ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
အခန်း (၁၆)—ဆေးဝါးဖြင့်ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း
လူတို့ထံသို့ထိုးဖောက်ဝင်ရောက်နိူင်သည့်နည်းလမ်းတစ်စု
ဧဝံဂေလိလုပ်ငန်းအတွက် ပွင့်လျက်ရှိသောတံခါးများ - ဆေးဝါးဧဝံဂေလိ သာသနာ့လုပ်ငန်းကဲ့သို့ အမှန်တရားအတွက်တံခါးဖွင့်နိုင်မည့်အရာတစ်ခုမျှ မရှိပါ။ ဤအရာသည် နှလုံးသားနှင့်စိတ်ကိုဝင်ရောက်ထိုးဖောက်နိုင်ပြီး လူအများတို့အား အမှန်တရားသို့ ပြောင်းလဲပေးနိုင်သည့်နည်းလမ်းတစ်ခုဖြစ် ပါလိမ့်မည်။ [Ev 513.1] EvBur 671.1
ကိုယ်ခန္ဓာရောဂါကို ကုသပေးနိုင်ရန်အတွက် ပြင်ဆင်မှုပြုနေသော ဓမ္မဆရာသည် ဝိညာဉ်၏အပြစ်ရောဂါကိုကုသပေးနိုင်မည့် အကောင်းဆုံးသော အခွင့်အရေးကိုရရှိပါသည်။ ထိုသာသနာပြုတစ်ဦးသည် ပြောင်းလဲ၍နှစ်ခြင်း ခံယူလိုသောသူအား နှစ်ခြင်းပေးနိုင်ရန် တန်ခိုးအာဏာပေးအပ်သင့်သည်။ ဆေးသာသနာလုပ်ငန်းသည် မှန်ကန်ပြီး ဧဝံဂေလိလုပ်ငန်းကိုအထောက်အကူ ပြုပေးသော သတင်းစကားဟောပြောခြင်းအတွက် တံခါးများကိုဖွင့်ပေးပါသည်။ [Ev 513.2] EvBur 671.2
ဧဝံဂေလိသတင်းစကား.. သက်သက်ဟောပြောသောသူအတွက် ပိတ်လျက်နေသောတံခါးများသည် ထက်မြက်သောဆေးသာသနာ့လုပ်ငန်းအား ဖြင့် ပွင့်လာပါလိမ့်မည်။ ဘုရားသခင်သည် စိတ်နှလုံးသားကို ကိုယ်ခန္ဓာ ဒုက္ခဝေဒနာပျောက်ကင်းစေခြင်းအားဖြင့် ထိုးဖောက်ပေးပါသည်။ Manuscript 58, 1901. [Ev 513.3] EvBur 671.3
ကြီးမားသောဝင်ရောက်ထိုးဖောက်နိုင်သည့်နည်းလမ်း - ဝိညာဉ်ရောဂါကို ကုသပေးနိုင်ရန် ဆေးသာသနာ့လုပ်ငန်းသည် ကြီးမားသောဝင်ရောက်ထိုးဖောက် နိုင်သည့်နည်းလမ်းတစ်ခုအားဖြင့် ဘုရားသခင်၏ပြင်ဆင်ပေးခြင်းကို ကျွန်ုပ် မြင်ရပါသည်။ Counsels on Health, p. 535. (1893) [Ev 513.4] EvBur 671.4
မကြည်လင်သောအစွဲ ကိုဖယ်ရှားပေးသည် - ဆေးသာသနာ့လုပ်ငန်းသည် ရှေးကျသောသာသနာ့လုပ်ငန်းဖြစ်ပြီး ယခုအချိန်၌ အိမ်များသို့အမှန်တရားကို ဝင်ရောက်ဟောပြောနိုင်ရန် ပြင်ဆင်ပေးသောတံခါးတစ်ခုဖြစ်သည်။ ကျန်းမာ ရေးစည်းကမ်းများကို ပြန်လည်ပြုပြင်ပေးခြင်းအတွက် သက်သေနမူနာပေး၍ ထင်ရှားသိသာအောင်ပြုလုပ်ပေးခြင်းသည် ကျွန်ုပ်တို့၏သာသနာ့လုပ်ငန်းကို မှားယွင်းစွာထင်မြင်ခြင်းမှ ဖယ်ရှားပေးနိုင်ပါသည်။ ဤအချိန်၌ ဤကဲ့သို့ သောနည်းလမ်းဖြင့် အမှန်တရားဝေငှသူတို့အပေါ် ဆေးသာသနာလုပ်ငန်း ဦးစွာအစပြုသူ သမားတော်ကြီးယေရှုခရစ်တော်မှ ကောင်းချီးချပေးပါလိမ့်မည်။ Counsels on Health, p. 497. (1902) [Ev 513.5] EvBur 672.1
၎င်းသည်စိတ်နှလုံးထဲသို့ ချဉ်းကပ်နိုင်ရန်ပြုပြင်ပေးသည် - ဆေးသာသနာ့ လုပ်ငန်းကိုဆောင်ရွက်ပါ။ သို့မှသာသင်သည် လူတို့၏စိတ်နှလုံးသားကို ချဉ်းကပ်နိုင်လိမ့်မည်။ အမှန်တရားကိုပို၍တိကျစွာဟောပြောနိုင်ရန် လမ်းကို ပြင်ဆင်ပေးပါလိမ့်မည်။ လူတို့၏ကိုယ်ခန္ဓာ၌ရှိသောဝေဒနာကို ပျောက်ကင်း စေခြင်းဖြင့် သူတို့၏ဝိညာဉ်ရေးလိုအပ်ချက်ကိုကုသပေးနိုင်မည့်အခွင့်အရေးကို ရရှိကြောင်း သင်တွေ့ရှိရလိမ့်မည်။ [Ev 514.1] EvBur 672.2
ကိုယ်ခန္ဓာအတွက် ခရစ်တော်နှင့်တူသောအလုပ်နှင့် ဝိညာဉ်အတွက် ခရစ်တော်နှင့်တူသောအလုပ်နှစ်ခုကို ပေါင်းစည်း၍ဆောင်ရွက်ခြင်းသည် ဧဝံဂေလိလုပ်ငန်း၏စစ်မှန်သောအဓိပ္ပါယ်ကို ဖော်ဆောင်ခြင်းဖြစ်သည်။ An Appeal for the Medical Missionary College, pp. 14, 15. (1902) [Ev 514.2] EvBur 672.3
ပြန်လည်ပြုပြင်သောဟောပြောခြင်းများ - အမှန်တရားယုံကြည်သူသည် ကျန်းမာရေးပြုပြင်ပြောင်းလဲခြင်းကို ယုံကြည်လိုက်လျှောက်ရန်သာမက၊ အခြား သူများတို့ကိုလည်း လုံ့လဝီရိယဖြင့်သင်ကြားပို့ချရမည်ဟု ကျွန်ုပ်အားလမ်းပြ သူမှ ကျွန်ုပ်ကိုအသိပေးပါသည်။ အကြောင်းမှာ ၎င်းသည် မယုံကြည်သူများ အတွက်အာရုံပြုနိုင်သော အမှန်တရားကိုဟောပြောနိုင်ရန် လမ်းဖွင့်ပေးသည့် ကိုယ်စားလှယ်ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၌ ကျန်းမာခြင်းနှင့်ချုပ်တည်း ခြင်းအပေါ် ကောင်းသောအမြင်များရှိနေသည့်အတွက် သူတို့ထံကျွန်ုပ်တို့ စုံစမ်းလေ့လာသင့်သည့် တန်ဖိုးရှိသောဘာသာရေးယုံကြည်ချက်တစ်မျိုးတစ်မည် ရှိရလိမ့်မည်ဟု သူတို့ဆင်ခြင်ကြလိမ့်မည်။ အကယ်၍ကျွန်ုပ်တို့သည် ကျန်းမာ ရေးပြုပြင်ပြောင်းလဲခြင်း၌ ယုံကြည်၍ကျင့်သုံးခြင်းမရှိပါက အပြင်လောက အတွက် ကျွန်ုပ်တို့၏ကောင်းသောတန်ခိုးသြဇာများစွာဆုံးရှုံးပေလိမ့်မည်။ [Ev 514.3 EvBur 672.4
ကျွန်ုပ်တို့၏ပရိသတ်ကြီးအထဲ၌ ဟောပြောရမည့်ဟောပြောခြင်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့်ဆိုင်သော တရားစကားဖြစ်သင့်သည်။ ရှိသမျှစွမ်းရည် ကိုအသုံးပြုကာ လူတို့ရှေ့၌ဟောပြောသင့်သည်။ [Ev 514.4] EvBur 673.1
ခရစ်ယာန်လောက၌ရှိနေသော ခြောက်သွေ့သည့်သမားရိုးကျဟော ပြောခြင်းကို လူအများမနှစ်သက်ကြပါ။ များစွာသောသူတို့ ဘုရားမဲ့တရားမဲ့ ဖြစ်သွားရခြင်းသည် ခရစ်ယာန်အမည်ခံများတို့၌ စစ်မှန်သောဘုရားတရား ကြည်ညိုခြင်းချို့ယွင်းမှုကို သူတို့တွေ့မြင်ရခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ကျန်းမာခြင်းနှင့်ချုပ်တည်းခြင်းဌာနအလုပ်ကို ကောင်းသောသက်သေခံခြင်း များဖြင့် ဆောင်ရွက်ကြမည်ဖြစ်ပါက အမှန်တရားဟောပြောနိုင်မည့်လမ်းကို ပြင်ဆင်ပေးနိုင်သည့် ကောင်းသောအလုပ်တစ်ခုဖြစ်ပေလိမ့်မည်။ [Ev 514.5] EvBur 673.2
မှန်ကန်သောကျန်းမာခြင်းနှင့် ချုပ်တည်းခြင်းစည်းမျဉ်းဥပဒေဟော ပြောခြင်းကိစ္စကို အရေးမကြီးသောကိစ္စကဲ့သို့ ဟောပြောခြင်းမပြုရပါ။ အကြောင်းမှာ မိမိမိသားစုအားလုံးနီးပါး ဤအကြောင်းအရာကိုနားလည်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ လူတိုင်းလိုလို မိမိတို့၏စိတ်ထဲ၌သဘောပေါက် ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်ရန်၊ မိမိကိုယ်ကို ငြင်းပယ်နိုင်ရန်၊ မသင့်လျော်သောအာဟာရစိတ်အလိုလိုက်ခြင်းမှကင်းဝေးရန် လိုအပ်ပါသည်။ ကျန်းမာခြင်းစည်းမျဉ်းဥပဒေနှင့်ပတ်သက်၍ ပြန်လည်ပြုပြင် ပြောင်းလဲခြင်းကို လူတို့အားသင်သွန်သင်ပေးသောအခါ အမှန်တရားသတင်း စကားဟောပြောနိုင်ရန်အတွက် သင်ပြင်ဆင်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်အား ဦးဆောင်သူမှ၊ “ပညာပေးပါ၊ ပညာပေးပါ၊ ပညာပေးပါ” ဟုပြောခဲ့ပါသည်။ လူတို့၏အသိတရားသည် မှောင်မိုက်လျက်ရှိသောကြောင့် သူတို့၏စိတ်နှလုံး သားကို အလင်းပေးရလိမ့်မည်။ အာဟာရအလိုသို့လိုက်ခြင်း၊ တန်ဖိုးလျော့ ၍ပျက်စီးခြင်းတို့အားဖြင့် မာရ်နတ်သည် လူတို့ထံသို့ချဉ်းကပ်နိုင်ပါသည်။ Letter 1, 1875. [Ev 515.1] EvBur 673.3
နှုတ်ကပတ်တော်သာသနာ့လုပ်ငန်းနှင့်ခိုင်မာစွာဆက်စပ်နေခြင်း — ကျန်းမာရေး ပြုပြင်ပြောင်းလဲခြင်းစည်းမျဉ်းဥပဒေများကို ဘုရားသခင်၏နှုတ်ကပတ်တော် ထဲ၌ တွေ့ရှိရပါသည်။ ကျန်းမာခြင်းသတင်းစကားသည် နှုတ်ကပတ်တော် ဧဝံဂေလိလုပ်ငန်းနှင့် ခိုင်မာစွာဆက်စပ်လျက်ရှိသည်။ ကျန်းမာခြင်းပြုပြင်ရေး သြဇာပြန်လည်ရရှိခြင်းသည် ဧဝံဂေလိသတင်းစကားဟောပြောခြင်း၌ နောက်ဆုံး ကြီးမားသောကြိုးစားရမည့်လုပ်ငန်းတာဝန်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Medical Ministry, p. 259. (1899) [Ev 515.2] EvBur 674.1
နေရာများစွာတို့၌ - မှားယွင်းသောအစွဲကိုအောင်မြင်ခြင်းနှင့် စိတ်နှလုံး သို့ချဉ်းကပ်နိုင်ခြင်း၏နည်းလမ်းတစ်ခုအဖြစ် ဆေးသာသနာ့လုပ်ငန်းကို ဆောင်ရွက်ကြရမည်။ တစ်နေရာ၊ နှစ်နေရာ၌သာ ဆောင်ရွက်ရမည်မဟုတ် ပါ။ အမှန်တရားမရောက်ရှိသေးသောနေရာတိုင်းသို့ သွားရောက်ဆောင်ရွက် ရမည်။ ဧဝံဂေလိဆေးဝါးသာသနာပြုသူများအဖြစ် ကျွန်ုပ်တို့သည် အပြစ် ဒုစရိုက်၌ ဖျားနာနေသောဝိညာဉ်များတို့ကို ကယ်တင်ခြင်းသတင်းစကား ဟောပြောခြင်းအားဖြင့် ကုသပေးကြရမည်။ ဤအလုပ်သည် အခြားမည်သည့် အလုပ်နှင့်မျှမတူသော မှားယွင်းသည့်အစွဲကို ဖြိုဖျက်ပေးနိုင်ပါသည်။ Testimonies, vol. 9, p. 211. (1909) [Ev 515.3] EvBur 674.2
အမှုတော်တိုးတက်ရန်လိုအပ်ခြင်း — ဆေးသာသနာလုပ်ငန်းသည် ဧဝံဂေလိ သတင်းစကား၏ညာလက်ရုံးဖြစ်သည်။ ဘုရားသခင်၏အမှုတော်တိုးတက်ရန် လိုအပ်သောလုပ်ဆောင်ရမည့်အလုပ်တစ်ခုဖြစ်သည်။ မှန်သောအကျင့်ဓလေ့ ဖြင့်အသက်ရှင်ခြင်း၏အရေးကြီးခြင်းကို အမျိုးသား၊ အမျိုးသမီးများတို့၏ အသက်တာ၌ တွေ့မြင်ရခြင်းကြောင့် အမှန်တရား၏ကယ်တင်ခြင်းတန်ခိုးကို လူတို့သိရှိနိုင်လိမ့်မည်။ သင်တန်းရယူခဲ့ပြီးသောအမှုဆောင်များအားဖြင့် မြို့တိုင်း သို့ဆေးသာသနာ့လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ကြရမည်။ တတိယကောင်းကင် တမန်သတင်းစကား၏ညာလက်ရုံးကဲ့သို့ ဘုရားသခင်၏နည်းစနစ်ဖြင့် လူနာ ကုသခြင်းသည် ယခုခေတ်အမှန်တရားဝင်ရောက်နိုင်ရန်အတွက် တံခါးများကို ဖွင့်ပေးပါလိမ့်မည်။ Testimonies, vol. 7, p. 59. (1902) [Ev 515.4] EvBur 674.3
၎င်းသည်ပွင့် နေသောတံခါးများဖြစ်သည် - နေရာတိုင်း၌ ဖျားနာသူများ တို့ကို တွေ့ရှိရလိမ့်မည်ဖြစ်ပြီး ခရစ်တော်အတွက်အမှုဆောင်သောသူများအဖြစ် စစ်မှန်သောကျန်းမာခြင်းပြုပြင်ပြောင်းလဲသူများဖြစ်သင့်ကာ ဖျားနာသူများ သက်သာပျောက်ကင်းရန် လွယ်ကူသောကုသမှုဖြင့်ကုသပြီး သူတို့နှင့်အတူ ဆုတောင်းပါ။ ထိုသို့ပြုခြင်းဖြင့် အမှန်တရားဝင်ရောက်ရန်အတွက် သူတို့ တံခါးဖွင့်ပေးလိမ့်မည်။ ဤအလုပ်ကိုဆောင်ရွက်ခြင်းဖြင့် ကောင်းသောအကျိုး များကိုရရှိလိမ့်မည်။ Medical Ministry, p. 320. (1911) [Ev 516.1] EvBur 675.1