ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

109/163

ဆရာတော်ကြီးယေရှုထံမှသင်ခန်းစာများ .

ခရစ် တော် လမ်းစဉ် ဖြင့် နှု တ် ကပတ် တော် ကို ဟောပြောပါ - အကယ်၍ ခရစ်တော်၏နည်းလမ်းဖြင့် နှုတ်ကပတ်တော်ကိုသင်ဟောပြောပါက၊ သင်၏ ပရိသတ်များတို့သည် သင်ပို့ချသောအမှန်တရားများအပေါ် လွန်စွာမိမိတို့၏ စိတ်ထဲ၌ စွဲမှတ်စေလိမ့်မည်။ ဤအချက်များတို့သည် အသက်ရှင်သော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ဟု သူတို့သဘောပေါက်ယုံကြည်ပါ လိမ့်မည်။ Testimonies, vol. 9, p. 143. (1909) [Ev 486.2] EvBur 635.2

သည်းခံသောမေတ္တာနှင့် ပျောက်သောသူကိုစိတ်ဝင်စားခြင်း - ခရစ်တော်သည် လူတို့ကိုသည်းခံသောမေတ္တာဖြင့်သင်ကြားသည်။ သူ၏ နက်ရှိုင်း၍သိမြင်နိုင် သောပညာဖြင့် သူ၏တရားနာသူတိုင်းတို့၏လိုအပ်ချက်များကိုသူသိရှိပြီး သူတို့အတွက် သူပေးမည့်ငြိမ်သက်ခြင်းနှင့်မေတ္တာသတင်းစကားကိုငြင်းပယ် သောသူတို့ကို သူတွေ့ရှိသောအခါ၊ သူ၏စိတ်နှလုံးထဲ၌ လွန်စွာပူဆွေးလျက် ရှိပါသည်။ Gospel Workers, p. 49. (1915) [Ev 486.3] EvBur 636.1

နူးညံ့သိမ်မွေ့ခြင်းနှင့်နှိမ့်ချခြင်း - ခရစ်တော်၏နေထိုင်ပြုမူပုံ၌ တစ်ယူသန် ခြင်းအရိပ်အရောင်မတွေ့ရသကဲ့သို့ အေးစက်ရိုးသားလွန်းသည်ကိုလည်းမတွေ ရပါ။ ကမ္ဘာ့ကယ်တင်ရှင်သည် ကောင်းကင်တမန်အဆင့်ထက်သာလွန်သည်။ သူသည် မိမိ၏မြင့်မြတ်သောဘုရားဇာတိနှင့်ပေါင်းစည်းခြင်းကြောင့် နူးညံ့ သိမ်မွေ့ခြင်းနှင့်နှိမ့်ချခြင်းသဘောဖြင့် လူအားလုံးတို့ကိုသူ့ထံသို့ဆွဲယူသည်။ Mount of Blessing, pp. 29, 30. (1896) [Ev 487.1] EvBur 636.2

မျှော်လင့်ခြင်းသည်ဆန္ဒနှင့်ယုံ ကြည်ခြင်းကိုခွန်အားပေးသည် - လူသားတိုင်း၌ အကန့်အသတ်မရှိသော ဖြစ်နိုင်သည့်အရာများကို ခရစ်တော်တွေ့မြင်ရပြီး သူ၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ဘုရားသခင်၏အလှအပပုံသဏ္ဌာန်သို့ ပြောင်းလဲပေးသည်။ မျှော်လင့်ခြင်းဖြင့် သူတို့အပေါ်သို့ကြည့်လိုက်ကာ သူသည် မျှော်လင့်ခြင်းကိုပေးသည်။ သူတို့ကိုယုံကြည်စိတ်ချမှုနှင့်တွေ့ဆုံကာ သူသည် ယုံကြည်စိတ်ချခြင်းကိုပေးသည်။ သူ၏ကိုယ်တိုင်ထံမှ လူ၏စစ်မှန်သောစံပြ အရာကိုဖော်ပြပြီး ဆန္ဒနှင့်ယုံကြည်ခြင်းနှစ်မျိုးစလုံးကိုရရှိရန်အတွက် သူနိုးကြွ စေသည်။ သူ၏အထံတော်ပါး၌ကျဆုံး၍ ဘေးဖယ်ထားခြင်းခံရသောဝိညာဉ် အနေဖြင့် သူတို့သည် လူတို့ပင်ဖြစ်နေသေးကြောင်း သူတို့ကိုယ်ကိုသူတို့သိ လာပြီး မိမိတို့၏ကိုယ်ကို ဘုရားသခင်ဂရုစိုက်သောတန်ဖိုးရှိသူများအဖြစ် သူတို့၏ကိုယ်ကိုသူတို့သက်သေထူလိုကြသည်။ အရာခပ်သိမ်းအတွက် သေနေပုံပေါ်သောနှလုံးသားသည် သန့်ရှင်းလာပြီး၊ အသစ်သောလှုပ်ရှားမှုဖြင့် နိုးထလာသည်။ စိတ်ပျက်အားငယ်သူများတို့အတွက် အသစ်သောအသက်တာ ရရှိနိုင်သောလမ်းပွင့်လာသည်။ Education, p. 80. (1903) [Ev 487.2] EvBur 636.3

စိတ်အားထက်သန်ခြင်းနှင့်နောင်တရခြင်းတန်ခိုး - ခရစ်တော်၏နှုတ်တော် မှထွက်လာသော အမှန်တရားများကိုနားထောင်ကြသော အမျိုးသား၊ အမျိုး သမီးများတို့အနေဖြင့် သူပြောဆိုသောအရာများတို့သည် ရာဘိ (ဆရာတော် ကြီးများ) သွန်သင်သောရှေးထုံးစံဓလေ့များနှင့်အခြေခံဝါဒများတို့မှ လွန်စွာ ခြားနားသောကြောင့် မျှော်လင့်ခြင်းသည် သူတို့၏စိတ်နှလုံးများထဲမှပေါက်ပွား လာသည်။ သူ၏သွန်သင်ချက်ထဲ၌ နေအိမ်သို့ပို့ဆောင်သည့် ပြောင်းလဲခြင်း တန်ခိုးရှိသော စိတ်အားထက်သန်မှုပါရှိသည်။ Gospel Workers, p. 188. (1915) [Ev 487.3] EvBur 637.1

ထွန်းလင်းသောအသက်တာနှင့်ရွှင်မြူးခြင်း - ခရစ်တော်သည် မြို့ကြီး မြို့ငယ်များတို့ကိုဖြတ်ကျော်ရာ၌ သူသည် အသက်ရှင်သောရေစီးချောင်းကဲ့သို့ အသက်နှင့်ရွှင်လန်းခြင်းကိုပျံ့နှံ့စေသည်။ Ministry of Healing, p. 20. (1905) [Ev 487.4] EvBur 637.2

ကျွန်ုပ်တို့ဝမ်းမြောက်ရွှင်မြူးကြပေလိမ့်မည်။ မသာမယာသောမျက်နှာ ရှိခြင်းကို ဘုရားရှင်အလိုမရှိပါ။ ဘုရားရှင်သည် မည်သူ့ကိုမျှစိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်းရှိရန်မလိုလားပါ။ သင့်ကိုယ်ကိုသူ့ထံသို့မြှင့်တင်ရန်သူအလိုရှိ ပြီး သူ့အားသင့်အပေါ်သို့ ့ ဖြောင့်မတ်ခြင်းနေမင်း၏အလင်းရောင်ခြည်ကို သွန်းလောင်းချပေးစေပါ။ Manuscript 42, 1894. [Ev 488.1] EvBur 637.3

တန်ခိုးအာဏာဖြင့်ခရစ်တော်သင်ကြားခဲ့သည် — သူ၏သွန်သင်မှုသည် ရိုးသား လွယ်ကူသော်လည်း တန်ခိုးအာဏာဖြင့် သူစကားပြောဆိုသည်။ သူ၏ထူးခြား သောဝိသေသလက္ခဏာများသည် သူ၏သွန်သင်ခြင်းကိုထင်ရှားစေကာ အခြား သူအားလုံးတို့နှင့်ကွာခြားမှုရှိသည်။ ဆရာများတို့သည် နှုတ်ကပတ်တော်၏ အဓိပ္ပါယ်ကို ဖွင့်ဟပြောဆိုရာတွင် သေချာမှုမရှိဘဲ သံသယနှင့်တွန့်ဆုတ် ခြင်းဖြင့်ပြောဆိုကြသည်။ နေ့စဉ်ကြားနာရသူတို့အတွက် မသေချာသောအရာ ပို၍များလာပါသည်။ သို့သော် ယေရှုသည် နှုတ်ကပတ်ကိုသေချာသော အာဏာတန်ခိုးဖြင့် သင်ကြားပို့ချပါသည်။ မည်သည့်ကိစ္စအကြောင်းအရာ၌ မဆို တန်ခိုးဖြင့်သူ၏စကားကို စောဒကတက်စရာအကြောင်းမရှိပါ။ The Desire of Ages, p. 253. (1998) [Ev 488.2] EvBur 637.4

အပြစ်သားများကိုကယ်လိုသောဆန္ဒ - ကယ်တင်ရှင်ယေရှု၏အသက်တာ၌ အပြစ်သားများကိုကယ်လိုသော ပြင်းထန်သည့်ဆန္ဒရှိသည်နည်းတူ စစ်မှန်သော သူ၏နောက်လိုက်များတို့၌လည်း ဤစိတ်ဓာတ်မျိုးရှိသည်။ Testimonies, vol. 7, p. 10. (1902) [Ev 488.3] EvBur 638.1

တွန်းအားပေးသောတန်ခိုး - အဖိုးအခပေးရန်ကတိပြုခြင်းမရှိ၊ ချက်ချင်း မေးခွန်းထုတ်ခြင်းမပြုဘဲနာခံခြင်းရှိသည့် ဤပုဂ္ဂိုလ်များတို့သည် ထူးခြား ပြောင်မြောက်လှသည်။ သို့သော် ခရစ်တော်၏စကားများတို့သည် တွန်းအား ပေးသောတန်ခိုးပါသည့် ဖိတ်ခေါ်ခြင်းတစ်ခုဖြစ်သည်။ Gospel Workers, p. 24. (1915) [Ev 488.4] EvBur 638.2