းများ ပို၍ဖြူစင်ခြင်း၊ ပို၍သန့်ရှင်းခြင်းနှင့်ပေကျံမှုနည်းခြင်းကို ဖြစ်စေပါလိမ့်မည်။ [Ev 624.2] EvBur 826.2
ထိုနောက် ဤမှော်ဝိညာဉ်နှင့်ဆိုင်သောအယူဝါဒများတို့နှင့် ငြင်းခုံ ခြင်းမပြုရန် ကျွန်ုပ်အားပြခဲ့ပါသည်။ အကြောင်းမှာ ထိုသို့သောငြင်းခုံခြင်းသည် စိတ်နှလုံးကိုသာရှုပ်ထွေးစေသောကြောင့်ဖြစ်သည်။ ဤအရာများတို့ကို ကျွန်ုပ် တို့၏စည်းဝေးများသို့ ယူဆောင်လာခြင်းမပြုသင့်ပါ။ ကျွန်ုပ်တို့သည် သူတို့ ကိုချေပခြင်းမပြုရပါ။ အကယ်၍ကျွန်ုပ်တို့၏ဓမ္မဆရာများနှင့်ဆရာများတို့သည် EvBur 826.3
ဤမှားယွင်းသောအယူဝါဒများတို့ကိုလေ့လာရန် မိမိတို့ကိုယ်ကိုအချိန်ပေးပါက တချို့သောသူတို့သည် ယုံကြည်ခြင်းကိုစွန့်လွှတ်လိုက်ခြင်း၊ မာရ်နတ်၏အယူ ဝါဒများနှင့် ဝိညာဉ်များတို့၏လှည့်ဖြားရာသို့ နာခံခြင်းများဖြစ်လာပါလိမ့်မည်။ မာရ်နတ်အယူဝါဒများတို့၏အသံကိုနားထောင်ရန် ကျွန်ုပ်တို့ဓမ္မဆရာများတို့၏ အလုပ်မဟုတ်ပါ။ [Ev 624.3] EvBur 827.1
အမှန်တရားကိုဆွဲကိုင်ထားပါ။ အမှန်တရားကိုချီးမြှောက်ပါဟု နှုတ်ကပတ်တော်ပြောပါသည်။ Letter 175,1904. [Ev 624.4] EvBur 827.2
လိမ်ညာပြောဆိုခြင်းများကို ကျွမ်းကျင်စွာဖော်ထုတ်ပါ - တမန်တော်ပေါလု ကျွန်ုပ်တို့ကိုသတိပေးသည်မှာ “လူတချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင် သောသြဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” ဤအရာသည် ကျွန်ုပ်တို့ကြုံတွေ့နိုင်သောအရာဖြစ်သည်။ အမှန်တရားကိုတစ်ကြိမ်ဟောပြော ခဲ့သောသူသည် ယခု၎င်းကိုစွန့်ပစ်ပြီး လောကနောက်သို့လိုက်သွားကာ ဖျက်ဆီး သောသူတို့အားဖြင့် ကျွန်ုပ်တို့၏အကြီးမားဆုံးသောစုံစမ်းခြင်းရောက်ရှိလာပါ လိမ့်မည်။ [Ev 624.5] EvBur 827.3
ဘုရားသခင်သည် သူ၏သစ္စာရှိသောအစေခံများအတွက် ဆောင်ရွက် ရန်အလုပ်တစ်ခုရှိသည်။ ရန်သူ၏တိုက်ခိုက်ခြင်းများကို ဘုရားသခင်၏အမှန် တရားဖြင့်ရင်ဆိုင်ရလိမ့်မည်။ လိမ်ညာပြောဆိုခြင်းကိုဖော်ထုတ်ရလိမ့်မည်။ ၎င်း၏မှန်သောစာရိတ္တကိုဖော်ပြရမည်ဖြစ်ပြီး ဘုရားသခင်၏ပညတ်တော်အလင်း သည် လောက၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော မှောင်မိုက်ခြင်းထဲ၌ ထွန်းလင်း စေရလိမ့်မည်။ ကျွန်ုပ်တို့သည် သူ၏နှုတ်ကပတ်တော်တောင်းဆိုချက်များတို့ ကို ဟောပြောရပါမည်။ အကယ်၍ ဤအရေးကြီးသောတာဝန်ကိုလျစ်လျူရှု ကြပါက အပြစ်ကင်းသောသူများဟု ကျွန်ုပ်တို့ကိုမှတ်တော်မူမည်မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် အမှန်တရားကိုခုခံခြင်းဘက်၌ရပ်တည်ကြသောအခါ ကျွန်ုပ်တို့သည် အပြစ်ရှာခြင်းနှင့်သူတစ်ပါးအမှားပြောဆိုခြင်းကို ခံရမည်ဖြစ် သောကြောင့် မိမိကိုယ်ကိုခုခံခြင်း၌မရပ်တည်ရန်နှင့် ပျာယာခတ်ခြင်းမရှိကြစေ ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်ကို သနားညှာတာခြင်းမရှိစေကြပါနှင့်။ အမြင့်ဆုံးသောဘုရား၏ပညတ်တော်အတွက် အထူးဂရုပြုကာကွယ်ပါ။ [Ev 625.1] EvBur 827.4
တမန်တော်ပြောသည်မှာ “နောင်ကာလ၌ လူတို့သည် စင်ကြယ်သော သြဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့လိုက်လိမ့်မည်။ သမ္မာတရားကိုနားမထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။” ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဂရုမပြုသော သူတို့၏သွေးဆောင်သောစိတ်ကူးတွေးတောခြင်းအားဖြင့် အဘက်ဘက်မှလူတို့သည် လွယ်ကူစွာလှည့်ဖြားခြင်းခံနေရပါသည်။ သို့သော် ဘုရားသခင်၏အစေခံအား တမန်တော်မှအကြံပေးတိုက်တွန်းခြင်းမှာ၊ “အရာရာ ၌သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကိုသည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကိုဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ခန့်ထား၍ ပြုရ သောဝတ်များကို အကုန်အစင်ပြုလော့” ဟုဖြစ်ပါသည်။ [Ev 625.2] EvBur 828.1
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကိုစွန့်ခွာသွားသော သူတို့၏လှည့်ဖြား ခြင်းအားဖြင့် မကောင်းမှုတို့နှင့်ညှိစွန်းခြင်းမရှိစေရန် ဘုရားသခင်၏နှုတ်ကပတ် တော်ကို သေချာစွာခင်တွယ်မြတ်နိုးနေရမည်။ ကျွန်ုပ်တို့သည် မှောင်မိုက်၏ မင်းသားအားဖြင့် ပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသောအခါ သူတို့၏ဝိညာဉ် နှင့်သြဇာကို ကျွန်ုပ်တို့၏သခင်အသုံးပြုခဲ့သော တစ်မျိုးတည်းသောလက်နက် ဖြစ်သည့် “ကျမ်းစာလာသည်ကား” ဖြင့် တွန်းလှန်ကြရမည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် သင်ယူသင့်ကြသည်။ အကြံပေးတိုက်တွန်းခြင်းမှာ၊ “သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်ကပ်ခြင်းငှာ ကြိုးစား အားထုတ်လော့” ဖြစ်ပါသည်။ “နောင်ကာလသည် ခဲယဉ်းသောကာလ” ဖြစ်လိမ့်မည်ဖြစ်သောကြောင့် မိစ္ဆာဆရာနှင့်လှည့်ဖြားသူများတို့၏ကွေ့ကောက် သောအမှားကိုရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့သည် လုံ့လဝီရိယဖြင့်လုပ်ဆောင်ခြင်း၊ စိတ်အားထက်သန်စွာဆုတောင်းခြင်းနှင့် ခိုင်မာသောယုံကြည်ခြင်းရှိရမည်။ Review and Herald, Jan.10, 1888. [Ev 625.3] EvBur 828.2
လှည့်ပြားခြင်းမှရိုးသားဖြူစင်သောလွတ်မြောက်ခြင်း - ဆိုးသွမ်းသောသူတစ်ဦး အောင်မြင်နိုင်သောနည်းလမ်းများမှာ ခရစ်တော်အောင်မြင်ခဲ့သည့် နှုတ်ကပတ် တော်၏တန်ခိုးအားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့သဘောမတူဘဲ ကျွန်ုပ်တို့၏စိတ် ကို ဘုရားသခင်ထိန်းချုပ်ခြင်းမပြုပါ။ သို့သော် အကယ်၍ကျွန်ုပ်တို့သည် သူ၏အလိုကိုသိရှိရန်နှင့်လုပ်ဆောင်ရန်ဆန္ဒရှိပါက သူ၏ကတိတော်များသည် ကျွန်ုပ်တို့အတွက်ဖြစ်ပါသည်။ “သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရား သည် သင်တို့ကိုလွှတ်လိမ့်မည်။” “ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူ မည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ဒေသနာဖြစ်သလော။ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။” ဤကတိတော်များ၌ယုံကြည်ခြင်းအားဖြင့် လူတိုင်းသည် အမှား၏ကျော့ကွင်း များနှင့် အပြစ်၏ထိန်းချုပ်ခြင်းတို့မှလွတ်မြောက်နိုင်ပါလိမ့်မည်။ [Ev 626.1] EvBur 829.1
လူတိုင်းမိမိအား မည်သည့်တန်ခိုးအားဖြင့်အုပ်ချုပ်စေလိုသည်ကို လွတ်လပ်စွာရွေးချယ်နိုင်ပါသည်။ ကျဆုံးခြင်းမည်ရွေ့မည်မျှရှိနေပါစေ၊ အပြစ် မည်ရွေ့မည်မျှရှိနေပါစေ သူတို့သည် ခရစ်တော်၌လွတ်မြောက်ခြင်းအခွင့်ကို တွေ့ရှိနိုင်ပါသည်။ ဆိုးဝါးရက်စက်သောသူသည် ဆုတောင်းခြင်း၏နေရာ၌ မာရ်နတ်၏စကားများကိုသာမြွက်ဆိုနိုင်သည်။ သို့သော် စိတ်နှလုံးပြောဆိုခြင်း မပြုသောတောင်းဆိုခြင်းကိုကြားရပါသည်။ စကားများအားဖြင့်မြွက်ဆိုခြင်းမရှိ သော လိုအပ်နေသည့်ဝိညာဉ်သည် ငိုကြွေးသံမပြုသော်လည်း၊ ဂရုပြုခြင်းခံ ရပါသည်။ ဘုရားသခင်နှင့်ဆက်သွယ်ခြင်းပဋိညာဉ်ထဲသို့ပါဝင်ရန် သဘောတူ သောသူများတို့ကို မာရ်နတ်၏တန်ခိုးအောက်သို့ရောက်ရှိရန်နှင့် မိမိတို့၏ ပင်ကိုဗီဇအားနည်းခြင်းထဲ၌ရှိနေရန် စွန့်ပစ်၍မထားပါ။ သူတို့ကိုကယ်တင်ရှင် မှဖိတ်ခေါ်နေပါသည်။ “သူသည် ငါနှင့်ငြိမ်သက်ခြင်းရှိမည်အကြောင်း ငါနှင့် ငြိမ်သက်ခြင်းပြုလုပ်ရန် သူ့အားငါ၏ခွန်အားကိုဆွဲကိုင်စေပါ။” မှောင်မိုက်၏ ဝိညာဉ်များသည် တစ်ကြိမ်က သူတို့၏လက်အောက်၌ရှိခဲ့သောဝိညာဉ်ကို တိုက်ခိုက်လိမ့်မည်။ သို့သော် ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် ထိုဝိညာဉ်အတွက် အောင်မြင်သောတန်ခိုးဖြင့်တိုက်ခိုက်ပေးလိမ့်မည်။ The Desire of Ages, pp. 258, 259. (1898) [Ev 626.2] EvBur 829.2
ကျွန်ုပ်တို့ မသိဟု သိလိုသောသူများမှဝန်ခံလိမ့်မည် - ဘုရားသခင်ကျွန်ုပ် တို့ကိုအလင်းမပေးခဲ့ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံသို့စာများရောက်လာသော အခါ ဤစုံစမ်းလာသူတို့အား ကျွန်ုပ်တို့မသိဟုပြောရန် ကျွန်ုပ်တို့ကျေနပ်ပါ သည်။ စိတ်နှလုံးတိုင်း၌ ကြီးမားသောပူပန်ခြင်းရှိသင့်သည့်အရာသည် ဘုရား သခင်နှင့်သူ၏တောင်းဆိုချက်များတို့ကို သိရှိရန်ဖြစ်ပါသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကိုကြားရပြီး စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ ၏။ [Ev 626.3] EvBur 830.1
နှုတ်ကပတ်တော်ထဲ၌ဖော်ပြခြင်းမရှိသည့်အရာများတို့ကို အလွန်သိရှိ လိုပြီးရှာဖွေသောသူများတို့သည် အများအားဖြင့် ၎င်းအရာများတို့နှင့်ပတ်သက် ပြီး မိမိတို့၏နေ့စဉ်အသက်တာ၌ထင်ရှားစေခြင်းနှင့် ကျင့်သုံးခြင်းပြုသော အပေါ်ယံကျောင်းသားများဖြစ်ကြပါသည်။ လိုအပ်သည်ဟုဘုရားရှင်မြင်၍ ကျွန်ုပ်တို့အားဖော်ပြသည့်အရာများကို ကျွန်ုပ်တို့သည် ကမ္ဘာသို့ဖော်ပြကြရ မည်။ ကျွန်ုပ်တို့နှင့်မသင့်လျော်သောကြောင့် ကျွန်ုပ်တို့အားမပေးဘဲထိန်းချုပ် ထားသောအရာများကို ၎င်းတို့အပေါ်မှန်းဆကြသောအခါ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဖ၏အလိုတော်ကိုမလိုက်ခြင်းပင်ဖြစ်ပါသည်။ ဆုလာဘ် ရရှိရန် ဆက်ကပ်မှုတိုင်းကိုပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့နှစ်သက်သောမွန်မြတ် သည့်အမှန်တရား၏တန်ဖိုး ကျွန်ုပ်တို့နှစ်သက်သည့်ထာဝရအသက်၏ဘဏ္ဍာ များတို့ကို အခြားသူများတို့အားဖော်ပြရန် ကျွန်ုပ်တို့တစ်ဦးစီ၏အခွင့်အရေး ဖြစ်ပါသည်။ Manuscript 104, 1898. [Ev 627.1] EvBur 830.2