ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

99/163

အခန်း (၁၄)—သမ္မာကျမ်းစာသင်ကြားပို့ချသူ (နှုတ်ကပတ်တော်အမှုဆောင်)

ကျမ်းစာသင်ကြားခြင်းသည်အဓိကရည်ရွယ်ချက်ဖြစ်

ကျမ်းစာလေ့လာသောနိုးကြားခြင်းတစ်ခုလိုအပ် - ကမ္ဘာတစ်ဝန်း၌ ကျမ်းစာ လေ့လာခြင်းဖြင့် နိုးကြားခြင်းလိုအပ်သည်။ လူတို့ပြောဆိုခြင်းဖြင့်မဟုတ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် လူတို့၏အာရုံကိုဆွဲဆောင်ရမည်။ ဤကဲ့သို့ ပြုမှသာ ကြီးမားသောအလုပ်တစ်ခုဖြစ်ပေါ်လာလိမ့်မည်။ သူ၏နှုတ်တော် ထွက်စကားသည် အချည်းနှီးပြန်မလာဟု ဘုရားရှင်ပြောသောအခါ သူပြော သောအရာအားလုံး၌ သူဆိုလိုရင်းရှိသည်။ ဧဝံဂေလိတရားကို တစ်ကမ္ဘာလုံးသို့ သည် အမြင့်ဆုံးသောပညာဖြစ်ပြီး ပင်လယ်ပြင်ကိုရေဖုံးလွှမ်းသကဲ့သို့ အံ့ဩ ဟောပြောရမည်။ ကျမ်းစာကိုလူတိုင်းအားဖွင့်ပြရမည်။ ဘုရားကိုသိကျွမ်းခြင်း ဖွယ်အမှန်တရားသည် ကမ္ဘာကြီးကိုဖုံးလွှမ်းရမည်။ Manuscript 139, 1898. [Ev 456.1] EvBur 595.1

ကျမ်းစာလုပ်ငန်းကို ကောင်းကင်အဖyမှတ်သား - ကျွန်ုပ်တို့၏အလုပ်သည် ကျွန်ုပ်တို့အတွက်ကောင်းကင်အဖအားဖြင့် မှတ်သားလျက်ရှိသည်။ ကျွန်ုပ်တို့ ၏ကျမ်းစာကိုယူဆောင်ကာ ကမ္ဘာသို့သွား၍သတိပေးရမည်။ ဝိညာဉ်ကယ်တင် ရာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကူညီဖော်များ၊ ပျက်စီးမည့်သူများအတွက် နေ့စဉ်စီးဆင်းသောသူ၏မေတ္တာလမ်းကြောင်းများဖြစ်ကြရမည်။ Testimonies, Vol. 9, p. 150. (1909) [Ev 456.2] EvBur 595.2

ကောင်းကင်နည်းစနစ်တစ်ခု - ကျမ်းစာသင်ပေးခြင်းစီမံကိန်းသည် နိုင်သော အမျိုးသား၊ အမျိုးသမီးများ များစွာရှိသည်။ ကြီးမားသောဘုရားသခင် ကောင်းကင်၏နည်းစနစ်တစ်ခုဖြစ်သည်။ ဤသာသနာ့လုပ်ငန်းဌာန၌ပါဝင် ၏လူများဖြစ်လာရန် အမှုဆောင်များတို့သည် တိုးတက်မှုပြုလုပ်နိုင်ကြပေ လိမ့်မည်။ ဤနည်းဖြင့် ထောင်ပေါင်းများစွာသောသူတို့အား ဘုရားသခင်၏ နှုတ်ကပတ်ကိုပေးခဲ့ပြီး အမှုဆောင်များတို့ကို လူမျိုး၊ ဘာသာစကားအားလုံး ရှိလူတို့နှင့် တစ်ဦးချင်းတွေ့ဆုံစေပါသည်။ ကျမ်းစာကို မိသားစုများထံသို့ ယူဆောင်ကာ ၎င်း၏သန့်ရှင်းမွန်မြတ်သောအမှန်တရားများ အိမ်သို့လူတို့အသိ စိတ်ဓာတ်ထဲရောက်လာသည်။ လူတို့သည် မိမိတို့ကိုယ်တိုင်ဖတ်ရှုခြင်း၊ ခွဲခြား လေ့လာခြင်း၊ ဝေဖန်ပိုင်းခြားခြင်းများပြုပြီး ဘုရားရှင်ထံမှအလင်းတရားကို လက်ခံခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းတာဝန်ဖြင့် သူတို့သည် တည်မြဲစေရ မည်။ သူ့အတွက်ဤတန်ဖိုးရှိသောလုပ်ငန်းကို အကျိုးမရှိစေရန် ဘုရားသခင် ခွင့်မပြုပါ။ သူ၏နာမနှင့်နှိမ့်ချလျက် ကြိုးစားလုပ်ဆောင်မှုတိုင်းအပေါ် အောင်မြင်ခြင်းကိုသူပေးလိမ့်မည်။ Gospel Workers, p. 192. (1915) [Ev 456.3] EvBur 595.3

ကျမ်းစာလုပ်ငန်းသည်တိကျပြည် စုံ သောနည်းစနစ်တစ်ခုဖြစ် - ဝင်ရောက် ထိုးဖောက်သောမြို့ကြီးတိုင်း၌ တည်မြဲသောအလုပ်အတွက် ခိုင်မာသောအုတ်မြစ် ချရမည်။ ဘုရားသခင်၏နည်းစနစ်ကိုလိုက်လျှောက်ရမည်။ တစ်အိမ်မှတစ်အိမ် သို့ သွားရောက်လုပ်ဆောင်ခြင်းလုပ်ငန်းဖြင့်သော်လည်းကောင်း၊ မိသားစုအား ကျမ်းစာသင်ပေးခြင်းအားဖြင့်သော်လည်းကောင်း အမှန်တရားရှာဖွေသူများစွာ တို့ထံသို့ ဝင်ရောက်ချဉ်းကပ်နိုင်ပါလိမ့်မည်။ နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်ခြင်းတိုးပွားရန်လေ့ကျင့်ပေးခြင်းတို့အားဖြင့် ဘုရားသခင် ၏လမ်းကို လူတို့အားသင်ပေးရလိမ့်မည်။ Testimonies, vol. 7, p. 38- (1902) [Ev 457.1] EvBur 596.1

တချို့နေရာများ၌ကျမ်းစာလုပ်ငန်းသည်လူထုတရားပွဲထက်သာ - တဲတရားပွဲ ပြုလုပ်သောနေရာတစ်ခုကို ကျွန်ုပ်အားပြသခဲ့သည်။ ကောင်းမွန်စွာပြင်ဆင်မှု ပြုပြီး အကုန်အကျများစွာရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးနိုးကြားစေရန် ပြည့်စုံစွာဆောင်ရွက်ခဲ့ပြီး နိုးကြားမှုရှိသည်ဟုထင်ရသည်။ သို့သော် အမှန်တရား ဟောပြောသူတို့အားဖြင့် အန္တရာယ်ရှိသောမှားယွင်းမှုများကို သတိပေးရန်ရှိ သည်။ အချက်ပေးသံပြုပြီး မှားယွင်းမှုများကို တစ်ကြိမ်ပြီးတစ်ကြိမ်ထပ်မံ ပြောဆိုသည်။ လိုအပ်သည့်ထိရောက်သောဆွေးနွေးခြင်းများ မပြုနိုင်ကြပါ။ အနည်းငယ်သောပုဂ္ဂိုလ်များ လာရောက်နားထောင်ကြပြီး အနည်းငယ်သာ အမှန်တရားကိုလိုက်လျှောက်ရန် ဆုံးဖြတ်ချက်ချကြသောကြောင့် အမှုဆောင် များ မိမိတို့ကြိုးစားမှုအပေါ် စိတ်ဓာတ်ကျကြသည်။ [Ev 457.2] EvBur 596.2

အခြားအချိန်၌ တစ်နေရာတည်းတွင် ကျွန်ုပ်အားပြသခဲ့သည်။ သမ္မာ ကျမ်းစာအမှုဆောင်နှစ်ဦး မိသားစုတစ်စုနှင့်အတူထိုင်နေကြသည်ကို ကျွန်ုပ် တွေ့ရသည်။ သူတို့ရှေ့၌ ကျမ်းစာကိုဖွင့်ထားပြီး အပြစ်ဖြေလွှတ်သောကယ်တင် ရှင်တစ်ဦးကဲ့သို့ ယေရှုခရစ်တော်၏အကြောင်းကို သူတို့ပြောပြလျက်ရှိသည်။ သူတို့၏ပြောဆိုသောစကားများသည် ရှင်းလင်းလတ်ဆတ်၍ တန်ခိုးပါသည်။ စိတ်အားထက်သန်စွာ ဘုရားရှင်ထံတော်ပါးသို့ဆုတောင်းခြင်းဖြင့် ဘုရားသခင် ဝိညာဉ်တော်၏ပျော့ပျောင်းသောတန်ခိုးတော်ကြောင့် စိတ်နှလုံးသားများ ပျော့ပျောင်းသွားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရှင်းပြသကဲ့သို့ နှုတ်ကပတ်တော်ကိုပျော့ပျောင်း၍ တောက်ပသောအလင်းရောင်ခြည်ကို ကျွန်ုပ် တွေ့ရပြီး ဖြည်းညင်းစွာဖြင့်ကျွန်ုပ်ပြောလိုက်သည်မှာ၊ “မြို့ပြင်၊ လမ်းမ၊ ခြံနား သို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင်အထက်ခေါ်သွင်းလော့” ဟုဖြစ်ပါသည်။ [Ev 457.3] EvBur 597.1

ဤအမှုဆောင်များတို့သည် ကြွားဝါခြင်းမရှိ၊ သန့်ရှင်းသောဝိညာဉ် တော်သည် သူတို့၏ပြည့်စုံခြင်းကိုပေးမည်ဟု သိမြင်ကြသောကြောင့် ကြေကွဲ ၍နှိမ့်ချသောနှလုံးသားများရှိကြသည်။ ဘုရားရှင်၏မွန်မြတ်သောတန်ခိုးသြဇာ အောက်၌ ခြားနားခြင်းများပျောက်ကွယ်သွားပြီး စိတ်အားထက်သန်သည့် စိတ်ဝင်စားမှုပေါ်လာသည်။ တန်ဖိုးရှိသောအလင်းသည် တစ်နေရာမှတစ်နေရာ သို့ရောက်ရှိခဲ့သည်။ ပျက်ကွက်ခဲ့သောအိမ်ထောင်ဝတ်ပြုခြင်းကို တစ်ဖန်ပြန်လည် ကျင်းပပြီး အများသောသူတို့သည် အမှန်တရားသို့ပြောင်းလဲလာကြသည်။ Letter 95, 1896. [Ev 458.1] EvBur 597.2

နှုတ်ကပတ်တော်ကိုရှင်းပြခြင်း - သင်ရှိနေသည့်အရပ်၊ လူတို့ရှိသည့် အရပ်၌ စိတ်ပါစွာကြိုးစား၍ဆောင်ရွက်ကြပါစို့။ နှုတ်ကပတ်တော်သည် ရှိသည့်အတိုင်း တောင်းဇလားအောက်၌ဖုံးကွယ်လျက်ရှိသည်။ ထိုနှုတ်ကပတ် တော်ကို ယခု၎င်း၏တောင်းဆိုချက်များကိုမသိသောသူတို့ထံ ရှင်းပြကြရပါ မည်။ သင်ယူလိုသောဆန္ဒရှိသူတို့နှင့်အတူ နှုတ်ကပတ်တော်ကိုရှာဖွေပါ။ အစ၌ဆောင်ရွက်မှုသေးငယ်မည်ဖြစ်သော်လည်း အခြားသူများပေါင်းစည်း၍ ရှေ့သို့သယ်ဆောင်ကြမည်ဖြစ်ပြီး ယုံကြည်ခြင်းနှင့်ဘုရားရှင်အပေါ်မှီခိုခြင်းဖြင့် စိတ်ပါစွာကြိုးစားဆောင်ရွက်ကာ လူတို့ကိုနှုတ်ကပတ်တော်၏လွယ်ကူရိုးစင်း သောအမှန်တရားနှင့် အလင်းပေးသွန်သင်ပြသပါက နားထောင်သောသူတို့ အတွက် စစ်မှန်သောတပည့်တော်ဖြစ်အရာ၏အဓိပ္ပါယ်ကို နားလည်ကြပါ လိမ့်မည်။ Letter 30, 1911. [Ev 458.2] EvBur 598.1