ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

2/163

အခန်း (၁)—ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်း ဟောကြားခြင်းအတွက်စိန်ခေါ်ချက်

သတင်းစကားဟောကြားခြင်း

ခရစ်တော်၏စေခိုင်းခြင်းညွှန်ကြားချက် — တပည့်တော်များထံသို့ ခရစ်တော် ၏နောက်ဆုံးသောစကားမှာ၊ “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့ နှင့်အတူအစဉ်မပြတ်ရှိမည်။” “ထိုကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို သွန်သင်ပါ။” ကမ္ဘာအရပ်ရပ်ရှိလူတိုင်းထံသို့သွားပါ။ သင်တို့သွားလေရာအရပ် ၌ သင်တို့နှင့်အတူငါရှိမည်ဟု တပည့်တော်တို့အားကတိပြုခဲ့ပါသည်။ EvBur 1.1

ကျွန်ုပ်တို့ကိုလည်း ဤအတိုင်းစေခိုင်းပါသည်။ ခရစ်တော်၏စေတမန် များကဲ့သို့ သွား၍သက်သေခံရန်ခေါ်ပြီး၊ လူအားလုံးတို့ကို အသက်ရှင်သော နှုတ်ကပတ်တော်ဖြင့် သွန်သင်ပို့ချ၊ တိုက်တွန်းဆွဲခေါ်ရန်ဖြစ်သည်။ ခရစ်တော် သည် ကျွန်ုပ်တို့နှင့်အတူအမြဲရှိမည်ဟုလည်း ယုံကြည်စိတ်ချစွာကတိပြုခဲ့ပါ သည်။ ဘယ်အခက်အခဲမျိုးမဆိုရင်ဆိုင်ရသောအခါ၊ ဘယ်စုံစမ်းခြင်းမျိုးမဆို ကြုံတွေ့ ခံစားရသောအခါ၊ “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့ နှင့်အတူအစဉ်မပြတ်ရှိမည်” ဟူသော မွန်မြတ်သည့်ကတိတော်သည် ကျွန်ုပ် တို့အတွက် အစဉ်ရှိနေမည်ဖြစ်သည်။ Manuscript 24, 1903. EvBur 1.2

အသက်ရှင်သောသတင်းအရှိန်အဟုန်တစ်ခု - တပည့်တော်များအတွက် စေခိုင်းချက်ထဲ၌ ခရစ်တော်သည် လုပ်ငန်းတာဝန်ပေးရုံမျှမက၊ သူတို့အတွက် သတင်းစကားကိုလည်းပေးခဲ့ပါသည်။ သူပြောခဲ့သည်မှာ၊ “သင်တို့အားငါမိန့် တော်မူသမျှအရာအားလုံးကိုစောင့်ရှောက်ရန်” လူတို့ကိုသွန်သင်ပါဟုဖြစ်ပါ သည်။ ခရစ်တော်သင်ကြားခဲ့သောအရာများကို တပည့်တော်များသင်ကြား ပို့ချရမည်ဖြစ်သည်။ သူပြောခဲ့သမျှသောအရာများအပြင် ဓမ္မဟောင်းကျမ်းမှ ပုရောဖက်နှင့်ဆရာများပြောခဲ့သောအရာများအားလုံးပါဝင်ပါသည်။ လူတို့ ၏သွန်သင်ဆုံးမသောအရာများမပါပါ။ လူတို့၏ရှေးရိုးထုံးစံမိရိုးဖလာ၊ အတွေး အခေါ်သွန်သင်ချက်များလည်းမပါပါ။ ရှေးဘိုးဘေးတို့၏အာဏာဖြင့်ချမှတ် ထားသော တရားဥပဒေများသည် ခရစ်တော်၏စေခိုင်းချက်ထဲ၌မပါဝင်ပါ။ ခရစ်တော်၏တပည့်တော်များတို့သည် ဤဖော်ပြပါအရာများကိုမသွန်သင်ရ ပါ။ “ပညတ်နှင့်ပုရောဖက်များ” နှင့် မှတ်တမ်းတင်ထားသောသူတို့၏စကား များနှင့်အပြုအမူများတို့သည် တပည့်တော်များတို့အား ကမ္ဘာသို့ပို့ချရန် သူ၏ အပ်နှံထားသောဘဏ္ဍာဖြစ်သည်။ EvBur 1.3

ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းဟောကြားရာ၌ အသက်မပါသည့် စာတွေ့ သဖွယ်မဟုတ်၊ လူတို့၏ဘဝအသက်တာကို လက်တွေ့ ပြောင်းလဲစေ နိုင်သည့် အသက်ပါသောတန်ခိုးအရှိန်အဟုန်ရှိရမည်။ ကျေးဇူးတော်ကိုရရှိ သူများအနေဖြင့် ၎င်း၏တန်ခိုးအတွက်သက်သေခံများဖြစ်လာရန် ဘုရားရှင် အလိုတော်ရှိသည်။ DA, p. 826. EvBur 2.1

အသင်းတော်အားသတင်းစကားအပ်နှံထားခြင်း - ကျွန်ုပ်တို့သည် ကမ္ဘာ့ နောက်ဆုံးနိဂုံးချုပ်အချိန်တွင် အသက်ရှင်ကြရပါသည်။ အမှန်တရားကိုသိ သောတာဝန်ဖြင့် ကြောက်ရွံ့တုန်လှုပ်သောသူများဖြစ်ကြရမည်။ ကမ္ဘာ့နောက်ဆုံး အချိန်ရောက်လာပြီ။ ဤအရာများကို မှန်ကန်သောစဉ်းစားဆင်ခြင်မှုဖြင့် လူအားလုံးတို့အား မိမိတို့ရှိသမျှကို ဘုရားရှင်ထံလုံးလုံးအပ်နှံရန် ပို့ဆောင် တော်မူလိမ့်မည်။ EvBur 2.2

ကမ္ဘာကြီး၏ပျက်စီးမည့် ကြီးလေးသောသတိပေးတာဝန်သည် ကျွန်ုပ် တို့အပေါ်၌ရှိနေသည်။ ရပ်ဝေး၊ ရပ်နီးနေရာတိုင်းမှကူညီရန် ကျွန်ုပ်တို့ကို ခေါ်လျက်ရှိသည်။ အသင်းတော်အနေဖြင့် ဤလုပ်ငန်း၌လုံးလုံးလျားလျား ဆက်ကပ်ကာ သတင်းစကားကိုကမ္ဘာအရပ်ရပ်သို ့သယ်ဆောင်ရမည်။ ဝမ်းမြောက်ဖွယ်ဧဝံဂေလိတရားပွဲသို့လာပါ၊ ညစာပြင်ဆင်လျက်ရှိပြီ၊ လာပါ၊ . . . သရဖူများ၊ မညှိုးနွမ်းသောသရဖူများကိုဆောင်းရကြမည်။ ကောင်းကင် နိုင်ငံကိုဝင်စားရမည်။ အပြစ်၌နစ်မွန်းနေသောကမ္ဘာကို အလင်းပေးရမည်။ ပျောက်ဆုံးနေသောပုလဲကိုရှာရမည်။ ပျောက်သောသိုးများကို သိုးခြံထဲသို့ ပြန်လည်၍ဆောင်ယူလာရမည်။ ရှာဖွေခြင်း၌ မည်သူပါဝင်မည်နည်း။ မှားယွင်း နေသောအမှောင်ထုထဲ၌ လမ်းလွဲနေသူများထံ မည်သူအလင်းသယ်ဆောင် သွားမည်နည်း။ Review and Herald, July 23, 1895. EvBur 2.3

လက်ရှိအရေးကြုံကာလ - ယခုအချိန်အတွက် ဘုရားပေးသောအမှန် တရားကို အခြားသူများထံသို့ဝေငှရမည့်တာဝန်ကို စိတ်ပါဝင်စားစွာဖြင့်ဆောင်ရွက် ရန် ယခုကျွန်ုပ်တို့ခံစားချက်ရှိသင့်ပြီ။ ကျွန်ုပ်တို့အလွန်စိတ်ဝင်စားမှုမရှိကြ သေးပါ။ EvBur 3.1

ယခုအချိန်သည် နောက်ဆုံးသတိပေးရမည့်အချိန်ဖြစ်သည်။ ယခု အချိန်၌ အမှန်တရားဟောပြောရန် အထူးတန်ခိုးရှိနေပါသည်။ သို့သော် မည်မျှကြာရှည်စွာဆောင်ရွက်ရဦးမည်နည်း။ ခဏတာမျှသာဖြစ်သည်။ အကယ်၍ အရေးကြုံကာလတစ်ခုရှိမည်ဖြစ်ပါက၊ ယခုပင်ဖြစ်ပေလိမ့်မည်။ EvBur 3.2

လူတိုင်းမိမိတို့၏ကံကြမ္မာကိုဖန်တီးရန် ယခုပင်ဆုံးဖြတ်ကြရမည်။ လူတို့သည် လေးနက်သောအချိန်ကိုသိ၍ နိုးထချိန်တန်ပြီ။ လူသားများတို့ ၏ကရုဏာတံခါးကုန်ဆုံးချိန်ရောက်လုနီးပြီ။ သတင်းစကားကို လူထုရှေ့၌ ရှင်းလင်းပြတ်သားစွာဟောပြောရန် တရားပွဲများကိုကျင်းပရကြမည်။ တတိယ ကောင်းကင်တမန်၏သတင်းစကားကို ကြီးမားသောတန်ခိုးအရှိန်အဟုန်ဖြင့် ဟောပြောကြရမည်။ Testimonies, vol. 6, p. 16. EvBur 3.3

ဧဝံဂေလိလုပ်ငန်းသည်ကျွန်ုပ်တို့၏အဓိကအလုပ်ဖြစ် - ဧဝံဂေလိလုပ်ငန်း၊ အခြားသူများထံနှုတ်ကပတ်တော်ကိုဖွင့်ပြခြင်း၊ ကမ္ဘာကြီးပေါ်သို့ရောက်ရှိလာ မည့်လူတို့ကိုသတိပေးစကားတို့သည် ဘုရားသားသမီးများ တစ်နေ့တခြား ပို၍ပို၍အချိန်ပေးဆောင်ရွက်ကြရမည်။ Review and Herald, Aug. 2, 1906. EvBur 3.4

လျင်မြန်စွာသတင်းပေးပို့ခြင်း — ဘုရားရှင်၏သားသမီးများအဖြစ် ဘုရားရှင် ရှေ့မှောက်၌ ကျွန်ုပ်တို့၏စိတ်နှလုံးကိုနှိမ့်ချရန် အထူးလိုအပ်ပြီး၊ ဧဝံဂေလိ ဟောကြားခြင်းပိုင်းချက်ကိုပြည့်စုံစေရန် ပျက်ကွက်ခြင်းအတွက် သူ၏ခွင့်လွှတ် ခြင်းကိုတောင်းခံရပါမည်။ ကျွန်ုပ်တို့၌ကြီးမားသောဗဟိုဌာနအနည်းငယ်သာ ရှိပြီး အရေးကြီးသောမြို့ကြီးများကို ဝင်ရောက်ထိုးဖောက်လုပ်ဆောင်ရန်မပြု ကြသေးချေ။ ပေးအပ်သောတာဝန်ကို ယခုဆောင်ရွက်ပြီး၊ သတင်းစကားကို ကြွေးကြော်ခြင်းဖြင့် သူတို့အတွက်ရောက်ရှိလာမည့်ဘေးအန္တရာယ်ကိုသိရှိရန် ဆောင်ရွက်ကြပါစို့။ အကယ်၍ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်း ဝင်များတို့သည် မိမိတို့အားပေးအပ်ထားသောတာဝန်ကို ဆောင်ရွက်သင့်သည့် အတိုင်းဆောင်ရွက်ကြပါက ယုံကြည်သူအရေအတွက်သည် လက်ရှိဦးရေထက် ပို၍များစွာရှိနေမည်ဖြစ်သည်။ Testimonies, vol. 9, p. 25. (1909) [Ev , 17.3]. EvBur 3.5

ကြိုးစားလုပ်ဆောင်ရန်အတွက်ခေါ်ဖိတ်ခြင်း - ကမ္ဘာကြီးပေါ်ရှိလူသားများ တို့သည် ဘုရားရှင်၏တရားပလ္လင်ရှေ့တွင် မကြာမီယူဆောင်လာခြင်းခံရပြီး မိမိတို့ပြုသမျှအတွက် အဖြေပေးကြရမည်ကို ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များ သိရှိကြပါက၊ သူတို့သည် ဘုရားရှင်နှင့်အတူကြိုးစား၍ အမှန်တရားကိုမည်မျှ ဟောပြောကြလိမ့်မည်နည်း။ လူအပေါင်းတို့အား အမှန်တရားကိုလက်ခံရန် သူတို့သည် မည်မျှကြိုးစား၍ပို့ဆောင်ကြလိမ့်မည်နည်း။ မမောမပန်းဘဲ ဤကမ္ဘာ ကြီးပေါ်၌ ဘုရားရှင်၏အမှုတော်တိုးတက်ရန် ကြိုးစားလုပ်ဆောင်ကာ နှုတ်အား ဖြင့်၊ အပြုအမူအားဖြင့် မည်မျှဆောင်ရွက်ကြလိမ့်မည်နည်း။ အရာခပ်သိမ်း တို့သည် အဆုံးသို့ရောက်လုနီးပြီ။ EvBur 4.1

ရှုပ်ထွေးသောနောက်ဆုံးနေ့ရက်များအထဲတွင် - ကမ္ဘာ့နောက်ဆုံးကာလ အတွက် ကျွန်ုပ်တို့အား ယေရှုခရစ်တော်၏မိန့်မှာတော်မူသည့်စကားများကို ဤကဲ့သို့ရေးသားထားခဲ့ပါသည်။ “ဤအခြင်းအရာများကိုတွေ့မြင်ရသောအခါ၊ မျှော်ကြည့်ပါ။ အထက်သို့ခေါင်းကိုမော့၍မျှော်ကြည့်ပါ။ သင်၏ကယ်တင် ခြင်းသည် နီးကပ်လျက်ရှိပြီး” လူမျိုးအပေါင်းရုန်းရင်းခတ်လျက်ရှိသည်။ ရှုပ်ထွေး သောကာလ ကျွန်ုပ်တို့ထံသို့ရောက်ရှိလာပြီ၊ ပင်လယ်လှိုင်းတံပိုးများ ရိုက်ခတ် လျက်ရှိသည်။ လူတို့၏စိတ်နှလုံးသားထဲ၌ ကြောက်ရွံ့ခြင်းနှင့်ပြည့်ဝလျက် ဤကမ္ဘာပေါ်သို့ မည်သည့်ဘေးဒုက္ခများရောက်ရှိလာမည်ကို စိုးရိမ်လျက်ရှိ သည်။ သို့သော် ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူတို့အတွက် မုန်တိုင်းကြားမှဘုရားရှင်၏အသံတော်မှာ၊ “ငါပင်ဖြစ်သည်၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်” ဟုဖြစ်ပါသည်။ ကမ္ဘာကြီးသည် ဆိုးသွမ်းပြီးဖောက်ပြန်လျက်ရှိ သည်ကို ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ တစ်ကမ္ဘာလုံးနီးပါး ဘုရားရှင်၏ပညတ် တော်ကို ပုန်ကန်လျက်ရှိသည်။ နေရာတိုင်းရှိ ရှုပ်ထွေးခြင်းနှင့်ပြည့်ဝလျက် ရှိသောကမ္ဘာကြီးပေါ်တွင် ပြီးစီးအောင်ဆောင်ရွက်ရန် ကျွန်ုပ်တို့အလုပ်တာဝန် ရှိနေပါသည်။ Manuscript 44, 1900, Ev, 18.1]. EvBur 4.2

မှောင်မိုက်သောနေရာများ၌အဆင့်အတန်းကိုမြှင့်တင်ပါ - မာရ်နတ်၏စစ်သည် တော်များစွာရှိသည်။ ဘုရားရှင်၏သားသမီးများ ကမ္ဘာအဝန်းရှိနေရမည်။ အမှန်တရား၏အဆင့်အတန်းကို ကမ္ဘာ၏မှောင်မိုက်လျက်ရှိသောနေရာများ တွင် မြင့်မားစွာစိုက်ထူကာ အကောင်းဆုံးကြိုးစား၍ မာရ်နတ်၏နိုင်ငံကို ချေမှုန်းကြရမည်။ Letter 91, 1900. Ev, 18.2]. EvBur 5.1

အမြင့်ဆုံးနှင့်အကြီးမားဆုံးသောအလုပ် - ယခုအချိန်အခါ၌ သတင်းစကား ဟောပြောတင်ဆက်ရာတွင် ကမ္ဘာကြီးတစ်ခုလုံးသို့ရောက်ရှိရန် အမြင့်ဆုံးနှင့် အကြီးမားဆုံးသောလုပ်ငန်းအဖြစ် ဘုရားရှင်ချမှတ်ထားလျက်ရှိသည်။ Testimonies, vol. 6, p. 11. (1900) [Ev , 18.3]. EvBur 5.2

ပို၍လျင်မြန်စွာတိုးတက်ရန် - ဤနိုင်ငံအတွင်းနှင့်အခြားနိုင်ငံများအတွင်း လက်ရှိအမှန်တရားလုပ်ငန်းကို ယခုဆောင်ရွက်နေသည်ထက် ပို၍လျင်မြန် စွာတိုးတက်ရန်ဆောင်ရွက်ကြရမည်။ ယုံကြည်ခြင်းဖြင့်ဆောင်ရွက်လေသမျှကို အစပြုဆောင်ရွက်ကြပြီး၊ ခရစ်တော်နည်းလမ်းအတိုင်း ဘုရားရှင်၏သားသမီး များတို့သည်ဆောင်ရွက်ကြပါက သူတို့ရှေ့၌ ဘုရားရှင်လမ်းဖွင့်ပါလိမ့်မည်။ အောင်မြင်ခြင်းရရှိရန်အတွက် လိုအပ်သည့်မိမိတို့၌ရှိသမျှခွန်အားဖြင့်ဆောင်ရွက် ကြပြီး၊ ယုံကြည်ခြင်းဖြင့် ဘုရားရှင်၏အမိန့်တော်ကိုနာခံကြပါက ကြွယ်ဝ သောအောင်မြင်မှုများကို ရရှိကြပါလိမ့်မည်။ လုပ်ဆောင်ရမည့် ဘုရားရှင်ပြော သမျှတို့ကိုလုပ်ဆောင်လိုသောစိတ်ဆန္ဒအပြည့်အဝဖြင့် တတ်နိုင်သရွေ့၊ လျင်မြန် စွာဆောင်ရွက်နိုင်သရွေ့ မိမိတို့သွား၍ဆောင်ရွက်ကြရမည်။ သူတို့သည် မရွေ့လျော့သောယုံကြည်ခြင်းဖြင့် အားကြိုးမာန်တက်ကြိုးစားလုပ်ဆောင်ကာ ကမ္ဘာတစ်ခုလုံးသည် သူတို့၏သတိပေးသတင်းစကားကို ကြားသိကြရပါလိမ့် မည်။ Manuscript 162, 1905. [Ev , 18.4]. EvBur 5.3