ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ဆေးပညာဖြင့်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း၏စစ်မှန်သော ရည်ရွယ်ချက်
တန်ဖိုးရှိသောရိတ်သိမ်းခြင်းတစ်ခုအတွက်သီးပွင့်ခြင်းများ - ဆေးသာသနာ လုပ်ငန်းသည် ဧဝံဂေလိအလုပ်ရှေ့သို့သယ်ဆောင်ခြင်း၌ အောင်မြင်ရန်အတွက် အခွင့်အရေးပေးသောအလုပ်ဖြစ်သည်။ ဤလမ်းကြောင်းများဖြင့် ညီညာစွာ ကြိုးစားလုပ်ဆောင်ကြသကဲ့သို့ ဘုရားရှင်အတွက် များစွာသောတန်ဖိုးရှိသည့် အသီးများတို့ကိုစုသိမ်းနိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ Review and Herald, Sept. 7, 1905. [Ev 516.2] EvBur 675.2
အားပေးခြင်း၊ ကုသခြင်းနှင့်သက်သာစေခြင်း - ခရစ်တော်သည် လူတို့ကို မိမိတို့ရှိရာအရပ်၌ရှာဖွေပြီး သူတို့ရှေ့၌ကြီးမားသောအမှန်တရားများကို သူ၏ နိုင်ငံတော်နှင့်ပတ်သက်၍ ချထားခဲ့ပါသည်။ သူသည် တစ်နေရာမှတစ်နေရာ သို့သွားရာ၌ ဒုက္ခခံစားရသောသူများတို့ကိုကောင်းချီးပေး၍ အားပေးပြီး ဖျားနာ သောသူများတို့ကို ကုသပေးခဲ့ပါသည်။ ဤအလုပ်သည် ကျွန်ုပ်တို့၏အလုပ် ဖြစ်သည်။ ခိုကိုးရာမဲ့သူများတို့၏လိုအပ်ချက်များတို့ကိုသက်သာစေရန် ဘုရားသခင်သည် ကျွန်ုပ်တို့အားစေခိုင်းလျက်ရှိပါသည်။ Letter 54, 1898. [Ev 516.3] EvBur 676.1
ဟေရှာယ (၅၈) အထဲမှပုံစံနမူနာ - ဟေရှာယအခန်းကြီး (၅၈) သည် ဘုရားသခင်၏လူတို့အတွက် လက်ရှိအမှန်တရားပါရှိပါသည်။ ၎င်းအထဲတွင် ကမ္ဘာသို့ဟောပြောရမည့် ဆေးသာသနာ့လုပ်ငန်းနှင့်ဧဝံဂေလိလုပ်ငန်းနှစ်ခုစလုံး အတူပေါင်းစည်းထားသောသတင်းပါရှိသည်။ ဘုရားသခင်၏ဥပုသ်နေ့ကို စောင့်ရှောက်သောသူတို့အပေါ် ကရုဏာနှင့်ရက်ရောသောစေတနာစိတ်ဖြင့် ပေးကမ်းခြင်းအလုပ်ကိုဆောင်ရွက်ရန် ဘုရားသခင်တာဝန်ချထားပေးပါသည်။ ဆေးသာသနာ့လုပ်ငန်းသည် သတင်းစကားဖြင့်ပေါင်းစည်းထားရန်နှင့် ဘုရားသခင်၏တံဆိပ်ဖြင့် တံဆိပ်ခတ်ထားရန်ဖြစ်သည်။ Manuscript 22 1901. [Ev 516.4] EvBur 676.2
စိတ်နှလုံးများပျော့ပျောင်းသွားခြင်း - အပြစ်အတွက်ဖြေဆေးသည် ဤကမ္ဘာ ကြီး၌ရှိရမည်။ ဆေးသာသနာ့လုပ်ငန်းကို ကျွမ်းကျင်စွာဖြင့်ဝေဒနာကိုသက်သာ စေရန်နှင့် အသက်ကိုကယ်ရန်ဆောင်ရွက်ခြင်းအားဖြင့် စိတ်နှလုံးများကို ပျော့ပျောင်းစေပါသည်။ မစခြင်းခံရသူတို့၏စိတ်ထဲ၌ ကျေးဇူးတရားပြည့်ဝ လျက်ရှိသည်။ [Ev 517.1] EvBur 676.3
အားဆေးသာသနာ့လုပ်ငန်းသည် ကိုယ်ခန္ဓာအတွက်လုပ်ဆောင်သကဲ့သို့ ဘုရားသခင်သည် စိတ်နှလုံးသားထဲ၌လုပ်ဆောင်ပါသည်။ ပြောဆိုသော အားပေးစကားများတို့သည် အနာကိုသက်သာစေသောနံ့သာဆီတစ်ခုဖြစ်ပြီး ယုံကြည်စိတ်ချခြင်းနှင့် ယုံကြည်မှုကိုယူဆောင်လာသည်။ ကျွမ်းကျင်စွာ လုပ်ဆောင်သူသည် ခရစ်တော်ဤလောက၌ရှိစဉ် သူလုပ်ဆောင်ခဲ့သောအလုပ် ကိုပြောပြရန် အခွင့်အရေးရရှိပါလိမ့်မည်။ ဝေဒနာခံစားရသူအား ဘုရားရှင် ၏မေတ္တာတော်အကြောင်းကိုပြောပြပါ။ Manuscript 58, 1901. [Ev 517.2] EvBur 676.4
ဘုရားနှင့်လူအထဲယုံကြည်မှုပြန်လည်ရရှိခြင်း - အများသောသူတို့သည် ထာဝရစစ်မှန်သောအရာများ၏အသိတရားပျောက်ဆုံးခြင်း၊ ဘုရား၏တူညီ ခြင်းကိုပျေက်ဆုံးခြင်းရှိကြပြီး သူတို့ကယ်ရမည့်ဝိညာဉ်များရှိမရှိကို သူတို့ နားလည်ရန်ခက်ခဲလျက်ရှိသည်။ သူတို့သည် ဘုရားကိုမယုံ၊ လူတို့ကိုလည်း စိတ်မချဘဲရှိနေကြသည်။ သူတို့သည် လောကီချီးမွမ်းခြင်း၏ဆွဲဆောင်မှုမရှိ သောသူတစ်ယောက်၊ သို့မဟုတ် မိမိတို့၏ပျက်စီးသောအိမ်များသို့လျှော်ကြေး ပေးခြင်း၊ လူနာများကိုစောင့်ရှောက်ခြင်း၊ ဆာငတ်သူတို့ကိုကျွေးမွေးခြင်း၊ အဝတ် မရှိသူတို့ကိုအဝတ်ပေးခြင်းနှင့် သိမ်မွေ့စွာဖြင့်အရာအားလုံးကို လူသားအမှု ဆောင်အားချစ်၍ သနားသောဘုရားရှင်ထံသို့ ညွှန်ပြနေပါသည်။ ဤအရာ များကိုသူတို့တွေ့ မြင်ရသောအခါ သူတို့၏စိတ်သည် ခံစားခြင်းကိုဖြစ်စေပါ သည်။ ကျေးဇူးတင်သောစိတ်ပေါ်ထွက်လာသည်။ ယုံကြည်ခြင်းရှင်သန်လာ သည်။ သူတို့အားဘုရားရှင်စောင့်ရှောက်ကြောင်း သူတို့တွေ့ မြင်ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ဖွင့်ဖတ်ရာ၌ နားထောင်ရန်သူတို့ကိုယ်ကို ပြင်ဆင်ကြပါသည်။ [Ev 517.3] EvBur 677.1
ဤအလုပ်သို့ မိမိတို့၏ကိုယ်ကို ဘုရားသခင်၏သားသမီးများ လိမ့်မည်။ သူတို့သည် မိမိတို့၏ဆိုးသောလမ်းမှ အနိုင်အထက်ကျောခိုင်း ဆက်ကပ်အပ်နှံကြသောအခါ လူများစွာတို့သည် ကယ်တင်ခြင်းကိုရယူကြ ကြလိမ့်မည်။ ကယ်တင်ခြင်းခံရသောသူတချို့တို့သည် ခရစ်တော်၌ယုံကြည် ခြင်းအားဖြင့် အမှုတော်၏ မြင့်ရာအရပ်များသို့တက်လှမ်းကာ ဝိညာဉ်များကို ကယ်တင်ခြင်းလုပ်ငန်း၌ပါဝင်လုပ်ဆောင်ရန် တာဝန်များကိုအပ်နှံခြင်းခံရလိမ့် မည်။ ဗဟုသုတအားဖြင့် မိမိတို့လုပ်ဆောင်သောသူတို့အတွက် လိုအပ်သည့် အရာများကိုသူတို့သိရှိပြီး သူတို့အားမည်ကဲ့သို့မစရမည်ကို သူတို့သိလိမ့် မည်။ ပျက်စီးသူများတို့ကိုကယ်မရန် အသုံးပြုမည့်အကောင်းဆုံးသောနည်းလမ်း ကို သူတို့သိလိမ့်မည်။ သူတို့ခံစားရရှိသောကောင်းချီးမင်္ဂလာများအတွက် ဘုရားသခင်အားကျေးဇူးတင်သောစိတ်သည် သူတို့၌ပြည့်ဝလျက်ရှိသည်။ သူတို့၏စိတ်သည် မေတ္တာအားဖြင့်တက်ကြွလျက်ရှိပြီး သူတို့၏ခွန်အားသည် ကူညီမှုမရှိခြင်းကြောင့် တစ်ခါမျှနာလန်မထူသောသူများတို့ကိုမြှင့်တင်ရန် ခိုင်မာ သန်စွမ်းခြင်းရှိပါလိမ့်မည်။ Review and Herald, Aug. 3, 1905. [Ev 5174] EvBur 677.2
ဆေးသာသနာလုပ်ငန်း၏စစ်မှန်သောသိပ္ပံအတတ် - ခွဲစိတ်ကုသခြင်းနှင့် ဆေးသိပ္ပံအတတ်လေ့လာခြင်းကို ကမ္ဘာမှအာရုံများစွာစိုက်ကြသော်လည်း မှန်ကန်သောဆေးသာသနာလုပ်ငန်းကို ခရစ်တော်ဆောင်ရွက်သကဲ့သို့ဆောင်ရွက် ခြင်းသည် အသင်းတော်အဖွဲ့အစည်းများနှင့် ကမ္ဘာကြီးအတွက်သစ်လွင်၍ ထူးဆန်းသောအရာဖြစ်သည်။ သို့သော် ကြီးမားသောအလင်းရရှိသောသူများ ဖြစ်ကြသည့် ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်သည် မိမိတို့ ၏တာဝန်များကိုသတိပေးပြီး မိမိတို့၏အခွင့်အရေးများတို့ကို တိုးတက်စေ သောအခါ ၎င်း၏မှန်သောနေရာကိုတွေ့မြင်ရလိမ့်မည်။ [Ev 518.1] EvBur 678.1
ပျိုရွယ်သောအမျိုးသား၊ အမျိုးသမီးများ ဤဆေးသာသနာ့လုပ်ငန်း ၌ ဆရာဝန်ကြီးများနှင့်သူနာပြုဆရာမများအဖြစ်ပါဝင်ရန် သင့်လျော်သောသူ များဖြစ်ရလိမ့်မည်။ သို့သော် နယ်သို့ဤအမှုဆောင်များတို့ကိုမစေလွှတ်မီ အမှုထမ်းလိုသောစိတ်ဆန္ဒသူတို့၌ရှိနေကြောင်း သက်သေပြရမည်။ သူတို့သည် သာသနာ့လုပ်ငန်းအတွက်ပြင်ဆင်ကြပြီး ဆေးသာသနာ့လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိရမည်။ [Ev 518.2] EvBur 678.2
ကျောင်းသားများတို့သည် ရှေ့ဆောင်သာသနာ့လုပ်ငန်းအတွက် မိမိ တို့၏ကိုယ်ကိုပြင်ဆင်သင့်ကြသည်။ တိုင်းတစ်ပါးသို့စေလွှတ်ခြင်းခံရသော ဆေးသာသနာ့အမှုထမ်းများတို့သည် အကောင်းဆုံးဆေးပညာကို ဦးစွာရရှိ ထားသင့်သည်။ သူတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြပြီး မိမိတို့၌ ရှိသောကျွမ်းကျင်မှုဖြင့် သူတို့သည် ဘုရားရှင်အတွက်လုပ်ဆောင်ရမည်။ သမားတော်ကြီးယေရှုသည် မိမိ၏အံ့ဖွယ်တန်ခိုးဖြင့် သနားပြီးကယ်မရန် စိတ်အားထက်သန်စွာဆုတောင်းကြရမည်။ Manuscript 33, 1901. EvBur 678.3
စစ်မှန်သောဆေးသာသနာ့လုပ်ငန်း - ကျွန်ုပ်တို့သင်ယူရန်လိုအပ်သော သင်ခန်းစာသည် လက်တွေ့ ဧဝံဂေလိလုပ်ငန်းအစီအစဉ်များ၌ မှန်သောဆေး သာသနာလုပ်ငန်းသည် မည်သည့်အရာဖြစ်သနည်းဟူသည့်အရာဖြစ်ပါသည်။ နေရာတိုင်းရှိလူတို့ရှေ့၌ ထာဝရအသက်၏အခေါ်အဝေါ်များကို ဘုရားသခင် ၏နှုတ်ကပတ်တော်ထဲ၌ဖော်ပြထားသည့်အတိုင်း ခေါ်ဝေါ်ဟောပြောကြရမည်။ ဤနှုတ်ကပတ်တော်ကိုနားထောင်သောသူများ၊ ဂုဏ်ပြုထိုက်သောဘုရားရှင်အား ရိုသေလေးစားသောသူများတို့သည် မှန်သောဆေးသာသနာ့လုပ်ငန်း၌ မည်သည့် အရာပါဝင်နေသည့်ပညာသည် သူတို့၌ရှိနေကြောင်း သူတို့၏နေထိုင်လှုပ်ရှား မှုမှပြသပါလိမ့်မည်။ စိတ်နေမြင့်ခြင်းမရှိ၊ နှိမ့်ချရပါမည်။ ဆေးသာသနာ့ လုပ်ငန်းကိုနားလည်သည်ဟု ပြောဆိုသောသူတိုင်း အမှန်တရား၏စည်းမျဉ်း ဥပဒေများတို့ကိုသင်ကြားခြင်းဖြင့် ကြီးမားသောအကျိုးသက်ရောက်ခြင်းကို ခံစားရပါလိမ့်မည်။ Manuscript 126, 1905. [Ev 519.1] EvBur 679.1