ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
မြို့ကြီးများ၌ဧဝံဂေလိတရားဟောကြားခြင်းအတွက်အထူးပြဿနာများ
ကြီး၍ ကောင်းသောခန်းမဆောင်များ - လူနေထူထပ်သည့်အချက်အချာဌာန များကို မည်ကဲ့သို့ဝင်ရောက်ထိုးဖောက်ရန် ခက်ခဲသောပြဿနာတစ်ခုဖြစ်ခဲ့ ပါသည်။ အသင်းတော်များသို့ဝင်ရောက်ရန် ကျွန်ုပ်တို့အားခွင့်မပြုပါ။ မြို့တွင်း ခန်းမဆောင်များတို့သည် တန်ဖိုးကြီးပြီး၊ အများအားဖြင့် အကောင်းဆုံးခန်းမ ဆောင်များသို့ လူအနည်းငယ်သာလာရောက်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့် အကျွမ်းတဝင်မရှိသူများတို့သည် ကျွန်ုပ်တို့ကိုဆန့်ကျင်ကြပါမည်။ အကြောင်း မှာ ကျွန်ုပ်တို့၏ယုံကြည်မှုကို လူအများနားမလည်ကြဘဲ ကျွန်ုပ်တို့ကိုအယူ သီးသူများဟုသတ်မှတ်ကြခြင်းနှင့် ကျွန်ုပ်တို့သည် စနေနေ့၌ဥပုသ်စောင့် ကြပြီး သူတို့အနေဖြင့် ပထမနေ့၌ ဥပုသ်စောင့်ကြခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏အလုပ်၌ လောကီအခက်အခဲများနှင့် အထင်အမြင်လွဲခြင်းများကို မည်ကဲ့သို့ဖြိုခွင်းရမည်ကိုနားလည်ရန် ကျွန်ုပ်တို့အတွက် ခက်ခဲရှုပ်ထွေးလျက် ရှိပြီး တန်ဖိုးရှိသောအမှန်တရားကို လူတို့ထံယူဆောင်ရန် သူတို့အတွက်အလွန် ပင်အရေးကြီးပါသည်။ Testimonies, vol. 6, pp. 31, 32, 1900. [38.3]. EvBur 32.2
ခန်းမဆောင်တစ်ခုတွေ့ရှိရန်လက်တွေ့ပြဿနာ - ဖော်ပြပါအခက်အခဲများကို နေရာတိုင်းလိုလိုပင် ကျွန်ုပ်တို့တွေ့ရှိရမည်ဖြစ်သည်။ သို့သော် တူညီကြမည် မဟုတ်ပါ။ မာရ်နတ်သည် နေရာတိုင်းတွင်ထိုင်နေပြီး အမှုဆောင်များစိတ်ဓာတ် ကျ၍လက်မြှောက်အရုံးပေးရန် မိမိလုပ်ဆောင်ရမည့်အလုပ်များကို လုပ်ဆောင် နေလိမ့်မည်ဟု ကျွန်ုပ်တို့ထင်ပါသည်။ [Ev , 39.1]. EvBur 33.1
ဘုရားရှင်ထံမှပညာကိုရှာယူရမည်။ အကြောင်းမှာ ယုံကြည်ခြင်းအား ဖြင့် မြို့တွင်းရှိတောင့်တင်းခိုင်မာသောအသင်းတော်တစ်ခုကို ကျွန်ုပ်တွေ့ ရပြီ။ ကျွန်ုပ်တို့၏အလုပ်သည် ဆုတောင်းလျက်စောင့်နေရမည်။ အံ့ဖွယ်ကောင်းပြီး ကြီးမားသောအကြံပြုနိုင်သူတစ်ဦး၏အကြံကိုရှာဖွေရမည်။ ငရဲ၏ခိုင်မာသော တန်ခိုးများကက်ကြီးမားသည့်ပုဂ္ဂိုလ်တစ်ဦးသည် မာရ်နတ်ထံမှအစာကိုရယူနိုင် သူ၏ပို့ဆောင်မှုအောက်၌ ကောင်းကင်တမန်များတို့သည် မှောင်မိုက်၏ တန်ခိုးတိုက်ပွဲဟူသမျှကို ကျော်လွှားနိုင်ကာ၊ အမှန်တရား၏စံချိန်ကို မြို့ပေါ် မှာစိုက်ထူနိုင်လိမ့်မည်။ [Ev , 39.2]. EvBur 33.2
ကျွန်ုပ်တို့၏ညီအစ်ကိုများသည် တရားပွဲကျင်းပမည့်နေရာတစ်ခုကို ရှာဖွေလျက်ရှိသည်။ ပွဲလမ်းသဘင်နေရာများနှင့်ခန်းမဆောင်များတို့ကို အများ သူမနှစ်သက်သည့်အတွက် စကိတ်စီးသောနေရာတစ်ခုကို အသုံးပြုသွားမည် ဟုစဉ်းစားကြရာ၊ နောက်ပိုင်း၌ ၎င်းနေရာကို ဘာသာရေးနှင့်ချုပ်တည်းခြင်း အစည်းအဝေးများအတွက် အသုံးပြုခဲ့သောနေရာဖြစ်သွားခဲ့ပါသည်။ ကောင်းသော နေရာရွေးယူပါက အကုန်အကျများပေမည်။ ဘုရားရှင်၏အမှန်တရားအတွက် သူကိုယ်တိုင်ပြင်ဆင်ပေးမည်ဖြစ်ပြီး ဤနည်းလမ်းသည် သူပြုပြင်သောနည်းလမ်း ဖြစ်ပါသည်။ Letter 79, 1893. [Ev , 39.3]. EvBur 33.3
မြို့တွင်းသာသနာပြုသူများကိုရရှိခြင်း - ယခုတစ်ဖန် အရှေ့ပိုင်းဒေသ၌ တန်ခိုးဖြင့်သတင်းစကားကြွေးကြော်ရန် ကျွန်ုပ်တို့ကိုဘုရားရှင်စေခိုင်းသောအခါ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဒေသများရှိ မြို့ကြီးများတို့၌ဝင်ရောက် အမှုဆောင်ရန် သူစေခိုင်းသောအခါ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သူစေခိုင်းခြင်းကို တုံ့ပြန်ခြင်းမရှိဘဲနေသွားကြမည်လား။ ဤဒေသများသို့ အမှုထမ်းများကို စေလွှတ်ရန် စီမံကိန်းမဆွဲ၊ သူတို့ကိုစိတ်အားထက်သန်စွာပံ့ပိုးမှုမပြုဘဲနေကြ မည်လား။ EvBur 33.4
ကျွန်ုပ်တို့၏မြို့များအားလုံးအထဲ၌ အလုပ်လုပ်ရမည်။ ခရစ်တော် ကြွလာတော့မည်။ အဆုံးသို့ရောက်ရန်အလွန်နီးကပ်နေပြီ။ ယခုပျော်ရွှင်စွာ လုပ်ကိုင်နိုင်သကဲ့သို့ မကြာမီလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိလိမ့်မည်မဟုတ်ပါ။ ကြောက်ဖွယ်မြင်ကွင်း ကျွန်ုပ်ရှေ့၌ရှိနေခြင်းကြောင့် ယခုလုပ်နေသောအလုပ် ကို လျင်မြန်စွာလုပ်ဆောင်ကြရမည်။ ယခုနေရာတိုင်း၌ လုပ်ငန်းကိုထူထောင် ရမည်။ လုပ်ငန်းပြီးစီးရန် လုပ်ငန်းခွင်၌ဗဟုသုတကြွယ်ဝပြီး မြို့တွင်းအသင်း တော်ကြီးများကို စိတ်ဝင်စားမှုပြုနိုင်သည့် ဓမ္မဆရာများတို့၏အကူအညီကို ရယူရန် ကျွန်ုပ်တို့အထူးလိုအပ်နေပါသည်။ [Ev , 39.4]. EvBur 34.1
ဤမြို့ကြီးများ၌ တန်ခိုးဖြင့်တတိယကောင်းကင်တမန်သတင်းစကား ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားရှင်အလိုရှိသည်။ ဤတန်ခိုးကို ကျွန်ုပ် တို့ကိုယ်တိုင်ရယူနိုင်စွမ်းမရှိပါ။ ကျွန်ုပ်တို့ပြုလုပ်နိုင်သောအရာမှာ စွမ်းဆောင် နိုင်သည့်ပုဂ္ဂိုလ်များကိုရွေးချယ်ပြီး ဤအခွင့်အရေးလမ်းကြောင်းဖြင့်လုပ်ဆောင် ရန် သူတို့ကိုတောင်းဆိုကာ ဝိညာဉ်တော်တန်ခိုးဖြင့် သတင်းစကားကိုဟောပြော ရလိမ့်မည်။ အမှန်တရားကိုပြောဆိုခြင်း၊ ၎င်းအတိုင်းနေထိုင်အသက်ရှင်၍ ဆုတောင်းခြင်းဖြင့် လူတို့၏နှလုံးသားများကို ဘုရားရှင်လှုပ်ရှားစေလိမ့်မည်။ Manuscript 53, 1909. [Ev , 40.1]. EvBur 34.2
“လမ်းမကြီး” ၌သာသနာပြုသူများ - ဟောပြောနိုင်သောစွမ်းရည်ရှိ အသင်းတော်လူကြီးတစ်ဦးကဲ့သို့ လမ်းမကြီးများ၌ဟောပြောရန် ပုဂ္ဂိုလ်လိုအပ် နေပါသည်။ လမ်းမကြီးပေါ်အမှန်တရားကိုဟောပြောသောအခါ၊ ၎င်းဘေး ပတ်ဝန်းကျင်၌ လုပ်ငန်းချဲ့ထွင်နိုင်ရန် တံခါးပွင့်လာပါလိမ့်မည်။ Letter 168, 1909. [Ev , 40.2). EvBur 34.3
ရိုးရိုးထက်ပို၍ကြိုးစားလုပ်ဆောင်ရန်လိုအပ်ခြင်း - ဆွဲဆောင်မှုနှင့်ပျော်ရွှင် မှုများစွာရှိနေသော ယနေ့မြို့ကြီးများအတွင်း ရိုးရိုးလုပ်ဆောင်မှုအားဖြင့် မည်သူ မျှစိတ်ဝင်စားခြင်းရှိမည်မဟုတ်ပါ။ ဘုရားရှင်တာဝန်ပေးထားသော ဓမ္မဆရာ များတို့သည် လူတို့၏စိတ်ကိုဆွဲဆောင်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် အထူး သောကြိုးစားအားထုတ်မှုပြုရန် လိုအပ်နေသည်။ မြို့တွင်းရှိလူထုကြီးကို အောင်မြင်စွာစုရုံးနိုင်သည့်အခါ သမားရိုးကျမဟုတ်သော ကောင်းမွန်၍တန်ဖိုး ရှိသည့်သတင်းစကားအားဖြင့် လူတို့သည်နိုးကြား၍ သတိတရားရလာကြမည် ဖြစ်သည်။ ရှင်းလင်းပြတ်သားစွာ အမှန်တရားကိုတင်ဆက်ဟောပြောနိုင်မည့် နည်းလမ်းဟူသမျှကို တီထွင်အသုံးပြုရပါလိမ့်မည်။ စုံစမ်းရာကာလနှင့်သက်ဆိုင် သည့် ရှင်းလင်းပြတ်သားသောအမှန်တရားသတင်းစကားကို ကြားနာရသော သူတို့သည် နှုတ်ကပတ်တော်ကိုလေ့လာလိုသည့်ဆန္ဒဖြစ်ပေါ်လာလိမ့်မည်။ Testimonies, vol. 9, p. 109, (1909) [Ev , 40.3]. EvBur 35.1
ကျင်ခြင်း၊ ကုန်ကျစရိတ်နှင့်ပရိသတ်များပြောင်းလဲခြင်း - ဤအချိန်ကာလ အတွက် စီမံကိန်းဆွဲရန် ညီအစ်ကိုများစွာစုရုံးနေကြသည်ကို ကျွန်ုပ်မြင်ရသည် (၁၈၇၄)။ ဘုရားရှင်၏အမှုတော်အတွက်တိုင်ပင်ကြသည်။ မြို့ကြီးများ၌ ဝင်ရောက်လုပ်ကိုင်ခြင်းမပြုဘဲ တောအရပ်ဒေသများ၌သာ အမှုတော်လုပ်ငန်း ကိုဆောင်ရွက်ရန် အကောင်းဆုံးဖြစ်မည်ဟု သူတို့ထင်ကြသည်။ မြို့တွင်း အမှုဆောင်ခြင်း၏ပို၍ခက်ခဲရခြင်းမှာ အမှုဆောင်မလုံလောက်ခြင်း၊ ကုန်ကျ စရိတ်များခြင်း၊ မြို့နေလူတန်းစားအမျိုးမျိုးတို့၏ထူးခြားသောအကျင့်စရိုက် ကြောင့် သတင်းစကားယုံကြည်လက်ခံမည့်သူနည်းပါးမည်ဖြစ်ခြင်း အစရှိသည့် အကြောင်းရင်းများကြောင့်ဖြစ်သည်။ လွယ်ကူ၍စရိတ်ကျဉ်းသောတောအရပ် ဒေသ၌သာလျှင် လုပ်ဆောင်ကြရန်တိုင်ပင်ပြောဆိုကြသည်။ သို့သော် ကျွန်ုပ် ၏ခင်ပွန်းသည် စုရုံးလျက်ရှိညီအစ်ကိုများကို ပို၍ကျယ်ပြန့်သောစီမံကိန်းကို ဆွဲပြီး မဆိုင်းမြို့ကြီးများအတွင်းဝင်ရောက်လုပ်ကိုင်ရန် မိမိတို့၏အားထုတ် မှုကို ပို၍အသုံးပြုပြီး၊ မှန်ကန်သောကျွန်ုပ်တို့၏သတင်းစကားကို ဟောပြော ရန်တောင်းဆိုပါသည်။ ဂိုအခါ အမှုဆောင်တစ်ဦးမှ မိမိ၏မြို့ တွင်းလုပ်ငန်း အဖြစ်အပျက်တစ်ခုကို တင်ပြခဲ့ပါသည်။ သူ၏မြို့တွင်းလုပ်ငန်းမအောင်မြင် ကြောင်းနှင့် တောအရပ်ဒေသရှိလုပ်ငန်းပို၍အောင်မြင်ကြောင်း သက်သေခံ ပါသည်။ [Ev , 41.1]. EvBur 35.2
သိက္ခာနှင့်သြဇာရှိသူတစ်ဦး - စည်းဝေး၌ပြောဆိုသမျှကို စိတ်ပါဝင်စား စွာနားထောင်သောပုဂ္ဂိုလ်တစ်ဦးပါရှိသည်။ သူသည် လေးနက်ဖြည်းညင်းစွာ ဖြင့် ပြည့်စုံသောအာမခံချက်နှင့်ပြောခဲ့သောစကားမှာ “ဤကမ္ဘာတစ်ခုလုံးသည် ဘုရားသခင်၏စပျစ်ဥယျာဉ်ဖြစ်သည်။ မြို့ကြီးမြို့ငယ်နှင့်ကျေးရွာများအားလုံး တို့သည် စပျစ်ဥယျာဉ်ထဲ၌ပါဝင်ပါသည်။ နေရာတိုင်း၌ကျွန်ုပ်တို့လုပ်ဆောင် ကြရမည်။” Testimonies, vol. 7, pp. 34,35, (1902) [Ev , 41.2]. EvBur 36.1
စရိတ်ကြီးသောလုပ်ငန်းတစ်ခု - လူတိုင်းလိုပင် မည်သည့်အမှုဆောင် ကိုမျှ မြို့ကြီးထဲသို့သွားရောက်အလုပ်လုပ်ကိုင်ရန် မစေခိုင်းဝံ့ပါ။ အကြောင်း မှာ ခိုင်မာတောင့်တင်းသောလုပ်ငန်းကိုဆောင်ရွက်နိုင်ရန် ငွေကြေးလိုအပ်သော ကြောင့်ဖြစ်သည်။ သတိမပေးရသေးသောဤနေရာများ၌ အမှုတော်လုပ်ငန်း ဆောင်ရွက်ရန် ငွေကြေးများစွာလိုအပ်ခြင်းသည် မှန်ကန်ပါသည်။ သို့သော် ဤလုပ်ငန်းမျိုးကိုလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့၏ဟောပြောခြင်းနှင့်တန်ခိုးသြဇာ အတွက် ငွေကြေးကိုသတိပညာဖြင့်အကောင်းဆုံးအသုံးပြုသွားရန် ဘုရားရှင် အလိုရှိသည်။ Manuscript 45, 1910. Ev, 42.1]. EvBur 36.2
စိတ်ပါစွာစည်းလုံးမှုအရေးကြီးခြင်း - ကျွန်ုပ်တို့၏ မြို့ကြီးများအထဲ၌ တိကျ သောတရားပွဲတစ်ခုကို စည်းလုံးညီညွတ်စွာပြုလုပ်ရန်သင့်သည်။ ဘုရားကို ကြောက်ရွံ့သောစိတ်ဓာတ်ဖြင့် လူတစ်ဦးကဲ့သို့လုပ်ဆောင်သူများတို့သည် စည်းလုံးညီညွတ်စွာ ခွန်အားရှိသမျှ၊ စိတ်အားထက်သန်စွာဆောင်ရွက်သင့်ကြ သည်။ တစ်ဖက်စွန်းကြိုးစားခြင်း၊ အပြစ်တင်ခြင်းမရှိသင့်ပါ။ လက်တွေ့ နောင်တရခြင်း၊ စစ်မှန်သောသနားကြင်နာခြင်း၊ စိတ်ပါစွာပူးပေါင်းဆောင်ရွက် ခြင်းနှင့် သေခြင်း၌ပျက်စီးမည့်ဝိညာဉ်များကို ကယ်လိုသောစိတ်ဖြင့် မိမိ ကိုယ်ကိုငြင်းပယ်ဆက်ကပ်ခြင်းသင်ခန်းစာများကိုသင်ယူ၍ တစ်ယောက်ကို တစ်ယောက်ဦးစားပေးခြင်းတို့ဖြင့် ဆောင်ရွက်သင့်ကြပါသည်။ Manuscript 128, 1901. [Ev , 42.2]. EvBur 36.3
ကျွန်ုပ်တို့၏လျစ်လျူရှုထားခဲ့သောမြို့ကြီးများ၌ ဘုရားရှင်အတွက် မမေ့နိုင်သောအရာတချို့ကို တတ်အားသရွေ့အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော အမှုထမ်းအနည်းငယ်အတွက် ဘုရားရှင်ကိုကျေးဇူးတင်ကြပါစို့။ ဤအမှုဆောင် များတို့ကိုအားပေးခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်ကြောင်း သတိရကြပါစို့။ မြို့ကြီးများ၌ သစ္စာရှိစွာအမှုထမ်းခဲ့သော ကျွန်ုပ်တို့၏အမှုဆောင်များတို့ကို ပံ့ပိုးခြင်း၊ ချီးမွမ်းခြင်းမပြုဘဲနေခြင်းကို ဘုရားရှင်မနှစ်သက်ပါ။ Manuscript 154, 1902. [Ev , 42.3]. EvBur 37.1
လုပ်ငန်းလုံးလုံးအောင်မြင်သည့်တိုင်ဆောင်ရွက်ခြင်း - မြို့ကြီးများ၌ ကြိုးစား ၍အလုပ်လုပ်ဆောင်သူများတို့၏လုပ်အားတစ်ဝက်တစ်ပျက်ဆုံးရှုံးရခြင်းသည် လုပ်ဆောင်သူများတို့မှ လုပ်ငန်းကိုလျင်မြန်စွာရပ်ဆိုင်းလိုက်ပြီး နေရာသစ်များ သို့ထွက်ခွာသွားကြသောကြောင့်ဖြစ်သည်။ သူ၏လုပ်ငန်းခွင်၌ ရှင်ပေါလုသည် တစ်နေရာ၌တစ်နှစ်၊ အခြားတစ်နေရာ၌တစ်နှစ်ခွဲဖြင့် ကြာမြင့်စွာအချိန်ယူပြီး လုပ်ဆောင်ခဲ့ပါသည်။ လျင်မြန်စွာလုပ်ငန်းရပ်ဆိုင်းလိုက်ခြင်းသည် အများ အားဖြင့် ကြီးစွာသောဆုံးရှုံးမှုကိုဖြစ်စေပါသည်။ Letter 48, 1886. Ev, 42.4]. EvBur 37.2