ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

137/163

ခရီးသွားဌာနများ၌ရှိနေသူများ

အဘယ်ကြောင့် ကပေရနောင် ကို ယေရှုရွေးချယ်ရသနည်း - သူ၏လောက သာသနာ့လုပ်ငန်းလုပ်ကိုင်စဉ်အခါ၊ ကယ်တင်ရှင်သည် အခွင့်အရေးများ၏ အကျိုးကိုယူပြီး ခရီးလမ်း၏ကြီးမားသောလမ်းမကြီးများပေါ်၌ သူ့ကိုတွေ့ရ ပါသည်။ သူ၏ခရီးစဉ်များအတွက် လမ်းခုလတ်၌ခိုနားရာအရပ်သည် ကပေရနောင်မြို့၊ သူ၏မြို့ဟု အများမှသိသောမြို့ဖြစ်သည်။ ဤမြို့သည် ကယ်တင်ရှင်ခရစ်တော်အလုပ်၏ဗဟိုဌာနအတွက် အလွန်ဆီလျော်သောမြို့ တစ်မြို့ဖြစ်သည်။ ယေရုရှလင်မြို့နှင့်အီဂျစ်ပြည်သို့ ဒမာသက်မြို့မှနေ၍သွား သောလမ်းမကြီးနှင့် မြေထဲပင်လယ်သို့သွားသောလမ်းမကြီးအတွက် သူ့ခရီး စဉ်၏အကြီးမားဆုံးသော ခိုနားရာနေရာတစ်ခုဖြစ်သည်။ တိုင်းပြည်ပေါင်း များစွာမှလူတို့သည် ထိုမြို့ကိုဖြတ်ကျော်သွားခြင်း၊ သို့မဟုတ် မိမိတို့အသွား အပြန်ခရီးတွင် စောင့်ဆိုင်းအနားယူခြင်းများပြုလုပ်ကြသည်။ ဤနေရာ၌ ယေရှုသည် အဆင့်အတန်းရှိလူအမျိုးမျိုး၊ သူဌေးသူကြွယ်နှင့်ကျော်ကြားသော သူများ၊ ဆင်းရဲနိမ့်ကျသောသူများတို့ကိုတွေ့ ဆုံနိုင်ပြီး သူ၏သတင်းစကား နှင့်သင်ခန်းစာများတို့ကို အခြားတိုင်းပြည်များနှင့်အိမ်ထောင်မိသားစုများစွာသို့ သယ်ဆောင်သွားနိုင်ပါသည်။ ပုရောဖက်အနာဂတ်ဟောထားချက်များတို့ကို စူးစမ်းရှာဖွေခြင်းသည် စိတ်ဝင်စားဖွယ်ဖြစ်ခြင်း၊ ကယ်တင်ရှင်ထံသို့အာရုံ ရောက်ရှိစေခြင်းနှင့် သူ၏လုပ်ငန်းကို ကမ္ဘာတစ်ဝန်းသို့သယ်ဆောင်နိုင်ခြင်း များအတွက်ဖြစ်စေပါသည်။ Testimonies, vol. 9, p. 121. (1909) [Ev 584.3] EvBur 770.2

ပရိသတ်များတို့ ၏အာရုံကိုဆွဲဆောင်နိုင်ရန် - ကမ္ဘာပေါ်ရှိကျော်ကြားသော ကျန်းမာရေးအနားယူရန်စခန်းများနှင့် ခရီးသွားဧည့်သည်များတည်းခိုရာ ဗဟို ဌာနများတို့၌ ကျန်းမာရေးနှင့်ပျော်ရွှင်မှုရှာဖွေသူ ထောင်ပေါင်းများစွာတို့စုရုံး နေကြသည့်အတွက် ထိုသူများတို့၏အာရုံကိုဆွဲဆောင်နိုင်ရန် စွမ်းဆောင်မှ ပြုနိုင်သော ကျွန်ုပ်တို့၏ဓမ္မဆရာများတို့နှင့် ဓမ္မစာပေဖြန့်ချိသူများ စခန်းချ သင့်ကြပါသည်။ ဤအမှုဆောင်များတို့သည် ယခုအချိန်အတွက်သတင်း စကားကိုဟောပြောရန်နှင့် သူတို့မှအခွင့်အရေးရရှိသည်နှင့်အညီ စည်းဝေးများ ကိုကျင်းပရန် ́ မိမိတို့၏အခွင့်အရေးကိုစောင့်ကြည့်စေပါ။ လူတို့နှင့်စကားပြော နိုင်ရန်အခွင့်အရေးများကို သူတို့အားလျင်မြန်စွာရယူစေပါ။ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုး၏အမအစအားဖြင့် နှစ်ခြင်းဆရာ၏သတင်းစကားဖြစ်သည့် “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” မဿဲ ၃း၂ ကို တွေ့ဆုံသောသူတို့နှင့် သူတို့အားပြောစေပါ။ သို့မှသာ လက်ရှိအမှန်တရား ၏ဧဝံဂေလိတရားသည် မကြားရသေးသောသူများစွာတို့မှကြားရပြီး သူတို့မှ တစ်ဆင့် မိမိတို့၏အိမ်များသို့ယူဆောင်သွားကြမည်ဖြစ်ပြီး၊ ၎င်းနောက် ကမ္ဘာအရပ်ရပ်သို့ရောက်ရှိသွားပါလိမ့်မည်။ Testimonies vol. 9, p. 122. (1909) [Ev 585.1] EvBur 771.1

ကြီးမားသောအနားယူရာနေရာများ၌တဲအိမ်အစည်းအဝေးများ - တဲအိမ်အစည်း အဝေးများကို ခရီးသွားဧည့်သည်များတည်းခိုသောနေရာအနီးအဝေး၌ နယ်ဌာန ချုပ်မှပြုလုပ်နိုင်သမျှ သူတို့၌ရှိသောအမှုဆောင်များတို့နှင့် ကျင်းပကြရပါမည်။ အကယ်၍နိုးကြားရန်လိုအပ်သည့် အရေးကြီးသောလုပ်ဆောင်ရမည့်ထိုနေရာ များကိုမည်သည့်အခါ၌လုပ်ဆောင်ရမည်ဟုစဉ်းစားပါက၊ ယခုပင်ဖြစ်ပါသည်။ Letter 138, 1902. [Ev 585.2] EvBur 772.1

လူသွားလူလာနေရာများတို့ ၌ - လူသွားလူလာအမြဲရှိသောနေရာများတို့၌ အထူးသောအလုပ်ကို လုပ်ဆောင်ကြရမည်။ ခရစ်တော်ကပေရနောင်မြို့၌ အချိန်များစွာယူပြီးအလုပ်လုပ်ရခြင်းသည် ခရီးသွားသောသူများ အမြဲသွားလာ ကျော်ဖြတ်ကြပြီး အများသောသူတို့အနားယူကြသောနေရာဖြစ်သောကြောင့် ဖြစ်သည်။ Review and Herald, July 12, 1906. [Ev 585.3] EvBur 772.2

ခရီးသွားဗဟိုဌာနများအတွက်အမှုဆောင်များ - မြို့ကြီးများထဲသို့ဝင်ပြီး အမှ တော်ကိုထိရောက်စွာဆောင်ရွက်နိုင်မည့် စွမ်းဆောင်နိုင်သောပျိုရွယ်မောင်မယ် များတို့ကို တွေ့ ရှိနိုင်ရန်အလွန်ခက်ခဲသည်။ ဤကဲ့သို့သောကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် သွားလာလှုပ်ရှားကြသည့်တည်းခိုရာဌာနများ၌ လူတို့ထံသို့ လည်ပတ်ခြင်း၊ သူတို့အားကူညီခြင်း၊ သင့်လျော်သောစကားကိုသူတို့နှင့်ပြောဆို ခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် အားပေးစကားပြောဆိုခြင်းများတို့ကို ပြုနိုင်ရန် တတိယကောင်းကင်တမန်သတင်းစကား၏အမှန်တရားကို ကျွမ်းကျင် စွာနားလည်သော လူပျိုလူရွယ်အမျိုးသားများတို့ကို ကျွန်ုပ်တို့အထူးလိုအပ် လျက်ရှိပါသည်။ Review and Herald, July 12, 1906. [Ev 586.1] EvBur 772.3