ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ကလေးအတွက်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း
နားထောင်ရန်နှင့်လက်ခံရန်ကလေးများအဆင်သင့်ရှိသည် - သူ့ထံသို့ယူဆောင် လာခြင်းခံရသောကလေးများတို့၌ ယေရှုသည် သူ၏နိုင်ငံတော်တွင် သူ၏ ကျေးဇူးတော်အမွေခံများနှင့် သူ၏လူများဖြစ်သင့်ကြောင်းနှင့် သူ့အတွက်ကြောင့် တချို့တို့သည် အာဇာနည်များဖြစ်လာလိမ့်မည်ကို သူတွေ့မြင်ခဲ့ရသည်။ ဤကလေးများတို့သည် သူ၏စကားကိုနားထောင်ပြီး သူ့ကိုမိမိတို့၏ကယ်တင် ရှင်အဖြစ် လောကီပညာရှိကြပြီး စိတ်နှလုံးခိုင်မာသောလူကြီးများတို့ထက် လက်ခံရန်များစွာပို၍အဆင်သင့်ရှိသည်ကို သူသိရှိခဲ့ပါသည်။ သင်ကြားခြင်း ၌ သူသည် သူတို့၏အဆင့်သို့ဆင်းလာခဲ့ပါသည်။ ကောင်းကင်၏တန်ခိုးရှင် ဖြစ်သောသူသည် သူတို့၏မေးခွန်းများတို့ကိုဖြေကြားပြီး သူ၏အရေးကြီးသော သင်ခန်းစာများကို သူတို့၏ကလေးဘဝ၌ နားလည်နိုင်သည့်လွယ်ကူသော နည်းဖြင့်ရှင်းပြပါသည်။ သူတို့၏စိတ်ထဲ၌ အမှန်တရား၏မျိုးစေ့ကို လာမည့် နှစ်များတို့၌ပေါက်လာပြီး ထာဝရအသက်ကိုပေးမည့်အသီးများတို့ကို သီးလာ ရန်စိုက်ပျိုးခဲ့ပါသည်။ [Ev 579.2] EvBur 763.2
“ကလေးများကို ငါ့ထံသို့လာရန်မဆီးတားပါနဲ့” ဟုယေရှုပြောခဲ့ သောအခါ၊ သူသည် လာမည့်ခေတ်အဆက်ဆက်၌ သူ့နောက်လိုက်များ အားလုံး- အသင်းတော်ခေါင်းဆောင်များ၊ ဓမ္မဆရာများ၊ အမှုဆောင်များနှင့် ခရစ်ယာန်များအားလုံးတို့ကို ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ ယေရှုသည် ကလေးများတို့ကိုဆွဲယူပြီး “သူတို့လာရန်မဆီးတားပါနှင့်” ဟု သူအမိန့်ပေး ခြင်းသည် သူတို့အားသင်တို့မတားဆီးပါက သူတို့လာလိမ့်မည်ဟု သူပြောဆို သကဲ့သို့ဖြစ်သည်။ [Ev 580.1] EvBur 764.1
သင်၏ခရစ်တော်နှင့်မတူသောစာရိတ္တကို ယေရှုအားမှားယွင်းစွာ ကိုယ်စားမပြုပါနှင့်။ ငယ်ရွယ်သောသူများတို့အား သင်၏ဂရုမစိုက်ခြင်းနှင့် ကြမ်းတမ်းခြင်းအားဖြင့် သူ့ထံမှဝေးကွာမသွားစေပါနှင့်။ အကယ်၍ သင်တို့ ကောင်းကင်နိုင်ငံသို့ရောက်ပါက ပျော်ရွှင်လိမ့်မည်မဟုတ်ဟု သူတို့၏စိတ်ထဲ ၌ မည်သည့်အခါမျှမခံစားစေပါနှင့်။ ဘာသာရေးကို ကလေးများနားမလည် နိုင်သည့်အရာအဖြစ် မပြောဆိုပါနှင့်။ သို့မဟုတ် ကလေးဘဝ၌ ခရစ်တော် ကိုလက်ခံရန်မမျှော်လင့်သင့်သကဲ့သို့ သင်၏ပြုမူခြင်း၌မရှိစေပါနှင့်။ ခရစ်တော် ၏ဘာသာရေးသည် ဝမ်းနည်းအားငယ်ဖွယ်ရာဘာသာရေးတစ်ခုဖြစ်ကြောင်း နှင့် ယေရှုထံသို့လာပါက အသက်တာ၏ပျော်ရွှင်မှုအားလုံးကို စွန့်လွှတ်လိုက် ရမည်ဖြစ်ကြောင်း စသည့်မှားယွင်းသည့်အမြင်ကို သူတို့၌မရှိစေပါနှင့်။ [Ev 580.2] EvBur 764.2
ကလေးများတို့၏စိတ်နှလုံးများထဲ၌ သန့်ရှင်းသောဝိညာဉ်တော် လှုပ်ရှားသကဲ့သို့ သူ၏အလုပ်နှင့်ပူးပေါင်းပါဝင်ပါ။ ကယ်တင်ရှင်သူတို့အား ခေါ်နေကြောင်းနှင့် မည်သည့်အရာမျှမိမိတို့၏ကိုယ်ကို သူတို့၏ငယ်ရွယ် ပွင့်လန်းပြီး လန်းဆန်းနေသည့်အရွယ်၌ သူ့ထံသို့ဆက်ကပ်အပ်နှံခြင်းထက် သူ့အားပျော်ရွှင်ခြင်းပေးနိုင်သည့် အခြားအရာမရှိကြောင်းကို သူတို့အားသွန်သင် ပါ။ [Ev 580.3] EvBur 764.3
မိမိအသွေးနှင့်ဝယ်ယူခဲ့သောဝိညာဉ်များကို ကယ်တင်ရှင်သည် အကန့် အသတ်မရှိသောကြင်နာခြင်းဖြင့် ဂရုစိုက်လျက်ရှိသည်။ သူတို့သည် သူ့မေတ္တာ ၏တောင်းဆိုခြင်းဖြစ်ကြသည်။ သူတို့အားပြောဆို၍မရသည့်တောင့်တခြင်းဖြင့် သူကြည့်နေသည်။ သူ၏စိတ်နှလုံးဆွဲဆောင်မှုခံရခြင်းသည် အကောင်းဆုံး သွန်သင်မှုခံရခြင်းနှင့် ဆွဲဆောင်မှုအကောင်းဆုံးသောသားသမီးများကြောင့်သာ မဟုတ်ဘဲ အမွေခံများအားဖြင့်နှင့် ပြစ်တင်စရာစာရိတ္တမရှိခြင်းကြောင့်ဖြစ်သည်။ Ministry of Healing, pp. 42-44. (1905) [Ev 580.4] EvBur 765.1
ကလေးသူငယ်နှင့်လူငယ်လူရွယ်များတို့ကို သင်ကြားသောသင်ခန်းစာ များတို့မှာ သူတို့၏စိတ်နှလုံးသားထဲ၌ မှတ်မိစွဲလမ်းစေခြင်းသည် သူတို့၏ အကျင့်စာရိတ္တအပေါ် တန်ခိုးသြဇာသက်ရောက်စေခြင်းမှာ လူကြီးများထင် သည်ထက် ပို၍များစွာသောအတိုင်းအတာအဆင့်ထက်ကြီးမားသည်။ ကျွန်ုပ် ၏ကလေးဘဝ၌ ဓမ္မဆရာတစ်ဦးကျွန်ုပ်၏ဖခင်အိမ်ရှိရာ ပိုလန်၊ မိန်းသို့ ရောက်လာပြီး တမန်တော်ဝတ္ထုထဲ၌ရှိသော ပေတရုသည် ရန်သူဖျက်ဆီးခြင်း မှ ဘုရားသခင်၏ကောင်းကင်တမန်သည် သူ့အားထောင်ထဲမှအံ့သြဖွယ် လွတ်မြောက်စေခဲ့သည့်အကြောင်းကို ဖတ်ပြပါသည်။ ဤအခန်းကြီးကို သူဖြည်းဖြည်းနှင့်လေးနက်စွာဖတ်ပြခဲ့ရာ ထိုအကြောင်းအရာသည် ယခုထက် တိုင် ကျွန်ုပ်၏စိတ်ထဲ၌မြင်ကွင်းတစ်ခုကဲ့သို့ စွဲကျန်ခဲ့ပါသည်။ [Ev 580.5] ငြိဂံနှင့် ယခုကျွန်ုပ်အားဘုရားသခင်ပေးသောအလင်းအားဖြင့် ကျွန်ုပ်တို့ လူသားများသည် လူငယ်လူရွယ်များတို့ကို ပညာပေးခြင်းနှင့်သင်တန်းပေးခြင်း အတွက် ကျွန်ုပ်တို့၏အခွင့်အရေးများကို တိုးတက်မှုမပြုလုပ်ကြသေးကြောင်း ကျွန်ုပ်သိရပါသည်။ သမ္မာကျမ်းစာကို မည်ကဲ့သို့ဖတ်ပြီးနားလည်ရမည်ကို သူတို့အားကျွန်ုပ်တို့သင်ကြားသင့်ပါသည်။ ဓမ္မဆရာများအတွက် ကျမ်းစာ သင်တန်းရှိတိုင်း ၎င်းသင်တန်းနှင့်ဆက်နွှယ်ပြီး လူငယ်လူရွယ်များတို့အတွက် ကျမ်းစာသင်တန်းတစ်ခုကို ပြုလုပ်ပေးသင့်သည်။ သူတို့၏နာမည်များကို စာရင်းယူသင့်သည်။ လူငယ်လူရွယ်များ ကျမ်းစာကိုနားလည်ရန် သင်ကြား ပေးရမည့်နည်းစနစ်ကို အားလုံးနားလည်သင့်ကြသည်။ ဆောင်ရွက်စရာလုပ်ငန်း ကို အမှန်တရားကိုယ်တိုင်က သင်ရိုးသားလွယ်ကူစွာဖြင့်ဆောင်ရွက်စေပါ။ လူငယ်လူရွယ်တို့၏စိတ်ကို အမှန်တရားမှအမှန်တရားသို့ ပို့ဆောင်ပြီး ပို၍ မြင့်သောနေရာမှ မြင့်ရာသို့ရောက်ရှိစေကာ နှုတ်ကပတ်တော်၏အနက်အဓိပ္ပါယ် ကို နှုတ်ကပတ်တော်ကသာ ၎င်း၏စာပိုဒ်သည် အခြားစာပိုဒ်များအတွက် အဓိကအကြောင်းအရာဖြစ်ကြောင်းဖော်ပြသည်ကို သူတို့အားပြသပါ။ ထိုသို့ ဖြင့် နှုတ်ကပတ်တော်ကသာ ခရစ်တော်ထံသို့အတွေးများကိုပို့ဆောင်သည့် ပညာပေးသောတန်ခိုးဖြစ်ပါလိမ့်မည်။ Letter 27a, 1892. [Ev 581.1] EvBur 765.2
ဓမ္မတရားပွဲများ၌ကလေးများအတွက်စည်းဝေးများ - တတိယကောင်းကင်တမန် သည် ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိပြီး သူသယ်ဆောင်သောအောင်လံ တံခွန်၌ “ဘုရားသခင်၏ပညတ်တော်များနှင့် ယေရှု၏ယုံကြည်ခြင်း” စာတန်း ကိုရေးသားထားပါသည်။ တရားပွဲအတွက် တဲဆောက်လုပ်သောနေရာတိုင်း ၌ ပထမဦးစွာဧဝံဂေလိသတင်းစကားကို ဆင်းရဲသားများထံသို့ဟောပြောပြီး လူနာများတို့ကိုကုသကြရမည်။ ဝိညာဉ်မျက်မမြင်များတို့အတွက် လုပ်ဆောင် သောအလုပ်အားဖြင့် ကယ်တင်ခြင်းခံရမည့်ဝိညာဉ်များစွာတို့ကို အသင်းတော် ထဲသို့ပို့ဆောင်နိုင်လိမ့်မည်။ EvBur 766.1
ကလေးသူငယ်များအတွက် စည်းဝေးများကျင်းပသင့်ခြင်းသည် သူတို့ အားပညာပေးခြင်းနှင့် ဧည့်ခံဖျော်ဖြေခြင်းအတွက်သက်သက်မဟုတ်ဘဲ သူတို့ ပြောင်းလဲရန်အတွက်ဖြစ်စေရပါမည်။ ဤအရာသည် ဖြစ်နိုင်ပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၌ယုံကြည်ခြင်းရှိမည်ဖြစ်ပါက လောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်ရန် သူတို့အားညွှန်ပြနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ကြီးမားသည့်အစည်းအဝေးများသို့ တက်ရောက်ကြသောသူတို့သည် ဤအလုပ်ကိုလုပ်ဆောင်ကြရမည်။ ဤအလုပ် အားဖြင့် အဆင့်မြင့်သူ၊ နိမ့်သူ၊ ဆင်းရဲချမ်းသာသူအားလုံးတို့ထံသို့ သတင်း စကားရောက်ရှိရပါလိမ့်မည်။ Manuscript 6, 1900. [Ev 582.1] EvBur 766.2
မေတ္တာသည် ကလေးများကိုခရစ်တော်ထံသို့ ပို့ဆောင်နိုင် - ကလေးသူငယ် များတို့နှင့် သင်၏ဆက်ဆံပြုမူပြောဆိုပုံအားဖြင့် ခရစ်တော်၏ကျေးဇူးတော် ကြောင့် ထာဝရအသက်အတွက် သူတို့၏စာရိတ္တများကို ပြုပြင်ပေးနိုင်လိမ့် မည်။ သို့မဟုတ် သင်၏မှားယွင်းသောလုပ်ရပ်များအားဖြင့် မာရ်နတ်၏ စာရိတ္တကို သူတို့အားပေးနိုင်ပါလိမ့်မည်။ ကလေးများတို့ကို စိတ်လိုက်မာန် ပါ မည်သည့်အခါမျှဦးဆောင်လမ်းပြခြင်းမပြုပါနှင့်။ အာဏာနှင့်မေတ္တာကို ရောနှောစေပါ။ ကောင်းသောအရာနှင့်ချစ်ဖွယ်သောအရာအားလုံးတို့ကိုမြတ်နိုး ပြီး ပြုစုပျိုးထောင်ကာ သူတို့အားဖော်ပြသော ခရစ်တော်အားဖြင့် ပို၍ကောင်း သည့်အရာကိုလိုလားရန် သူတို့ကိုပို့ဆောင်ပါ။ ထိုအရာများတို့ကို သင်မျက်ကွယ် ပြုပါက သူတို့အားထိခိုက်ဒဏ်ရာကိုပေးခြင်းဖြစ်ပါလိမ့်မည်။ သူတို့ကိုသင် ချစ်ကြောင်းနှင့် ပျော်ရွှင်စေလိုကြောင်းကို သူတို့အားတွေ့မြင်စေပါ။ သူတို့ သည် ပို၍ချစ်ဖွယ်မကောင်းခဲ့ပါက သင်သည် သူတို့ကိုပို၍မေတ္တာပြရပါမည်။ သင်သည် ကလေးအားပျော်ရွှင်စေလိုကြောင်း သူယုံကြည်စိတ်ချသောအခါ၊ မေတ္တာသည် အကာအဆီးဟူသရွေ့ကို ဖြိုချပစ်နိုင်ပါလိမ့်မည်။ ဤအရာများ သည် လူတို့နှင့်ကယ်တင်ရှင်၏ဆက်ဆံသောစည်းမျဉ်းဥပဒေဖြစ်သည်။ ဤစည်းမျဉ်းဥပဒေကို အသင်းတော်ထဲ၌ကျင့်သုံးကြရပါမည်။ Letter 23a, 1893. [Ev 582.2] EvBur 767.1
ကလေးများအတွက်ကောင်းသောတရားပွဲအစီအစဉ် - ကျွန်ုပ်တို့၏သြစတြေးလျ ၌ကျင်းပသော စခန်းအစည်းအဝေး၏စိတ်ဝင်စားမှုသည် အမေရိကန်နှင့်အခြား တိုင်းပြည်တို့၌ကျင်းပခဲ့သည့်အစည်းအဝေးများတို့ထက် များစွာသာလွန်သည်။ အားလပ်သောနေ့ရက်များအပြင် အပတ်အတွင်းရှိနေ့ရက်များတို့ပါ လူပေါင်း တစ်ထောင့်နှစ်ရာအထဲ၌ ရိုးသားထက်မြက်သူများတို့အပါအဝင် တဲဖြင့် နေထိုင်ကာ မိမိတို့၏စိတ်လှုပ်ရှားဖွယ်ပျော်ရွှင်မှုများအားလုံးဖြင့် အချိန်ကို အသုံးပြုခဲ့ကြပါသည်။ ပြင်ပမှကလေးများတို့လည်းလာကြပါသည်။ လွန်ခဲ့ သည့်တနင်္ဂနွေနေ့၌ ကလေးများအစည်းအဝေးသို့ လူလေးရာနီးပါးတက်ရောက် ခဲ့ပါသည်။ ဤစည်းဝေးများကို ကျွန်ုပ်တို့၏ညီအစ်မတစ်ယောက်မှဦးဆောင် ပေးခဲ့ပါသည်။ တာဝန်ပေးထားသောဆရာများတို့အားဖြင့် အတန်းထဲ၌ကလေး များတို့ကို အစီအစဉ်တကျထိုင်စေပြီး လုပ်ငန်းကိုသူညွှန်ကြား၍ ကူညီမစ ပေးပါသည်။ ကလေးများတို့၏နည်းစနစ်အတိုင်း တတ်နိုင်သရွေ့လိုက်လျှောက် ကြပါသည်။ [Ev 582.3] EvBur 767.2
အကယ်၍ ခိုင်မာတည်မြဲစွာရင်းနှီးမြှုပ်နှံအသုံးပြုပါက သာသနာ့ ယာဉ်ဖြင့် ငွေကြေးကိုအသုံးပြုခြင်းသည် များစွာအသုံးဝင်လိမ့်မည်။ သာသနာ့ ယာဉ်အားဖြင့် ကောင်းကျိုးတချို့ ကိုပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်မှာ မှန်ကန်ပါသည်။ သို့သော် နောက်ဆုံးအကျိုးရလဒ်များ၌ စိတ်ပျက်စရာဖြစ် လိမ့်မည်ဟု ကျွန်ုပ်မြင်ခဲ့ပါသည်။ ဤအရာနှင့်ဆန့်ကျင်သောအရာကို ကျွန်ု တွေ့မြင်ရပါသည်။ တဲများတို့ကို တစ်နှစ်တာ၏ရာသီများနှင့်ကိုက်ညီသော ခြားနားသည့်နေရာများသို့ ယူဆောင်သွားကြပါသည်။ နေရာများစွာတို့၌ စခန်းအစည်းအဝေးများကိုကျင်းပကြပါသည်။ သင့်လျော်သောကူညီဖော်များ အားဖြင့် စွမ်းဆောင်နိုင်ပြီး၊ ဘုရားကိုကြောက်ရွံ့သောသူများတို့မှ ဤအစည်း အဝေးများတို့ကိုကျင်းပကြပါသည်။ ကလေးအစည်းအဝေးများနှင့်ဝိညာဉ် နိုးကြားခြင်းအစီအစဉ်များကျင်းပကြပြီး အမှန်တရားအတွက်ရပ်တည်နိုင်ကာ မိမိတို့၏အဆင့်အတန်းစံချိန်ကိုထိန်းသိမ်းနိုင်ရန် လူတို့ကိုခေါ်ဆောင်ကြပါ သည်။ [Ev 583.1] EvBur 768.1
ဤစခန်းအစည်းအဝေး၌ ဆောင်ရွက်သင့်သည့်အလုပ်ကို ဆောင်ရွက် ခဲ့ကြပါသည်။ ကလေးအစည်းအဝေးများ၊ လူငယ့်ကျမ်းစာအစီအစဉ်များတို့ ကို ကောင်းမွန်စွာဆောင်ရွက်ခဲ့ပါသည်။ ပေးခဲ့သောသင်တန်းများကို မိမိတို့ ၏အိမ်များ၌ ပြန်လည်၍ပြုလုပ်ကြပြီး ကျောင်းအတွက်ကလေးများကို သပ်ရပ် စွာဖြင့်ပြင်ဆင်ခြင်းအားဖြင့် မိမိတို့၏စိတ်ဝင်စားမှုကို မိခင်များပြသခဲ့ကြပါ သည်။ မိဘအများတို့သည် ကျွန်ုပ်တို့၏ယုံကြည်သူများမဟုတ်ကြပါ။ ကျမ်းစာအမှန်တရား၏မျိုးစေ့များတို့သည် စိတ်နှလုံးမြေသားထဲသို့ရောက်ရှိ သွားပါသည်။ လွယ်ကူသောအရာမဟုတ်သော်လည်း ကောင်းသောအရာကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ကောင်းသောစွဲလမ်းခြင်းများတို့သည် မိဘတို့နှင့် သားသမီးများတို့၏စိတ်ထဲသို့ ရောက်ရှိသွားပါသည်။ ကောင်းသောအရာ အတွက် ဤစည်းဝေးများ၌ပြုလုပ်ခဲ့ခြင်းသည် ဘုရားသခင်၏နေ့ရက်ကြီး၌ ထင်ရှားလာပေလိမ့်မည်။ ပျိုးထောင်ရန်အတွက် ဤအရာသည် ကျယ်ဝန်း သောလယ်ပြင်ကြီးတစ်ခုဖြစ်သည်။ ဤအလုပ်ကိုဆက်လက်၍ဆောင်ရွက်ကြ ပါစို့။ မည်သည့်စွမ်းရည်များကိုအသုံးပြုရန် ပို၍ကောင်းမည်နည်း။ ဤအမှု ဆောင်များတို့သည် ရိတ်သိမ်းရန်အတွက် စိုက်ပျိုးနေကြပါသည်။ ထာဝရ အသက်ရရှိရန် မည်ကဲ့သို့ပြုလုပ်ရမည်ကို အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အလွန်သိလိုကြပါသည်။ Letter 2, 1899. EvBur 768.2
သဘာဝသင်ခန်းစာများ - ကလေးအစည်းအဝေးများကို တစ်နေ့နှစ်ကြိမ် ကျင်းပပါသည်။ နံနက်သင်ခန်းစာပြီးသည့်နောက် သာယာသောနေ့များ၌ ဆရာများနှင့်ကလေးများ ခရီးရှည်လမ်းထွက်လျှောက်ကြပြီးလမ်းလျှောက်ကြ စဉ် မြစ်ကမ်းနား၊ သို့မဟုတ် မြက်ခင်းကောင်းသောလယ်ပြင်များတို့တွင် ခေတ္တခဏရပ်ဆိုင်းကာ သဘာဝမှသင်ခန်းစာအနည်းငယ်ကိုပြောဆိုပေး ပါသည်။ ထိုနေ့ရက်များတို့၌ အလွယ်တကူတွေ့မြင်ခဲ့ရသည်မှာ၊ ကလေးများ လယ်ပြင်၌အပျင်းဖြေလမ်းလျှောက်ကြသောအခါ စခန်း၌အလွန်ဆိတ်ငြိမ်ပြီး စည်းကမ်းတကျရှိနေခြင်းဖြစ်ပါသည်။ နံနက်အစည်းအဝေးတက်ရောက် ခြင်းသည် စခန်းအတွင်းရှိကလေးဦးရေ (၃၀) ရှိပါသည်။ မွန်းလွှဲပိုင်းအချိန် ၌ အနီးနားပတ်ဝန်းကျင်မှ ကျောင်းသူကျောင်းသားလူငယ်များပါဝင်ကြသည့် အတွက် ကလေးဦးရေ (၅၀) မှ (၆၀) အထိရှိပါသည်။ Manuscript 27, 1895. [Ev 584.1] EvBur 769.1
ကလေးများအားဖြင့် မိဘများထံသို့ ချဉ်းကပ်နိုင်ခြင်း - ကျွန်ုပ်တို့၏စခန်း အစည်းအဝေးများသည် ကျွန်ုပ်တို့၏အရေးအကြီးဆုံးလုပ်ငန်းအထဲတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။ စခန်းအစည်းအဝေးတိုင်း၌ ကလေးများအတွက် အစီအစဉ်ပြုလုပ်ပေးရမည်။ သင့်လျော်သောအမှုဆောင်များမှ ကလေးများတို့ ကို အမြဲပညာပေးကြရမည်။ စိုက်ပျိုးသောအစေ့အပေါ် ဘုရားရှင်ထံကောင်းချီး တောင်းခံပြီး ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်မှ ကလေးများကိုပင် ယုံကြည်စေနိုင်ပါလိမ့်မည်။ ကလေးငယ်များတို့အားဖြင့် မိဘများတို့ကိုချဉ်းကပ် ပြောင်းလဲစေနိုင်လိမ့်မည်။ Manuscript 52, 1900. [Ev 584.2] EvBur 770.1