ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

98/163

တစ်ဦးချင်းအမှုဆောင်တစ်ယောက်အဖြစ် အီးဂျီဝိုက်၏ဗဟုသုတနှင့် နည်းစနစ်များ

ရှေးဗဟုသုတတစ်ခု - စစ်မှန်သောပြောင်းလဲခြင်းသည် ကျွန်ုပ်အတွက် အလွန်ပြတ်သားပုံပေါ်ပြီး ကျွန်ုပ်၏ပျိုရွယ်သောမိတ်ဆွေများတို့ကို အလင်း သို့ရောက်ရှိရန် မစလိုသောဆန္ဒရှိပြီး ထိုဆန္ဒပြည့်စုံသည့်အထိ အခွင့်အရေး တိုင်းကို ကျွန်ုပ်သြဇာဖြင့်ကြိုးပမ်းအားထုတ်ခဲ့သည်။ [Ev 447.3] EvBur 583.1

ကျွန်ုပ်၏ပျိုရွယ်သောမိတ်ဆွေများတို့နှင့် အစည်းအဝေးများကိုစီစဉ် ကာ တချို့တို့သည် ကျွန်ုပ်ထက်အသက်အရွယ်ကြီးပြီး အိမ်ထောင်သည် အနည်းငယ်ပါရှိသည်။ တချို့သောသူတို့သည် ... အတွေးအခေါ်မရှိကြပါ။ ကျွန်ုပ်၏ဗဟုသုတသည် သူတို့အတွက်အကျိုးမရှိသည့်ပုံပြင်တစ်ပုဒ်ကဲ့သို့ဖြစ် ကျွန်ုပ်၏အနူးအညွတ်တောင်းပန်ခြင်းကို ဂရုမပြုကြပါ။ သို့သော် ကျွန်ုပ် ၏ကြိုးပမ်းမှုကို ကျွန်ုပ်လွန်စွာစိတ်ဝင်စားသောဝိညာဉ်များ ဘုရားရှင်ထံ မရောက်ရှိသရွေ့ မည်သည့်အခါမျှအရှုံးမပေးရန် ကျွန်ုပ်သန္နိဌာန်ချခဲ့ပါသည်။ ကျွန်ုပ်သည် သူတို့ဘုရားရှင်ထံသို့ရောက်ရှိရန် သူတို့အတွက်ညလုံးပေါက် စိတ်ပါစွာကြိုးစားဆုတောင်းပေးသောညပေါင်းများစွာရှိခဲ့ပါသည်။ [Ev 447.4] EvBur 583.2

ဤအထဲ၌တချို့သောသူတို့သည် ကျွန်ုပ်တို့နှင့်တွေ့ဆုံကြပြီး ကျွန်ုပ် ပြောမည့်စကားကို အလွန်သိရှိလိုကြသည်။ အခြားသူများတို့သည် ကျွန်ုပ်၏ ကြိုးစားမှု၌ အလွန်ဇွဲရှိသည်ဟုထင်ကြပြီး အထူးသဖြင့်သူတို့၏ပြုလုပ်ရမည့် အရာနှင့်ပတ်သက်၍ ပူပန်မှုမရှိခြင်းကိုဖော်ပြသည့်အခါလည်း တွေ့မြင်ရပါ သည်။ သို့သော် ကျွန်ုပ်တို့၏အစည်းအဝေးကလေး၌ပါဝင်သောသူတိုင်း၏ တစ်ဦးစီအတွက် မိမိတို့၏ကိုယ်ကိုဆက်ကပ်အပ်နှံပြီး သူ၏ခွင့်လွှတ်ခြင်း မေတ္တာကောင်းမှုများကို အသိအမှတ်ပြုသည့်တိုင်အောင် အားပေးခြင်းနှင့် ဆုတောင်းပေးခြင်းကို ဆက်လက်၍ကျွန်ုပ်ပြုလုပ်ပေးပါသည်။ လူတိုင်းဘုရားရှင် ထံသို့ပြောင်းလဲလာခဲ့ပါသည်။ [Ev 447.5] ... EvBur 583.3

တစ်ညပြီးတစ်ည ကျွန်ုပ်၏အိပ်မက်များထဲတွင် ဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက် ကျွန်ုပ်လုပ်ဆောင်နေသကဲ့သို့တွေ့မြင်ရသည်။ ဤကဲ့သို့ အချိန်များတွင် အထူးကိစ္စများကျွန်ုပ်၏စိတ်ထဲ၌ဖော်ပြလာပါသည်။ ဤအရာ များကို ကျွန်ုပ်သည် နောက်ပိုင်း၌ပုဂ္ဂိုလ်တချို့ ကိုရွေးထုတ်ပြီး သူတို့နှင့်အတူ ဆုတောင်းခဲ့ပါသည်။ နမူနာတိုင်း၌ တစ်ခုတွင်ဤပုဂ္ဂိုလ်များတို့သည် ဘုရားရှင် ထံသို့ မိမိတို့၏ကိုယ်ကိုဆက်ကပ်အပ်နှံခဲ့ကြသည်။ Life Sketches, PP. 41, 42. (1915) [Ev 448.1] EvBur 584.1

မျိုးစေ့ကြဲပြီးနောက် (၂၂) နှစ် — စည်းဝေးရုပ်သိမ်းသောအခါ (မီရှီကန် “Michigan” စခန်းအစည်းအဝေးအစီအစဉ်တစ်ခု)၊ ညီအစ်မတစ်ဦး အလွန် စိတ်ပါစွာကျွန်ုပ်လက်ကိုကိုင်ဆွဲပြီး ညီအစ်မဝှိုက်ကိုတစ်ဖန်ပြန်တွေ့ ရသည့် အတွက် အလွန်ပျော်ရွှင်ကြောင်းသူမဖော်ပြပါသည်။ သစ်အိမ်တစ်အိမ်၌ လွန်ခဲ့သည့် (၂၂) နှစ်အချိန်တွင်တွေ့ဆုံခဲ့ကြသည်ကို ပြန်လည်သတိရသေး သလားဟု သူမမေးခဲ့ပါသည်။ သူမကျွန်ုပ်တို့အား အစားအစာကျွေးမွေးပြီး “Experience and Views” စာအုပ်ငယ်လေးတစ်အုပ်ကို ချန်ထားခဲ့ပါသည်။ [Ev 448.2] EvBur 584.2

သူမ၏အိမ်နီးနားချင်းသို့ ထိုစာအုပ်ကလေးကိုသူငှားပေးလိုက်သည် ဟုသူမပြောပြီး သူမ၏အနီးအနား၌နေထိုင်ကြသော မိသားစုအသစ်များဖြစ် သကဲ့သို့ ဖတ်ရှုရသူအနည်းငယ်သာ ကျန်ရှိသည်တိုင်ဖြစ်ပြီး အလုပ်၏အခြား စာအုပ်တစ်အုပ်ကိုရရှိရန် ဆန္ဒအလွန်ပြင်းပြကြောင်း သူမပြောပြပါသည်။ သူမ၏အိမ်နီးနားချင်းများ ၎င်းစာအုပ်ကိုလွန်စွာစိတ်ဝင်စားပြီး စာရေးသူကို တွေ့မြင်လိုသောဆန္ဒရှိသည်။ သူမပြောခဲ့သည်မှာ ကျွန်ုပ်သူမကိုခေါ်ပြီး သူမ အားယေရှုနှင့်ကောင်းကင်၏လှပခြင်းအကြောင်းကို ပြင်းပြသည့်ဆန္ဒဖြင့်ပြောဆို ခဲ့သောစကားများကြောင့် သူမဆွဲဆောင်ခြင်းခံရကြောင်းနှင့် ၎င်းတို့ကိုမည်သည့် အခါမျှမမေ့ကြောင်းပြောပါသည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် ဓမ္မဆရာ များတို့ကို သူတို့အားအမှန်တရားဟောပြောရန်ပို့ခဲ့ရာ ယခုဥပုသ်နေ့စောင့်ရှောက် သည့်အဖွဲ့ငယ်များရှိလာပါသည်။ ထိုစာအုပ်ငယ်ကလေး၏တန်ခိုးသည်ကြီးမား ယခု၎င်းစာအုပ်ကိုတစ်ယောက်ပြီးတစ်ယောက် လက်ကမ်းဖတ်ရှုကြခြင်း ကြောင့် ဟောင်းနွမ်းခဲ့ရသော်လည်း ၎င်းစာအုပ်လေးသည် တိတ်တဆိတ် အလုပ်လုပ်ခြင်းကြောင့် အမှန်တရားမျိုးစေ့အတွက် မြေသားအဆင်သင့်ရှိနေ ပါသည်။ EvBur 584.3

မီရှီကန် “Michigan” သို့ (၂၂) နှစ်အချိန်က ဝေးလံသည့်ခရီးကို ကျွန်ုပ်ကောင်းမွန်စွာသတိရပါသည်။ ဘာဂျီးနီး(စ) Vergennes” ၌စည်းဝေး ပွဲတစ်ခုကိုကျင်းပရန် ကျွန်ုပ်တို့သွားခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခရီးဆုံး သို့ရောက်ရှိရန် (၁၅) မိုင်သာကျန်တော့သည်။ ကျွန်ုပ်တို့၏ယာဉ်မောင်းသည် ဤခရီးလမ်းကိုကြိမ်ပေါင်းများစွာဖြတ်ကျော်ခဲ့ပြီး ဤခရီးကိုကျွမ်းကျင်ခဲ့ပါ သည်။ သို့သော် ယခုသူလမ်းစပျောက်နေသည်ဟု ကျွန်ုပ်တို့ကိုအသိပေးနေ ပါသည်။ ထိုနေ့၌ သစ်တောကိုဖြတ်ကျော်ခြင်း၊ သစ်တုံးများ၊ လှဲကျနေသော သစ်ပင်များတို့အပေါ်မောင်းနှင်ရကာ လမ်းစမတွေ့ ရတော့သည့်တိုင်အောင် မိုင် (၄၀) သွားခဲ့ကြပါသည်။ [Ev 449.1] EvBur 585.1

ကျွန်ုပ်တို့သည် အဘယ်ကြောင့်တောထဲ၌ ဤကဲ့သို့လမ်းမှားနေရ ခြင်းကိုနားမလည်ပါ။ မှားသောလမ်းဖြင့်သွားနေစဉ် ကျွန်ုပ်ပြောခဲ့သည့်ညီအစ်မ နှင့်သစ်အိမ်ကလေးတစ်ဆောင်တွင် တွေ့ရသောအခါ၊ တစ်ခါမျှဤကဲ့သို့ စိတ်ကျေနပ်မှုရရှိခြင်းကို ယခင်အချိန်၌မရှိခဲ့ဘူးပါ။ ဝမ်းမြောက်ကြင်နာစွာဖြင့် ကျွန်ုပ်တို့ကို သူမ၏အိမ်၌ကြိုဆိုလက်ခံပြီး ကျွန်ုပ်တို့အတွက်သူမပြင်ဆင်ပေး ထားသောအစားအစာများကို ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးကြပါသည်။ အနားယူစဉ် မိသားစုနှင့်ကျွန်ုပ်စကားပြောပြီး စာအုပ်ငယ်ကလေးကို သူတို့ အတွက်ချန်ထားခဲ့ပါသည်။ သူမဝမ်းမြောက်စွာလက်ခံပြီး ယခုအချိန်တိုင်အောင် သိမ်းဆည်းထားလျက်ရှိပါသည်။ [Ev 449.2] EvBur 585.2

(၂၂) နှစ်ကြာညောင်းပြီးမှလမ်းမှားခဲ့ရခြင်းသည် အမှန်ပင်နားလည် ရခက်ခဲသော်လည်း ယခုစာအုပ်ငယ်ကလေး၏တန်ခိုးသြဇာဖြင့် ပထမဆုံး သူတို့၏ကြုံတွေ့ ရသောဗဟုသုတကြောင့် အမှန်တရား၌ယုံကြည်သူများတို့၏ အဖွဲ့အစည်းတစ်ခုတွေ့ရှိရပါသည်။ ယခုကျွန်ုပ်တို့၏လိုအပ်ချက်ကိုဖြည့်ဆည်း ပေးခဲ့သည့် ကြင်နာမှုရှိသောညီအစ်မနှင့် သူမ၏အိမ်နီးနားချင်းများတို့သည် အမှန်တရား၌ရွှင်လန်းဝမ်းမြောက်ခြင်းရှိနေကြသည်။ Signs of the Times, Oct. 19, 1876. [Ev 449.3] EvBur 585.3

ပြင်သစ်ပြည်၊ နိုင်း(မ) “Nimes” မြို့၌ဗဟုသုတတစ်ခု - ပြင်သစ်ပြည်၊ နိုင်း(မ) “Nimes” မြို့၌ ဝိညာဉ်များကိုကယ်တင်ရန် ကျွန်ုပ်တို့ဆောင်ရွက် လျက်ရှိကြသည်။ ထိုနေရာ၌ လူငယ်များကိုမည်ကဲ့သို့ဆက်ဆံရမည်ကို နားမလည်သည့် ကျွန်ုပ်တို့၏ညီအစ်ကိုများပြုမိသောအမှားများကြောင့်နှင့် မာရ်နတ်၏သွေးဆောင်မှုများကြောင့် စိတ်ဓာတ်ကျခဲ့သောလူငယ်တစ်ဦးရှိသည်။ ဥပုသ်နေ့ကိုသူစွန့်လိုက်ပြီး လက်မှုပညာဖြင့်လုပ်ငန်းအောင်မြင်ရန်အတွက် နာရီပြုလုပ်သောစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျက်နေသည်။ သူသည် ရှေ့ရေးအလားအလာကောင်းသောလူငယ်တစ်ဦးဖြစ်သည်။ ကျွန်ုပ်၏နာရီ ပြုပြင်ရန်လိုအပ်သည့်အတွက် ကျွန်ုပ်တို့နှစ်ယောက်တွေ့ ဆုံခဲ့ကြသည်။ [Ev 449.4] EvBur 586.1

သူနှင့်ကျွန်ုပ်မိတ်ဆက်ခြင်းခံရပြီး မကြာမီသူ၏ပုံပန်းကိုကျွန်ုပ်ကြည့် လိုက်ရာ ရူပါရုံ၌ကျွန်ုပ်အားဘုရားရှင်ဖော်ပြပေးခဲ့သည့် လူငယ်တစ်ဦးဖြစ်နေ သည်ကို ကျွန်ုပ်သိရသည်။ အခြေအနေအားလုံးရှင်းလင်းစွာဖြင့် ကျွန်ုပ်ရှေ. ၌ပေါ်လာခဲ့သည်။ [Ev 450.1] EvBur 586.2

ကျွန်ုပ်စကားပြောမည်ဟုသူထင်သောကြောင့် အစည်းအဝေးကိုသူ တက်ရောက်ကာ ပြင်သစ်ဘာသာစကားဖြင့် ဘာသာပြန်ဆိုပေးသောညီအစ်ကို Bourdeau ဖြင့်ဟောပြောခြင်းတစ်လျှောက်လုံး၌ သူသည် အာရုံစိုက်နားထောင် ခဲ့ပါသည်။ ဤလူငယ်အတွက်ဆောင်ရွက်ရန် ကျွန်ုပ်တာဝန်ရှိသည်ဟုခံစား ရပါသည်။ သူနှင့်ကျွန်ုပ် (၂) နာရီစကားပြောပြီး သူ၏ကြုံတွေ့ခဲ့ရသည့် ခက်ခဲသောအခြေအနေကိုမေးပါသည်။ သူ့အား သူ၏ညီအစ်ကိုများပြုမိခဲ့သော အမှားကြောင့် သူ့ကိုအလွန်ချစ်ပြီး မိမိအသက်ကိုပင်စွန့်ခဲ့သော ခရစ်တော် ၏စိတ်ကိုဝမ်းနည်းစေရန်အကြောင်းလုံးဝမရှိကြောင်း သူ့အားကျွန်ုပ်ပြောပြခဲ့ ပါသည်။ [Ev 450.2] EvBur 586.3

သူ၏အသက်တာနှင့်သူ၏မှားယွင်းခြင်းများ (လူငယ်များပြုမိတတ် သောရိုးရိုးမှားယွင်းမှုများ) အကြောင်းများကို ကျွန်ုပ်သိကြောင်း သူ့ကိုကျွန်ုပ် ပြောပြခဲ့သည်။ ၎င်းအပြစ်များမှာ ပြင်းထန်စွာအရေးမယူသင့်သောအကျင့် စရိုက်များဖြစ်သည်။ ထိုနောက် မျက်ရည်မျက်ခွက်ဖြင့် မာရ်နတ်နှင့်အပြစ် ကိုချန်ထားပြီး လုံးလုံးပြန်လှည့်လာရန် သူ့အားကျွန်ုပ်အနူးအညွတ်တောင်းပန် ပါသည်။ အကြောင်းမှာသူသည် လုံးလုံးလျားလျားဖောက်ပြန်သည့်အတွက် သားထွေးကဲ့သို့ဖခင်ထံပြန်လာ၍ ဖခင်၏အမှုကိုထမ်းဆောင်ရန်လိုအပ်သော ကြောင့်ဖြစ်သည်။ သူသည် စီးပွားရေးလုပ်ငန်း၌အောင်မြင်နေသူတစ်ဦးဖြစ် သည်။ အကယ်၍သူသည် ဥပုသ်နေ့ကိုပြန်လည်၍စောင့်ပါက သူ၏လုပ်ငန်း ဆုံးရှုံးမည်ဖြစ်သည်။ လာမည့်လအနည်းငယ်၌ သူသည် သင်တန်းပြီးဆုံးပြီး ကောင်းသောအဆင့်၌တာဝန်တိုးမြှင့်ခြင်းခံရမည်။ သို့သော် ချက်ချင်းဆုံးဖြတ် ချက်ချရန် ကျွန်ုပ်တောင်းဆိုခဲ့သည်။ [Ev 450.3] EvBur 587.1

စိတ်အားထက်သန်စွာဖြင့် သူနှင့်အတူဆုတောင်းပြီး သူ့အားဘုရား ရှေ့နှင့်ကောင်းကင်တမန်များရှေ့၌ သင်မရောက်မချင်း သင့်ထံမှကျွန်ုပ်မထွက်ခွာ ဝံ့ပါဟု ကျွန်ုပ်ပြောလိုက်သည်နှင့် သူပြန်၍ပြောလိုက်သည်မှာ၊ “ယနေ့ကျွန်ုပ် ခရစ်ယာန်တစ်ယောက်ဖြစ်ပါမည်” ဟုဖြစ်ပါသည်။ ဤကဲ့သို့သူပြောလိုက် သည့်အတွက် ကျွန်ုပ်အလွန်ဝမ်းသာပါသည်။ ထိုညဉ့်၌သူအိပ်၍မပျော်ခဲ့ပါ။ သူကတိပြုလိုက်သည်နှင့် သူသည် အသစ်သောအသက်တာလမ်းကြောင်းတစ်ခု သို့ရောက်ရှိပုံပေါ်ကြောင်း သူပြောခဲ့ပါသည်။ သူ့အတွေးအခေါ်ဖြူစင်ပုံပေါ် ပြီး သူ၏ရည်ရွယ်ချက်များပြောင်းလဲသွားကာ သူဆောင်ရွက်ခဲ့သည့်တာဝန် အရေးကြီးပုံပေါ်သောကြောင့် သူအိပ်၍မပျော်နိုင်ပါ။ နောက်တစ်ရက်၌ သူ၏ အလုပ်ရှင်ကို သင်နှင့်အတူကျွန်ုပ်အလုပ်မလုပ်တော့ပါဟု သူအသိပေးလိုက် ပါသည်။ သုံးညအထိအနည်းငယ်သာသူအိပ်ပျော်ခဲ့သည်။ သူဝမ်းသာသည်။ ဘုရားရှင်၏ခွင့်လွှတ်ခြင်းနှင့်မေတ္တာတော်ထင်ရှားသောကြောင့် ဘုရားရှင်ကို အလွန်ကျေးဇူးတင်ပါသည်။ Letter 59, 1886. [Ev 450.4] EvBur 587.2

စာပေကိုထိရောက်စွာအသုံးပြုခြင်း - ပုဂ္ဂိုလ်တစ်ဦးနှင့် မိမိ၏မိသားစု တစ်ခုလုံးကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားသည်။ ဤပုဂ္ဂိုလ်သည် စာဖတ်သော သူဖြစ်ပြီး လိမ္မော်၊ သံပရာနှင့်အခြားသီးပင်များစိုက်ပျိုးထားသည့် ကျယ်ဝန်း သောလယ်ပြင်ကြီးရှိပါသည်။ သို့သော်သူသည် အမှန်တရားကိုပြည့်ပြည့်ဝဝ လက်မခံခဲ့သောကြောင့် နောက်ကြောင်းပြန်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်အားလူများပြောပြခဲ့ပါသည်။ ညအချိန်၌ ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါး ကျွန်ုပ်အနား၌ရပ်နေပုံပေါ်ပြီး ကျွန်ုပ်အားပြောပြသည်မှာ၊ “အဲဒီ ညီအစ်ကိုဆီသွားပြီး သင့်စာအုပ်ကိုပေးမယ်ဆိုရင် သူ့ဝိညာဉ်ကိုကယ်နိုင်လိမ့် မယ်” ဟုဖြစ်ပါသည်။ ကျွန်ုပ်သူ့ထံသို့အလည်အပတ်သွားပြီး စာအုပ်ကြီး အနည်းငယ်ကိုယူသွားပါသည်။ မိတ်ဆွေကဲ့သို့ကျွန်ုပ်သူနှင့်စကားပြောခဲ့ပါ သည်။ သူ၏တာဝန်များကို ဤကဲ့သို့ကျွန်ုပ်ပြောပြခဲ့ပါသည်။ “သင့်မှာကြီးမား တဲ့တာဝန်တွေရှိနေတယ်မိတ်ဆွေ၊ သင့်အနားမှာမိတ်ဆွေအိမ်နီးနားချင်းရှိနေ တယ်၊ သူတို့အားလုံးအပေါ်သင်တာဝန်ရှိနေတယ်၊ သင်အမှန်တရားကိုသိခဲ့ တဲ့အတွက် သင်အမှန်တရားကိုချစ်ပြီး သင့်ရဲ့ဂုဏ်သိက္ခာအပေါ် မတ်မတ်ရပ်တည်မယ်ဆိုရင် ခရစ်တော်ဆီကိုဝိညာဉ်အများကြီးခေါ်ဆောင်နိုင် မှာဖြစ်ပါတယ်။” [Ev 451.1] EvBur 588.1

ထူးခြားသောအမူအရာဖြင့် ကျွန်ုပ်ကိုကြည့်ပြီး၊ “ကျွန်တော်အမှန်တရား ကိုစွန့်လိုက်တာ ခင်ဗျားသိမယ်လို့မထင်ပါ။ ကပွဲကိုသမီးများသွားဖို့နဲ့ ဥပုသ နေ့ကိုမစောင့်ဘဲ တနင်္ဂနွေကျောင်း (Sunday School) ကိုသွားဖို့ ကျွန်တော် ် ခွင့်ပြုခဲ့တယ်။” သို့သော်ကျွန်ုပ်သိသည်။ သူ့ကိုမိတ်ဆွေတစ်ဦးကဲ့သို့ကျွန်ုပ် စကားပြောသည်။ ကျွန်ုပ်ပြောလိုက်သည်မှာ၊ “ယခုသင့်အိမ်နီးနားချင်းအတွက် အလုပ်လုပ်ဖို့ကျွန်ုပ်တို့ကူညီမယ်။ ဒီစာအုပ်တွေကို လက်ဆောင်အဖြစ်သင့်ကို ပေးမယ်။” သူပြန်ပြောသည်မှာ၊ “ကျွန်တော်ဖတ်ဖို့ဒီမှာစာကြည့်တိုက်ရှိ တယ်။” သို့သော်ကျွန်ုပ်သူ့အားဆက်လက်ပြောပါသည်။ “ကျွန်ုပ်ဒီနေရာမှာ စာအုပ်တစ်အုပ်မှမတွေ့ ရပါလား။ မတော်သင့်အနေနဲ့ စာအုပ်ထုတ်ယူလိုစိတ် ရှိမှာလည်းမဟုတ်ပါဘူး။ ဒါကြောင့် သင့်အတွက်ဒီစာအုပ်တွေကိုယူလာပေး တယ်၊ သင့်သားသမီးများဖတ်ရှုနိုင်ပြီး သင်လည်းခွန်အားရလာလိမ့်မယ်။” သူနှင့်အတူဒူးထောက်ဆုတောင်းပြီး ပြန်လည်ထလာသောအခါ သူပြောသည် မှာ၊ “ခင်ဗျားကျွန်ုပ်ကိုလာတွေ့ တဲ့အတွက် တကယ်ဝမ်းသာတယ်။ ဒီစာအုပ် တွေအတွက်လည်း အထူးကျေးဇူးတင်တယ်” ဟုပြောကာ သူ၏မျက်နှာမှ မျက်ရည်များစီးကျလာပါသည်။ [Ev 451.2] EvBur 588.2

နောက်တစ်ကြိမ်သူ့ထံသို့အလည်အပတ်သွားရာ၊ သူသည် ‘ရှေးဘိုးဘေး များနှင့်ပုရောဖက်များ” စာအုပ်ကိုဖတ်ခဲ့ကြောင်း ကျွန်ုပ်ကိုပြောပြခဲ့ပါသည်။ သူပြောခဲ့သည်မှာ၊ “စကားလုံးတစ်လုံးမှပြောင်းလဲတာမတွေ့ရပါ။ စာပိုဒ်တိုင်း နှလုံးသားကိုတိုက်ရိုက်ပြောနေတယ်” ဟုဖြစ်ပါသည်။ [Ev 452.1] EvBur 589.1

ကျွန်ုပ်၏စာအုပ်ကြီးထဲ မည်သည့်စာအုပ်အရေးအကြီးဆုံးဖြစ်ပါ သနည်းဟု ညီအစ်ကိုကိုကျွန်ုပ်မေးလိုက်ပါသည်။ သူပြောခဲ့သည်မှာ၊ “ကျွန်ုပ် ရဲ့အိမ်နီးနားချင်းကိုအားလုံးငှားလိုက်တယ်။ ဟော်တယ်စောင့်ရှောက်သူကတော့ မဟာတိုက်လှန်ပွဲ” စာအုပ်အကောင်းဆုံးပဲလို့ပြောပါတယ်။” သူ့အနေနှင့် တုန်ခါသည့်အသံဖြင့် “ကျွန်တော်ထင်တာကတော့ “ရှေးဘိုးဘေးများနှင့် ပုရောဖက်များ’ စာအုပ်ကတော့အကောင်းဆုံးပဲ၊ ကျွန်ုပ်ကိုနွံထဲကဆွဲထုတ်ခဲ့ တဲ့စာအုပ်ပဲ” ဟုပြောပါသည်။ [Ev 452.2] EvBur 589.2

သို့သော် ပြောရန်ရှိသည်မှာ၊ အမှန်တရားအတွက်ခိုင်မြဲစွာရပ်တည် ခြင်းဖြစ်သည်။ မိသားစုအားလုံးသူနှင့်အတူပေါင်းစည်းခဲ့ပြီး အခြားအိမ်ထောင် မိသားစုများတို့၏ကယ်တင်ခြင်းအတွက် သူတို့အသက်ရှင်ခဲ့ကြပါသည်။ General Conference Bulletin, April 5, 1901. [Ev 452.3] EvBur 589.3

ကန်တာဘာရီ (Canterbury) မြို့၌ အမှန်တရားကိုယခုပင် လိုက်လျှောက်ရန်ဆုံးဖြတ်ခဲ့သော အသက် (၄၀) အရွယ်ရှိအမျိုးသမီးတစ်ဦး နှင့် ကျွန်ုပ်အားမိတ်ဆက်ပေးခဲ့သည်။ သူမ၏ခင်ပွန်းသည်သည် သူမအပေါ် ကြင်နာမှုအပြည့်အဝဖြင့် အရာခပ်သိမ်းအတွက်ဆောင်ရွက်ပေးပြီး စည်းဝေး ပွဲသို့သူမကိုခေါ်ဆောင်လာသည်။ သူတို့၌အဖိုးပေးထားပြီး ပိုင်ဆိုင်ထားသော ကောင်းသည့်ကိုယ်ပိုင်အိမ်ငယ်ကလေးတစ်လုံးရှိသည်။ ယာဉ်ပေါ်မှသူမဆင်း လာပြီး ကျွန်ုပ်တို့နှင့်စကားပြောသည်။ ကန်တာဘာရီ(Canterbury) မြို့ပေါ် ရှိလူတို့သည် ဘုရားကျောင်းတက်သူများမဟုတ်ကြသော်လည်း တဲတစ်လုံး အားဖြင့်ကြော်ငြာခြင်းကိုတွေ့ ရသောကြောင့် မည်သည့်အကြောင်းကိစ္စဖြစ်သည် ကို သိရှိလိုစိတ်ပြင်းပြလှပါသည်။ ဤနည်းဖြင့် အစည်းအဝေးသို့တက်ရောက် ကြပြီး စိတ်ဝင်စားသူများစွာရှိကြသည်။ ဘုရားကျောင်း၊ သို့မဟုတ် ခန်းမ ဆောင်ထဲသို့ ခေါ်ဖိတ်၍မရသော်လည်း တဲအားဖြင့်သူတို့ကိုခေါ်ဆောင်၍ရ ပါသည်။ [Ev 452.4] EvBur 590.1

ဖော်ပြခဲ့သည့်ယာဉ်နားရှိ ကျွန်ုပ်နှင့်စကားပြောသောညီအစ်မပြောပြ ခဲ့သည်မှာ၊ “ဒီကျမ်းစာရဲ့တန်ဖိုးရှိအရာများဟာ ကျွန်မအတွက်အံ့သြစရာပဲ၊ ဒီလိုထူးဆန်းတာတွေကို အရင်ကကျွန်မတစ်ခါမျှမတွေ့ ခဲ့ရဘူး၊ ကျမ်းစာဟာ တန်ဖိုးရှိတဲ့အရာနဲ့ပြည့်ဝပြီး ကြားနာရတဲ့အတွက် တိုးတက်မှုရှိစေမယ့်အခွင့် အရေးအားလုံးကို ကျွန်မလိုချင်တယ်။ ဒါမှအခြားလူတွေကိုလည်းမစနိုင်မယ်။ ကန်တာဘာရီ(Canterbury) မြို့မှာနေနေကြတဲ့လူတွေဟာ ဒီဆောင်ရွက်တဲ့ အရာကိုလိုနေကြတယ်။ တကယ်လို့ခင်ဗျားတဲဆောက်မယ်ဆိုရင်၊ သူတို့လာ ကြမှာပဲ။” Letter 89a, 1895. [Ev 453.1] EvBur 590.2

၁၈၉၂ ခု၊ နေ့စဉ်မှတ်တမ်းမှစာမျက်နှာများ - မိတ်ဆွေဇနီးမောင်နှံ အိပ်(ချ်) တို့ထံလည်ပတ်ရန်ကတိပြုခဲ့ပြီး၊ ယနေ့ညနေစာစားပြီးသောအခါ မစ္စတာ ဒယ်နီယာ၊ မေဝေါလင်းထံသွားရန် ကျွန်ုပ်သည်သွား၍ချိန်းဆိုခြင်းကို ပြည့်စုံ စေခဲ့ပါသည်။ ရန်သူ၏စုံစမ်းခြင်းကြောင့် ညီအစ်မအိပ်(ချ်)သည် အမှန်တရား ကိုစွန့်လွှတ်ခဲ့သည်။ ခေတ္တစကားစမြည်ပြောဆိုကြပြီးနောက် ကျွန်ုပ်တို့အားလုံး ဦးညွှတ်ဆုတောင်းကာ ဘုရားသခင်သည် သူ၏သန့်ရှင်းသောဝိညာဉ်တော် ကို ကျွန်ုပ်တို့အပေါ်သို့သက်ရောက်စေပါသည်။ ဘုရားရှင်အတူရှိကြောင်း ခံစားရပြီး ဤကြိုးစားမှုအလဟဿမဖြစ်စေရန် ကျွန်ုပ်တို့အထူးမျှော်လင့်ကြ ပါသည်။ [Ev 453.2] EvBur 590.3

နိုဝင်ဘာ (၅) - သာယာသောနေ့တစ်နေ့ဖြစ်သော်လည်း ကျွန်ုပ်ခွန်အား ကုန်လုမတတ်ဖြစ်သည်။ ကျွန်ုပ်တို့စည်းဝေးတက်ရောက်ပြီး တစ်ဖက်အိမ်နီးချင်း ကို ကျွန်ုပ်တို့နှင့်အတူလိုက်သွားရန်ခေါ်ဖိတ်သည်။ သူမသွားရန်အဆင်သင့် သဘောတူပြီး လွန်စွာအကျိုးသက်ရောက်ပုံပေါ်သည်။ စည်းဝေးရှိရာနေရာ သို့သွားကြစဉ် သူမလွတ်လပ်စွာစကားပြောသော်လည်း အပြန်ခရီး၌တည်ငြိမ် လျက် စကားတစ်ခွန်းမျှမပြောပါ။ မင်္ဂလာဝတ်လုံမပါသောပုဂ္ဂိုလ်တစ်ယောက် ၏ပုံပမာအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်ပြောကာ လေးနက်သောအစည်းအဝေး ပြုလုပ်ခဲ့သည်။ နောက်ပိုင်း၌ ဤအမျိုးသမီးသည် ကျွန်ုပ်၏တူမ၊ မေဝေါလင်း ကို ကျွန်ုပ်တို့လာသည့်အချိန်မှစပြီး ကျင်းပခဲ့သောစည်းဝေးတိုင်းကို မတက် ရောက်မိခဲ့သောကြောင့် ဝမ်းနည်းကြောင်းပြောပါသည်။ သူမပြောသည်မှာ ကျွန်ုပ်တို့ရှိနေစဉ် စည်းဝေးတစ်ခုကိုမျှမပျက်ကွက်ရန် သူပြောပါသည်။ [Ev 453.3] EvBur 591.1

နိုဝင်ဘာ (၉) - တောင်ပေါ်သို့သွားရန် ကျွန်ုပ်တို့စီစဉ်ခဲ့သည်။ သို့သော် မိတ်ဆွေဇနီးမောင်နှံ အိပ်(ချ်)တို့၏ဝိညာဉ်အတွက်ပူပန်လျက်ရှိပြီး ဘုရားရှင် ၏အမှုတော်ကိုမနှောင့်နှေးစေရန် တောင်ပေါ်သို့မသွားသင့်ဟုခံစားရပါသည်။ ခရီးလမ်းကြောင်းကောင်းမွန်စွာမသိဘဲ မေဝေါလင်းနှင့်ကျွန်ုပ် ညီအစ်ကို အိပ်(ခ်ျ)၏နေအိမ်သို့ ခရီးအစပြုခဲ့သည်။ နောက်ဆုံး၌ သူတို့အိမ်သို့ကျွန်ုပ် တို့ရောက်ရှိခဲ့သည်။ မိတ်ဆွေဇနီးမောင်နှံအိပ်(ခ်ျ)အား သင်တို့နှင့်ကျွန်ုပ်စကား ပြောရန်လာခဲ့သည်ဟုပြောပါသည်။ နှစ်ချက်တီးခွဲအချိန်မှစ၍ စတင်စကား ပြောရာ ငါးချက်တီးအချိန်အထိ ဆက်လက်ပြောခဲ့ပါသည်။ ကျွန်ုပ်စွမ်းအား ရှိသမျှကြိုးစားပြီး ညီအစ်မအိပ်(ချ်)ကိုမစခဲ့ရာ စကားပြောချိန်တစ်လျှောက်လုံး နီးပါး သူမငိုလျက်ရှိသည်။ ဘုရားသခင်၏ဝိညာဉ်တော်သူမကိုတို့ထိသည်ဟု ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သူတို့နှင့်အတူဆုတောင်းခဲ့ပြီး သူတို့ကိုဘုရားသခင် ၏လက်ထဲသို့ အပ်နှံလိုက်ပါသည်။ [Ev 453.4] EvBur 591.2

နိုဝင်ဘာ (ရ) - ကျွန်ုပ်တစ်ညလုံးအနားယူခဲ့သည်။ လေးချက်တီးခွဲ အချိန်၌ ကျွန်ုပ်အိပ်ရာမှနိုးပြီး စတင်၍စာရေးပါသည်။ (၁ဝ) နာရီတွင် မေဝေါလင်းနှင့်ကျွန်ုပ် ညီအစ်မအီးထံသို့အလည်အပတ်သွားခဲ့ကြပါသည်။ [Ev 454.1] EvBur 592.1

နိုဝင်ဘာ (၈) - ကျွန်ုပ်တစ်ညလုံးကောင်းမွန်စွာအိပ်ပျော်ခဲ့သည်။ နေ့အချိန်တွင် ညီအစ်မအက်(ဖ)၏အိမ်သို့သွားပါသည်။ ကျွန်ုပ်တို့နှင့်အတူ ယာဉ်ပေါ်၌စီးနင်းစေပြီး သူမနှင့်ရှည်လျားစွာခရီးတစ်လျှောက်စကားပြောခဲ့ သည်။ သူမသည် ကြီးမားသောဒုက္ခနှင့်ရင်ဆိုင်နေရသူတစ်ဦးဖြစ်သည်။ [Ev 454.2] EvBur 592.2

နိုဝင်ဘာ (၉) - စိတ်ထက်သန်စွာခေါ်ဖိတ်ခြင်းတစ်ခုကို တုံ့ပြန်သော အားဖြင့် ဥပုသ်စာဖြေကျောင်းမိသားစုတစ်စုပျော်ပွဲစားရာ သာယာသောတောအုပ် ကလေးတစ်ခုသို့ ကျွန်ုပ်တို့မောင်းနှင်သွားပါသည်။ နာရီဝက်ခန့်ကျွန်ုပ်စကား ပြောခဲ့သည်။ မယုံကြည်သူတချို့ရှိကြပါသည်။ [Ev 454.3] EvBur 592.3

နိုဝင်ဘာ (၁ဝ) - ကျွန်ုပ်မွန်းတည့်အချိန်ထိစာရေးခဲ့ပြီး ညစာစားသောက် ပြီးနောက် ထိုနေရာ၌ရှိကြသောညီအစ်မတချို့တို့နှင့်တွေ့ဆုံရန် ချိန်းဆိုခဲ့သည့် အတိုင်း ဘော်ဒုံး (Bourdon) သို့မောင်းနှင်သွားခဲ့ပါသည်။ လူနှစ်ဦးသုံးဦး တို့သည် ခရစ်တော်၏နာမတော်၌စုရုံးကြသောအခါ သူကောင်းချီးပေးမည့် ကတိတော်ကိုယုံကြည်လျက် တန်ဖိုးရှိသောဆုတောင်းချိန်ကို ရယူခဲ့ပါသည်။ ဖတ်ပြပြီး သူတို့နှင့်စကားပြောခဲ့ပါသည်။ ဥပုသ်နေ့၌ကျွန်ုပ်စကားပြောသော ရောက်ရှိလာကြသောသူတို့အတွက် အရေးကြီးသောအကြောင်းအရာကို ကျွန်ုပ် အခါထက် ကျွန်ုပ်ပို၍ကြိုးစားလုပ်ဆောင်ခဲ့သည်။ သူတို့နှင့်အတူ (၂) နာရီခန့် နေခဲ့ပြီး ကျွန်ုပ်အိမ်သို့ပြန်ရောက်သောအခါ မှောင်လုနေပြီဖြစ်သည်။ သို့သော် ဘုရားရှင်ထံမှကျွန်ုပ်ကောင်းချီးခံစားရပြီး သူ၏မေတ္တာတော်၌ ကျွန်ုပ်တို့ ပျော်ရွှင်ကြသည်။ [Ev 454.4] EvBur 592.4

နိုဝင်ဘာ (၁၁) - ကျွန်ုပ်သာလွန်၍ဆောင်ရွက်ခဲ့ခြင်းကို ကျွန်ုပ်စိုးရိမ် သည်။ ဥပုသ်နေ့မှစပြီး စာကိုစာရွက်ဖြင့်ကျွန်ုပ်စာမျက်နှာ (၈၆) မျက်နှာ ရေးသားခဲ့သည်။ ၎င်းပြင် လူတို့ကိုမိမိတို့၏အိမ်၌ ကြိမ်ပေါင်းများစွာလည်ပတ် ခဲ့သည်။ ဤမွန်းလွဲပိုင်း၌ ကျွန်ုပ်မိတ်ဆွေဇနီးမောင်နှံအိပ်(ချ်)ကိုခေါ်ပြီး စာအုပ် တချို့ပေးခဲ့ပါသည်။ [Ev 454.5] EvBur 593.1

နိုင်ဝင်ဘာ (၂၁) - ယနေ့ (၂) ချက်တီးအချိန်၌ မိတ်ဆွေဇနီးမောင်နှံ အိပ်(ချ်) ထံကျွန်ုပ်အလည်အပတ်သွားခဲ့ပြီး ညီအစ်မအိပ်(ချ်)၏စိတ်ထဲ၌ရှိ နေသောအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကျွန်ုပ်ရေးသားခဲ့သောစာတချို့ ကို ဖတ်ပြခဲ့ပါသည်။ [Ev 455.1] EvBur 593.2

နိုဝင်ဘာ (၂၈) - ယနေ့ညီအစ်မခေK” နှင့်သူမ၏သမီးထံသို့ ကျွန်ုပ်အလည်အပတ်ပြုခဲ့သည်။ မကြာမီအချိန်က သမီးမှာ မတော်တဆထိခိုက် ဒဏ်ရာတစ်ခုရရှိခဲ့သည်။ ကျွန်ုပ်တို့စကားပြောကြပြီး သူမနှင့်အတူဆုတောင်း ချိန်၌ သမီးရောမိခင်ကိုပါ ဘုရားသခင်ကောင်းချီးပေးရန် ကျွန်ုပ်တို့အနူးအညွတ် ဆုတောင်းနေစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ အလွန်နီးကပ်စွာရှိ နေပါသည်။ [Ev 455.2] EvBur 593.3

နောက်ထပ်မုဆိုးမဖြစ်သူညီအစ်မဂျီ “G” ထံသို့ အလည်အပတ်ပြုခဲ့သည် - ဤညီမနှင့်အတူ ကျွန်ုပ်တို့ဆုတောင်းချိန်ကိုရယူခဲ့ပြီး သိမ်မွေ့သောဘုရားသခင် ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အပေါ်ဆင်းသက်ခဲ့သည်။ ညီအစ်မဂျီ၏ (၁၆) နှစ်အရွယ်သမီးနှင့် ကျွန်ုပ်တို့စကားပြောခဲ့သည်။ သူမအားယေရှုမေတ္တာ အကြောင်းပြောပြပြီး ကယ်တင်ရှင်ထံသူမ၏စိတ်နှလုံးကိုပေးအပ်ရန် ကျွန်ုပ် တို့အနူးအညွတ်တောင်းခံခဲ့သည်။ အကယ်၍သူမသည် ခရစ်တော်ကိုသူမ၏ ကယ်တင်ရှင်အဖြစ်လက်ခံပါက ခရစ်တော်သည် စုံစမ်းခြင်းတိုင်း၌ သူမကို ကူညီမည်ဖြစ်ပြီး သူ၏မေတ္တာအရိပ်အောက်၌ သူမကိုငြိမ်သက်ခြင်းနှင့်အနားယူ ခြင်းပေးမည်ဟု ပြောခဲ့ပါသည်။ ကျွန်ုပ်တို့ပြောဆိုသောစကားများအားဖြင့် သူမတန်ခိုးခွန်အားရရှိပုံပေါ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် မိတ်ဆွေဇနီး မောင်နှံအိပ်(ချ်)နှင့်တွေ့ဆုံရန် ထွက်သွားခဲ့ပါသည်။ Manuscript 21,1892. [Ev 455.3] EvBur 593.4

အမှုဆောင်အတွက်တန်ဖိုးရှိသောလယ်ပြင်များ - ကျွန်ုပ်တို့အမှုထမ်းဆောင် ခဲ့သော ဒိုရာခရစ်နှင့်မာတင်ဗေး(လ်)နှင့် သစ်တောရှိနေရာများတို့သည် ကျွန်ုပ် တို့အတွက် တန်ဖိုးကြီးသောနေရာများဖြစ်သည်။ ဤနေရာများ၌ ဝိညာဉ်များ ကိုရရှိမည်ဟု ကျွန်ုပ်မျှော်လင့်ပြီး သူတို့ကိုခရစ်တော်ထံသို့ဆွဲဆောင်ရန် စိတ်အားထက်သန်စွာ ကြိုးစားလုပ်ဆောင်ကြရပါမည်။ ဤနေရာများ၌ များစွာ ဆောင်ရွက်ခဲ့သော်လည်း ပို၍များစွာဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။ Letter 113, 1902. [Ev 455.4] EvBur 594.1