Great Controversy 1858

4/43

အခန်း (၂) လူတို့၏ ကျဆုံးခြင်း။

သန့်ရှင်းသောကောင်းကင်တမန်တို့သည်ဧဒင်ဥယျာဉ်၌ မကြာခဏရောက်ရှိလာကာသူတို့၏လုပ်ငန်းတာ ဝန်များနှင့် စာတန်မာန၏ ပုန်ကန်မှုနှင့် ကျဆုံးခြင်းအကြောင်းကို အာဒံနှင့်ဧဝကို ရှင်းပြခဲ့ကြောင်း ကျမတွေ့ရှိခဲ့ ပါသည်။ ကောင်းကင်တမန်တို့သည်စာတန်အကြောင်းကိုသတိပေးလျှက် မိမိတို့၏လုပ်ငန်းဆောင်တာများကို လုပ် ဆောင်သောအခါ တစ်ဦးနှင့်တစ်ဦးအလှမ်းဝေးကွာပြီး ထိုသူ၏သွေးဆောင်မှုအောက်မရောက်ရှိအောင်သတိပေး ခဲ့ပါသည်။ ဘုရားသခင်၏စကားကို အပြည့်အဝနားထောင်ပြီး စုံလင်သောနားထောင်ခြင်းရှိမှသာလျှင် လုံခြုံမှုရှိနိုင် ကြောင်းကို ကောင်းကင်တမန်များအားရှင်းပြခဲ့ပါသည်။ ဘုရားသခင်၏စကားကို နားထောင်ပါကရှုံးနိမ့်ပြီးသောရန် သူသည်သူတို့ကို ဩဇာလွှမ်းမိုးနိုင်မည်မဟုတ်။ GCB58 4.2

စာတန်သည်ဧဝကိုစတင်စုံစမ်းခဲ့ပြီး ဘုရားသခင်၏စကားကို နားမထောင်ရန် သွေးဆောင်ခဲ့ပါသည်။ သူ မ၏ခင်ပွန်းထံမှထွက်သွားသည့်သူမ၏ ပထမအမှားပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်တားမြစ်ထားသောအ ပင်နားတွင် ရစ်သီရစ်သီနှင့် ရှိခဲ့ပါသည်။ သွေးဆောင်သည့်အသံကို နားထောင်ခဲ့ရုံသာမကဘဲ ‘‘သင်စားသောနေ့တွင် ဧကန်အမှန်သေရမည်’’ ဟူသောဘုရားသခင်၏မိန့်မှာချက်ကို သံသယပွားခဲ့ပါသည်။ သူမ၏စိတ်ထဲတွင် ဘုရားသ ခင်ဆိုလိုသည့်အချက်မှာ ထိုသို့မဟုတ်ဟုထင်ခဲ့ပါသည်။ သူမ၏လက်ကိုလှမ်း၍အသီးကိုယူပြီးလျှင် ထိုအသီးသည် မျက်စေ့၌အလွန်တင့်တယ်ပြီး အရသာလည်းချိုမြိန်လှပါသည်။ ဤကဲ့သို့အလွန်ကောင်းသောအသီးကို ဘုရားသခင် တားထားသောကြောင့် ဘုရားသခင်ကိုပင်မနာလိုဖြစ်ခဲ့ပါသည်။ သူမသည်ဤအသီးကိုမိမိ ခင်ပွန်းသည်အားကျွေး လျှက်သူ့ကိုပင်စုံစမ်းခဲ့ပါသည်။ မြွေပြောသောအရာများအားလုံးကို ဖေါက်သည်ချကာမြွေသည်လူကဲ့သို့ စကားပြော နိုင်ကြောင်းသူမ၏ အံ့ဩမှုကိဖေါ်ပြခဲ့ပါသည်။ GCB58 4.3

အာဒံ၏မျက်နှာညှိုးနွမ်းသွားကြောင်း ကျမတွေ့ခဲ့ရပါသည်။ ကြောက်ရွံ့တုန်လှုပ်သွားသော သဏ္ဌာန်ကို တွေ့လိုက်ရပါသည်။ သူ၏စိတ်ထဲတွင်တွေဝေလျှက်လွန်ဆွဲနေပါသည်။ ဤကားသူတို့ကို သတိပေးဖေါ်ပြထားသော ရန်သူကျိန်းသေဖြစ်သည်ကိုသိရပါသည်။ ယခုမူကားသူ့ဇနီးသေရတော့မည်။ သူ့ကိုခွဲခွာရတော့မည်။ ဧဝအပေါ်၌ ထားရှိသော အာဒံ၏မေတ္တာသည် အလွန်ခိုင်မြဲခဲ့ပါသည်။ နောက်ဆုံးတွင် စိတ်ဓါတ်ကျလျှက်သူမနှင့်သေပွဲဝင်ရန် ဆုံးဖြတ်ပြီး အသီးကိုယူလျှက် အလျင်အမြန်စားလိုက်ပါသည်။ ထိုအချိန်တွင်စာတန်သည် အလွန်ပျော်ရွှင်ခဲ့ပါသည်။ ကောင်းကင်၌စာတန်သည် ဘုရားသခင်ကိုပုန်ကန်ခဲ့ပြီးသူ့ကိုချစ်၍သူ့နောက်လိုက်ကာ သူနှင့်အတူပုန်ကန်ခဲ့သူများ ရှိခဲ့ပါသည်။ သူသည်ကျဆုံးသကဲ့သို့တစ်ပါးသူကိုလည်း ကျဆုံးစေခဲ့ပါသည်။ ဘုရားသခင်ကို ယုံကြည်မှုကင်းမဲ့ပြီးမ ဟာဉာဏ်တော်ကိုစူးစမ်းကာ ဘုရားသခင်၏အစီအစဉ်များကိုသိရှိနိုင်ရန်အတွက် ထိုအမျိုးသမီးသည် ဘုရားသခင် ၏ပညတ်တော်များကို ငြင်းပယ်ပြီးကျဆုံးရန် သူသွေးဆောင်ခဲ့ပါသည်။ ဧဝတစ်ဦးသာမကျဆုံးသည်ကိုစာတန်ကြိုသိ နေပါသည်။ အာဒံသည်မိမိ၏ဇနီးသည်ကို အလွန်ချစ်သောကြောင့် သူလည်း ကျဆုံးပါလိမ့်မည်။ GCB58 4.4

လူ၏ကျဆုံးမှုသတင်းစကားသည် ကောင်းကင်တစ်ခုလုံးပြန့်နှံ့သွားပါသည်။ စောင်းတီးသံများဆိပ်သုဉ်း သွားခဲ့ပါသည်။ ဝမ်းနည်းကြေကွဲသောကောင်းကင်တမန်များသည် သူတို့၏သရဖူကိုမဆောင်းဘဲဘေး၌ ချထားခဲ့ ပါသည်။ ကောင်းကင်တစ်ခုလုံး ကြေကွဲလျှက်ရှိပါသည်။ ဤအပြစ်ရှိသော ဇနီးမောင်နှံနှစ်ဦးကိုမည်သို့စီရင်ရမည့်အ ကြောင်းနှင့်ပတ်သက်၍ ကောင်းကင်၌စည်းဝေးခဲ့ကြပါသည်။ ထိုဇနီးမောင်နှံသည် အသက်ပင်၏အသီးကိုစားပါက အပြစ်သားသည် မသေနိုင်သောအဖြစ်သို့ ရောက်သွားသည့်အကြောင်း ကောင်းကင်တမန်များ စိုးရိမ်လျှက်ရှိပါ သည်။ သို့သော်ထိုအပြစ်သားများကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်တော်မူမည့်အကြောင်း ဘုရားသခင် မိန့်တော်မူခဲ့ပါ သည်။ အသက်ပင်၏အသီးကိုစောင့်ရှောက်ရန်အတွက် ကောင်းကင်တမန်များကို ချက်ခြင်းစေလွှတ်ခဲ့ပါသည်။ အာဒံ နှင့်ဧဝသည်ဘုရားသခင်စကားတော်ကိုငြင်းပယ်ကာ အမျက်တော်စူးရှပြီးသည့်နောက် အသက်ပင်၏အသီးကိုစား ပြီးမသေနိုင်သောအဖြစ်သို့ရောက်ရှိလျှက် ဒုစရိုက်အပြစ်ထဲ၌ ထာဝရတည်ရှိသွားရန်စာတန်မာနသည် အခိုင်အမာ ကြံစည်ခဲ့ပါသည်။ သို့သော် ကောင်းကင်တမန်များတို့ကိုစေလွှတ်၍ အာဒံနှင့်ဧဝတို့ကို ဥယျာဉ်ထဲမှနှင်ထုတ်ခဲ့ပါ သည်။ဒုတိယကောင်းကင်တမန်တစ်စုသည် အသက်ပင်ကိုကာကွယ်စောင့်ရှောက်ခဲ့ပါသည်။ ထိုကောင်းကင်တမန် များ၏ယာဘက်လက်တော်ဖြင့် နှစ်ဖက်သွားပါသောဓါးများကို ကိုင်ဆောင်ထားသယောင်ရှိပါသည်။ GCB58 4.5

ထို့နောက်စာတန်ဝမ်းမြောက်လျှက်ရှိပါသည်။ မိမိ၏ကျဆုံးမှုဖြင့် သူတစ်ပါးကို ဒုက္ခရောက်စေခဲ့ပြီး မိမိ ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်မရသလို ထိုသူတို့လည်းပရတိသုဘုံသို့ဝင်ရမည် မဟုတ်ပေ။ GCB58 5.1

ဆက်လက်လေ့လာရန်။ ကမ္ဘာ ၃။ GCB58 5.2