ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

1/163

ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

စကားချီး

ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်းသည် ခရစ်ယာန်တို့၏နှလုံးသား ဖြစ်ပြီး၊ ပျက်စီးမည့်ဤကမ္ဘာကြီးသို့ ဘုရားရှင်၏နောက်ဆုံးသောသတိပေး စကားကိုဟောကြားရန် ခေါ်ခြင်းခံရသူများအတွက် အဓိကအရေးကြီးသော ရည်ရွယ်ချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့နောက်ဆုံးကာလ၌ အသက်ရှင် ကြရာ၊ ကြွလာခြင်းသတင်းစကားကိုကြွေးကြော်ခြင်းဖြင့် ကျွန်ုပ်တို့၏သခင် ကြွလာခြင်းအကြောင်းကို လူတို့အားအဆင်သင့်ပြင်ဆင်ရန်ဟောကြားခြင်းသည် ကမ္ဘာအရပ်ရပ်သို့ ကျယ်သောအသံဖြင့် လျင်မြန်စွာရောက်ရှိရမည်ဖြစ်သည်။ EvBur .0

ကမ္ဘာ၏ရှေးကာလနေ့ရက်များ၌ပင် ခရစ်တော်ကြွလာခြင်းကိုမြော်လင့် သောသတ္တမနေ့အသင်းဝင်တို့သည် ဝိညာဉ်တော်စာပေမှသွန်သင်မှုနှင့်အထူး ညွှန်ကြားချက်အရ ဝိညာဉ်ကယ်တင်ခြင်း၏စည်းကမ်းနှင့်ဆောင်ရွက်ချက်ဖြင့် လုပ်ငန်းကျယ်ပြန့်စေရန် လမ်းပြပို့ဆောင်လျက်ရှိသည်။ ဝမ်းမြောက်ဖွယ် ဧဝံဂေလိဟောကြားခြင်း၏တချို့သောကဏ္ဍများကို အယ်လင်ဂျီဝိုက်၏ရေးသား ထားသောစာအုပ်များထဲတွင် အသေးစိတ်ခြယ်မှုန်းရေးသားထားခဲ့သည်။ နှစ်ပေါင်းများစွာကပင် ပြန်လည်ဆန်းစစ်ခြင်းနှင့်သတင်းကြေညာခြင်း (The Review and Hearald) မဂ္ဂဇင်း၊ အချိန်ကာလများ၏ နိမိတ်များ (Signs of the Times) မဂ္ဂဇင်းနှင့်အခြားသောဂျာနယ်များတွင် ဘုရားသခင်၏သတင်းပေး သူတို့သည် ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းဟောကြားခြင်းလုပ်ငန်းများ၏ တိုးတက်ခြင်းဆိုင်ရာအကြောင်းအရာများကို ရေးသားခဲ့သည်။ ရံဖန်ရံခါ သာသနာပြုအမှုဆောင်များတို့သည် ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းဟောကြား ခြင်းကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သင်တန်းများနှင့်သတိပေးခြင်းများကို ခံယူရရှိကြပါသည်။ ရံဖန်ရံခါ သာသနာ့လုပ်ငန်းလုပ်ကိုင်သူများနှင့် အသင်း EvBur .0

တော်အုပ်ချုပ်ရေးခေါင်းဆောင်များတို့ကို မမဝှိုက်မှအားပေးကာ ကောင်းသော အကြံဉာဏ်များကို ခံယူရရှိကြပါသည်။ EvBur .0

သို့သော် ပုံမှန်ရေးသားထားသောအကြောင်းအရာများ၊ အထူး သက်သေခံချက်များ၊ ပုဂ္ဂလိကအကြံပေးချက်များနှင့်ဟောပြောချက်များတို့သည် ယနေ့ကျွန်ုပ်တို့မတွေ့ ရှိရတော့ပါ။ ထိုကြောင့် အသင်းတော်တစ်ခုလုံးအနေဖြင့် အလွန်မှပင်တိုးတက်လျက်ရှိသော ခရစ်တော်ကိုမြော်လင့်သည့် သတ္တမနေ့ အသင်းတော်၏ဝမ်းမြောက်ဖွယ်ဧဝံဂေလိဟောကြားခြင်း အင်အားအရှိန်အဟုန် ကြီးထွားရန် အချိန်နှင့်တပြေးညီ သတင်းကောင်းများတို့ကိုထုတ်လွှင့်နိုင်ရေး အတွက် အကောင်းဆုံးစီစဉ်ရန်လိုအပ်ပါသည်။ စုစည်းတင်ဆက်ခြင်း၊ ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းဟောကြားခြင်း၏အရေးကြီးသောအကြောင်း အရာများအားလုံးကိုလည်း ထည့်သွင်းပါဝင်စေရပါမည်။ EvBur .0

ဤစာစောင်သည် သာသနာပြုဝန်ထမ်းများနှင့်ကျမ်းစာသင်ကြားပို့ချ သူများအတွက် တိကျသောစည်းမျဉ်းစည်းကမ်းများကိုချမှတ်ပေးရုံမျှမက၊ ဖော်ပြပါစည်းမျဉ်းစည်းကမ်းများတို့ကို လိုက်လျှောက်ကျင့်သုံးနိုင်ရန် လုံလောက် သောအကြံဉာဏ်များကိုလည်းပေးထားပါသည်။ နှစ်ပေါင်းများစွာမှဘုရားရှင် ပေးထားသည့် တန်ဖိုးရှိသောညွှန်ကြားချက်များကို စုစည်းထားသည်နှင့်အမျှ၊ ဤစာစောင်သည် မြော်လင့်ခြင်းလှုပ်ရှားမှုအတွက် ဝမ်းမြောက်ဖွယ်ဧဝံဂေလိ သတင်းဟောကြားခြင်း၏စိတ်ချရသော လက်စွဲစာအုပ်တစ်အုပ်ဖြစ်ပါသည်။ EvBur .0

အခြေအမြစ်ပေါင်းများစွာမှအဆိုအမိန့်များကို အစီအစဉ်တကျစုပေါင်း ပြင်ဆင်ထားရာ၌ အမှန်တကယ်အဓိကကျသောသွန်သင်ချက်များကိုထပ်ခါ တလဲတွေ့ရှိရပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ကြိုးစား၍စာဖတ် သူများအတွက် အကောင်းဆုံးမလိုလားအပ်သည့်စာပိုဒ်များကို ထပ်ခါတလဲ မပါရှိရန် အကောင်းဆုံးရွေးချယ်ထားပါသည်။ တချို့ကိစ္စများ၌ ထပ်ခါတလဲ ပါရှိမည့်ဝါကျများကို အသုံးပြုရန်လိုအပ်သည့် တိုတောင်းသောကောက်နုတ် ချက်များ၌ပင်ဖယ်ရှားထားပြီး၊ ကိစ္စတစ်ခုစီမှထုတ်ပယ်ထားသောဝါကျများကို EvBur .0

ဖော်ပြထားပါသည်။ သတိကြီးစွာဖြင့်ဆောင်ရွက်သော်လည်း အကြံပြုချက် များမှန်ကန်စေရန် လုံလောက်သောအဆိုအမိန့်များတို့ကိုလည်း ထည့်သွင်း ဖော်ပြရပါသည်။ EvBur .0

အစိတ်အပိုင်းတစ်ခုစီ၏အကြောင်းအရာကိုတင်ဆက်ရာတွင် ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ခြင်းကြောင်း အရေးကြီး သည့်ညွှန်ကြားချက်များကို ထပ်ခါတလဲတင်ဆက်ခြင်းကိုရှောင်ရှား၍မရပါ။ ဤစာအုပ်၏အဓိကအကြောင်းအရာများကိုညွှန်ပြနိုင်ရန်အတွက် အထောက် အကူအဖြစ် ခေါင်းစဉ်ငယ်များအား စာလုံးကြီးဖြင့်စုစည်းသူများမှ ပြုပြင်ထား ပါသည်။ သီးသန့်ကောက်နုတ်ချက်တစ်ခုစီ၏အဆုံး၌ အကြောင်းအရာ၏ အရင်းအမြစ်ကိုဖော်ပြထားပါသည်။ ၎င်းပြင် စာဖတ်သူများအတွက်အထောက် အကူအနေဖြင့် စာမူမှကောက်နုတ်ချက်များရေးသားခဲ့သည့် ခုနှစ်၊ သို့မဟုတ် အခြားပထမဦးဆုံးထုတ်ဝေဖြန့်ချိသည့်ခုနှစ်များကိုလည်း ဖော်ပြထားပါသည်။ EvBur .0

တစ်ခါတစ်ရံဖော်ပြခဲ့သောအချိန်ကာလသိရှိခြင်းသည် အကြံပြုချက်ကို လိုက်လျှောက်ရန်လမ်းညွှန်မှုအတွက် အထောက်အကူဖြစ်စေသည်။ အကြောင်း မှာ ကျွန်ုပ်တို့၏လုပ်ငန်းသည် အခြေအနေပြောင်းလဲမှုအပေါ် ဆောင်ရွက် ရသောကြောင့်ဖြစ်သည်။ သို့သော် တချို့သောကိစ္စများ၌ လွန်ခဲ့သည့်နှစ်များ မှအသေးစိတ်ကျသည့် သေးငယ်သောအကြောင်းကိစ္စအတွက် ဖော်ပြရန်မဖြစ် နိုင်သည့်တိုင် အခြေခံကျသည့်စည်းမျဉ်းများကို ရှင်းလင်းစွာဖော်ပြခြင်း၊ သို့မဟုတ် ဦးစွာဖော်ပြခဲ့သည့်အကြံပြုချက်များတို့သည် ယနေ့အတွက်ခိုင်လုံသည့်လမ်းညွှန် ချက်နှင့် တန်ဖိုးရှိသည့်နည်းစနစ်များဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းပြောင်းလဲ ခြင်းမရှိသော်လည်း ဆောင်ရွက်ပုံဆောင်ရွက်နည်းများမှာ အခြေအနေနှင့် ကိုက်ညီရန် တချို့သောနေရာ၌ ပြောင်းလဲဆောင်ရွက်ရပါမည်။ ဤကိစ္စအတွက် တိကျခိုင်လုံသည့်ပုံပမာများကို ကျွန်ုပ်တို့တင်ဆက်ထားပါသည်။ EvBur .0

တောစခန်းအစည်းအဝေးနှင့်ပြုလုပ်ခြင်းအကြံပြုချက်များကို စာဖတ်သူ အနေဖြင့် မကြာခဏတွေ့ရှိရမည်ဖြစ်သည်။ ခရစ်တော်ကိုမြော်လင့်သောသတ္တမ EvBur .0

နေ့အသင်းတော်၏တောစခန်းအစည်းအဝေးအကြိမ်ပေါင်း (၇၀) ၌ တက်ရောက် သူများစွာကိုဆွဲဆောင်ခဲ့ရာ၊ အသင်းဝင်တစ်ဝက်နှင့်အသင်းဝင်မဟုတ်သူများ တစ်ဝက်တက်ရောက်ခဲ့သည့်အပြင် တချို့တောစခန်း၌ မကြုံစဖူးတက်ရောက် သူများအချို့မှာ သင်းဝင်သူ (၁) ယောက်တက်ရောက်တိုင်း သင်းဝင်မဟုတ်သူ (၁၅) ယောက်တက်ရောက်သည့်အထိဖြစ်ပါသည်။ EvBur .0

အောင်မြင်သောဧဝံဂေလိတရားဟောခြင်းအစဉ်းအဝေးပေါင်း (၉ဝ) ကို မြို့ကြီးများတို့၏ဆင်ခြင်ဖုံးရပ်ကွက်တွင်ကျင်းပရာ၊ တစ်လတွင်နှစ်ပတ် ကြာသည့်အထိ ကျင်းပခဲ့ပါသည်။ ထိုစည်းဝေးများ၌ ဝိညာဉ်ပေါင်းများစွာကို ရိတ်သိမ်းနိုင်ခဲ့ပါသည်။ ထိုစည်းဝေးများကျင်းပခြင်းနှင့်သင်တန်းပို့ချခြင်းတို့ ၏အောင်မြင်မှုကို ၎င်းနှစ်များတို့တွင် များစွာရေးသားတင်ပြခဲ့ကြပါသည်။ EvBur .0

သို့သော် အချိန်ကာလပြောင်းလဲလာသည်နှင့်အမျှ၊ တောစခန်း အစည်းအဝေးသည် လူထုစုရုံးခြင်းအဖွဲ့အစည်းကြီးသို့ ဖြစ်ပေါ်လာပါသည်။ သင်းဝင်သူများမဟုတ်သည့်လူထုကြီးကို ဆွဲဆောင်မှုပြုခဲ့သည့်တောစခန်း အစည်းအဝေးသည် ယခုမဏ္ဍပ်ကြီးနှင့်ခန်းမဆောင်များအစည်းအဝေးအဖြစ် ပို၍ထိရောက်မှုကိုဖြစ်လာစေပါသည်။ သို့သော် ယခင်တောစခန်းအစည်းအဝေး တို့၏အောင်မြင်ခြင်းစည်းမျဉ်းစနစ်များမှာ ယခုကျင်းပလျက်ရှိသောဝမ်းမြောက် ဖွယ်ဧဝံဂေလိတရားဟောပြောပွဲများ၌လည်း ဆက်လက်အသုံးပြုလျက်ရှိပါသည်။ EvBur .0

ဤစာအုပ်ထဲရှိညွှန်ကြားချက်အားလုံးလိုလိုပင် ဓမ္မဆရာများနှင့်ကျမ်းစာ သင်ကြားပို့ချသူတို့၏ဧဝံဂေလိလုပ်ငန်းအတွက်သာ ကန့်သတ်ထားပါသည်။ သာမန်အသင်းသားများအတွက် ဧဝံဂေလိလုပ်ငန်းနှင့်ပတ်သက်၍ အကြံပြု ချက်များစွာတို့ကို အခြားသောအီးဂျီဝှိုက်စာပေများတို့အထဲတွင် ပြည့်စုံစွာ ရေးသားဖော်ပြထားပြီး ဓမ္မစာပေဧဝံဂေလိလုပ်ငန်းလမ်းညွှန်မှုတွင်လည်း ကျွန်ုပ် တို့၏လုပ်ငန်းအတွက် အရေးကြီးသည့်အချက်များလည်းများစွာပါရှိစေကာမူ ထည့်သွင်းဖော်ပြခြင်းမပြုရခြင်းမှာ စာမျက်နှာအကန့်အသတ်ကြောင့်ဖြစ်သည်။ ထိုနည်းတူ၊ ဆေးဝါးဧဝံဂေလိလုပ်ငန်းများကို ကုသမှုသာသနာ့လုပ်ငန်း EvBur .0

(Ministry of Healing), ဆေးပညာသာသနာ့လုပ်ငန်း (Medical Evangelism) နှင့်ကျန်းမာရေးဆိုင်ရာအကြံပြုချက်များ (Counsels on Health) စာအုပ်များ ထဲ၌တွေ့ရှိရသည့်အတွက်၊ ဤစာအုပ်ထဲ၌ဖော်ပြထားခြင်းမပြုပါ။ သာသနာပြု တစ်ဦး၏လိုအပ်သည့်အရည်အသွေးများကို ထည့်သွင်းရေးသားလိုသည့် အချက်များစွာရှိသော်လည်း စာမျက်နှာအကန့်အသတ်ကြောင့် ဝမ်းမြောက် ဖွယ်ဧဝံဂေလိလုပ်ငန်းအတွက် တိုက်ရိုက်အရေးကြီးသည့်အချက်များကိုသာ ရေးသားရခြင်းဖြစ်ပါသည်။ EvBur .0

ယခုဤစာအုပ်ကို သာသနာ့နယ်မြေများသို့ဖြန့်ချိရခြင်း၏ရည်ရွယ် ချက်မှာ ဤဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း၏နည်းစနစ်ဖြင့် အမှန်တကယ် အမှုတော်လုပ်ငန်းတိုးတက်ရန်အတွက်ဖြစ်သည်။ ၎င်း၏အားပေးမှု၊ ခေတ်မီ အကြံပြုချက်၊ ယခုကာလသတိပြုစရာများ၊ သတင်းစကားအောင်မြင်မှု၏အမြင် စသည်တို့ပါဝင်ခြင်းကြောင့် ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်းအတွက် ကောင်းသောနည်းပေးလမ်းပြပုံစံတစ်ခုဖြစ်ပြီး၊ တတိယကောင်းကင်တမန်၏ သတင်းစကားသည် ကျယ်လောင်သောအသံဖြင့် အထွတ်အထိပ်သို့ရောက်ရှိ လိမ့်မည်ဟုယုံကြည်ပါသည်။ EvBur .0

အီးဂျီဝှိုက်စာပေများကိုထိန်းသိမ်းသောအဖွဲ့အစည်း - ၁၉၄၆ EvBur .0