ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

146/163

လျှို့ဝှက်သောအဖွဲ့အစည်းများ

လျှို့ဝှက်သောအသင်းအဖွဲ့တို့၏ကြောက်မက်ဖွယ်သောအန္တရာယ်များ — “မယုံကြည် သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကိုမထမ်းကြနှင့်” ဟု ဘုရားသခင်ပိတ်ပင်ထားသောအမိန့်သည် ခရစ်ယာန်များတို့၏အိမ်ထောင် ပြုခြင်းတစ်ခုတည်းကိုသာပြောခြင်းမဟုတ်ပါ။ ယုံကြည်ခြင်းမတူညီသည့်မိတ်ဆွေ အပေါင်းအသင်း၊ အဖွဲ့အစည်းအားလုံးနှင့် ပေါင်းသင်းဆက်ဆံခြင်းကိုပြော ခြင်းလည်းဖြစ်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ပေါင်းသင်းသမျှသောသူ အားလုံးတို့သည် ကျွန်ုပ်တို့နှင့်ဝိညာဉ်ရေးအရာ၌သော်လည်းကောင်း၊ လုပ်ဆောင် မှုကိစ္စ၌သော်လည်းကောင်း ညီညွတ်ခြင်းရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ [Ev 617.4] EvBur 816.3

ပုရောဖက်ဟေရှာယမှတစ်ဆင့် ဘုရားသခင်ပြောခဲ့သည်မှာ “အချင်း လူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့။ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင် . ကြလော့။ ခါးစည်း၍မှိုင်တွေကြလော့။ ခါးစည်း၍မှိုင်တွေကြလော့။ တိုင်းပင် ကြလော့။ သင်တို့အကြံသည်ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။ ဤလူမျိုး၏ဘာသာဓလေ့အတိုင်း ငါမကျင့်ရမည့်အကြောင်း၊ ထာဝရဘုရား သည်တန်ခိုးပြလျက် ငါ့ကိုသွန်သင်၍မိန့်တော်မူသည်ကား၊ သင်းဖွဲ့ခြင်းဟု ဤလူမျိုးဆိုသမျှအတိုင်း သင်တို့သည် သင်းဖွဲ့ခြင်းဟုမဆိုကြနှင့်။ သူတို့ ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာကြောက်ရွံ့ ခြင်း၊ ထိတ်လန့်ခြင်းရှိကြလော့” ဟေရှာယ ၈း၉-၁၃။ [Ev 617.5] EvBur 817.1

ခရစ်ယာန်များတို့သည် လျှို့ဝှက်သောအဓိကညီရင်းအစ်ကိုကဲ့သို့သော မိတ်ဆွေအပေါင်းအသင်းနှင့် အခြားလျှို့ဝှက်သောအသင်းအဖွဲ့တို့နှင့် ပါဝင် ပတ်သက်ခြင်းသည် မှန်သည်မမှန်သည်ကို မေးခွန်းထုတ်သောသူများရှိကြ ပါသည်။ ဖော်ပြခဲ့သောနှုတ်ကပတ်တော်ပြောဆိုချက်ကိုဆင်ခြင်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်ယာန်လုံးလုံးဖြစ်ပါက နေရာတိုင်းတွင်ခရစ်ယာန်လုံးလုံး ဖြစ်ကြရပါမည်။ ၎င်းပြင်ဘုရားသခင်၏နှုတ်ကပတ်တော်စံချိန်နှင့်အညီ ကျွန်ုပ် တို့အားခရစ်ယာန်စေမည့်အကြံပေးချက်များတို့ကို လိုက်လျှောက်ကြရပါမည်။ [Ev 618.1] EvBur 817.2

ကျွန်ုပ်တို့သည် ခရစ်တော်ကိုကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ်လက်ခံ သောအခါ၊ ဘုရားသခင်နှင့်အတူပါဝင်လုပ်ဆောင်သူများကဲ့သို့ ကျွန်ုပ်တို့ လက်ခံခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌ သူ၏နိုင်ငံတော်ကိုတည်ဆောက်ရန်အတွက် လုပ်ဆောင်ကြရန် ခရစ်တော်၏ကျေးဇူးတော်၌ သစ္စာရှိသောဘဏ္ဍာစိုးများ ကဲ့သို့ ဘုရားသခင်အတွက်လုံးလုံးဖြစ်ရန် ကျွန်ုပ်တို့ပဋိညာဉ်ပြုထားခဲ့ကြပါ သည်။ ခရစ်တော်နောက်သို့လိုက်သောသူတိုင်းတို့သည် သူတို့၏ကိုယ်၊ စိတ်၊ နှလုံးတန်ခိုးများအားလုံးတို့ကို သူတို့အားအဖိုးအခနှင့်ဝယ်ယူခဲ့သောသူထံသို့ ဆက်ကပ်အပ်နှံကြရန် ကတိပြုခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် စစ်သည်တော် များဖြစ်ကြရန်၊ သူ၏အမှုတော်မြတ်၌ပါဝင်ရန်၊ အခက်အခဲများ၊ ရှက်ဖွယ်ရာ နှင့်အပြစ်တင်ခြင်းခံနိုင်ရန်၊ ယုံကြည်ခြင်းတိုက်ပွဲကိုတိုက်ရန် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းဗိုလ်ချုပ်ကြီး၏နောက်သို့လိုက်ခြင်း၌ ပါဝင်နေကြပါသည်။ [Ev 618.2] EvBur 817.3

ဘုရားရှင်၌ပြုသော သင်၏ ပဋိညာဉ်ကိုစောင့်ရှောက်ရာ၌ သင်သည် လောကီအသင်းအဖွဲ့များတို့နှင့်ဆက်သွယ်မှုပြုနေပါသလား။ ဤအဖွဲ့အစည်း များတို့သည် သင့်စိတ်ကိုအခြားအရာများထက် ဘုရားထံသို့ပို့ခြင်း၊ သို့မဟုတ် သင်၏စိတ်ဝင်စားမှုနှင့်အာရုံပြုခြင်းကို ဘုရားထံမှလွဲသွားစေခြင်းပြုလုပ်နေပါ သလား။ ၎င်းတို့သည် သင့်အားဘုရားကိုယ်စားလှယ်များတို့နှင့်ဆက်သွယ် ရာတွင် ခွန်အားပေးနေခြင်း၊ သို့မဟုတ် သင်၏စိတ်ကိုဘုရားထံတော်သို့ ပို့ဆောင်မည့်အစား လူတို့ထံသို့ပို့ဆောင်နေပါသလား။ [Ev 618.3] EvBur 818.1

သင်သည် ဘုရားသခင်၏အမှုတော်ကိုဆောင်ခြင်း၊ ဂုဏ်ပြုခြင်းနှင့် ချီးကျူးခြင်းပြုနေပါသလား၊ သို့မဟုတ် သူ့ကိုဂုဏ်မပြုဘဲ သူ့အားပြစ်မှားနေ ပါသလား။ သင်သည် ခရစ်တော်နှင့်အတူ စုသိမ်းသောသူဖြစ်ပါသလား၊ သို့မဟုတ် ဖြန့်ကြဲသောသူဖြစ်နေပါသလား။ သင်၏အတွေး၊ သင်၏အကြံ အစည်နှင့်အထူးစိတ်ဝင်စားခြင်းအားလုံးတို့ကို ခရစ်တော်၏အသွေးတော်အား ဖြင့်ဝယ်ယူခဲ့သော ဤအဖွဲ့အစည်းများသို့မြှုပ်နှံထားလိုက်ပါသည်။ သို့သော် ဘုရားမဲ့သူများ၊ အယူမှားသူများ၊ ဘုရား၏နာမကိုရှုတ်ချသောသူများဖြစ်ကြ သည့် အရက်သမားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတို့နှင့် သင့်ကိုယ်ကို ပေါင်းစည်းလိုက်သောအခါ သင်သည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေခြင်းဖြစ်နေပါမည်လား။ [Ev 618.4] EvBur 818.2

ဤအဖွဲ့အစည်းများ၌ရှိစဉ်အခါ မတော်များစွာကောင်းသည်ဟု ထင်ပုံ ပေါ်လိမ့်မည်။ သို့သော် အဆိုးနှင့်အကောင်းရောနှောနေသောကြောင့် မည်သည့် ကောင်းသောအရာမျှမရှိဘဲ ဤအဖွဲ့အစည်းများသည် ဝိညာဉ်၏စိတ်ဝင်စား ခြင်းများ ပျက်စီးခြင်းသို့သာပို့ဆောင်ပေးနေပါသည်။ Ev619.1] EvBur 819.1

သင့်ကိုကျွန်ုပ်မေးလိုသည်မှာ သင်ဤအဖွဲ့အစည်းများတို့နှင့်ပျော်ပါး နေသူ၊ ရူးသွပ်ခြင်း၊ ပျော်ရွှင်ခြင်းနှင့်ပွဲလုပ်ခြင်းတို့၌ စွဲလမ်းခြင်းအတွက်စုရုံး ခြင်းကိုမြတ်နိုးသောသူဖြစ်ပါက ထိုနေရာသို့သင်နှင့်အတူ ယေရှုကိုသင်ခေါ်ဆောင် သွားနိုင်ပါမည်လား။ သင့်မိတ်ဆွေများတို့၏ဝိညာဉ်များတို့ကို သင်ကယ်နိုင် ပါမည်လား။ ၎င်းသည် သူတို့နှင့်သင်ပေါင်းသင်းခြင်း၏ရည်ရွယ်ချက်ဖြစ်ပါ သလား။ သူတို့သည် သင့်အထဲ၌ ခရစ်တော်၏ဝိညာဉ်ကိန်းအောင်းနေသည် ဟု သူတို့တွေ့မြင်ခံစားနိုင်ပါမည်လား။ သင်၏အသက်တာ၌ “သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့်ချစ်လော့” နှင့် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသည့် ဘုရားသခင် ၏သွန်သင်ဆုံးမစကားအားဖြင့် သင်၏အသက်တာသည်ပြည့်ဝနေကြောင်း ဖော်ပြနေပါသလား။ [Ev 619.2] EvBur 819.2

မိမိကိုယ်ကို ဘုရားသခင်၏အမှုတော်၌ဆောင်ရွက်နေကြောင်း၊ သို့မဟုတ် မဆောင်ရွက်ကြောင်းကို ခွဲခြားသိရှိနိုင်ခြင်းမရှိသောသူသည် ဤအသင်းအဖွဲ့နှင့်အတူဆွဲဆောင်ခြင်းခံရပြီး၊ ဘုရားသခင်နှင့်အဆက်အသွယ် ပြတ်သွားပေလိမ့်မည်။ မည်သည့်စိတ်အားထက်သန်သည့် ခရစ်ယာန်တစ်ဦး တစ်ယောက်မျှ ထိုကဲ့သို့သောအသိုက်အဝန်း၌ တိုးတက်မှုရှိမည်မဟုတ်ပါ။ ကောင်းကင်၏စွမ်းအားရှိသောလေထုသည် ထိုနေရာ၌မရှိပါ။ သူ၏ဝိညာဉ် သည် ဗလာနတ္တိဖြစ်နေပြီး၊ ဂိလဗောတောင်ကုန်းများ နှင်းရည်နှင့်မိုးရေရရှိ သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏လန်းဆန်းမှုပေးခြင်းကို လိုအပ်နေသည် ဟုသူခံစားရပါသည်။ [Ev 619.3] EvBur 819.3

တစ်ခါတစ်ရံ ခရစ်တော်နောက်သို့လိုက်သောသူသည် အခြေအနေ များကြောင့် မသန့်ရှင်းသောပျော်ရွှင်မှု၏မြင်ကွင်းများကို အတင်းအကျပ် သက်သေခံရပေလိမ့်မည်။ သို့သော် ဝမ်းနည်းကြေကွဲသောနှလုံးသားဖြင့် ဖြစ်ပေ လိမ့်မည်။ ပြောဆိုသောစကားသည် ခါနာန်ပြည်၏စကားမဟုတ်သောကြောင့် ဘုရားသခင်၏သားသည် ၎င်းကဲ့သို့သောအသင်းအဖွဲ့ကို မည်သည့်အခါမျှ ရွေးချယ်မည်မဟုတ်ပါ။ သူမရွေးချယ်သောအသင်းအဖွဲ့သို့ သူအလိုအလျောက် ရောက်ရှိလာသောအခါ၊ ဘုရားသခင်အပေါ်၌သာမှီခိုစေပါ။ ဘုရားသခင် စောင့်ထိန်းတော်မူလိမ့်မည်။ သို့သော် သူ၏စည်းမျဉ်းဥပဒေခံယူချက်များကို မည်သည့်စုံစမ်းခြင်းနှင့်အကြောင်းများကြောင့်ပင်ဖြစ်စေ၊ သူသည် စွန့်လွှတ် ခြင်းမပြုရပါ။ [Ev 619.4] EvBur 820.1

ခရစ်တော်သည် မိမိနောက်သို့လိုက်သောသူတို့အား ဘုရားသခင်နှင့် ဆက်သွယ်မှုမရှိ၊ ဝိညာဉ်တော်သြဇာ၏ထိန်းချုပ်မှုအောက်၌လည်းမရှိသောသူ တို့နှင့် ပေါင်းသင်းဆက်ဆံရန် မိမိတို့၏ကိုယ်သစ္စာဆိုခြင်းပြုရန် မည်သည့် အခါမျှမပို့ဆောင်ပါ။ မှန်သောအကျင့်စာရိတ္တ၏တစ်ခုတည်းသောစံချိန်သည် သန့်ရှင်းသောဘုရားသခင်၏ပညတ်တော်ဖြစ်ပြီး ထိုပညတ်တော်ကို မိမိတို့ အသက်တာ၏စည်းမျဉ်းဥပဒေအဖြစ် ထားရှိသောသူတို့အတွက် ဘုရားသခင် ၏အမှန်တရားကို လိမ်လည်မှုသို့ပြောင်းလိုက်ပြီး၊ ဘုရားသခင်၏အာဏာကို ဘာမျှမဟုတ်သောအရာကဲ့သို့ထားရှိသောသူတို့နှင့် ယုံကြည်စိတ်ချစွာ၊ ရိုးသား စွာဖြင့် ခင်မင်သောညီအစ်ကိုအဖြစ် ပေါင်းစည်းကြရန်မဖြစ်နိုင်ပါ။ [E 620,1] 599 EvBur 820.2

ဖြင့်ပင် လောကဆန်သောလူတစ်ယောက်နှင့် ဘုရားသခင်၏အမှုတော်ကို သစ္စာရှိစွာဆောင်ရွက်သောသူတစ်ဦးတို့စပ်ကြား၌ ကြီးမားသောချောက် ကြီးကွာခြားလျက်ရှိသည်။ အလွန်လေးနက်သောဘာသာရပ်များအပေါ်- ဘုရားသခင်၊ အမှန်တရားနှင့်ထာဝရကာလအပေါ် သူတို့၏အတွေးများ၊ ကြင်နာသနားခြင်းများနှင့်ခံစားချက်များတို့သည် ညီညွတ်ခြင်းမရှိကြပါ။ လူတန်းစားတစ်မျိုးသည် ဘုရားသခင်၏စပါးကျီထဲသို့သိမ်းဆည်းရန်အတွက် မှည့်သောစပါးကဲ့သို့ဖြစ်ပြီး အခြားလူတန်းစားတစ်မျိုးသည် ဖျက်ဆီးခြင်း၏ မီးထဲသို့ထည့်လိုက်ရန်အတွက် ပေါင်းပင်များကဲ့သို့ဖြစ်လိမ့်မည်။ သူတို့နှစ်မျိုး နှစ်စားစပ်ကြား၌ ကြံရွယ်ချက်ညီညွတ်ခြင်း၊ သို့မဟုတ် အပြုအမူတူညီခြင်း မည်ကဲ့သို့ရှိနိုင်မည်နည်း။ “လောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကိုမသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့ လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” “အဘယ်သူမျှသခင်နှစ်ဦး အစေကိုမခံနိုင်၊ သခင်တစ်ဦးကိုမုန်း၍၊ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို လည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။” ခရစ်ယာန်များတို့သည် လျှို့ဝှက်သောအသင်းအဖွဲ့များတို့၏အဖွဲ့ဝင်များ ဖြစ်သင့်ကြပါသလား။ pp. 3-10. (1892) [Ev 620.2] EvBur 820.3

ပြတ်ပြတ်သားသားခွဲထားခြင်း - ညနေခင်း၌ ကျွန်ုပ်သည် ညီအစ်ကိုတစ်ဦး နှင့်တွေ့ဆုံပြီး ဘုရားသခင်ထံမှသင့်ကိုပြောပြရန် ကျွန်ုပ်၌သတင်းတစ်ခုရှိသည် ဟု သူ့အားပြောလိုက်ပါသည်။ “ဘာကြောင့်ကျွန်တော့်ကိုအခုမပြောသလဲ” ဟုသူပြောပါသည်။ ကျွန်ုပ်အလွန်အားနည်းနေပါသည်။ သို့သော် သူသည် ကျောင်းအဆောက်အဦမှ (၁၀) မိုင်ဝေးသော ကျွန်ုပ်၏ဒေသ၌သူနေထိုင်ပါ သည်။ ထိုနောက် ကျွန်ုပ်ထ၍ စာမျက်နှာ-(၅၀) ပါရှိသည့် ရုံးသို့ရည်ညွှန်း သောစာ၊ အထူးသဖြင့် ရုံးဝန်ထမ်းများအတွက်ရေးသောစာကိုဖတ်ပြလိုက်ပါ သည်။ [Reference is Made to a Communication from which the Preceding Article is Drawn [Ev 620.3] EvBur 821.1

လွန်ခဲ့သောလုပ်ငန်းကိုရည်စူးပြီး ရုံးအလုပ်၌ဆုံးရှုံးခဲ့ရသောအကြောင်း ကို ကျွန်ုပ်သည် ပြတ်သားစွာနှင့်ရှင်းလင်းသောအကြောင်းအရာများကို ပြောခဲ့ ပါသည်။ လွတ်လပ်စွာပေါင်းသင်းဆက်ဆံတတ်သောအဖွဲ့နှင့်ဆက်သွယ်ခြင်း သည် သူ၏အချိန်ကိုကုန်စေပြီး သူ၏ဝိညာဉ်ရေးအမြင်ကိုထုံထိုင်းစေသည်။ သူ၏စိတ်၊ သူ၏အတွေးများတို့သည် ဤအဖွဲ့၊ ဤလူစု၊ ဤအဖွဲ့အစည်း များဖြစ်သော မယုံကြည်သူများ၊ အရက်စွဲသူများနှင့်လူတန်းစားအမျိုးမျိုးတို့ အပေါ်၌ရှိနေသည်။ ထိုနောက်သူသည် ဤလျှို့ဝှက်သောအသင်းအဖွဲ့များနှင့် ပေါင်းစည်းကာ ပျော်ပါးမြူးထူးလျက်ရှိသည်။ သူပြုလုပ်နိုင်သည့်အရာမှာ တစ်ခုတည်းသာရှိသည်။ ဤလူတို့နှင့်အဆက်ဖြတ်လိုက်ပြီး ဘုရားသခင်ဘက် သို့လုံးလုံးလျားလျားပြန်လာရန်ဖြစ်သည်။ အကြောင်းမှာ ဘုရားအလိုနှင့် သော လောကအလိုကို တစ်ကြိမ်တည်းတွင်ဆောင်ရွက်၍မရသောကြောင့်ဖြစ်သည်။ [Ev 621.1] EvBur 821.2

“ကျွန်တော်ဒီသက်သေခံချက်ရရှိတဲ့အတွက် ဒီညွှန်ကြားချက်အတိုင်း လိုက်လျှောက်မယ်” ဟုသူပြောခဲ့ပါသည်။ ဤပုဂ္ဂိုလ်သည် ချောက်ထဲသို့ကျ ရန် မိမိဟန်ချက်ပျက်လုနီးပါးလူတစ်ယောက်ကဲ့သို့ အလွန်ကြောက်မက်ဖွယ် အန္တရာယ်အခြေအနေ၌ရှိနေပါသည်။ လူသားတို့၏စိတ်နှင့်ဆက်သွယ်ရန် မည်သည့်ကောင်းသောအလုပ်ရှိသည်ကိုကျွန်ုပ်သိပြီး၊ အချိန်ကျရောက်သော အခါ သူ့အန္တရာယ်အတွက်ပြောရန် သင့်လျော်သောအချိန်ကိုသိသောကြောင့် ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကောင်းကင်ဘုံရှိဘုရားသခင်သည် မှားယွင်းတတ် သောလူသားများအနေဖြင့် တစ်ဦးကိုတစ်ဦးအပြစ်မစီရင်ရန် မိမိတို့၏ကိုယ် ကိုသတိပြုစေလိုသည်။ သူ့သားသမီးများတို့၏ဝိညာဉ်များတို့ကို ပျက်စီးစေ ခြင်းအားဖြင့် သူ့အားမပြစ်မှားစေရန်သူအလိုရှိပြီး ကျွန်ုပ်တို့အားကြောက်ရွံ့ စေလိုပါသည်။ သူတို့၏လုံခြုံခြင်းအတွက် ဘုရားသခင်ရပ်တည်မည်ဖြစ်သော ကြောင့် ဘုရားသခင်၏သားတော်မှ မိမိ၏တန်ဖိုးရှိသောအသွေးနှင့်ဝယ်ယူ ခဲ့သည့်သူတို့ကို စွပ်စွဲခြင်းသော်လည်းကောင်း၊ စကားအားဖြင့်နှင့်အပြုအမူ အားဖြင့်သော်လည်းကောင်း ပြစ်တင်စွပ်စွဲခြင်းမပြုရပါ။[Ev 621.3] EvBur 822.1

ဗုဒ္ဓဟူးနေ့၌ ကျွန်ုပ်သည် လူတို့၏စိတ်နှင့်မည်ကဲ့သို့ဆက်ဆံရမည့် အကြောင်းနှင့် သူတို့အားမှန်သောလမ်းသို့ညွှန်ပြရန် စည်းကမ်းချက်များကို ပြောဆိုရမည့်အကြောင်း ကျွန်ုပ်အားခေါ်ပါသည်။ သူတို့၏ခင်တွယ်မြတ်နိုး သောအရာများစွာ ဤလောက၌ရှိနေပါသည်။ သို့သော် သူတို့၏စိတ်သည် ဤအရာများတို့နှင့်ရောင့်ရဲနေပြီး သူတို့အားခရစ်တော်ပေးလိုသော ပို၍ကြီးပြီး မြင့်မားသောအရာကို ရှာဖွေရယူခြင်းမပြုပါ။ ယခုကျွန်ုပ်တို့သည် သူတို့မြတ်နိုး နေသောအရာများကို ကြမ်းတမ်းစွာရှုတ်ချပြောဆိုခြင်းမပြုရပါ။ သူတို့အတွက် လှပ၍တန်ဖိုးရှိသော အမှန်တရားကိုသာဖော်ပြပေးပါ။ ခရစ်တော်နှင့်သူ၏ ချစ်ဖွယ်ကောင်းသောအရာကိုကြည့်ရန် သူတို့ကိုပို့ဆောင်ပေးပါ။ သို့မှသာ သူတို့ခင်တွယ်မြတ်နိုးသောအရာဟူသရွေ့ကို စွန့်လွှတ်လိုက်ပြီး၊ ခရစ်တော် ထံသို့လာကြပါလိမ့်မည်။ Letter 23a, 1893. [Ev 621.4] EvBur 823.1

ချီးမွမ်းခြင်း၏သတင်းစကားတစ်ခု - သင်သည် လျှို့ဝှက်သောကွဲပြားနေ သည့်အသင်းအဖွဲ့အားလုံးတို့၏ချုပ်နှောင်ခြင်းမှ လွတ်မြောက်ခြင်းပေးနိုင်ရန် သူ၏ကျေးဇူးတော်ကိုခွဲဝေပေးခြင်းကြောင့် သင့်အားခွန်အားပေးသော ကျွန်ုပ် တို့၏ကျေးဇူးတော်နှင့်ပြည့်ဝသည့် ကောင်းကင်ဘုံရှင်အဖအား ကျွန်ုပ်အထူး ကျေးဇူးတင်ပါသည်။ ဤလျှို့ဝှက်သောအစီအစဉ်အစိတ်အပိုင်းတစ်ခုလေး သင်၌ရှိနေခြင်းသည် သင့်အတွက်လုံခြုံမှုမရှိပါ။ ဧမာနွေလမင်းသား၏သွေးစွန်း သောအလံတော်အောက်၌ မတ်တတ်ထနေကြသောသူတို့သည် လျှို့ဝှက်သော မည်သည့်အဖွဲ့အစည်းနှင့်မျှ ပေါင်းစည်း၍မရပါ။ အမှန်တရား၏အလင်းထဲသို့ လျှောက်လှမ်းခဲ့ပြီးမှ ဤကဲ့သို့သောဆက်သွယ်မှုကိုပြုကြပါက ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကိုခံရမည်မဟုတ်ပါ။ ဘုရားသခင်သည် ကွဲပြားခြင်းမရှိပါ။ ခရစ်ယာန်များအနေဖြင့် ဘုရားနှင့်လောက၏အမှုကို တစ်ပြိုင်တည်းထမ်းဆောင် ၍မရပါ။ “သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည်လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော် မူ၏” ဟု ဘုရားသခင်ပြောပါသည်။ Letter 21, 1893. [Ev 622.1] EvBur 823.2

လျှို့ဝှက်သောအသင်းအဖွဲ့များအားဖြင့်လှည့်ဖြားခြင်းများ - ကမ္ဘာကြီးသည် ဇာတ်ရုံတစ်ခုဖြစ်ပြီး မင်းသားများတို့သည် ကမ္ဘာသူကမ္ဘာသားဖြစ်ကြကာ၊ နောက်ဆုံးသောပြဇာတ်၌ မိမိတို့၏ကျရာတာဝန်ကို ပါဝင်သရုပ်ဆောင်ကြရန် ပြင်ဆင်နေကြပါသည်။ မိမိတို့၏တစ်ကိုယ်ကောင်းဆန်သောရည်ရွယ်ချက်များ အောင်မြင်ရန် လူတို့သည် မိတ်သဟာယဖွဲ့ကာဆောင်ရွက်နိုင်ကြခြင်းအပြင် ဤကြီးမားလှသောလူစုကြီးသည် စည်းလုံးခြင်းမရှိကြပါ။ ဘုရားသခင်ကြည့်ရှု လျက်နေပါသည်။ သူ၏ပုံကန်သောလူသားများတို့နှင့်ပတ်သက်၍ သူ၏ ရည်ရွယ်ချက်များပြည့်စုံပါလိမ့်မည်။ ဘုရားသခင်သည် အခိုက်အတန့်ကာလ တစ်ခုအတွင်း အရာများတို့ကိုရှုပ်ထွေးစေရန်နှင့် ကမောက်ကမယိမ်းယိုင်မှုများ ဖြစ်စေရန်အခွင့်ပြုထားသော်လည်း ဘုရားသခင်သည် ဤကမ္ဘာကြီးကို လူတို့ လက်ထဲသို့လုံးလုံးအပ်နှံထားခြင်းမပြုပါ။ ဤပြဇာတ်၌ နောက်ဆုံးသောကြီးမား သည့်မြင်ကွင်းများကိုယူဆောင်လာရန် အောက်မှတန်ခိုးတစ်ခုသည် အလုပ်လုပ် လျက်ရှိနေသည်။ မာရ်နတ်သည် ခရစ်တော်ကဲ့သို့လာပြီး မမှန်ကန်သော လှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့် မိမိတို့၏ကိုယ်ကို လျှို့ဝှက်သောအသင်းအဖွဲ့ များနှင့် ပေါင်းစည်းထားသောသူများတို့နှင့်အလုပ်လုပ်နေကြသည်။ မဟာမိတ် ဖွဲ့ခြင်းအတွက် အလွန်မြတ်နိုးခြင်းသို့လိုက်ပါသွားသောသူတို့သည် ရန်သူ၏ အစီအစဉ်များ၌ ပါဝင်လုပ်ဆောင်ကြပါသည်။ အကြောင်းအရာကို အကျိုး သက်ရောက်မှုအားဖြင့် ကျွန်ုပ်တို့တွေ့ မြင်ရပါလိမ့်မည်။ [Ev 622.2] EvBur 824.1

တရားတော်ကိုလွန်ကျူးခြင်းသည် ၎င်း၏အကန့်အသတ်သို့ရောက် လုနီးပြီ။ ရှုပ်ထွေးခြင်းသည် ကမ္ဘာကြီးပေါ်ပြည့်လျက်ရှိနေပြီး ကြီးမားသော ကြောက်မက်ဖွယ်ကြီးသည် မကြာမီလူသားများတို့အပေါ်ကျရောက်လာလိမ့် မည်။ အဆုံးသို့ရောက်ရန်အလွန်နီးကပ်နေပြီ။ အမှန်တရားကိုသိသောကျွန်ုပ် တို့သည် မကြာမီကမ္ဘာကြီးပေါ်သို့ ကြီးမားသောအံ့သြဖွယ်ကဲ့သို့ ရောက်ရှိလာ မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ပြင်ဆင်မှုပြုလုပ်ကြရန်သင့်ပြီ။ Testimonies, vol. 8, pp. 27-28. (1904) [Ev 623.1] EvBur 824.2