ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
သမ္မာကျမ်းစာလုပ်ငန်း၏အကျိုးကျေးဇူးများ
အမှုဆောင်နှင့်နီးကပ်သောကောင်းကင်တမန်များ - အမှုဆောင်တစ်ဦးသည် မိမိအားဘုရားပေးသောအလင်းကို သူတစ်ဦးထံသို့ပေးခြင်းကြောင့် သူ့အား ဘုရားသခင်သည် တိုး၍အလင်းကိုပေးပြီး ဘုရားသခင်၏ဘုန်းတော်အတွက် ကိုသာရည်စူး၍ မိမိ၏အကောင်းဆုံးဆောင်ရွက်ခြင်းမှာ ဝိညာဉ်များတို့၏ တန်ဖိုးကို သူနားလည်သောကြောင့်ဖြစ်သည်။ တစ်အိမ်မှတစ်အိမ်သို့ သူသည် လည်ပတ်စဉ် အသိတရားကင်းမဲ့သူတို့ထံသို့ သမ္မာကျမ်းစာကိုဖွင့်ပြသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များသည် သူ့အနား၌ရှိပြီး အသက်စမ်းရေ ဆာငတ်သောသူ၏နှလုံးသားကို ထိတွေ့ ခံစားစေပါသည်။ Review and Herald, Oct. 6, 1896. [Ev 488.5] EvBur 638.3
ကျမ်းစာပို့ ချသူများနှင့် ဘုရားအလုပ်လုပ်သည် - ကျွန်ုပ်တို့၏ယုံကြည်ခြင်း အတွက် ခိုင်မာသောအကြောင်းရင်းများကို ဘုရားသခင်၏နှုတ်ကပတ်တော် မှဟောပြောစေပြီး ခိုင်မာသောယုံကြည်ခြင်းအောက်၌ရှိသောသူများတို့၏စိတ် နှင့် နှလုံးသားများတို့ကို သန့်ရှင်းခြင်းတန်ခိုးရှိသည့် အမှန်တရားအားဖြင့် အရည်ပျော်စေပါ။ အိမ်များ၌ကူညီသူများတို့မှ ကျမ်းစာလေ့လာခြင်းသင်တန်း ကို လူတို့အားပေးသောအခါ လူထုအစည်းအဝေးများ၌ ဘုရားရှင်ပြုသကဲ့သို့ နှလုံးသားများထဲတွင် ဧကန်အမှန်သူပြုလုပ်ပေးပါလိမ့်မည်။ Letter 160, 1901. [Ev 489.1] EvBur 639.1
နှုတ်ကပတ်တော်အားဖြင့်အံ့ သြဖွယ်ရာများဖြစ်လာ - ပညာမဲ့သူနှင့်ဆိုးသွမ်း သူများတို့၏စိတ်သို့ ဝင်ရောက်ထိုးဖောက်နိုင်ရန် ကြိုးစားအားထုတ်မှုအမြဲလို လိမ့်မည်။ သို့သော် ကျွန်ုပ်တို့ကိုယ်စီ စိတ်အားထက်သန်စွာနှင့်သစ္စာရှိစွာ တစ်ဦးချင်းကျွန်ုပ်တို့ဆောင်ရွက်သင့်သလောက်ဆောင်ရွက်ကြပါသလား၊ လွန်ကျူး ခြင်းနှင့်အပြစ်များအထဲသေနေသော သနားဖွယ်ရာဝိညာဉ်များမှ မပူမပင် အေးစက်သောအခြေအနေ၌ မိမိတို့ကိုယ်ကိုမထားရှိဘဲ နေနေကြပါသလား။ ကျွန်ုပ်တို့အယောက်တိုင်း မိမိတို့ကိုယ်ကိုပြင်ဆင်ပြီး ခရစ်တော်၏အလွန် စိတ်အားထက်သန်မှုဖြင့် ပို၍မဆောင်ရွက်ကြဘဲရှိနေကြပါသလား။ [Ev 489.2] EvBur 639.2
ဤကဲ့သို့မမှန်သောယုံကြည်ခြင်းမျိုးလိုအပ်မည်ကို ကျွန်ုပ်စိုးရိမ်မိပါ သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုစိတ်ပျက်စေသော အားငယ်ခြင်းနှင့် စုံစမ်းခြင်းများတို့ကိုဆန့်ကျင်ရန်အတွက် ကြံ့ကြံ့မခံနိုင်ပေဘူးလား။ ဘုရားသခင် သည် ကရုဏာနှင့်ပြည့်ဝပြီး ဝမ်းမြောက်၊ ဖြူစင်၊ မြင့်မြတ်သောအသက်တာ အမှန်တရားဖြင့် ဘုရားသခင်အတွက် ကောင်းမွန်ခိုင်မာသောအလုပ်တစ်ခုကို ဆောင်ရွက်နိုင်ပါသည်။ ဆုတောင်းခြင်းနှင့်ယုံကြည်ခြင်းသည် အံ့သြဖွယ်အရာ များတို့ကိုလုပ်ဆောင်ပေးလိမ့်မည်။ တိုက်ပွဲအတွက် ကျွန်ုပ်တို့၏လက်နက်သည် နှုတ်ကပတ်တော်ဖြစ်ရမည်။ နှုတ်ကပတ်တော်အားဖြင့် အံ့သြဖွယ်ရာများ ပေါ်ထွက်လာနိုင်သည်။ ၎င်းသည် အရာခပ်သိမ်းအတွက်အကျိုးရှိသည်။ Letter 75, 1896. [Ev 489.3] EvBur 639.3
ဝိညာဉ်တစ်လုံး၏တန်ဖိုး - မိမိကိုယ်ကိုခရစ်တော်ထံသို့ပေးသောဝိညာဉ် တစ်လုံးသည် သူ့ရှေ့မှောက်၌ ကမ္ဘာတစ်လုံးထက်ပို၍တန်ဖိုးရှိသည်။ The Desire of Ages, p. 480. (1898)[Ev 489.4] EvBur 640.1
သို့သော် အကယ်၍ဝိညာဉ်တစ်လုံးသည် သူ၏ကျေးဇူးတော်ဧဝံဂေလိ သတင်းစကားကိုလက်ခံပါက ခရစ်တော်သည် ထိုဝိညာဉ်တစ်လုံးကိုကယ်တင် ရန် သူ၏ပင်ပန်းခြင်းနှင့်အရှက်ခွဲခြင်းအသက်တာနှင့် သူ၏ရှက်ဖွယ်ကောင်း သောသေခြင်းကို သူရွေးချယ်လိမ့်မည်။ Ministry of Healing, p. 135. (1905) [Ev 489.5] EvBur 640.2
ဤအလုပ်ကိုရှေ့သို့တိုးတက်စေပါ - လူအများသတင်းစကားကိုကြားရ လိမ့်မည်။ သို့သော် သတိပေးခြင်းကိုငြင်းဆန်လိမ့်မည်။ မည်ကဲ့သို့ပင်ဖြစ် စေကာမူ သတိပေးခြင်းသည် လူအားလုံးတို့အား ရှင်းလင်းပြတ်သားသော အသံဖြင့် ပေးကြရလိမ့်မည်။ အမှန်တရားကို လူထုအစုအရုံး၌သာဟောပြော ကြရမည်မဟုတ်ပါ။ တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက်ကြရပါမည်။ ဘုရားသခင်၏နာမတော်၌ ဤအလုပ်ကိုရှေ့သို့ဆက်လက်လုပ်ဆောင်စေပါ။ ဤအလုပ်၌ပါဝင်သောသူတို့နှင့်အတူ သူတို့၏မိတ်ဆွေများကဲ့သို့ ကောင်းကင် တမန်များရှိနေပါသည်။ ဘုရားသခင်နှင့်ပူးပေါင်းသောသူများတို့သည် ရန်သူ တို့၏တိုက်ခိုက်ခြင်းကို သူတို့ခုခံနိုင်လိမ့်မည်။ Letter 140, 1903. [Ev 490.1] EvBur 640.3
ဘုရားသခင့်ကတိတော်များကိုယုံကြည်စိတ်ချခြင်းအထဲ၌ - ကောင်းသောမျိုးစေ့ သည် သတိမမူဘဲ အခိုက်အတန့်အေးစက်၍ အတ္တသဘောရှိပြီးလောကဆန် သောနှလုံးသားထဲတွင် အမြစ်စွဲမည့်အထောက်အထားမတွေ့ရှိရသော်လည်း နေသောအစေ့သည်ပေါက်လာပြီး နောက်ဆုံး၌ ဘုရားသခင်၏ဘုန်းတော် နောက်ပိုင်းတွင် ဘုရားသခင်၏ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ဖုံးကွယ် အတွက် သီးပွင့်လာပါသည်။ ကျွန်ုပ်တို့၏အမှုဆောင်ရွက်ချိန်တစ်လျှောက် တွင် မည်သည့်လုပ်ငန်းတိုးတက်အောင်မြင်မည်ကို မသိနိုင်ပါ။ ကျွန်ုပ်တို့ မေးရန်မေးခွန်းမဟုတ်ပါ။ ဆောင်ရွက်ရန်ရှိသည်ကိုသာ ကျွန်ုပ်တို့ဆောင်ရွက် ကြရမည်ဖြစ်ပြီး အကျိုးအမြတ်ကို ဘုရားရှင်လက်ထဲ၌သာ ပုံအပ်ထားရန် ဖြစ်သည်။ “နံနက်အချိန်၌မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲ မနေနှင့်။” [Ev 490.2] EvBur 640.4
ဘုရားသခင်၏ကြီးမားသောပဋိညာဉ်ပြောသည်မှာ “မြေကြီးမကုန် မည်တိုင်အောင် မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကိုသိမ်းရသောကာလ မပြတ်ရ။” ဤကတိတော်ကိုယုံကြည်စိတ်ချခြင်း၌ လယ်သမားများထွန်ယက် ပြီး စိုက်ပျိုးကြပါသည်။ ဝိညာဉ်ရေး၌လည်း ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချ သူမလျှော့ဘဲ သူ၏အာမခံချက်ကို ယုံကြည်လျက်လုပ်ဆောင်ကြရန်ဖြစ်သည်။ `ထို့အတူ ငါ၏နှုတ်ကပတ်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့ မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။” “မျက်ရည်ကျလျက်ကြံရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့် မည်။” Christ’s Object Lessons, p. 65. (1900) EvBur 641.1