ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

9/163

မြို့ကြီးများတို့၏လိုအပ်ချက်များကိုစူးစမ်းရှာဖွေခြင်း

မြို့တွင်းသာသနာလုပ်ငန်းသည်ခက်ခဲသည်။ - မြို့တွင်းလုပ်ငန်းအတွက် ကျွန်ုပ်အထူးစိတ်ပူပန်လျက်ရှိသည်။ လုပ်ငန်းကိုဆောင်ရွက်ရန် လူအနည်းငယ် သာရှိသည်။ လူတန်းစားအမျိုးမျိုးနှင့်တွေ့ဆုံရမည်ဖြစ်သောကြောင့် လုပ်ငန်းခက်ခဲ ခြင်းဖြစ်သည်။ သို့သော် ပါးနပ်၍စွမ်းရည်ရှိသူများနှင့် ကမ္ဘာသို့နောက်ဆုံး သတိပေးစကားကြွေးကြော်ရမည့်အခြေအနေကိုနားလည်ပြီး မိမိကိုယ်ကိုပေးအပ် မည့်သူများအားလုံးတို့အား ဤလုပ်ငန်းကိုလုပ်ဆောင်ရန် အားပေးကြရမည်။ Letter 82, 1910. [Ev , 36.4]. EvBur 29.3

ရှိလာမှာလေ့လာရန်နှင့်နည်းလမ်းများသိရှိရန်လိုအပ်ခြင်း - ဤကြီးမား၍ဆိုးသွမ်း သောမြို့ ( နယူးရော့) ထဲ၌ အလုပ်ကိုတစ်နည်းတစ်ဖုံအားဖြင့် ကြိုးစား လုပ်ဆောင်သော သစ္စာရှိအမှုဆောင်အနည်းငယ်သာရှိသည်။ သို့သော် သူတို့ ၏လုပ်ငန်းမှာခက်ခဲသည်။ အကြောင်းမှာ သူတို့၌လုပ်ငန်းဆောင်ရွက်ရန်အတွက် ပစ္စည်းအနည်းငယ်သာရှိသည်။ လုပ်ဆောင်သူဇနီးမောင်နှံနှစ်ဦးသည် သစ္စာ ရှိစွာလုပ်ဆောင်ကြပါသည်။ သို့သော် သူတို့၏လုပ်ဆောင်မှုများကိုထောက်ပံ့ လိုသော စိတ်ဆန္ဒပြင်းပြသည့်ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိသနည်း။ လုပ်ငန်း၏ လိုအပ်ချက်များကိုလေ့လာရန် မည်သည့်တာဝန်ရှိခေါင်းဆောင်များမှ သူတို့ ထံသို့လည်ပတ်မှုပြုကြသနည်း။ General Conference Bulletin, April 7, 1903. [Ev , 36.5]. EvBur 30.1

ခက်ခဲမှုများနှင့် ကြောက်ရွံ့မှုများမှာဂရုမစိုက်ခြင်းကြောင့်ဖြစ် - အချိန်သည် လျင်မြန်စွာထာဝရကာလကိုကျော်လွန်သွားတော့မည်ဖြစ်သော်လည်း ဤမြို့ ကြီးများထဲသို့ ယခုထိတိုင်လုပ်ငန်းအစမပြုရသေးချေ။ အမှန်တရားကိုဝေငှ နိုင်ရန် ဘုရားသခင်၏ဝိညာဉ်တော်၌ တန်ခိုးရှိပါသည်။ နှလုံးသားထဲသို့ အလင်းထွန်းလင်းသကဲ့သို့ မလွန်ဆန်နိုင်သည့် လွန်စွာတန်ခိုးကြီးမားသော ခံယူချက်သည် နှလုံးသားများကိုဆွဲကိုင်ထားနိုင်မည်ဖြစ်သည်။ [Ev , 37.1]. EvBur 30.2

ကျွန်ုပ်၏တာဝန်မှာ ဘုရားသခင်သည် မြို့ကြီးများအတွင်း ကြီးမား သောအလုပ်ကိုလုပ်ကိုင်ရန် အမှန်ပင်ကြိုးစား၍ခေါ်နေကြောင်း ပြောပြရန်ဖြစ် သည်။ နေရာသစ်များဖွင့်ရမည်။ သတင်းစကားကိုသိသောသူများနှင့် လုပ်ငန်း ၏တာဝန်များကိုခံစားသင့်သူများအနေဖြင့် အနည်းငယ်သောယုံကြည်မှုကို ဖော်ပြခြင်းမှာ ခက်ခဲခြင်းကြောင့်သော်လည်းကောင်း၊ ကြောက်ရွံ့ခြင်းများကြောင့် သော်လည်းကောင်း ဖြစ်နေသောကြောင့် ကြာမြင့်စွာလျစ်လျူရှုထားခြင်း ဖြစ်သည်။ Letter 150, 1909. [Ev , 37.2]. EvBur 30.3

အထူးလိုအပ်ချက်များကို လေ့လာရန်လူကို စေလွှတ်ရမည် - အမှန်တရားကို မသိရသေးမီ ပျက်စီးကြရမည့် မည်သူမျှကယ်ရန်ကြိုးစား၍လုပ်ဆောင်လိုစိတ် မရှိသေးသည့်မြို့ကြီးများအတွင်း နေထိုင်သူများအတွက် ဥက္ကဌနှင့်အတူလက်တွဲ လုပ်ဆောင်ရန် လူ (၇) ယောက်ကိုရွေးချယ်သင့်ပါသည်။ ဤပုဂ္ဂိုလ် (၇) ယောက်တို့သည် တက်ကြွလှုပ်ရှားသူများ၊ နှိမ့်ချ၍နူးညံ့သိမ်မွေ့သောနှလုံးသား ရှိသူများဖြစ်ရမည်။ သူတို့သည် မြို့ကြီးများကို မည်သည့်အခါမျှလျစ်လျူရှု သူများမဖြစ်ရပါ။ ဆုံးဖြတ်ချက်ပေးနိုင်သောသတင်းစကားတစ်ခုပြီးတစ်ခုကို ကြိုးစားဟောပြောရန် ခေါ်ဖိတ်နေသောအချိန်ရောက်ရှိလာပြီ။ [Ev , 37.3]. EvBur 31.1

မြို့ကြီးများ၌ ဘုရားရှင်၏ကြီးလေးသောတာဝန်များကိုထမ်းဆောင်ရန် ပုဂ္ဂိုလ် (၇) ဦးထက်မနည်း ရွေးချယ်ရပါမည်။ ဤပုဂ္ဂိုလ် (၇) ဦးတို့သည် မိမိတို့ကိုယ်ကိုနေ့စဉ်နှိမ့်ချသင့်ပြီး ဘုရားသခင်၏မွန်မြတ်သောပညာကို ဘုရားရှင်ထံစိတ်ရောကိုယ်ပါ ရှာဖွေသူများဖြစ်သင့်သည်။ ဘုရားရှင်ထံသွန်သင် မှုခံယူလိုသောဆန္ဒရှိသူများဖြစ်သင့်သည်။ မိမိတို့၏ကိုယ်တိုင်ဝိညာဉ်များ၏ ကြုံတွေ့ ရမည့်အခက်အခဲကိုသိရှိပြီး ဆုတောင်းသောသူများဖြစ်ရမည်။ ဤပုဂ္ဂိုလ် (၇) ဦးတို့သည် မည်သည့်အလုပ်ကိုလုပ်ရကြမည်နည်း။ မြို့ကြီးများတို့၏ လိုအပ်ချက်များကို စုံစမ်းလေ့လာပြီး၊ လုပ်ငန်းတိုးတက်ရန် ခွန်အားအပြည့် အဝနှင့် ဆုံးဖြတ်ချက်အပြည့်အဝဖြင့် ကြိုးစားလုပ်ဆောင်ကြရမည်။ EvBur 31.2

လိုအပ်ချက်များကိုဘုရားမြင်သကဲ့သို့ မြင်ရမည် - ဤမြို့ကြီးများ၌ တန်ခိုး ဖြင့်တတိယကောင်းကင်တမန်သတင်းစကားကို ကျွန်ုပ်တို့ဟောပြောရန် ဘုရားရှင် အလိုရှိသည်။ ဘုရားပေးသောခွန်အားရှိသမျှနှင့် နှိမ့်ချသောစိတ်ဖြင့် သူ့အပေါ် လုံးလုံးကိုးစားမှုကိုထားလျက်ဆောင်ရွက်ပါက ကျွန်ုပ်တို့၏လုပ်ငန်းသည် သီးပွင့်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ကြိုးစားလုပ်လိုသောဆန္ဒသည် ယခုအချိန် ၌ သန့်ရှင်းသောကောင်းကင်တမန်များကူညီခြင်းဖြင့် ဝိညာဉ်များကိုအမှန်တရား သိရှိရန်ပို့ဆောင်ပြီး များစွာသောဝိညာဉ်ကို ကယ်တင်နိုင်လိမ့်မည်။ သစ္စာရှိ သောအမှုဆောင်များကို မည်သည့်အခါမျှဘုရားရှင်မပစ်ပယ်ထားပါ။ ကောင်းကင် ကိုယ်စားလှယ်များ၏ကူညီမှုကိုရရှိပြီး သူတို့၏လုပ်ဆောင်ခြင်းကို ဝိညာဉ် တော်တန်ခိုးဖြင့် လူတို့အားယုံကြည်ခြင်းနှင့်ပြောင်းလဲခြင်းသို့ ပို့ဆောင်ပါလိမ့် မည်။ ကောင်းကင်တစ်ခုလုံးမှ သင်တို့၏တောင်းဆိုချက်ကို အသိအမှတ်ပြု လိမ့်မည်။ [Ev , 38.1]. EvBur 31.3

မြို့ကြီးများတို့၏လိုအပ်ချက်များကို ဘုရားသခင်မြင်သကဲ့သို့ ကျွန်ုပ် တို့မြင်ရမည်။ တတိယကောင်းကင်တမန်သတင်းစကားကို အရှိန်အဟုန်ဖြင့် ဟောပြောခြင်းဖြင့် လူတို့၏နှလုံးသားများကိုထိခိုက်စေနိုင်သော စွမ်းဆောင် နိုင်သူများကို ဤမြို့ကြီးများတွင် တာဝန်ပေးရန်စီစဉ်ရပါမည်။ ဤအလုပ်ကို လုပ်ဆောင်နိုင်သူများတို့ကို တစ်နေရာတည်း၌အတူမလုပ်စေဘဲ မြို့ပေါ်ရှိ သာသနာ့လုပ်ငန်းကိုလုပ်စေပြီး သူတို့နေရာ၌လုပ်နိုင်သူများကို အစားထိုးလုပ် စေရမည်။ Manuscript 53, 1909. [Ev , 38.2]. EvBur 32.1